Pages

Wednesday, May 26, 2010

မင်္ဂလာဈေးမီးလောင်တာ နအဖသတင်းစာတွေမှာ ၂၄ရက်နေ့ မွန်းလွဲ ၂နာရီကတည်းက မီးညွှန့်ကျိုးနေပါတယ်။

Myanmar lie
စစ်အစိုးရပိုင် နိုင်ငံတော်သတင်းစာကြီး မြန်မာ့အလင်းအတင်းစာက ၂၄ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ မီးညွှန့်ကျိုးသွားတယ်လို့ ပြောပါတယ်။ ၂၅ရက်နေ့ ၆နာရီလောက်မှ ငြိမ်းသွားတဲ့ မီးကို တရက်ကြိုပြီး ၂၄ရက်နေ့ မွန်းလွဲ ၂နာရီမှာ မီးညွှန့်ကျိုးသွားအောင် ရေးနိုင်တာ ငြိမ်းနိုင်တာ အင်မတန်မှ တော်ပါပေတယ် ...။ မှန်မမှန် အောက်မှာတင်ထားတဲ့ ပိုစ့်တွေကို ကြည့်ရှုနိုင်ပါတယ်။ မိညွန့်ကျိုးသွားလာ မိကြိုင် ကျိုးသွားလားဆိုတာ..... သေသေချာချာ စုံစမ်းစေချင်ပါတယ်။

တကယ့် သတင်းအမှန်တွေ ကြတော့ ပေါက်ကရရေး... မမှန်သတင်းတွေကြတော့ အဟုတ်ရေးနေတဲ့ နအဖရဲ့ ဝါဒဖြန့် သတင်းစာခေါ်တဲ့ အတင်းစာတွေပါ.....။ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ မီဒီယာကို မီဒီယာနဲ့တိုက်နေတဲ့ အတင်းစာတွေ မှန်မမှန်ဆိုတာ လက်တွေ့ပါ....။ လျှပ်စစ်သုံးလျှင် သတိယှဉ် ဝန်အားမမျှမသုံးရတဲ့... မရတာ မလာတာကြာပြီဖြစ်တဲ့ လျှပ်စစ်ကို ပြည်သူတွေ မသုံးတတ်တော့တာ အထူးပြောနေစရာမလိုပါ..။ တခုခုဖြစ်ရင် ပြည်သူကို လက်ညှိုးထိုး ရမ်းတုတ်နေပါတယ်။

ကြားရတဲ့ သတင်းတွေက ဘက်ထရီ မီးအားသွင်းတာက လောင်ကျွမ်းတာလို့ ပြောဆိုကြပါတယ်။ ဘာကြောင့် ဘက်ထရီ အားသွင်းရတာလဲ အလကားအားနေလို့ အားသွင်းရတာ မဟုတ်ပါ...။ မီးပြတ်ရင်အသုံးပြုရအောင်လို့ပါ.... မီးတောင် မှန်မှန် မပေးနိုင်ပဲ အစိုးရဆိုပြီး အာဏာတက်ယူ နေတဲ့လူတစ်စုကြောင့်ပါ။ လောင်တဲ့မီးတွေကို ပြန်လေ့လာကြည့်ပါ။ ဖယောင်းတိုင်မီးကြောင့် ၊ မီးပြန်လာတဲ့ အချိန်မှာ ဗို့အားဆောင့်တက်လို့ ဝါယာလျှော့ ဖြစ်တာတွေကြောင့်၊ မီးမလာတဲ့ အတွက် မီးစက်နိုးဖို့ ဓာတ်ဆီထည့်ချိန်မှာ ဖယောင်းတိုင်မီး အသုံးပြုမှု၊ နောက်တခုကတော့ ရှို့မီးတွေပါ။ ဘာဖြစ်ဖြစ် တာဝန်မခံရဲတဲ့ နအဖပါ။ မီးလောင်ပြီးရင်တော့ မြေနေရာအတွက်နာမည်ခံ တာဝန်ခံဖို့ စောင့်နေတာ နအဖနဲ့ အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်တွေပါ။

နအဖဟာ လက်ရှိကျင့်သုံးနေတာ ဈေးကွက်စီးပွားရေးစံနစ် မဟုတ်ပဲ ဈေးဖျက်စီးပွားရေးစံနစ် ဖစ်ပါတယ်။ နေရာကောင်းတဲ့ ဈေးတွေကို လိုက်ဖျက်ပြီး စီးပွားဖြစ်နေတာပါ။ ဈေးဖျက်စီးပွားရေးစံနစ်ရဲ့ ဥက္ကဋ္ဌကတော့ မီးလောင်ပြီးရင် သူ့တာဝန်ဆိုတဲ့ တေဇ(ခ)ငတေပါ...။

ကိုနစ်နေမန်း ပိုစ့်ကို ဖတ်ရှုပြီး ရေးသားလိုက်ပါတယ်။

2 comments:

  1. jp မှာ မိုးတွေ၇ွာတော့  ကောက်ပဲသီးနှံတွေ ဈေးတတ်တယ် ၀ါပင်တွေ သူတို့ မစိုက် ၀ါတွေ စိုက်တာအပူပိုင်းဒေသတွေ အထည်အလိပ်တွေ ဈေးတတ်တာ မတွေ့ ပါဘူး အခု မြန်မာပြည် မှာဆေးနဲ့ အထည်အလိပ် တွေ အဓိက ထားတဲ့ နေ၇ာမီးလောင်တယ် ဘာလို့  အင်းလေးကန်ထဲံ မှာအဓိကစိုက်နေတဲ့ ခ၇မ်းချဉ်သီး က တေပိသာ၄၀၀ ဖြစ်၇လည်း ဘာလို့ စားသောက်ကုန်တွေ တတ်၇လည်းနားမလည်ဘူး.။
    လာအုန်းမယ်ေ နာက်ထပ် အလုပ်လက်မဲ့ ပြသနာ တွေ မင်္ဂလာဈေးထဲ မှာပျံကျလုပ်နေရတဲ့  လုပ်သားတွေ အေ၇ာင်းစာေ၇းတွေ (ရင်မောလိုက်တာ ) ကိုဒီမိုေ၇

    ပြည်သူတွေ က ကပ်ဆိုက်တယ်လို့ ပြောကြတယ် တကယ်လို့ သာဒီမီးတွေ က ၇ှိ့ မီးတွေ မဟုတ်၇င်သဘာဝတ၇ားကြီးက သတိစပေးနေပီ မင်းဆိုးမင်းယုတ်တွေ အုပ်ချူပ်နေတော့ ကပ်တွေ စဆိုက်နေပီ မခံနိင်တဲ့ သူတွေ က တွန်းလှန်တော့ ဆိုတဲ့ သဘော များလား

    ငယ်ငယ်က ဖတ်ခဲ့ ဖူးတဲ့  ဘူဇွာတော်လှန်ေ၇းတို့ လူဝီ ဘုရင်၇ဲ့ မိဘုရား( နည်းနည်းေ၇ာနေပီ မမှတ်မိတော့ တာဝန်ခံပါသည်။) က ပေါင်မုန့် မ၇ှိကိတ်မုန့် စားပါလား ဆိုတဲ့ စကားကြောင့် နန်းတော်ထဲ တတ်ပီးသိမ်းတာတွေ ဟာ တကယ်တော့ မခံနိင်လွန်းတော့ လို့ 
    အဲ့ ဒီ့ ခေတ်က လူကလည်းညီသလို အာဏာပိုင်တွေ၇ဲ့ 
    လက်ထဲ က လက်နက်တွေ ကလည်း အာခံသူတွေ နဲ့ ဘက်ညီကောင်းညီလိမ့် မယ် ခုတို့ တွေ အဖြစ်က သူတို့ တွေ က လက်နက်တွေ နဲ့ တို့ တွေ က အပြစ်ခံသက်သက် ဘက်မညီဘူးဖြစ်နေတယ်

    သူတို့ သက်သက် ၈ှို့ တာဆိုရင်လည်း သူတို့ အပူစာတွေ ထပ်ထပ်ပီးစားနေကြတယ် ..
    နာဂစ်တုန်းကတောင်လူတာတွေဗြောင်ယူရဲ ကြတာ တကယ်ဆိုသေသွားတဲ့ လူတွေ ဆီကနေ နှိုက်ထုတ်ပီး ယူသလို ပါပဲ
    နေပြည်တော် က ၀န်ကြီှးှုဌာနတွေ မှာရေသန့် စက်တွေ တပ်ထားတာပဲကြည့် လေ
    အခုလည်း မီးလောင်တာနဲ့ 
    စားသုံးသူကို ဂရုမစိုက် တဲ့ မြန်မာပြည်ရဲံ့ကုန်သည်ပွဲစားကတော့ ဈေးတွေ နင်းကန်တတ်ပီး ငတ်နေ၇တဲ့ သူတွေ ပိုပီးငတ် မယ်
    ဘယ်မှာလည်းတို့ လူမျိုးတွေရဲ့  စေတနာ
    လှူကြတန်းကြပါတယ်ဆိုတာလည်းလူနည်းစုပါ အခုလိုေ၇၇ှားပါးချိန်မှာေ၇သန့် လုပ်ငန်းတွေေ၇ာ ၀င်ပီးလှူကြပါလား (မသိလို့ ပါ)


    မနှစ်က ဂျပန်မှာ ဂေါ်ဖီထုပ်တွေ ထွက်အားအ၇မ်းကောင်းတော့  စိုက်သူတောင်သူတွေ တအားရှူံးမှာစိုးလို့  အစိုး၇ အဖွဲ့ စည်းတွေ က ဈေးကွက်မှာလိုသလောက်ပဲ ထားပီး ကျန်တာတွေ ကို ဖျက်စီးပေးခဲ့ တယ် ကုန်သည်ကလည်းတောင်သူရဲ့ ဈေးကို ထိန်းပေးတယ် တဘက်ကလည်း စားသုံးသူတွေ အတွက် ဈေးကို ညှိပေးတယ်
    တို့ မြန်မာပြည်ကတော့ မဟုတ်ပါဘူး ထစ်ကနဲ ဆိုဈေးတတ်တယ် နောက်ဆုံးလယ်ကွက်ထဲကနေ ခုးတဲ့ ကန်စွန်းရွက်တောင် သူများဈေးတတ်တော့ သူခမျာ လိုက်တတ်၇ရှာတယ် နောက်မို့ ဆို သူရဲ့  ၀င်လာတဲ့ ဝင်ငွေ၇ဲ့ ဝယ်နိင်စွမ်းရည်လျော့ သွားမှာကိုး


    ကိုဒီမိုေ၇ မီးသတင်းတွေဖတ်ပီး စိတ်တွေ မကောင်းဖြစ်လာတာ၇ယ်၇န်ကုန်နဲ့ ဖုန်းပြောပီး ကုန်ဈေးနှူန်းတွေတတ်တာ၇ယ်သိလိုက်လို့ ဒီမှာလာပီး၇င်ဖွင့် သွားပါတယ်

    လေးစားချစ်ခင်လျှက်
    ကံ့ ကော်

    ReplyDelete
  2. ကို Bloger ရေ မီးညွှန့်ကျိုးပါတယ်ဆိုမှ မီးငြိမ်းတာမှမဟုတ်တာ.. သူရေးထားတာလဲမှန်ပါတယ်ဗျာ.. မီးငြိမ်းပြီးအေးဆေးဖြစ်သွားတယ်လို့ရေးရင်လည်း တမျိုးပေါ့..အခုက မီးညွှန့်ကျိုးဆိုတာတော့ သူတို့ မလွန်ပါဘူးဗျာ...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။