ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ဟူသော သတင်းများကြောင့် ချစ်ခင်လေးစားသော ပြည်သူလူထုမှ ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုဖို့ စောင့်မျှော်နေခဲ့ကြပါတယ်... (ဓာတ်ပုံ မြတ်လေးငုံ)ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဟူသော သတင်းစကားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်သော အဖွဲ့ချုပ်ဝင်များနှင့် ပြည်သူလူထု ထောင်ပေါင်းများစွာမှ အထူးစိတ်လှုပ်ရှားစွာ စောင့်မျှော်နေခဲ့ကြပါတယ်..။ ယနေ့ အဖွဲ့ချုပ်ရုံး၌ ဘဘဦးတင်ဦး၊ ဘဘဦးဝင်းတင်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်းအပါအဝင် အဖွဲ့ချုပ်ခေါင်းဆောင်များမှ ပြည်သူလူထုနဲ့အတူ အဖွဲ့ချုပ်ရုံးမှာ လာရောက် စောင့်မျှော်နေခဲ့ကြပါတယ်..။ နိုင်ငံတကာမှာလည်း စိတ်လှုပ်ရှားဖြင့် လူထုခေါင်းဆောင် သတင်းအား စောင့်မျှော်နေခဲ့ကြပါတယ်..။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုပြီး ဖြစ်ပေါ်ခဲ့တဲ့ သတင်းများနဲ့ ပတ်သတ်ပြီး ၁၂ရက်နေ့ ည(၉)နာရီက ရှေ့နေကြီးဦးဥာဏ်ဝင်း နဲ့ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်..။
မေး ။....။ အန်ကယ် ဒီနေ့ မနက် (၁၁)နာရီက အန်တီစု လွှတ်မြောက်မယ် ဆိုပြီးထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်...
ရှေ့နေကြီးဦးဥာဏ်ဝင်း ။...။ ဟုတ်တယ် ဒီသတင်းတွေကြောင့် အန်ကယ်တို့လည်း မနေရဘူးပေါ့.. Rumour ကောလဟာလတွေပေါ့..။ သတင်းတွေကတော့ တစ်ခုမှ မဟုတ်ပါဘူ... ဒေါ်စုလည်း မလွတ်လာသေးပါဘူး.. တစ်ခုမှတော့ မထူးလာသေးပါဘူး...။
မေး။..။ ပြည်ထဲရေးက ၁၁နာရီလောက်က အန်တီအိမ်ကိုသွားပြီး လက်မှတ်ထိုးပေးဘို့ စောင့်နေပြီး လေးနာရီလောက်မှာ လွတ်မယ်လို့ ကြားခဲ့ပါတယ်.... အဲ့ဒီသတင်းနဲ့ ပတ်သတ်ပြီး ပြောပြပေးစေလိုပါတယ်...
ရှေ့နေကြီးဦးဥာဏ်ဝင်း။..။ မဟုတ်ပါဘူး ..တစ်ခုမှ မဟုတ်ပါဘူး .. ။ Rumour တွေကြောင့်ပါ...။ မနက်ဖြန် လွတ်ပေးဖို့တော့ အများကြီး ဖြစ်နိုင်ပါတယ်..။ မနက်ပိုင်းလဲ လွတ်ပေးလို့ရတာပါပဲ...။ အန်ကယ်တို့ အထင်တော့ သူတို့လုပ်နေကြအတိုင်းဆို မနက်ဖြန် စနေနေ့ ည(၇)နာရီလောက်မှ လွှတ်ပါလိမ့်မယ်...။ ဒါပေမယ့် ဒီနေ့ဒေါ်စုကို ကြိုဆိုဖို့ ရောက်ရှိလာတဲ့ ပြည်သူလူထုကတော့ အားရစရာပဲ..။ လူဦးရေ တော်တော်များတယ်..။ လမ်းတောင်ပိတ်ပါတယ်... ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်..။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်ဆိုတဲ့ သတင်းနဲ့ အတူ လာရောက်ကြိုဆိုသူ တစ်ဦးရဲ့ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးနေပုံ... APလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် နိုဝင်ဘာလ(၁၃)ရက်နေ့မှာ နေအိမ်အကျယ်ချုပ် သက်တမ်း ၁၈လပြည့်မှာ ဖြစ်ပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ စနေနေ့ည ၈နာရီက နေအိမ်အကျယ်ချုပ် (၆)နှစ်ပြည့်တဲ့အချိန်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ မြန်မာပြည်သူပြည်သားများနဲ့ အမိမြေမှ ဝေးကွာပြီး နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာပြည်သား အပေါင်းမှလည်း ပြန်လည် လွတ်မြောက်လာမယ့် လူထုခေါင်းဆောင် သတင်းကို စိတ်လှုပ်ရှားစွာဖြင့် ယနေ့ သောကြာနေ့ တစ်နေ့လုံး စောင့်မျှော်နေခဲ့ ကြပါတယ်။ မနက်ဖြန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်တဲ့ ပြည်သူလူထုမှ မနက်စောစောကပင် အဖွဲ့ချုပ်ရုံးရှေ့မှာ သွားရောက် ကြိုဆိုကြမှာ ဖြစ်ကြောင်း ကြားသိရပါတယ်..။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေအားလုံး ကိုဖြေရှင်းနိုင်တာကတော့ မြန်မာပြည် ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်လေးစားမှုကို ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်ပါတယ်..။
သတင်း... ဒီမိုဝေယံ
သတင်း... ဒီမိုဝေယံ



ဝမ်းသာအာရ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရတဲ့နေ့ပါဘဲ။ ရန်ကုန်မြို့မှာသာမက မြန်မာနိုင်ငံရဲ့ အခြားမြို့တွေမှာလည်း ဒီလိုမျိုးဘဲ ဖြစ်နေကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေချင်လွန်းတဲ့ နိုင်ငံတကာ တိုင်းပြည်တွေမှာတောင် အထူး မျှော်လင့် ဝမ်းသာနေကြတဲ့ သတင်းတွေကို ကြားသိနေရလို့ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း လက်ခံသင့်တဲ့ အချိန်ကာလကို ရောက်လာပါပြီလေ။
ReplyDeleteand We stand with Aung San Suu Kyi
ReplyDelete