Pages

Monday, July 12, 2010

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ....

မြန်မာဆန်တဲ့ တို့ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နေခဲ့တဲ့အဆောင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ကျိုတိုတက္ကသိုလ်
ဒေါ်အောင်ဆန်းစုကြည် နေခဲ့တဲ့ အခန်းအဝင်ဝ
၁၉၈၆ခုနှစ် ကျိုတိုဘူတာရုံမှ ဒေါ်အောင်ဆန်းစုကြည်ပုံ
၂၀၁၀ ဇူလိုင်လ ၁၂ရက်နေ့က ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုမြို့ကို မိတ်ဆွေ (၃)ဦးနဲ့ အလည်တစ်ခေါက် ရောက်ရှိခဲ့ပါတယ်။ သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ကျိုတိုတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တုန်းက နေထိုင်ခဲ့တဲ့ အမေစုအတွက် အမှတ်တရ ပြုလုပ်ထားတဲ့ အခန်းကို လေ့လာမှတ်တမ်း တင်ဖို့ပါ။ ကျိုတိုရောက်တော့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကျိုတိုဘူတာကနေ မိနစ်(၂၀)လောက် ဘတ်(စ်)ကား စီးပြီးသွားခဲ့ပါတယ်။ ကျိုတိုတက္ကသိုလ်ကို ရောက်ပြီး မေးမြန်း စုံစမ်းကြည့်တော့ ဒေါ်အောင်ဆန်းစုကြည် အခန်းကို ကြည့်ရှူခွင့် ရဖို့အတွက် ကြိုတင် အကြောင်းကြားပြီး ရက်ချိန်းယူရပါတယ်တဲ့.. ။ ဒါပေမယ့် ကျွန်တော်တို့ ဝေးလံတဲ့ နေရာက တကူးတက လာကြည့်တယ် ဆိုတာသိရတော့ တာဝန်ရှိသူတွေက စီစဉ်ပေးပါတယ်။ ကျိုတိုတက္ကသိုလ်ကနေ နောက်ထပ် တက္ကစီစီးပြီး အမေစုနေခဲ့တဲ့ အဆောင်ကို ရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ အမေစုပုံရိပ်တွေပါ..

သွားရောက်ခွင့် မှတ်တမ်းတင်ခွင့် ရရှိခဲ့တဲ့အတွက် ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာ ကြည်နှူးခဲ့ကြရပါတယ်။ အဆောင်ရှေ့ မြင်ကွင်းကို ကြည့်ပြီး ငါတို့ခေါင်းဆောင် ဒီနေရာမှာ နေထိုင်ခဲ့တာ ပါလားလို့ .. တွေးတော နေမိလိုက်တယ်။ အဆောင်ရဲ့ (၃)ထပ်ကို ဓာတ်လှေကားနဲ့ တက်သွားတဲ့ အခါမှာတော့ Aung San Suu Kyi Room ဆိုတာကို ကြေးနီပြားပေါ်မှာ ရေးထိုးထားတာကို တွေ့လိုက်ရတယ်။ နောက်အခန်းက ကျွန်တော်တို့ ကြိုတင် အကြောင်းကြားပြီး လာရောက်တာ မဟုတ်တဲ့အတွက် နေထိုင်ခဲ့တဲ့ ပုံစံတူတွေ ပြုလုပ်ပေးဖို့ အချိန်မရှိပေမယ့်… ဒေါ်အောင်ဆန်းစုကြည် ကျောင်းမှာ နေထိုင်စဉ် ဓာတ်ပုံမှတ်တမ်းတွေနဲ့ ကိုယ်ရေးရာဇဝင် ၈၈၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ထိုစဉ်က ဂျပန်သတင်းစာပါပုံတွေကို မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်…။ ကျွန်တော်တို့ ခေါင်းဆောင်ဟာ ၁၉၈၅ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ ၁၉၈၆ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ ဒီအခန်းမှာ နေထိုင်ပြီး စာတမ်း သုတေသနပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစုခဲ့တဲ့ ခေါင်းစဉ်ကတော့ “ The History of the Burmese Independence Movement ” မြန်မာပြည် လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း ကို (၉)လကြာ အခန်းနံပါတ် E306 မှာနေထိုင်ပြီး စာတမ်းပြုစုခဲ့ပါတယ်..။

ကျိုတိုတက္ကသိုလ်မှာ နေထိုင်ပြီး စာတမ်းပြုစုနေထိုင်ခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဆန်ဆန် မြန်မာရိုးရာ အမျိုးသားဝတ်စုံ ကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်…။ အခန်းအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေနဲ့ Biography တွေရှိနေပါတယ်….။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်း စာအုပ်အတွင်းမှာတော့ နိုင်ငံပေါင်းစုံက ဒေါ်အောင်ဆန်းစုကြည်ကို လေးစား.. မြတ်နိုးသူတွေရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်အတွက် အမှတ်တရတွေ ရေးထားတာကို ဖတ်ကြည့်ပြီး အထူးပီတိဖြစ်ခဲ့ရပါတယ်.။ အခုအချိန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားတဲ့ ခေတ်စံနစ်ကြီးထဲမှာ အဖိအနှိပ်ခံပြည်သူတွေ အတွက် မတရားတဲ့ ဥပဒေတွေကို အံ့တုရင်ဆိုင်ရင်း ပြည်သူတွေဘက်က မားမားမတ်မတ် ရင်ဆိုင်တိုက်ပွဲ ဝင်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ၁၉၉၀ရွေးကောက်ပွဲအပြီး ပြည့်သူ့အစိုးရသာ ပေါ်ထွန်းလာခဲ့မယ်.. ဆိုရင် အခုချိန်မှာ ရင့်ကျက်တဲ့ ဒီမိုကရေစီအစိုးရ အနေနဲ့ အနှစ် (၂၀)ခရီးကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ် ဒီမိုကရေစီ နိုင်ငံတော်သစ် တစ်ရပ်အနေနဲ့ အနှစ်(၂၀) ဆိုတဲ့ အချိန်ဟာ အမှားအယွင်းတွေကို ပြင်ဆင်နိုင်ဖို့ တိုင်းပြည်ထူထောင်ဖို့ အတွက် လုံလောက်တဲ့ အချိန်အတိုင်းအတာပါ..။ နုပျိုငယ်ရွယ်တဲ့ အချိန်မှာ ကျွန်တော်တို့ လူထုခေါင်းဆောင်သာ ဦးဆောင်ခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်ကူးတွေနဲ့ အတူ လူထုခေါင်းဆောင် အမေ.. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ၊ချမ်းသာပြီး တိုင်းပြည်အကျိုးကို ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်..အမေ..။

လိုက်လံပို့ဆောင် ပေးသူအား အထူးကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

7 comments:

  1. အန်တီ က ကျက်သေ၇ သိပ်ရှိတာပဲနော်
    အန်တီ့ ၇ဲ့  မာန်မာန နဲ့  အဆင်တန်ဆာ ကင်းတဲ့  ပီး ရိုး၇ှုင်းလှပတဲ့  ငယ်ဘ၀ လေးကိုပြန် ပီး ပုံဖော် လိုပေးတဲ့ ကိုဒီင်္မို ၇ဲ့ ပိုစ် အတွက် ကျေးဇူးတင်
်၇ှိပါကြောင်း

    ReplyDelete
  2. အမေက အရမ်းတော်တယ်
    အမေရဲ.ဘဝကို မြန်မာပြည်သူတွေအတွက် မြှုပ်နှံပေးတာ
    တွေးမိတိုင်း စိတ်မကောင်းဘူး
    အမေရဲ.ငယ်ဘဝ ပုံရိပ်လေးတွေက လွမ်းမောစရာလေးတွေပါ

    ReplyDelete
  3. Apex a aleader,for almost people, lead for all not for majorities . Amay Su lead all over the world of cruel governments and teaches the bloodless revolution.So, she is same to nothing as, I think and people should build the memorandom everywhere.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အမေစုရဲ့  ရဲရင်တောက်ပတဲ့  မျက်ဝန်းလေးက အမေရဲ့  အားမာန်ပါဘဲ။

    ReplyDelete
  6. မြန်မာနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းအမေရေးတာကိုးလဘဲကြာတယ်။
    ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းကြတော့အမေအခုမှဘဲလွတ်တော်ထဲရောက်တယ်။
    အမေကျန်းကျန်းမာမာနဲ့ပြည်သူပြည်သားများရဲ့အကျိးဆောင်ရွက်နိုင်ပါစေ။

    ReplyDelete
  7. အမေစုလိုလူမျိုး တို့ဗမာပြည်မှာရှိသေးလား..
    လေးစားဂုဏ်ယူကြစမ်းပါ..
    ကောင်းတဲ့သူကိုကောင်းတယ်လို့ပြောတာဟာလည်းမင်္ဂလာတစ်ပါးပါဘဲလို့ မြတ်စွာဘုရားပြောခဲ့တာဘဲ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။