Pages

Friday, November 5, 2010

ဂီရိမုန်တိုင်း နောက်ဆက်တွဲ ဓာတ်ပုံများနှင့် ရခိုင်ပြည်သူများရဲ့ ခါးသီးတဲ့ဘဝများ... (သတင်း၊ဓာတ်ပုံ)



ရခိုင်ပြည်နယ်မှာ တိုက်ခတ်သွားတဲ့ ဂီရိမုန်တိုင်းကြောင့် ရခိုင်တိုင်းရင်းသားတွေ ယခုအချိန်ထိ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရဆဲပါပဲ.. အသက်တွေ ဆုံးရှုံး. အိုးအိမ်တွေ ပျက်ဆီး.. လတ်တလော နေရေး.. စာရေး အခက်အခဲများစွာနဲ့ ခါးသီးတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ အချိန်မှာ အာဏာပိုင်ဆိုသူများထံမှ လုံလောက်တဲ့ အထောက်အပံ့များရရှိခြင်း လည်းမရှိသေးပါဘူး..။ တိုင်းပြည်အကြီးအကဲ ဆိုသူများလာရောက် တွေဆုံအားပေးတယ် ဆိုတာကတော့ ဝေလာဝေးပါပဲ.. မြို့ပေါ်နေရာဒေသအချို့မှာ ဟန်ပြ အကူအညီလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာကလွဲပြီး ဘာမှထိရောက်တဲ့ အကူအညီတွေ လုပ်ဆောင်ပေးခြင်း မရှိသေးပါဘူး... မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် ဒေသအချို့မှာ ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုထားပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ခြင်း မရှိသေးကြောင်း သတင်းများက ဆိုပါတယ်..။

ဒီလို နေထိုင်ရေး.. စားရေး သောက်ရေး အနာဂတ်ရေးတွေ အခက်အခဲဖြစ်နေတဲ့ လက်ရှိအနေအထားတွေမှာ သားသမီးချင်း မိဘချင်း ကိုယ်ချင်းစာပြီး ကိုယ်ကိုယ်တိုင် လက်ရှိအနေအထားမှာ နေထိုင်ရရင်ကော ဆိုတဲ့ ခံစားချက်လေးနဲ့ လူစိတ်လေး နည်းနည်းပါပါး ထားကြည့်ကြပါဦးလို့ အကြံပြုလိုက်ရပါတယ် စစ်အာဏာရှင်ကြီးများ ခင်ဗျား...

ဒီမိုဝေယံ

ဓာတ်ပုံများ ညီငယ် အလင်းဆက်မှ ပေးပို့ပါသည်....

ကျောက်ဖြူရေဘေး လှူချင်ရင်..
ဂျပန်နိုင်ငံမှ လှူဒါန်းလိုသူများ အတွက်..
ကျောက်ဖြူရေဘေးအတွက် ဂျပန်နိုင်ငံရှိ ရခိုင်လူမှုရေးအသင်းမှ ကူညီထောက်ပံမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်..။
ကိုမြတ်သူ... 090-5521-3941 ကိုမောင်မောင်.. 090-4363-5537

1 comment:

  1. အားလုးံသော မြန်မာပြည်သူပြည်သားများခင်ဗျာ တိုင်းပြည်အုပ်ချုပ်နေတဲ့
    လက်နက်အားကိုးပြီး အာဏာသိမ်းထားတဲ့ နွားအဖ အဖွဲ့က မလုပ်တော့
    လည်း တို့ပြည်သူတွေကစေတနာမေတ္တာ တရားတွေမနည်းပါဘူး
    ဒါကြောင့်မို့ အတတ်နိုင်ဆုးံလေးဝိုင်းဝန်းပြီးတော့ကူညီထောက်ပံ့ပေးကြပါဦးလို့
    ဦးဇင်းအနုအညွတ်မေတ္တာရပ်ခံပါတယ် ဂီရိမုန်းတိုင်းဒဏ်ခံစားနေရသော ဒကာ
    ဒကာမတွေရဲ့ကိုယ်စား..
    စက်တင်ဘာဦးနေမိန္ဒ အာဏာရှင်စနစ်မှအမြန်ဆုးံလွတ်မြောက်ပါစေ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။