Pages

Wednesday, October 13, 2010

နောက်တစ်ယောက် လာပြန်ပြီဟေ့....

ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ တူအောင် ထုလုပ်ထားတဲ့ ဟု အများကပြောဆိုနေကြတဲ့ ကျောက်စိမ်းဆင်းတုတော်အား ထိုင်းဝန်ကြီးချုပ် သွားရောက် ဖူးမြော်

Than Shwe Image
ယခင် မစ္စတာဘန်ကီမွန်းနှင့် မစ္စတာဂမ်ဘာရီတို့ ရောက်ရှိစဉ်..
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း ရောက်ရှိစဉ်.. (တူမတူ သေချာကြည့်နေပုံ)
ထိုင်းဝန်ကြီးချုပ် သွားရောက်ဖူးမြော်စဉ်.. (ဓာတ်ပုံ AP)
ရန်ကုန်မြို့ကို ယနေ့ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ သည်.. ဒီကနေ့ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ထိုသို့ သွားရောက်ဖူးမြော်ရာမှာ ဗိုလ်ချုပ်သန်းရွှေပုံနဲ့ တူအောင် ထုလုပ်ထားတယ်ဆိုတဲ့ ကျောက်စိမ်းဆင်းတုတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ အဆိုပါကျောက်စိမ်း ဆင်းတုတော်ဟာ ဗိုလ်ချုပ်သန်းရွှေ မျက်နှာနဲ့ တူအောင် ထုလုပ်ထားတာ ဆိုပြီး ပြည်တွင်း၊ ပြည်ပနဲ့ ရန်ကုန်မြို့နေ ပြည်သူလူထုကြားမှာ ပြောဆိုနေကြပါတယ်။ ယခင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာ့နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၊ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဝေ့ချွန်း တို့လာရောက်ခဲ့စဉ်မှာလည်း အဆိုပါ ကျောက်စိမ်းဆင်းတုတော်ကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။

ထိုစဉ်က မြန်မာ့အရေးအတွက် ဆင်ဖမ်းမယ်၊ မြင်းဖမ်းမယ် ဆိုပြီး ဒေါင်းတင်၊ မောင်းတင် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီတို့ဟာ မိမိတို့ ပြောလိုသော စကားများ အရာမထင်ပဲ စစ်အာဏာရှင်များရဲ့ စကားကိုသာ နားထောင်ပြီး လက်ချည်းဗလာ ပြန်သွားခဲ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ ထွက်ပေါ်လာသော သတင်းများအရ နိုင်ငံတကာသံတမာန် အထူးပုဂ္ဂိုလ်များ လာတိုင်း နအဖ စစ်ဗိုလ်ချုပ်များအား မတွေ့ဆုံခင် အဆိုပါ ကျောက်စိမ်းဆင်းတုတော်အား သွားရောက်ဖူးမြော်စေကြောင်း သိရှိရပါတယ်။ ရန်ကုန်မြို့ခံများနဲ့ ဝေဒပညာရှင်များ ပြောဆိုချက်အရ လာရောက် လည်ပတ်သော နိုင်ငံတကာမှ ပုဂ္ဂိုလ်များအား ဗိုလ်သန်းရွှေနှင့် တူသော ကျောက်စိမ်းဆင်းတုတော်အား ဖူးမြော်စေခြင်းဖြင့် တမင် ယတြာချေ နံနှိမ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

2 comments:

  1. ကြိုက်လို့ကူးသွားတယ်။
    ကြိုက်ကူး

    ReplyDelete
  2. သန်းရွေကသူနဲ့တူအောင်ထုဆစ်ထားတဲ့ ဗုဒ္ဒ ဆင်းတုတော်ဆိုတာ အမှန်ပဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ထုဆစ်ထားသလဲဆို စဉ်းစားရတော့တော့ကိုခက်ပါတယ်၊ တခုစဉ်းစားမိတာက သူ့ကိုသူ သိဒ္ဒိ တင်တာလား၊ တချိုမင်းတွေက တန်ခိုးသြဇာ ကြီးမားလာအောင် တချိုမင်းတွေက မင်းဆက်မပြုတ်ကျရလေအောင် တချိုက ရာထူး စည်းစိမ် အာဏာတွေမပြုတ်ကျရလေအောင် သိဒ္ဒိ တင်ကြပါတယ်၊ ဘယ်လိုဘဲ သိဒ္ဒိတင်တင် မိမိပြုခဲ့တဲ့ ကောင်းမှု မကောင်းမှု ကုသိုလ်ကံတွေဟာ မိမိနောက်ကထပ်ချပ် မကွာလိုက်မယ်ဆိုတာ ဗုဒ္ဒ ကိုယ်တိုင်ဟောကြားတော်မူခဲ့တယ်ဆိုတာ သန်းရွေ တယောက်သိရင်.....ကိုဗလိုင်(ဒိန်းမတ်)

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။