Pages

Sunday, June 20, 2010

သခင်အားရ ကျွန်ပါးဝ နအဖ သံရုံးဝန်ထမ်း၏ မိုက်ရိုင်းစော်ကားချက်...

ဒေါ်အောင်ဆန်းစုကြည်ပုံအား ခြေထောက်ဖြင့် ကန်နေသည့် စစ်သံရုံးဝန်ထမ်း၏ စော်ကားမှု

ဇွန်လ(၁၈)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအခမ်းအနားကို နယူးယောက်မြို့ မြန်မာစစ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပပြုလုပ်ပါတယ်... (အခမ်းအနားအစီအစဉ်အတိုင်း မြန်မာစစ်သံရုံးရှေ့တွင် စုဝေးကြပြီး သံရုံးတံခါးဝနှင့် ခြံဝင်းရှေ့တွင် ပန်းစည်းအ၀ါများ တဦးချင်း တန်းစီကာ အမှတ်တရ နေရာချကြသည်ကို တွေ့ရသည်။ ထိုအချိန်တွင် သံရုံးဝန်ထမ်းတဦးက အပြင်သို့ ထွက်ရှိလာပြီး မွေးနေ့အခမ်းအနား ဆောင်ရွက်နေသူများကို အသံကျယ်လောင်စွာ ဟိန်းဟောက်ပြောဆိုခြင်း၊ တားမြစ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ သုံးစွဲသည်ဟု ကြားသိရသည်။ ၎င်းနောက် သံရုံးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားရာ လမ်းပေါ်တွင် စီစဉ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများနှင့် ပန်းစည်းများကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည် ဟု မျက်မြင်တို့က ပြော၏။) (မိုးမခသတင်းဋ္ဌာနပါ သတင်းပါ)

နအဖစစ်သံရုံးမှ သရုံးဝန်ထမ်းရဲ့ စော်ကားချက်ကတော့ မြင်တဲ့အတိုင်းပါပဲ။ ပြည်တွင်းမှာ ထင်သလို မောက်မာ စော်ကား ရိုင်းစိုင်းရုံတင်မကပဲ ပြည်ပမှာပါ ထပ်မံစော်ကားခြင်း ဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နေတဲ့ပွဲပါ။ ဓာတ်ပုံနဲ့မွေးနေ့ပန်းစည်း ချနေတာပါ။ လူမြင်ကွင်းရှေ့ နိုင်ငံခြားသားတွေရှေ့မှာ တမင်သက်သက် စော်ကားပြလိုက်တာပါပဲ။ မိမိလုပ်ရပ် ဘယ်လောက် အောက်တန်းကျတယ် ဆိုတာပြလိုက်ပြီး ဒီမိုကရေစီ အင်အားစုတွေကို ပြောင်စိန်ခေါ်လိုက်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ ပြည်တွင်းက အာဏာရှင်ဆန်ဆန် လက်ရဲဇာတ်ရဲ ဥပဒေမဲ့ လုပ်ရပ်တွေက ပြည်ပထိပါလာတာပါ။ ဒီလုပ်ရပ်ကို အမေရိကမှာ နေထိုင်သူများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက် ရှုတ်ချသင့်ပါတယ်။ နို့မဟုတ်ရင် ပြည်ပမှာပါ စော်ကားမှုတွေ မိုက်ရိုင်းမှုတွေ ပိုမိုပြီး လုပ်ဆောင်လာပါလိမ့်မယ်။ သခင်အားရ ကျွန်ပါးဝအောင် လုပ်တဲ့ လုပ်ရပ်အနေနဲ့ အပြင်းအထန် ကန့်ကွက်ပါတယ်။

11 comments:

  1. မိုးကြီးJune 20, 2010 at 10:12 PM

    ရန်သူကတော့ မိုက်ရိုင်းတဲ့သူတွေဆိုတော့ ကျုပ်တို့ခေါင်းဆောင်ကို သတ်ဖို့တောင်ကြိုးစားခဲ့ဘူးတာ အားလုံး တကမ္ဘာလုံးအသိပါ..။ ကိုယ်လေးစားတဲ့ခေါင်းဆောင်ကို ရန်သူ့ခြေထောက်နား သွားထားတဲ့ အတွေးအခေါ်က ဘယ်သူက စလိုက်တာလဲ..? သတ်ဘို့တောင် ကြိုးစားခဲ့သူက အခု ခြေထောက်နဲ့ကန်တာ နဲနဲသက်သာသေးတာပေါ့..။ မထူးခြားတော့ဘူး..။ ကိုယ့်ခေါင်းဆောင်ကို ရန်သူ့ဖိနပ်ချွတ်မှာ ထားတဲ့သူတွေက အဓိက တရားခံပါ..။ ခင်ဗျားတို့ လက်ထဲမှာ၊ ရင်ဘတ်မှာ၊ ခေါင်းပေါ်မှာ ထားစရာနေရာမရှိကြတော့ဘူးလား..? အဲဒီလောက်တောင် ပင်ပန်းနေကြသလား..? ကိုယ်တောင် ကိုယ့်ခေါင်းဆောင်ကို တန်ဘိုးရှိတဲ့နေရာမှာ မထားနိုင်ဘဲနဲ့ မိုက်ရိုင်းတယ်လို့သိထားတဲ့ ရန်သူက ခြေထောက်နဲ့ကန်တာ ဘယ်သူ့အမှားလဲ..?

    ReplyDelete
  2. အဲ့ဒီအချိန်မှာ ဆန္ဒပြနေတဲ့ လူပေါင်းများစွာက ဘာလုပ်နေကြလဲ....
    .............................................
    .............................................
    .............................................
    အမေရိကန်လို နိင်ငံမှာ နေတဲ့ မျိုးချစ်မြန်မာတွေ ဘာလုပ်နေကြလဲ..
    ကျွန်မသာဆို အဲ့ဒီလူကိုသတ်ပစ်တယ်.....................

    ReplyDelete
  3. ဟုတ်တယ် ကိုမိုးကြီးပြောတာမှန်တယ်..ပြောတော့မွေးနေ့ဆုတောင်း..လုပ်တော့..နာရေးနှစ်ပတ်လည်ဆုတောင်းပုံစံဖြစ်နေပြီ..စဉ်းစားကြည့်လေ..တံခါးဝမှာနှင်းဆီပန်းအဝါသုံးပွင့်ကပ်ထား
    သေး ပြီးတော့ ပန်းစည်းကလည်းချထားသေးတယ်..ဓာတ်ပုံကိုလဲ ချထားသေးတယ်ဆိုတော့.. မြန်မာအမြင်နဲ့မကြည့်နဲ့ ..တခြားနိုင်ငံခြားသားအမြင်နဲ့သာကြည့်ပါ.. ကိုယ်လုပ်တာနဲ့လုပ်ခံရတာတန်လားလို့..မလုပ်ခင်ကစဉ်းစားလေ..အကုန်လုံးစာတတ်ပါတယ.်ဝေဖန်ရေးနဲ့နိုင်ငံရေး ဘယ်ဟာကို ပိုအရင်စဉ်းစားသင့်လဲ.. ကိုယ့်ရှူးကိုယ့်ပတ်မယ့်ပုံစံတော့မလုပ်နဲ့...ကိုယ့်ခေါင်းဆောင်ကို တန်းဖိုးထားတယ်ဆိုရင် ... ဘယ်မှာထားရမလဲသေချာစဉ်းစား..

    ReplyDelete
  4. ဗိုလ်သူ......
    တူုတယ်ဗျာ ကိုမိုးကြီးနဲ့ကျွန်တော်နဲ့၊
    စဉ်းစဉ်းစားစားလုပ်ကြဘို့တော့လိုတယ်ဗျ၊
    လုပ်ချင်ကြတာပဲရှိပြီး လုပ်ရမဲ့နေရာ/ပုံစံမရွေးတတ်ရင်
    ဒီလိုပြဿနာတွေတက်လာရော..စစ်ခွေးသားတွေကတော့ဗျာ
    လူထုခေါင်းဆောင်ပုံမပြောပါနဲ့ သံဃာတော်တွေတောင် လက်တွေ့ကန်ကျောက်ခဲ့တာပါ၊ရာသီစာပွဲလေးလုပ်,
    ပွဲပြီး,ပြီးရောလုပ်တာမျိုးမဖြစ်အောင် သတိထားကြစေချင်ပါတယ်၊
    ကိုယ့်အင်အားစုအချင်းချင်း အပြစ်တော့မတင်ချင်ပါ၊
    ဒီဖြစ်ပေါ်ကနေ ရန်သူက ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်၊
    ဘာမဆိုလုပ်နိုင်တယ်၊လုပ်မဲ့သူတွေလဲဖြစ်တယ်ဆိုတာ
    သင်ခန်းစာယူကြစေချင်ပါတယ်။

    ReplyDelete
  5. I am totally agree with Moe Gyi.Why would you place her photo there in the first place. She is our leader, who we love and respect, so grateful for her sacrifices for us, for Burma, we call her "our mother"! What the heck are you guys thinking by leaving her photo at that door step!

    ReplyDelete
  6. ကိုမိုးကြီးပြောတာမှန်သလို နအဖစစ်ခွေးလုပ်တာ ကိုတော့ မထောက်ခံနိုင်ဘူး။ ခေါင်းဆောင်ပြီ လုပ်တဲ့သူ လုပ်နည်းလုပ်ဟန်မကျတာပါတယ်။ ဒါကြောင့် ဒီလိုလုပ်တာလို့ပြောပြီး ငြိမ်ခံနေရင် သူတို့ကို ထောက်ခံရာကျမယ်။ လုပ်တဲ့သူကတော့ ဒီလိုဖြစ်ပါစေလို့ စေတနာပါဟန်မတူဘူး။ ဒါကြောင့် အစီအစဉ်လုပ်တဲ့သူကို နောက်ဒီလို မဖြစ်အောင် သတိပေးဖို့လိုသလို.. နအဖစစ်ခွေး လုပ်ရပ်ကိုလည်း အပြင်းအထန် ကန့်ကွက်ဖို့လိုပါတယ်။

    ReplyDelete
  7. all point of views are too right.......................i agree with all...All ativists in third countries' deeds are not systematic even leaders.....we know well SPDC is the without SOUT SHET ,,,a we zeed STANDARD ......But our side is very need to upgrade systematically when they fight or demonstrate to SPDC .......

    ReplyDelete
  8. ရေးချင်ပါတယ်ဗျာ ကျွန်တော့်က ကိုမိုးကြီးပြောသလို ပြောတော့လဲ နအဖ ဖားနေတဲ့ကောင်တဲ့ အဆဲခံ၇တယ် ပီးတော့ ဘန်းခံရတယ် မိမိချစ်တဲ့ခင်တဲ့သူကမ္ဘာကလေးစားပါတယ်ဆိုတဲ့ငြိမ်းချမ်းေ၇းနိုဗယ်ဆုရှင်တစ်ယောက်ပုံကိုအဲလိုလုပ်တဲ့သူက ဦးနှောက်မှရှိသေးရဲ့လား ဘယ်နိုင်ငံဘယ်လူမျိုးမှအဲလိုလုပ်တဲ့သူမရှိဘူး အဲလို စဉ်းစားဥာဏ်မရှိတဲ့သူတွေကတောင်းဆိုတဲ့အရာကိုပေးလိုက်ရရင်ဘာဖြစ်သွားမလဲ.....ဒေါ်စုကို ကမ္ဘာ့ကချစ်တယ်လို့လဲပြောသေးတယ် နယူးယောက်မှာတော့ ဒေါ်စုမပြောနဲ့ ပုံတောင်.............နေစရာထားစရာမရှိတော့ဘူးလား......ဟဟဟ မပြောတော့ပါဘူး ထပ်ဘန်းခံနေရမယ်

    ReplyDelete
  9. ဟုတ်တယ် ဂျပန်မှာ ဆို လမ်းဘေးလေးတွေ မှာအဲ့ လို့  ပန်းကလေးတွေချထား၇င် သေချာတယ် အဲ့ ဒီနေ ၇ာမှာ လူသေမှု့ ကားတိုက်မှု့ ရှိခဲ့ ဘူးတယ်ဆိုတာ

    မြန်မာတွေလည်းနောင်ကိုနည်းနည်း စနစ်တကျလုပ်စေခြင်တယ် ပီးပီးေ၇ာဆိုတဲ့ မြန်မာ အကျင့် ကိုဖျောက်ပီး

    နောက်နှစ်ကြ၇င် ပန်းခြင်းလှလှနဲ့  ကိတ်မုန့် ကောင်းကောင်းလောက်
    တော့ စီစဉ်ကြပါ :D

ုkk

    ReplyDelete
  10. အင်း သံ၇ုံးက လူဆိုတာက လည်း သာပေါင်းညာစားတွေကြီးပဲ သူတို့ အချင်းချင်းပဲ ပေါင်းလို့ ၇ကြတယ် IR နဲ့ သာပီးတဲ့ သူတွေများတယ် တကယ်တမ်းက international relation မပြောနဲ့  မြန်မာ အချင်းချင်းတောင် အပြင်လူဆို၇င် ဆက်ဆံေ၇းက ပြေပြစ်တာမဟုတ်ဘူး
    သူ့ တို့ အလုပ်က အခွန်လောက်စောင့် ပီးကောက်နေ၇တော့ လည်း
    ကိုယ့် အလုပ်ကိုယ်လုပ်နေတာတောင် သူ့ တို့ ကို အခွန်ပေးနေ၇တယ် အဲ့ ဒီအခွန်ထမ်းနေတဲ့ သူ ပြသနာဖြစ်လို့ အချုပ်ထဲေ၇ာက်ကြည့် စိတ်ချ သူတို့ လာမကြည့် ဘူး
    အချို့ မိန်းကလေးတွေ နိင်ငံခြားသားနဲ့ ယူ၇င် သူတို့ ကို့ ပိုက်ဆံဆောင်၇သေးတယ် နိုင်ငံခြားသားနဲ့  ကွာ၇ှင်း၇င်
ွပြန်စ၇ာလေယဉ်လက်မှတ်ဖိုးတဲ့  နာမည်တပ်တတ်လိုက်တာကတော့ အ၇မ်းပဲ ပြည်သူဆီက ဘယ်လိုဂုတ်သွေးစုပ်၇မလည်းဆိုတာ ပဲစဉ်းစားနေကြတာ
    လေ

    makk

    ReplyDelete
  11. ကမ္ဘာ့နိုင်ငံအသီးသီးမှ အထူး လေးစားချစ်ခင်သော မတရား ဖမ်းဆီးခံနေရသည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲကို နယူးယောက်မြို့၊ နအဖ ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပနေစဉ် --- ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ခြေထောက်နှင့် ဆောင့်ကန် နင်းချေသူ နအဖ ကောင်စစ်ဝန်ရုံး အမှုထမ်း၏ ရိုင်းပျသော အပြုအမူကို နိုင်ငံတကာ မြန်မာအမျိုးသားကွန်ဂရက် ဖောင်ဒေးရှင်း (International Foundation for Burma National Congress) (IFBNC)က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ http://www.yeyintnge.com/2010/06/blog-post_2445.html

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။