ကူညီကြပါဦးခင်ဗျာ
မြန်မာနိုင်ငံတွင် စွမ်းအင်လိုအပ်ချက် အရ အာဏာပိုင် အဖွဲ့အစည်း အနေနဲ့ အချိန်အလိုက် လျှပ်စစ်မီး ပေးနေရတာ အားလုံးအသိပါ၊ အဲဒီလို အချိန်ပိုင်း လျှပ်စစ်မီးပေးရာမှာ သက်ဆိုင်ရာ နယ်မြေအလိုက် အနည်းဆုံး (6) နာရီတော့ ပေးပါတယ်။ ဟုတ်ကဲ့ပါ အဲဒီတစ်ရက် ခြောက်နာရီတောင် မရတဲ့ နေရာတစ်နေရာ ကတော့ ရန်ကုန်မြို့ ၊ လှိုင်မြို့ နယ်၊ 3-ရပ်ကွက်က တိုင်းရင်းသား လုပ်သားပြည်သူ အများစုပါပဲခင်ဗျာ။ ညနေ ငါးနာရီဆို မီးလွတ်ပေးတယ်၊ ငါးနာရီ 5 မိနစ်ဆို မီးပြန်ဖျက်လိုက်တယ်၊ အဲ ခုနှစ်နာရီလောက် မီးပြန်လွတ်ပေးတယ် ၊ ရှစ်နာရီလောက် ဆိုပြန်ဖျက်လိုက်တယ်။ ညဆယ့်တစ်နှာရီ နောက်ပိုင်းဆို ပြန်လွတ်ပေးတယ်၊ နာရီဝက်လောက်နေရင် ပြန်ဖျက်ပြန်ရော၊ အဲဒါညပိုင်းလာရက် ပြောတာနော်၊ နေ့ခင်းပိုင်းလာရက် ဆိုရင်တော့ ဘယ်တော့မှ မပေးသလောက်နီးပါးပါပဲ။
ရာသီဥတုကပူ၊ မီးကပျက်၊ ရေကမလာနဲ့ အကုန်လုံး ငါးပျံလို လူးနေတော့တာပဲ၊ တစ်ကယ်ပါ ခင်ဗျာ မီးကို တစ်ရက်နေမှာ နှစ်နာရီ၊ သုံးနာရီလောက်ပဲ လောက်ပဲရပါတယ်၊ တစ်ခါတစ်လေဆို တစ်နာရီလောက်တောင် မရချင်ဘူး။ လျှပ်စစ်မီးကို အဲဒီလောက် ဖြတ်နေရအောင် ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတဲ့ အသံလည်း မကြားရပါဘူး။ လှိုင်မြို့ နယ် EPC က 3-ရပ်ကွက်ကို မီးဖျက်နေတာ တရားလွန်လွန်းပါတယ်၊ ဘေးက (2) ရပ်ကွက်ရယ်၊ (5) ရပ်ကွက် ရယ်ဆို (3) ရပ်ကွက် မီးပြတ်နေပြီဆို ကြည့်လိုက် လင်းနေတာပဲ၊ အဲဒါနဲ့ အကုန်လုံးပျက်နေတာလား ဆိုပြီး ဘေးပတ်ဝန်းကျင် ရပ်ကွက်တွင် လိုက်မေးကြည့်ပါတယ်၊ လာချိန်တန်လာတယ်၊ ပျက်ချိန်တန် ပျက်ပါတယ်တဲ့။ အေး မင်းတို့ ရပ်ကွက်လောက်တော့ မပြတ်ဘူးတဲ့ဗျာ။ မျှမျှတတ ပေါ့ဗျာ၊ သူ့ကို ခြောက်နာရီ ပေးရင် ကျွန်တော်တို့ (3) ရပ်ကွက်လည်း ခြောက်နာရီ လိုချင်တာပေါ့၊ အခုတော့ လှိုင်မြို့ နယ် EPC ရဲ့  မတရား လျှပ်စစ်မီး ဖြတ်တောက်ခံ နေရတဲ့ ရပ်ကွက်ကလေးကို တာဝန်ရှိ သူတွေ လာရောက်ကြည့်ရှု စစ်ဆေးပြီး တရားမျှတစွာ လျှပ်စစ်မီး ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံ ပန်ကြားလိုက်ရပါတယ်။

မြန်မာပြည်သူတွေ မင်း၊ မီး၊ ဗုံး ကြာသာပတေးနံ ရန်တွေက အစဉ်ကင်းဝေးပါစေ..
really feel sorry for that....I want to ask than shwe ..What is he doing????
ReplyDeleteim deeply wish to all people who live in burma..good luck and be happy from now on..deeply deeply