လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris မနက်ဖြန်မနက်(၈)နာရီ မှာ MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ခေါ် Kim Arisဟာ နေအိမ်အကျယ်ချုပ် ပြန်လည်လွတ်မြောက်မည့် ၁၉၉၉ခုနှစ်ကတည်းက ပြန်လည်တွေ့ခွင့်မရတဲ့ မိခင်ဖြစ်သူနှင့် ပြန်လည်တွေ့ဆုံခွင့်ရရန် နိုဝင်ဘာလ အစပိုင်းကတည်းက ဘန်ကောက်မြို့သို့ ရောက်ရှိနေခဲ့ပါတယ်...။ နိုဝင်ဘာလ (၃)ရက်နေ့က ဘန်ကောက်ရှိ မြန်မာသံရုံးမှာ ဗီဇာလျှောက်ထားခဲ့ပြီး ရက်သတ္တပတ် သုံးပတ်နီးပါးကြာမှ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့တာ ဖြစ်ပြီး မနက်ဖြန်မှာ ၁၁နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိခင်ဖြစ်သူနဲ့ ပြန်လည် တွေ့ဆုံနိုင်မှာ ဖြစ်ပါတယ်..။

ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် လည်း လောကီသာပေမို့ တွေ့ချင်ရှာမှာပေါ့လေ သူ့သားကို ...
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ