ဒီဇင်ဘာလ(၁၁)ရက်နေ့ နအဖ အာဘော် ကြေးမှုန်သတင်းစာမှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲ အခမ်းအနားက ပုံတွေပါ..။ ထုံစံအတိုင်း ရှည်လျားထွေပြားစွာဖြင့် တံတားဘယ်နှစ်စင်း၊ လမ်းဘယ်နှစ်မိုင် စတာတွေကို အကျယ်တဝင့် စာရွက်မှာ ပါတဲ့ အတိုင်းဖတ်ပြသွားပါတယ်..။ အနှစ်(၂၀)ကျော်အတွင်း တိုက်ဘယ်နှစ်တိုက် .. ကားဘယ်နှစ်စင်း ဒေါ်လာဘယ်နှစ်သန်း စုဆောင်းမိပြီ ဆိုတာတော့ ဖတ်ဖို့ ကျန်ခဲ့ပါတယ်...။ ထူးခြားတိုက်ဆိုင်စွာဖြင့် ဒီလိုစာရွက်ပါ အက်ကြောင်းထပ် အကြောင်းအရာတွေကို ဖတ်ပြနေတဲ့ ပုံရဲ့ အပေါ် ထိပ်ဆုံးမှာတော့ ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား.တဲ့ .. http://myanmar.com/newspaper/kyaymon/Dec11.pdf စာမျက်နှာ (၂၀)မှာပါ...စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅၃) သင်တန်းဆင်းပွဲ သို့ တက်ရောက်လာကြသူများတဲ့ ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမှူးကြိုင်ကြိုင်၊ နေရွှေသွေးအောင်(ခ) ဖိုးလပြည့်နဲ့ မိသားစု (၄)ယောက်ပုံပဲ ဖော်ပြထားပါတယ်..။ ထိုင်နေကြတာကတော့ ဗိုလ်ချုပ်တွေအားလုံးရဲ့ ရှေ့က ရှေ့ဆုံးတန်းမှာပါ..။ ဗိုလ်ချုပ်တွေ အားလုံးရဲ့ ရှေ့မှာလေ.. ဗိုလ်လောင်းတပ်ရင်းများ အလေးပြုဆိုတော့ ????? မိမိတို့ကို ပြည်သူလူထုက ထောက်ခံ မထောက်ခံသိရအောင် လူထုထဲကို ဒီအတိုင်း အစောင့်အရှောက်တွေ မပါပဲနဲ့ လူထုကြားထဲ ဆင်းပြစေချင်ပါတယ်.. ကြိုဆိုချင်လွန်းလို့ပါ..။
တံဆိပ်တွေက သံဃာသတ်ဘွဲ့၊ အာဏာရှင်ဘွဲ့၊ အရက်စက်ဆုံးဘွဲ့၊ ကမ္ဘာ့လာဘ်အစားဆုံး နိုင်ငံဘွဲ့၊ ကမ္ဘာ့အင်တာနက် အပိတ်ပင်ဆုံးနိုင်ငံဘွဲ့ စတဲ့ မကောင်းတဲ့ ဘွဲ့တွေအတွက် ရထားတဲ့ တံဆိပ်တွေဖြစ်မလားပဲ..။ သတ္တဝါနဲ့ လက်နက်နဲ့ မမျှဆိုတဲ့ စကားပုံတော့ကြားဘူးပါတယ်..။ တံဆိပ်နဲ့ မမျှဆိုတာတော့?????။ အင်းနောက်ဆုံးတော့ တပ်မတော်အင်အားရှိမှ တိုင်းပြည်ဖွတ်ကြားဖြစ်မည် ဆိုတဲ့ ပေါ်လစီသီချင်း လေးနဲ့အတူ.. ဝိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထားတဲ့..။


ဟိုကောင်မတွေက စူပုတ်ပွနေတဲ့ မျက်ခွက်တွေနဲ့ တနေ့တော့ ဒင်းတို့လဲ ခင်စန္ဒာဝင်းတို့နောက်ကို လုက်ကြရပေအုံးမယ်။ ဒင်းတို့အဖေ အသုဘကို လူမသိသူမသိလိုက်ပို့ရပြီး လူမသိသူမသိ ငိုကြရပေအုံးမယ်။ ဝဍ်ဆိုတာ လည်တတ်တယ်။ မမေ့လေနဲ့။
ReplyDeleteမြန်မာပြည်မှာအုပ်ချုပ်သူတွင်မက အုပ်ချုပ်သူတွေရဲ့ သားသမီင်္းမြေးမြစ်အထိ
ReplyDeleteဒီလိုပွဲမျိုးတွေ မှာနေရာလိုက်ယူနေတာ တော်တော်ရုပ်ဆိုးတဲ့ လုပ်ရပ်
ရှက်ရကောင်းမှန်းမသိကြတာကိုက ကျွဲပါးစောင်းတီးတွေ..
ဘယ်နှစ်နိုင်ငံဘယ်သူ့သားသမီးမှ..မလိုအပ်ပဲရှေ့မထွက်ဘုး..ထွက်ရင်လည်း သူတို့ နေရာသူတို့ သိတာလေးတွေက ပိုတောင် လေးစားဖို့ ကောင်းတယ်.
ခုတော့ ..သားသမီးတွေနောက်မှ ရပ်နေရတဲ့ ရာထူးကြီးလူတွေက လည်း မရှက်ကြဘုး.
စူပုတ်မချွတ်ချလိုက်တဲ့ ထမီကိုလိုက်ခေါက်နေရတဲ့ ဗိုလ်မှုးကြီးကတော်အဆင့်တွေ...အဘွားကြီး ခြေထောက်နိပ်ပေးရတဲ့ တိုင်းမှုးကတော် တွေ.. အာဏာပါဝါ.ပြည်သူပိုင်ပစ္စည်းတွေ သူတို့ ခိုးဖို့ ပဲ စဉ်းစားလို့ သာ နေရာကောင်းလိုချင်တာကိုး ပြည်သူတွက် ဆိုတာတစ်ခါမှ မစဉ်းစား အစိုးရရဲ့ ပြည်သူပေါ်တာဝန်ယူရမယ် ဆိုတဲ့ အသိလုံးလုံးမရှိလို့ 
ဘယ်လို အနေထားနဲ့ ပဲနေရနေရ ဆိုပီး နေနေကြတာ...
အရှက်မရှိ သူခိုး လူမဆန်သော....
ချော
စူပုတ်နေတဲ့မသာယုတ်တွေနဲ့ငုတ်တုတ်ထိုင်နေကြတာအရှက်မရှိကျဘူးကျက်သရေယုတ်တယ်။
ReplyDeleteမသေခင်ကထဲကအပုတ်နံ့တထောင်းထောင်းထနေတဲ့ဟာတွေ။
ReplyDeleteရှင်လျက်နှင့်သေနေသူ။ရှိတယ်ထင်ပြီးမရှိသူ။မစင်ထက်ရွံ့စရာကောင်းပြီးလောက်ကောင်များချီးတွင်းထဲမှာနေသလိုစစ်သားအစောင့်အရှောက်များမပါဘဲမသွားလာရဲသူ။ပညာမဲ့ပီးအရှက်မရှိသူမျာ။ မလတ်
ReplyDeleteဦးသုဇနတရားပွဲမှမဟုတ်တာကွာ။ဗိုလ်သင်တန်းဆင်းပွဲဘဲ။
ReplyDeleteမိုးထဲရေထဲကြဲလိုက်ရင်ပိုသဘာဝကျတာပေါ့။တပ်ချုပ်က
အစရဲဘော်အဆုံးစစ်သားတွေပဲကွာ။စစ်သားမိုးရေကြောက်
ရသလားကွ။ငါ့စစ်မှုထမ်း၅နှစ်အတွင်းငါတို့သမ္မတကသာ
ူအီရတ်လိုလုပ်ဖို့အမိန့်ပေးရင်မင်းတို့နဲ့တွေ့ချင်လိုက်တာကွာ။
Lance Corporal Harry Than
USMC