Pages

Wednesday, June 30, 2010

အိမ်ရယ်လို့ အမည်သာရှိတဲ့ ဆင်းရဲတဲ့ မြန်မာပြည်သူတွေရဲ့ နေထိုင်နေရတဲ့ဘဝတွေပါ။


လူသားချင်းစာနာထောက်ထားခြင်း

သို့

သူငယ်ချင်းတို့ရေ

တို့တတွေကတော့ မိုးလုံ လေလုံ အဆောက်အအုံထဲမှာ နေထိုင်စားသောက်လျက်၊ ပညာသင်ကြားလျက်၊ အိပ်မောကြလျက်၊ ရုပ်မြင်သံကြား ကြည့်လျက်၊……………….

သို့ပေမယ့် ဒလမြို့နယ်အတွင်း တချို့နေရာ တချို့လူတွေအတွက် မိုးရွာရင် အစို နေပူရင်အခြောက် ဆိုသလို မိုးမလုံ လေမလုံ အမိုးအကာမရှိတဲ့ နေရာမှာ နေထိုင် စားသောက်လို့ အသက်ရှင်သန်ဖို့အရေး ကြိုးစားရုန်းကန်နေရဆဲပါ ပညာမသင်နိုင်လို့ စာမတက်…စာမဖတ်နိုင်တော့ ဗဟုသုတနည်း…ဗဟုသုတနည်းတော့ ……ဆင်ခြင်ဥာဏ်မွဲ……….၀င်ငွေနည်း………...ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု……………..ကလေးတွေကများ….…………….ဒီလိုနဲ့ဘဲ ဆင်းရဲသံသရာထဲ ၀ဲနေကြရပါတော့တယ်…….ဒါကြောင့် ကျွန်တော်တို့ တက်စွမ်းသ၍ ကူညီဖေးမလို့ လူမပီသတဲ့ သူတို့ရဲ့ လူ့ဘ၀တွေကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် မြှင့်တင်ပေးကြပါစို့လားဗျာ…………….

လိုအပ်ချက်များ

၁။ပညာသင်စရိတ် ထောက်ပံ့ပေးခြင်း

၂။လူနေအိမ်များ ဆောက်လုပ်ပေးခြင်း

၃။အသက်မွေးဝမ်းကြောင်း ပညာများ သင်ကြားပေးခြင်း…စသည်တို့ လိုအပ်လျက်ရှိပါတယ်…

လေးစားစွာဖြင့်
ခင်ဇော်ဝင်း
လူသားအကျိုးပြု လူမှုရေးလုပ်ငန်းအဖွဲ့
ဆက်သွယ်လှုဒါန်းလိုပါက

ဖုန်း - ၂၆၉၅၅၆ (ရုံး)
အီးမေးလ် - khinzawww@gmail.com

1 comment:

  1. ဥပမာ သေးသေးလေးနဲ့ ပြော၇၇င် ကျွန်မတို့ လူမှုနယ်ပယ်မှာနေ့ စဉ် မြင်တွေ့ ၇တာလေးတွေ ကိုမြင်ကြည့် ပါ
    မြန်မာပြည်မှာချမ်းသာပါတယ် ဆိုတဲ့ မာစီးဒီးနောက်ဆုံးပေါ်စီးနေတဲ့ သူတွေဆေးခန်းကိုလာပါတယ် အများစု ၇ဲ့ နောက်မှာ ဝေယျဝတ်စ(ပတ်ဆင့် လက်ကွက်လုပ်လို့ မ၇လို့ ပါ) လုပ်ပေးဖို့ ကောင်မလေးတွေ ခပ်ရိုင်း၇ိုင်းပြော၇၇င်တော့ အိမ်ဖော် ပေါ့  ကောင်မလေးတွေ ပါလာပါတယ်... အများစု က အ၀တ်စားပေပွ သို့ မဟုတ် စွန်းထင်းနေတဲ့ အ၀တ်စားမှာ မျက်နှာမှာ အဆီတ၀င်းဝင်းနဲ့  ပါလာတတ်တာတွေ ကို မြင်တော့ ဒီလို မျိုးတွေ ကိုခေါ်လာတဲ့ ခေါ်လာသူ အမျိုးသမီးက
    ဘယ်လောက်ပဲချမ်းသာတဲ့ ချောတဲ့ အမျိုးသမီးဖြစ်စေ အတော် ကို သူ့ အဆင့် အတန်း သူ့ ၇ဲ့ လူနေမှု့ အဆင့် တန်းကို အကဲ ခေတ်လို့ ၇ပါတယ် .... မျက်နှာမှာသနပ်ခါး ဆိုတာ ကို တကယ်ပဲ မြင်တွေ့ နိုင်ပါတယ် ဒါက ဥပမာ အသေးလေးပါ
    ခု အပေါ်က ပုံတွေ ကိုတွေ့ ၇တော့ အတော်ကို ရှက်လည်းရှက်ပါတယ် စိတ်လည်းဆင်း၇ဲ ၇ပါတယ်
    တံတားကြီးတွေ ဆောက် အဆောက်အဦးတွေ ဆောက်တာ ဂုဏ်ယူစ၇ာ မဟုတ်ပါဘူး တံတားတွေ ဆောက်တာ ဆောက်လုပ်ေ၇းတွေ ပဲချမ်းသာမှာပေါ့ သူတို့ တွေ အတွက် ပဲ ငွေလမ်းဖြောင့် သွားမှာပေါ့  ( စ ကို သွားလည်တော့ ဆောက်လုပ်ေ၇း က ဘာချုပ်လည်း တော့ မသိဘုး
    (၇ာထူးကို ) Takashi ma ya ထဲ မှာ
    ဈေးဝယ်နေတဲ့ အချိန်မှာ ခလေးဖြစ်သူက ဒေါ်လာ တ၇ာတန်တွေ ကို အထပ်လိုက် ဘောင်းဘီအိတ်ထဲ ထည့် ပီးဝယ်နေပါတယ် အနည်းဆူံး အ၇ွက် ၅၀ နဲ့ အထက်ပါ မုဒိတာမပွားတာ မဟုတ်ပါဘူး SME လုပ်ငန်းလေးတွေ သွင်းကုန်ပို့ ကုန်တွေကို သေအောင်လုပ်မှ ဒေါ်လာ ၅၀၀၀ မြတ်ဖို့ အသည်းအသန် လုပ်နေချိန်မှာ သူတို့ တွေ ဘာမှ မလုပ်ပဲ၇နေတာလေးတွေ မြင့် တော့ အတိတ်ကံကိုပဲ ပုံချ၇မှာလား ) ကြုံလို့ ညည်းလိုက်တာပါ.................

    စကားလမ်းကြောင်းပြန်တည့် ပါရစေ... ခုလည်းပဲ မလို အပ်တဲ့ နေ၇ာတွေမှာ ငွေတွေ. သုံးပီး လိုအပ်နေတဲ့ နေ၇ာတွေကို မသိချင်ယောင်ဆောင်နေကြတယ် နိင်ငံတိုင်းမှာ ဆင်း၇ဲ ချမ်းသာ၇ှိပါတယ် တို့  နိုင်ငံကတော့ . ချမ်းသာတဲ့ သူတို့ လူတန်းစားနဲ့ ဆင်း၇ဲတဲ့ တို့ ပြည်သူတွေ ကို ဒီလိုဖြစ်နေတာ မရှက် ပဲ ဆက်ပီးအုပ်ချူပ်နေတဲ့ အ၇ှက်မရှိ ကိုယ်ချင်းစာတ၇ားမ၇ှိ အတ္တ၀ါဒီ တွေ အမြန်ဆုံး ကျဆုံးပါစေ လို့ ဆုတောင်းရုံ ကလွဲ လို့ ဘာမှ မလုပ်နိုင်တဲ့  ပြောခြင်တာပြောခွင့် မ၇တဲ့  စစ်အစိုး၇ လက်ထက်မှာ မြန်မာပြည်သူ လာဖြစ်တဲ့ ကိုယ့် ကိုကိုယ်ပဲ အပြစ်တင်နေမှိတော့ တယ် မြန်မာလူမျိုးဖြစ်၇တာလည်း ဂူုဏ်ယူပါတယ် စစ်အစိုး၇ လက်ထက်မှာ မြန်မာနိုင်ငံသားလာဖြစ်တဲ့ ကိုယ့် ကို ကိုယ်တော့ အတော် ကို မကျေမချမ်းဖြစ်၇ပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။