Pages

Tuesday, July 6, 2010

မြေနိမ့်ရာကိုလှံနဲ့စိုက်၊ ကြောက်ပါတယ် ဆိုသူကိုကြိုးတုတ်ပီး ရိုက်ကြတဲ့ အောင်သိန်းလင်းနဲ့ ကောင်းအင်ဆန်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီပိုင်ရှင်...

ကျောင်းတက်ရမယ့်အရွယ် ကလေးတွေက အစ စာအုပ်ရောင်း ရုန်းကန်ပြီး မိသားစုစီးပွားရေးအတွက် တစ်ဘက်တစ်လမ်းက ကူညီနေရတာပါ...
ခုတော့ဒီလို ဖျက်သိမ်းခံလိုက် ရလေပြီ
စာအုပ်စာပေသည် လူသားတို့၏ မိတ်ဆွေစစ်စစ်ဖြစ်သည်။ ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းမ၊ လမ်း၃၀၊ ၃၁လမ်း၊ ၃၂လမ်းတို့တွင် ရှေးဟောင်း ရှားပါးစာပေများ၊ တန်ဖိုးရှိသော စာအုပ်ဟောင်းများကို လမ်းဘေးဝဲယာတို့၌ ခင်းကျင်း ရောင်းချနေခဲ့သည်မှာ.... နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ထိုစာအုပ် ဆိုင်တန်းလေးများကို ပြည်တွင်းမှ စာပေ၀ါသနာရှင်များသာမက၊ ပြည်ပမှ နိုင်ငံခြားသားများကပင် အားကိုး အလေးထားလျှက် ရှိပါသည်။ အရှင်းဆုံးဆိုရလျှင် ၄င်းစာအုပ် အဟောင်းတန်းလေးများမှ မြန်မာပြည်တွင် ကျော်ကြား ထူးချွန်ထက်မြက်သည့် စာပေပညာရှင်များ၊ နိုင်ငံရေးသမားကြီးများ၊ ဆရာဝန်ကြီးများ၊ အင်ဂျင်နီယာကြီးများ၊ နိုင်ငံခေါင်းဆောင် ကောင်းများစွာကို မွေးဖွားပေးသော ဗဟုသုတပညာ့ ဟင်းလင်းပြင် မိခင်ဌာနေ တစ်ရပ်ပင် ဖြစ်ပါသည်။

စာအုပ်အဟောင်း ရောင်းချသူများ၏ ဘ၀သည် မွန်မြတ်သန့်စင်ပြီး မြတ်နိုးဖွယ်ရာ ကောင်းလှသည်။ ကုသိုလ်လဲရ၊ ၀မ်းလဲဝဆိုသကဲ့သို့ သမ္မာအာဇီဝဖြင့် ၀မ်းစာရေးအတွက် ရိုးသားစွာ လှုပ်ရှားရုန်းကန်ရပ်တည်နေကြသည်မှာ လွန်စွာမှ လေးစားဂုဏ်ယူဖွယ်ဖြစ်သည်။ ထိုကဲ့သို့ ရိုးသားစွာ ရှာဖွေလုပ်ကိုင် စားသောက်နေကြသည့် ဘ၀ကလေးများထဲသို့ မိသားစုစားဝတ်နေရေးကို ဖျက်ဆီးမွှေနှောက်မည့် ဘ၀ဖျက်မုန်တိုင်းကြီး ၀င်ရောက် တိုက်ခတ်လိုက်ပါပြီ။ မြောက်များစွာသော မိသားစုများ၏ စားဝတ်နေရေး အိမ်ကလေးများ အမိုးအကာများလန်ပြီး အိမ်တိုင်ကပင် ကျွတ်ထွက်သွားခဲ့လေတော့သည်။ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၃၁လမ်း(အပေါ်) ရှိ စာအုပ်အဟောင်း ရောင်းဆိုင်ကလေးများပင်ဖြစ်ပါသည်။

ကောင်းအင်ဆန်း ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ
တစ်နေ့သော မနက်ခင်းတခုတွင် (၃၁) လမ်းထဲသို့ ကောင်းအင်ဆန်းပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ ကားတစ်စီးသည် စာအုပ်အရောင်းဆိုင်လေး တစ်ဆိုင်ရှေ့သို့ ထိုးရပ် လိုက်ပါတော့သည်။ စာအုပ်ဆိုင်မှ ဈေးရောင်းသူက ဆိုင်ရှေ့ ကားပိတ်ရပ်ထားသည်ကို အနည်းငယ်ရွှေ့ပေးပါရန် မေတ္တာရပ်ခံရာမှ ၄င်းကားပိုင်ရှင်နှင့် အချင်းများကြပါတော့သည်။ ထိုကားပိုင်ရှင်မှာ ရန်ကုန်မြို့  (၃၁) လမ်းထဲရှိ ကောင်းအင်ဆန်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအမည်ခံ တရားဝင်လိုင်စင်ရ လူကုန်ကူးခြင်းအလုပ်ဖြင့် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်သူတို့၏ ဂုတ်သွေးများကို ရက်စက်စွာ စုပ်မျိုနေသည့် ကုမ္ပဏီပိုင်ရှင်ပင်ဖြစ်သည်။

ထိုသို့စာအုပ်ဆိုင်မှ ဈေးရောင်းသူနှင့် အချင်းများပြီးနောက် ၄င်းကောင်းအင်ဆန်း ကုမ္ပဏီပိုင်ရှင်မှ (မင်းတို့ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်) ဆိုပြီးကြိမ်းဝါးခဲ့သည်။ ထိုကဲ့သို့ကြိမ်းဝါးပြီး မကြာခင်မှာပင် နအဖလက်ကိုင်တုတ် တစ်ချောင်းဖြစ်သော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း၏ ခိုင်းဖတ်ငယ်ကျွန် စည်ပင်ပုလိပ်များနှင့် ဌာနမှုးတို့ ရောက်ရှိလာပြီး စာအုပ်ဆိုင်များကို (ဒီနေ့ဒီအချိန်မှစ၍ ရောင်းချခြင်းလုံးဝမပြုရ။ မလိုက်နာပါက လက်ရှိဥပဒေနဲ့ ထောင်သွင်းအကျဉ်းချမယ်) ဟု ပြောဆိုပြီးစာအုပ်များကို ဖမ်းဆီးသည်ဟု ပြောကာယူသွားပြီး၊ ဆိုင်အမိုးအကာများကို ဖျက်ဆီး ဖြိုချသွားခဲ့ ကြပါတော့သည်။

နောက်ဆက်တွဲ ကြားသိရသည့် သတင်းများအရ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းအား ကောင်းအင်ဆန်းတရားဝင် လူကုန်ကူးကုမ္ပဏီပိုင်ရှင်မှ သိန်းဆယ်ဂဏန်း ထက်မနည်းသော အဿပြာများဖြင့် လာဘ်ထိုးပြီး ယခုကဲ့သို့ လူမိုက်ငှားလုပ်ကြံခဲ့ ခြင်းဖြစ်ကြောင်း ကြားသိရပါသည်။ ရိုးရိုးသားသားနှင့် ၀မ်းစာရှာဖွေ စားသောက်နေရသည့် ပြည်သူများကို အတင်းလုယက် နေရာယူထိုင်ခုံပေါ် တက်ထိုင်နေသည့် စစ်အာဏာရှင်များနှင့် မြောက်များစွာသော ပြည်သူများကို မတရားဂုတ်သွေးစုပ် အမြတ်ကြီးစားနေသော ဓနရှင်တို့ ပူးပေါင်းနှိပ်စက်ကြသည် ......မှာ လွန်စွာမှ ရင်နာဖွယ်ရာ ကောင်းလှပါသည်။

ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ယနေ့ မြန်မာပြည်တွင် နအဖစစ်အာဏာရှင်များနှင့် ၀ိသမလောဘသမား ဓနရှင်များ ညီညွတ်စွာ ပူးပေါင်းပြီး ပြည်သူများအပေါ် ဂုတ်သွေးစုပ် ဖိနှိပ် ချုပ်ချယ်နေကြသည်ကို ပြည်သူအပေါင်းမှ ခေါင်းငုံ့ခံ မနေကြတော့ပဲ အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် စုပေါင်း တွန်းလှန်ကြရတော့မည် ဟူသော အသိတရား စိတ်ဓါတ်များ ပိုမိုရှိလာစေ ချင်ပါတော့သည်။

လေးစားဦးညွှတ်လျှက်
ဘားမားပါပါရာဇီ
Kaung & son
Kaung & Sons Company... ကို Cows & Sons Company လို့ ကျွန်တော်ကတော့ ဒီလိုပဲ နာမည်ပေးချင်ပါတယ်။ ဘားမားပါပါရာဇီရေ နာမည်ပြန်ပြင်ရေးတာ ဆောရီးနော်။ နွားတွေနဲ့ သားများပေါ့ နွားဆိုတာကတော့... ပြည်တွင်းက လိုင်စင်ရ နွားအဖွဲ့ မာဖီးယားဂိုဏ်းကြီးပါ.. သားတွေကတော့ အပေါင်းအပါ... ကပ်ဖားလျှက်စား.. စီးပွားရေးလုပ်ငန်းရှင်တွေပါ။

6 comments:

  1. ဘယ်လိုလဲဗျ.. ကို ဒီမိုဝေယံကြီးရ .. ရေးထားတဲ့ ပိုစ့်ကတော့ ကောင်းပါ့ဗျာ.. ခင်ဗျာ့ရေးထားတာတွေကိုလဲ ကြိုက်ပါတယ.် ဒါပေမယ့် သေချာဖတ်ကြည့်တော့ ခင့်ဗျာ့ ကိုယ်တိုင် ကိုယ့်ရှုးကိုပတ်နေသလားလို့ပါ.. ရေးထားတော့တော့ ဘာတဲ့ "သမ္မာအာဇီဝဖြင့် ၀မ်းစာရေးအတွက် ရိုးသားစွာ လှုပ်ရှားရုန်းကန်ရပ်တည်နေကြသည်မှာ လွန်စွာမှ လေးစားဂုဏ်ယူဖွယ်ဖြစ်သည်"... ဟဟဟ.....ရေးထားတာတော့လန်းတယ်ဗျာ့.. ဒါပေမယ့် ဒီပို့စ်ကို ရေးထားတဲ့ ခင်ဗျာ့ကိုယ်တိုင်ကော် သမ္မာအာဇီဝရဲ့လား ???? ဒေါ်လာလေး နှမ်းစေ့လောက်ရဖို့ ရေးချင်တာရေး ပြောချင်တာပြော ဆိုချင်ရာဆို ၊စာတစ်ကြောင်းဖြစ်ရင်ပြီးရောဆိုပြီးရေး ဟုတ်သလား မဟုတ်သလားလဲ မသိဘူး ၊ စစ်တပ်ကဖြစ်ဖြစ် အစိုးရဝန်ထမ်းက ဖြစ်ဖြစ် တစ်ခုခုလုပ်ရင် တစ်ခုခုလှူရင် (မသမာတဲ့နည်းလမ်း)နဲ့ ရတဲ့ငွေနဲ့ အလုပ်လုပ်တာ ၊ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပုတ်ခတ် ၊ အစိုးရကို ဆန့်ကျင်တဲ့လူ အစိုးရကို မကောင်းပြောတဲ့လူကျပြန်တော့ တော်လိုက်တာ ....လှူပြန်တော့ သာဓု သာဓု တောင်ခေါ်လိုက်သေး ၊ ပြီးတော့ လမ်းကြို လမ်းကြားက ပုံကိုပြပြီး ကိုယ့်မြန်မာပြည်ကို ကိုယ်ကိုတိုင်ပြန်သတ် .. တကယ်တန်းခင်ဗျ နေနေတဲ့ နိုင်ငံက လမ်းကြိုလမ်းကြားဟာ... ကိုယ့်တိုင်ပြည်က လမ်းကြိုလမ်းကြားလောက်တောင်မှ စိတ်ချရလို့လားဆိုတာ စဉ်းစားကြည့်ပါဦး... ခင်ဗျာ့ ထမင်း တစ်လုပ်စားရဖို့ အတွက် မဟုတ်မမှန် ဇတ်လမ်းတွေကို လျှောက်ရေး ၊လူများ ဝဘ်ဆိုက်က ပို့စ်ကို copy ယူ ၊ ခင်ဗျာ့ ပြောတဲ့ သမ္မာအာဇီဝဆိုတာ ခင်ဗျာ့ ကိုယ်တိုင်ဆီမှာကော ရှိသေးလို့လား... ဒီလို အဓိပ္ပာယ်မရှိတဲ့လူ ရေးထားတာတွေကို ဘာမှမသိတဲ့ ခေတ်ပညာတတ် ပညာရှင်ကြီးများကလည်းဖတ်ပြီး ယုံနေကြတော့ ခက်ပေးသားပဲ... ဆိုးတာက မြန်မာလို တစ်လုံးမှနားမလည်ပ၊ဲ ဓာတ်ပုံကြည့်ပြီး ဝေဖန်တဲ့ ကိုကိုအမေရိကတို့ကလည်း ရှိနေတော့ ၊မြန်မာပြည်ဟာ ကိုယ့်ရှူးကိုပတ်တို့ရဲ့ လုပ်ချက်ကြောင့် စီးပွားရေးတွေ ထပ်တလဲလဲ ပိတ်ပြီး ၊ဘိန်းစားခြင်း တစ်မူးပိုရှုတဲ့ ဘဝကနေကို မတက်နိုင်ကြတော့တာပါပဲ.. ကဲ ကိုဒီမိုဝေယံကြီးရေ ဘာဆက်လုပ်ပြီး ဘာဆက်ရွှီး နေဦးမှာလဲ ၊ ဒါနဲ့ တစ်ခုမေးရဦးမယ် အခုရေးတဲ့ ပို့စ်က ခင်ဗျာ့ မြန်မာပြည်မှာနေတုန်းက ပြည်ပထွက်ပြီး blogger လုပ်ဖို့ စဉ်းစားပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပက်သက်တဲ့ စာအုပ်လေးတွေ ရှာခဲ့တဲ့နေရာလား မသိဘူး.. ဘာဖြစ်လို့လဲဆိုတော့ နေရာတော်တော်များများကို ခင်ဗျာ့က သိနေလို့လေ...

    ReplyDelete
  2. သတ္တိရှိခဲ့ရင် ၊ယောကျာ်းမှန်ရင် အပြင်လောကကိုထွက်လာခဲ့ပါ။ခင်ဗျားနဲ့ကျွန်တော်တစ်ယောက်ချင်းစကားပြောကြမယ် ၊ဘယ်လိုလဲမိတ်ဆွေ.....
    သမ္မာအာဇီဝဆိုတာ ဘယ်သူကရိုးရိုးသားသားနှင့် ၀မ်းစာရှာဖွေ စားသောက်နေသလဲ ဆိုတာ ????OK ???

    ReplyDelete
  3. မင်းကရောဘယ်လောက်သတ္တိရှိလို့ လဲခွေးမျိုးရဲ့ ။အပြင်လောကဆိုတာ ဘာကိုပြောတာလဲ၊ဘယ်ဟာကအပြင်ဘယ်ဟာကအထဲလဲနွားရဲ့ ။မင်းလဲ လူများကိုလုပ်ကြံချင်ရင် အရင်ရှာရှာဖွေဖွေစုစုစောင်းစောင်းလုပ်ပြီးမှ လုပ်၊အနည်းဆုံးတော့ အစိုးရသတင်းပေးလုပ်ချင်တယ်ဆိုရင်လဲ သမိုင်းလေးဘာလေးဖတ်ပြီးမှပြော၊မင်းသိထားဖို့ က ဒီမှာ နိုင်ငံရေးလုပ်လို့ စောက်ဆံတပြားမှမရဘူး ။ကိုယ့်အိတ်ထဲကပဲစိုက်ရတာ။နိုင်ငံရေးလုပ်တဲ့ကောင်လဲမျက်နှာကောင်းတခုမှမရဘူး။မယုံရင်မင်းလာလုပ်ကြည့်နွားရဲ့ ။နောက်မင်းတကယ်သတ္တိရှိရင် သမ္မာအာဇီဝနဲ့ ရှာစားနေတဲ့ကောင်ဆိုရင် မြန်မာပြည်ဒီမိုကရေစီရတဲ့အချိန် ပြည်တွင်းထဲမှာရှိနေပါစေ။အဲဒါမှမစောင့်နိုင်ရင် ဒီကိုလာခဲ့။

    ReplyDelete
  4. မဆိုးပါဘူးသတင်းလေးတွေက ...ဖတ်လို့ အဆင်ပြေပါတယ်....မိတ်ဆွေ မကြိုက်ရင် လာမကြည်နဲ့ ပေါ့ .....

    ReplyDelete
  5. အဆင်ပြေပါတယ်.. သတင်းပဲ ဥစ္စာ ... comment ၂ က အကိုကြီးက ယောက်ျားဆိုရင် စကားပြောမယ်ဆိုလို့ပါ.. ဝင်ခဲ့ပါ welcome ပါ mgwebman@gmail.com တဲ့ .. comment ရေးကတဲ့ က တစ်ခါတဲ့ မေးလ်လိပ်စာရေးပေးမလို့ပါ... google က error တက်နေလို့ပါ.. တစ်ခုတော့ ပြောမယ်နော်.. _ီးနဲ့စပြီး _ီးနဲ့ အဆုံးသတ်မဲ့ စကားဆိုရင်တော့ ဝင်မလာနဲ့နော် ကြိုပြေတာ .. coz အချိန်ကုန်ပြီး မေးလ် ညစ်ပတ်တာပဲ ရှိမှာ ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး.. အော် ပြောချင်သူက ကိုcomment 2 ဆိုတော့ ကျန်တဲ့ သူတွေကရော လာပြီး invite လုပ်ပြီး လာပြောကြဦးမှာလား ... ပြောချင်တဲ့လူလေးများရှိသေးလား.. ဘာလို့လဲဆိုတော့ ဒါမျိုးရေးမိရင် .. ဆဲရပြီးရောဆိုပြီးဝင်လာမယ့် တချို့လေးတွေက ရှိနေသေးတော့...

    သတင်းလေတွေကတော့ ဖတ်လို့ကောင်းပါတယ်.. အဓိက ပြောချင်တာကတော့ ရေးသာရေးပြီး ပိုက်ဆံလေးရကာ အအိပ် အစားမှ ဝင်ရဲ့လားလို့ ကိုယ့်လိပ်ပြာကိုယ်မလုံမှာဆိုးလို့ ကို blogger ကြီးကို သတိပေးတာ .. လာခဲ့ပါ ဒီကတော့ welcome ပါ.. BUT အားရင်တော့ ပြန်ပြောတာပေါ့.. commnet 2 ကြီးရေ ခင်ဗျာ့ ပြောမယ့် သတ္တိရှင်ရင် ဆိုတဲ့ စကားနဲ့ သမ္မာအာဇီဝဆိုတဲ့ စကားနှစ်ခွန်းကိုတော့ နားထောင်ချင်းသေးတယ်ဗျာ.. ဘယ်လိုတွေဘာတွေပြောမလဲလို့.. အော် ဒါနဲ့ ဂုတ်သွေးစုပ် အမြတ်ကြီးစားနေတယ် ဆိုတဲ့ စကားဟာ မြန်မာပြည်ရဲ့ဘယ်နေရာမှာကင်းလဲဆိုတာတော့ ရှာထားပေါ့.. အဲဒီ့ဝေါဟာရဆိုတာ မရှိခဲ့ရင် ဘုရားဟောခဲ့တဲ့ လူ ၃ မျိုး ၃ စား ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး... ၃ မျိုး ၃ စားနော်.. သား ၃ သားကို ပြောတာ မဟုတ်ဘူး....

    ReplyDelete
  6. mgwebman@gmail.com သတင်းတခု ကို ဝေဖန်ချင်လျှင်သေချာဖတ်ပြီးမှ ဝေဖတ်ပါ ရေးပါ ပေါက်ပန်းသေး နအဖစစ်ခွေးတွေ ခိုင်းတိုင်းလျှောက်လာအူမနေနဲ့  .........။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။