Pages

Saturday, November 13, 2010

သောကြာနေ့ညက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ ပြည်သူတွေရဲ့ ပုံရိပ်များ..

Photobucketမနေ့ညက ဇွဲကောင်းကောင်းနဲ့ စောင့်မျှော်နေတဲ့ ပြည်သူတစ်ဦးပါ... (ဓာတ်ပုံ AP)
အန်တီစုအပေါ်ထားတဲ့ မေတ္တာနဲ့ချစ်ခင်မှုဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု လှုံဆော်မှုမျှ မပါပဲ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ယုံကြည်၊ လေးစား၊ ချစ်ခင်မှုပါပဲ..
ဒီနေ့ စနေနေ့မှာ ကျွန်တော်တို့ ချစ်ခင်လေးစား ဂုဏ်ယူရတဲ့ မြန်မာပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ ယုံကြည်လေးစားမှုကို ခံရတဲ့ ကျွန်တော်တို့ အားလုံးရဲ့ခေါင်းဆောင် အမေစု ပြန်လည် လွတ်မြောက်ပါစေလို့ ဆုတောင်းနေပါတယ်.. အမေ...

2 comments:

  1. သာသာနာ့ ဒါယကာမ ကြီး အမေစု ပြည်သူလူထုတွေက အင်မတန်မှလေးစားချစ်ခင် တဲ့ အမေစုတိုင်းပြည်အကျိုး ကို အသက်ရင်းပြီးပေးဆပ်ပြီးတော့ ထမ်းဆောင်နေတဲ့ အမေစု မြန်မာနိုင်ငံကြီး ရှိ လူမျိုး အသီးသီး အာဏာရှင်လက်အောက်မှ လွတ်မြောက်ဖို့ ခေါင်းဆောင်ပီသစွာ မလျှော့် သော ဇွဲ နဲ့ စိတ်ဓာတ်ခိုင်ခန့်တည်ကြည်စွာ နောက်မဆုတ်ဘဲ လွတ်မြောက်ရေးအတွက်ကြိုပမ်းနေတဲ့ အမေစုလွတ်မြောက်ပြီးတဲ့..အားလုးံကြိုဆိုကြပါ.အမေစုက ပိတ်ဆို့ထားတဲ့အရာမှန်သမျှကို အမေစုလက်နဲ့ဆွဲဖွင့်ပေးလိမ့်မယ် အမေစုက ထောင်တံခါးတွေကို အမေစုလက်နဲ့ဆွဲဖွင့်ပေးလိမ့်မယ် အမေစုကဖိနိပ်ချုပ်ချယ်မှုတွေကို ရပ်တန့်သွားအောင်လုပ်ပေးလိမ့်မယ် အမေစုနဲ့အတူ အောင်ပွဲဆင်ဘို့ရန်အတွက် အမေစု ဘေးက အမေစုကို ၀ိုင်းရံပေးကြပါ..
    စက်တင်ဘာဦးနေမိန္ဒ တိုင်းပြည်ကြီး စစ်အာဏာရှင်လက်အောက်မှအမြန်ဆုးံလွတ်မြောက်ပါစေ..

    ReplyDelete
  2. ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ
    ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း ပါရှိသွားကြောင်း သိရသည်။

    သံဆူးကြိုးအတားအဆီးများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း ၀င်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။
    စက်တင်ဘာဦးနေမိန္ဒ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။