Pages

Saturday, November 6, 2010

နအဖ ဝါဒဖြန့် သတင်းစာပါ... လေကြောင်းလိုင်း မှားယွင်းဖော်ပြချက်

သြစတြေးလျ လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ Qantas လေကြောင်းလိုင်းမှ Airbus A380 လေယာဉ် ဟာ နိုဝင်ဘာလ ၄ ရက်နေ့က အင်ဂျင်မီးလောင်မှု ဖြစ်တဲ့ အတွက် စင်ကာပူ နိုင်ငံ ချန်ဂီလေဆိပ်မှာ အရေးပေါ် ဆင်းသက်လိုက်ရပါတယ်။

ဓာတ်ပုံ...AP (လေယာဉ်အင်ဂျင်အား မီးငြိမ်းသတ်နေပုံ ပေါက်တူး၊ ဂေါ်ပြားတွေတော့ မပါပါဘူး)

Lair Myanmar

ထူးခြားတာကတော့ နိုဝင်ဘာလ၅ရက် နေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာ ကာတာလေကြောင်းခရီးသည်တင် လေယာဉ်ကြီး စက်ချွတ်ယွင်း၍ အရေးပေါ် ဆင်းသက်ခဲ့ရဆိုပြီး ခပ်တည်တည်နဲ့ လုပ်ချထားပါတယ်.. Qantas ကို ကာတာဆိုပြီး လုပ်ချလိုက်တာပါ..။ ကာတာလေကြောင်းလိုင်း အနေနဲ့ နာမည်ဖျက်မှုနဲ့ မြန်မာသတင်းစာ ၂စောင်ကို တရားစွဲသင့်ပါတယ်..။

(Qantas) ကို ကာတာလို့ ဘာသာပြန်တယ်ဆိုတော့ ..ဒါဆို.. ကြေးမုံ အင်္ဂလိပ်လို The (Mirror) ကိုလည်း မိလ္လာလို့များ ဘာသာပြန်မလားတော့ မပြောတတ်ပါဘူး.. မိလ္လာသတင်းစာပေါ့...

အောက်မှာ ၃ရက်နေ့ထုတ် မိလ္လာသတင်းစာပါ .. သတင်းလေးတစ်ပုဒ်ပါ.... အသွင်သဏ္ဍာန်က စုတ်ပျက်ပြီး အနှစ်သာရသံုံးမရတဲ့ နအဖခေတ် အတင်းစာပါ..
The Mirror

2 comments:

  1. ဒါလားကွခေတ်မှီဖွံ့ဖြိုးတိုးတက်တာ တစ်ချိန်လုးံအမှားပေါင်း
    မြောက်များစွာကိုလုပ်လာတဲ့ နအဖ ဘယ်တော့မှ ဒီအမှားတွေကိုပြင်မှာ
    မဟုတ်သလို လူဆိုးလူမိုက်တွေကိုဘဲ ရွေးချယ်ပြီးတော့နေရာပေးမှာ
    မလွဲမသွေဘဲ အဲဒိတော့ ဒီလိုအသုးံမကြတဲ့ စနစ်ဆိုးကြီးလက်ပိုက်ကြည့်နေ
    လို့မရတော့ဘူး အားလုးံ လက်ချင်းချိတ်ကြစို့...စနစ်ဆိုးကြီးကိုတိုက်ထုပ်ကြစို့
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete
  2. နအဖနဲ့ အပေါင်းအပါအားလုံးက ပညာမှမတတ်ကြပဲကိုး.... လေယာဉ်ပေါ်မှာပါတဲ့ "Q" စာလုံးလေးကိုမြင်ပြီးတော့ ကာတာဖြစ်မှာပဲဆိုပြီးရမ်းတုတ်တာနေမှာပေါ့... နိုင်ငံတကာမှာနာမည်ကြီးနေတဲ့ သတင်းကိုတောင်မှန်အောင်မရေးနိုင်ပါလားနော်.....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။