လာမည့် သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့ခွင့်ရမည်။...။
လာမည့် (၁၆)ရက်နေ့ သောကြာနေ့ နေ့လည်မှာ အယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်

ဓာတ်ပုံ...မြတ်လေးငုံ။ဥရောပသမဂ္ဂ (၁၆)နိုင်ငံမှ သံအမတ်ကြီးများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC (၆)ဦးနှင့်တွေ့ဆုံ။...။
မြန်မာပြည်အခြေဆိုက် EU သံအမတ်ကြီးများနှင့် ဘန်ကောက်အခြေဆိုက် EU သံအမတ်ကြီးပေါင်း (၁၆)ဦးဟာ ဒီကနေ့နေ့လည် (၂)နာရီမှ (၃)နာရီကျော် အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင်(၆)ဦးနဲ့ (၁)နာရီကျော်ကြာတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့ CEC(၆)ဦးကတော့ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနဲ့ ဦးခင်မောင်ဆွေ တို့ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ကိုညီညီအောင် အမှုလာမည့် (၂၃)ရက်နေ့ချိန်းဆို။...။
အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုအားယနေ့ နေ့လည်(၁)နာရီမှာ ရုံးတင်ခဲ့ကြောင်း ကိုညီညီအောင်၏ ရှေ့နေတဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
" ဒီနေ့ အန်ကယ်တို့ မနက်ပိုင်းက အင်းစိန်ထောင်ကို ကိုညီညီအောင် အမှုအတွက် ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ် အမေရိကန်သံရုးံက ကောင်စစ်ဝန်ရယ် သွားခဲ့ပါတယ်။ နေ့လည် ၁နာရီမှ ရုံးထိုင်ပါတယ်။ စွဲချက်တင်တဲ့ ပုဒ်မကတော့ ၄၂၀ လိမ်လည်မှုနဲ့ ပုဒ်မ၄၆၈ စာရွက်စာတမ်း အတုပြုလုပ်မှုတွေနဲ့ပါ။ နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုမှုလို့ဆိုပါတယ်။ အမှုကိုလာမယ့် ၂၃ရက်နေ့မှာ ထပ်စစ်ဖို့ချိန်းပါတယ်။ အမှုအခြေအနေက သိပ်ခိုင်မာမှုမရှိဘူးလို့ ဒီလိုပဲမြင်ပါတယ်။..." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။
စက်တင်ဘာလ၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုတို့ဖြင့် စွဲချက်တင်ချင်း ဖြစ်ပါတယ်။ ယခုတဖန် အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားသော ကိုညီညီအောင်မှ နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှုနဲ့စွဲချက် တင်ခံထားရပါတယ်။
သတင်း.....ဒီမိုဝေယံ ....။...။

this guy has already went back to yangon by visit visa 8 times .i dont understand about this guy.Burma goverment knew him but give him visa many times and why arrest him this time.it is not eazy to get the visa for exile people.
ReplyDelete