Pages

Sunday, May 9, 2010

ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအကြောင်း တစေ့တစောင်း..

စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်ရောက်ရှိနေတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးအကြောင်း တစေ့တစောင်း.. ကိုရေးသားတင်ပြလိုက်ရပါတယ်။

ပြည်တွင်းမှာ မကြာမှီက ဖွဲ့စည်းခဲ့တဲ့ ပြညိတွင်းက
စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ မှပေးပို့လာတာကတော့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးမစုမျိုးသွယ်ဟာ ၂၀၀၅ခုနှစ် ကတည်းက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ဝန်ကြီးဗိုလ်ချုပ်မောင်မောင်သိန်း လက်မှတ်နဲ့ ပညာတော်သင် အဖြစ်ရွေးချယ် လွတ်လိုက်ပါတယ်။ တခြားလွတ်သင့် လွှတ်သင့်လွှတ်ထိုက် သွားသင့် သွားထိုက်တဲ့ သူတွေရှိပေမယ့်လည်း... အဖေဖြစ်သူ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ အရှိန်အဝါနဲ့ မည်သည့်စာမေးပွဲမှ မဖြေရပဲ ဗိုလ်ချုပ်မောင်မောင်သိန်းရဲ့ ထောက်ခံချက်နဲ့ ရောက်ရှိလာပါတယ်။ ဂျပန်နိုင်ငံမှ Asia Youth Fellow ship အဖွဲ့အစည်းအစီအစဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး... monbu gakagusyuu schlorship အစီအစဉ်နဲ့ပါ။ လစဉ် ဂျပန်ငွေ ယန်း၁၈သောင်း(ဒေါ်လာ၁၉၀၀) ခန့်ထောက်ပံ့ကြေးရရှိပြီး Marine Bioကို အဓိက ဘာသာရပ်အဖြစ်သင်ကြားခဲ့ပါတယ် ။ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနဂါဝမြို့နယ်ရှိ Tokyo Kaiyo တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေကြောင်း သိရှိရပါတယ်။

၂၀၀၈ခုနှစ်မှာ MSC အောင်မြင်ခဲ့ပါတယ် ယခုလက်ရှိ PHD တက်ရောက်နေပြီး ယခုနှစ်အတွင်းမှာ ကျောင်းပြီးမှာ ဖြစ်ပြီး လက်ရှိလုပ်ကိုင်နေတဲ့ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာနမှ ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် မကြာခင်မှာ ဂျပန်နိုင်ငံက ပြန်လာတော့မှာ ဖြစ်ကြောင်း ပေးပို့လာပါတယ်။ နောက်ထပ် စစ်အစ်ုးရမှ စစ်ဆရာဝန်များအား ရိုးရိုးဆရာဝန် အဖြစ်လိမ်လည် စေလွှတ်တဲ့ ဆရာဝန်များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့မှလူလည်း ပညာတော်သင် အဖြစ်ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး တစ်ချို့မှာ ပညာသင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူ အများအပြားရှိကြောင်း.... စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ တာဝန်ခံ ကိုမင်းဇိနကဆိုပါတယ်။ ဂျပန်အစိုးရမှ စစ်အာဏာရှင်များ နှင့် ဆက်နွယ်နေသူများ ကြံ့ဖွံ့အဖွဲဝင်များအား တမင်သိလျှက်နဲ့ ခေါ်ယူနေတာလား ဒါမှမဟုတ် စစ်တပ်အသိုင်းအဝိုင်းမှ စေလွှတ်သူများအား မသိ၍ ခေါ်ယူနေတာလားဆိုတာ စုံစမ်းဖော်ထုတ် ပေးစေလိုကြောင်း ကိုမင်းဇိနမှ ရေးသားပေးပို့လာပါတယ်။ ဂျပန်နိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားသူများမှလည်း ဂျပန်အစိုးရသိရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ရေးသားပေးပို့လာပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အာဏာရှင်များနဲ့ နီးစပ်သူများ ပတ်သက် ဆက်နွယ်နေသူများဟာ မကြာခဏ ရောက်ရှိနေပြီး ပညာသင်ကြားလျှက်ရှိပါတယ်။ တကယ့်သာမာန် ပြည်သူဝန်ထမ်းတွေဟာ ပညာတော်သင်ရရှိရေးအတွက် အဆင့်အဆင့်သော စာမေးပွဲများကို ခက်ခက်ခဲခဲ ဖြေဆိုခဲ့ရပြီး အဆုံးမှာတော့ အနည်းငယ်သော သာမာန် အရပ်သားဝန်ထမ်းများမှ အပ အများစုမှာ စစ်အာဏာရှင်တွေနဲ့ နီးစပ်သူများ ကြံ့ဖွတ်အဖွဲ့ဝင်များသာ ရောက်ရှိလာပါတယ်။ တကယ့်အရည်အချင်းရှိတဲ့ သာမာန်ကျောထောက်နောက်ခံ မရှိတဲ့ ဝန်ထမ်းများဟာ မျှော်လင့်ချက် ကင်းမယ့်ရပြီး ရည်မှန်းချက်တွေ ပျောက်ဆုံးနေကြပါတယ်။ စစ်အာဏာရှင်တွေ မတရားအုပ်ချုပ်နေတဲ့ သက်တမ်းမှာ နိုင်ငံရေး၊ စီးပွားရေး ၊လူမှုရေး ၊ အားကစား၊ ပညာရေးတွေ စသည့်တို့ အဘက်ဘက်မှ နိမ့်ကျနေပါတယ်။ အလုံးစုံသော နေရာဋ္ဌာနတွေမှာ လက်ဝါးကြီးအုပ်ထားပြီး အခွင့်အရေးဟူသမျှကို အာဏာရှင်နဲ့ နီးစပ်သူများ ဆွေမျိုးအသိုင်းအဝိုင်းများသာ ရရှိခံစားခွင့်ရကြပါတယ်။

ပေးပို့လာသူ ကိုမင်းဇိနအား ကျေးဇူးတင်ပါသည်။
Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့ကို ဆက်သွယ်လိုရင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ကြောင်းရေးသား ပေးပို့လာပါတယ်။

အောက်ဖက်မှာ GRW ကပေးပို့လာတဲ့ ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ သမီးတက်ရောက်နေတဲ့ ကျောင်းနဲ့ ဓာတ်ပုံများထဲမှ တစ်ချို့ကို ကြည့်ရူနိုင်ပါသည်။



မြိုတော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းရဲ့ စည်ပင်သာယာဝန်ထမ်းတွေကို ပြောခဲ့တဲ့ သမိုင်းဝင် မိန့်ခွန်းတခုကို ဒီမှာကြည့်ရှုနိုင်ပါတယ် ။http://www.wanna23.com/2010/03/blog-post_8617.html

4 comments:

  1. Thanks for the news...Is it his daugher ? So old.
    What is she learning ? How to abuse the scholarship ? keep on finding out ...then pls send to the respective government to see what the regimes did ..

    ReplyDelete
  2. ဟုတ်ကျေးဇူးတင်ပါတယ်။ ဟုတ်ပါတယ်.. ပေးပို့လာတဲ့ ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်တာပါ.. ဂျပန်အစိုးရက ODA နဲ့ နိုင်ငံစုံက လူတွေကို ခေါ်တယ်ဆိုတာတော့ သိရှိရပါတယ်။ မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဋ္ဌာန ကဖြစ်တဲ့အတွက် Marine Bio လာရောက်သင်ယူတယ်လို့ GRW ကရေးထားပါတယ်။

    ReplyDelete
  3. အချက်အလက်တွေက အားလုံးနီးပါး မှန်ပါတယ် ... တစ်ခုရှိတာက မြို့တော်ဝန် မိန်းမဘက်ကပါတဲ့ တူမပါ ... သူကတော့ သမီးလိုလိုပဲ ပြောထားတာပဲ။ အရင်းမဟုတ်တာတောင် အဲလိုအခွင့်အရေးတွေ ရနေတာလေ ...

    ReplyDelete
  4. ဟားဟား စောင့်ကြည့်နေရုံဘဲလား ..ဘာမှ မတုန့်ပြန်တော့ဘူးလား ...ကျနော်တို့တွေ ဗမာနိုင်ငံထဲမှာ အဆင့်မရှိတဲ့ တက္ကသိုလ်တွေကို မိုးဦးကျ မှိုတွေလို လှိုင်လှိုင်ဖွင့်ပြီး ..သာမန် ဗိုလ်မှုးတစ်ယောက်ရဲ့ သားသမီးတွေ တောင်မှာ အနိမ့်ဆုံး မလေးရှား မှာ စာသွားသင်ခိုင်းကြတယ် ။
    ဗမာပြည်က ဘယ်တက္ကသိုလ်မှာမှ စာမသင်ကြဘူး ..ပြည်သူတွေ ကိုပညာရေးနိမ့်ကျအောင် လုပ်ပြီး သူတို့သားသမီးတွေကို ဘဲ သီးသန့်ပညာတတ်ဖြစ်စေတာ ..အ၇မ်း မကောင်းပါဘူး ..တစ်ခုခုတော့လုပ်သင့်ပါတယ် .။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။