ယခုရက်ပိုင်းများအတွင်း မီဒီယာများမှာ အများဆုံးဖော်ပြနေတဲ့ " သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးမဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။
မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။ (သတင်း ဧရာဝတီ)

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်နဲ့ ပညာတော်သင် အဖြစ် စေလွှတ်ချင်းခံရပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ် နေသူတွေဟာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လက်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့နဲ့ GRWမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။
ဒီမိုဝေယံ
မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။ (သတင်း ဧရာဝတီ)
ပန်းဘဲတန်းမြို့နယ် တရားသူကြီးဥက္ကဋ္ဌ ဗိုလ်ကြီးသန့်ဇော်သန်း
အထက်ပါသတင်းနဲ့ အတူဂျပန်နိုင်ငံရဲ့ တက္ကသိုလ် အသီးသီးမှာ ရိုးရိုးအရပ်သားပုံစံဖြင့် တက်ရောက်ပညာသင်ကြားနေတဲ့ စစ်တပ်အရာရှိ တစ်ဦး ဖြစ်တဲ့ နာဂိုယာတက္ကသိုလ်မှ ဗိုလ်ကြီးသန့်ဇော်သန်း အကြောင်းကိုလည်း (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) ကိုမင်းဇိနမှ အချက်အလက်များနဲ့ ဖော်ထုတ်ပေးပို့လာပါတယ်။ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်နဲ့ ပညာတော်သင် အဖြစ် စေလွှတ်ချင်းခံရပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။
ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...
ဗိုလ်ကြီးသန့်ဇော်သန်းဟာ ပန်းပဲတန်းမြို့နယ်မှာ အာဏာအရှိဆုံး တရားသူကြီးတစ်ဦးဖြစ်ပါတယ်... လက်ရှိအိမ်ထောင်နဲ့ ကလေးနှစ်ဦးရှိပါတယ်။ ယခု၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နီးစပ်မှုရှိတဲ့ အတွက်ကြောင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်တပ်အရာရှိ အများအပြားရှိကြောင်း .. ဂျပန်အစိုးရမှ သိလျှက်နဲ့ခေါ်ယူတာလား.. စစ်အစိုးရမှ အရပ်သားပုံစံဖြင့် စေလွှတ်နေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး..လို့ GRW မှ ကိုမင်းဇိနမှဆိုပါတယ်...။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ တာဝန်ခံတစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီလိုစစ်တပ်ဝန်ထမ်းတွေကို ခေါ်ယူနေတဲ့ ကိစ္စတွေကို သေသေချာချာ ဖော်ထုတ်ဖို့လိုအပ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ ဂျပန်အစိုးရကို သိအောင်လုပ်ဖို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမှာ တာဝန်ရှိကြောင်း အနောက်နိုင်ငံ အစိုးရတွေ ပုံစံမျိုးစစ်အာဏာရှင် အသိုင်းအဝိုင်းမိသားစုတွေကို ပိတ်ပင်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားသလို... GRW မှ ကိုမင်းဇိနမှလည်း.. ဒီကိစ္စတွေကို စုံးစမ်းဖော်ထုတ်ဖို့ အတွက် အားလုံးပူပေါင်း ပါဝင်စေလိုကြောင်း ပြည်သူတွင်းမှာ ပြည်သူတွေ အဖိနှိပ်ခံနေရသလို တန်ပြန်လုပ်နိုင်တဲ့ ပြည်ပမှာရောက်ရှိနေတဲ့ စစ်အာဏာရှင်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ပြည်ပရောက်နေတဲ့ သူတွေက တတ်နိုင်သလောက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုသွားပါတယ်။ GRW ကိုဆက်သွယ်လိုလျှင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ် နေသူတွေဟာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လက်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့နဲ့ GRWမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။
ဒီမိုဝေယံ
အခုလို ဖော်ထုတ်လိုက်တာ အင်မတန် ကောင်းတယ်ဗျာ။ နအဖ စစ်ခေါင်းဆောင်တွေ ကလိမ်ကကျစ် လုပ်နေတာတွေကို တတ်နိုင်သမျှ ဖော်ထုတ်ကြပါ။ ပြည်သူ့ဘဏ္ဍာငွေနဲ့ ရပ်တည်စားသောက်နေကြတဲ့ ဝန်ထမ်းတွေလည်း ပြည်သူတွေ ဆင်းရဲနွမ်းပါးနေတာ၊ တရားဥပဒေမဲ့ နှိပ်ကွပ်ခံနေရတာတွေအပေါ် ကိုယ်ချင်းစာပြီး နအဖ ဆန့်ကျင်ရေးတွေမှာ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြပါ။ ပြည်ပရောက် မြန်မာဝန်ထမ်းတွေလည်း မြန်မာ့ဒီမိုကရေစီအရေးမှာ ပူးပေါင်းပါဝင်လိုတယ်ဆိုရင် အမြဲ ကြိုဆိုလျက်ပါ။
ReplyDeletehey
ReplyDeleteNotorious Burmese army and selfish Generals are successfully ruling Burma because of there are so many idiots like you in Burma.
Did you really find out about Thant Zaw Thant?
Did you write this article from the gossips?
Did you find out about the facts?
Are you saying Japan Government is stupid enough to take Thant Zaw Thant as a student?
Do you think Japan Government is idiot enough to believe you?
Your article is only personal attack!
No facts, purely base on gossips from the fish market!
Next time find the facts!
Respect yourself and your own Burmese People!
hey.. what's up???.... even given comment u have to wait for approval??? what is that?? ur web side also doing the same thing like BB government..... funny haah..
ReplyDeleteသန့်ဇော်သန့်ဘက်မှလိုက်ပါပြောဆိုနေကြသော သန့်ဇော်သန့်၏ မယားငယ်များသို့.............သန့်ဇော်သန့်၏ နောက်ခံသမိုင်းကြောင်းများကို အတိအကျ သိလိုပါက နိုင်ငံခြားအသံလွှင့်ဌါနကြီးများမှတဆင့် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။လက်ရှိ နာဂိုယာ တက္ကသိုလ် ဥပဒေရေးရာဌါန တွင် ပညာသင်ကြားနေသော သန့်ဇော်သန့်၏ ဘယ်နှစ်ယောက်မြောက် မယားငယ်မှန်း မသိရှိသေးသော မိန်းမတစ်ယောက်၏အကြောင်းကိုပါ ဓါတ်ပုံများဖြင့်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ။
ReplyDeleteမိမိတို့အနေဖြင့် ဂျပန်နိုင်ငံရှိတက္ကသိုလ်များအားလုံးတွင်ပညာသင်ကြားနေသော စစ်အစိုးရမုန်းတီးသူများနှင့် ချိတ်ဆက်သတင်းယူကာ စစ်အစိုးရနှင့်ပတ်သက်သူမှန်သမျှ သတင်းဖြစ်စေ ၊ အတင်းဖြစ်စေ နိုင်ငံတကာ သတင်းဌါနကြီးများတွင်ဖော်ပြနိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း သန့်ဇော်သန့်၏ မယားငယ်များ သိရှိနိုင်ရန်ကြိုတင်သတင်းကောင်းပါးအပ်ပါသည် ။ ။ GRW .......
ReplyDeleteသန့်ဇော်သန်းဟာ အကောက်အခွန်က ပြောင်းခံရတာ ၅၀၂လေတပ်က ဗိုလ်မှုးကတော်နဲ့ လူမှုရေးဖောက်ပြန်လို့ပါဒေါ်မြင့်စိုးပါ..ဒေါ်မြင့်စိုးကို အကောက်အခွန်ဋ္ဌာနက ထုတ်ပစ်ခဲ့ပြီး သန့်ဇော်သန်းကို တရားရေးကို ပြောင်းလိုက်ပါတယ်..GRW
ReplyDeleteSo longs as you writing gossips from fish market, your will be far away from Democracy, The Burmese General are smiling at your Demgcrazy.
ReplyDeleteSo longs as you fight each other, you will be a small people, you will never win your beloved monster generals.
Good luck and Buddha be with you DeMgCrazy!!
Great Job GRW!!
ReplyDeleteThis is my fist visit and make me melt into your articles!!
You guys are amazing!!
Keep doing the great job, will look forward the next posts..!!
Thanks!!
Sincerely....