Pages

Sunday, December 5, 2010

တရားမဝင် နိုင်ငံရေးအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်သည်ဟု ဆိုကာ နိုင်ငံခြားသူ (၂)ဦးအား ပြည်နှင်ဒဏ်ပေး..

Black List အထက်ပါ သတင်းဟာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းက ညွှန်ကြားချက် စာပါတဲ့..။  အပေါ်ပိုင်းမှာတော့ တရားမဝင် နိုင်ငံရေးအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဆက်သွယ်ခဲ့လို့ ပြည်နှင်ဒဏ်ပေးတယ်လို့ ရေးသားဖော်ပြထားပြီး အောက်ဘက်မှာတော့ နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များသို့လို့ ထပ်မံရေးသား ဖော်ပြထားပြန်ပါတယ်..။ ရှေ့နောက်မညီမှုပါပဲ.. မြန်မာပြည်ကို လာတဲ့ နိုင်ငံခြားဧည့်သည်တွေဟာ လက်ရှိတရားဝင်တယ် ဆိုတဲ့ ကြံ့ဖွတ်ပါတီကို စိတ်ဝင်စားလား တဘက်သတ် တရားမဝင်ဘူးလို့ တဖက်သတ် ကြေငြာထားတဲ့ ပါတီကို စိတ်ဝင်စားလားဆိုတာ အထူးပြောနေစရာမလိုပါဘူး..။

ရှေ့နောက်မညီတဲ့ အမိန့်ကြော်ငြာစာမျိုးစုံ၊ ကန့်သတ်မှုမျိုးစုံနဲ့  ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာပါ..။ ပါးစပ်ဖျားက စကားလုံးလှလှတွေ မတန်မရာသုံးပြီး လေဒီမိုကရေစီနိုင်ငံ ထူထောင်နေတာပါ..။ ယခုလို လုပ်ပြလိုက်ခြင်းဟာလည်း ခရီးသွားလုပ်ငန်းတွေ ဧည့်လမ်းညွှန်တွေကို တမင်ထိန်းချုပ်လိုက်တာပါ..။ နိုင်ငံခြားသားတွေ မလာနိုင်အောင် လုပ်နေတာ အတိုက်အခံအဖွဲ့အစည်းတွေ မဟုတ်ပါဘူး.။ လေဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့ အာဏာရှင် ဗိုလ်ချုပ်တွေ ကိုယ်တိုင်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ

ပေးပို့ပေးသူအား ကျေးဇူးတင်ပါသည်။

1 comment:

  1. ဟုတ်ပါ့ဗျာ အမေစုက ဒီလောက် နိုင်ငံခြားဧည့်သည်တွေ လာပါလာပါလို့ ဖိတ်ခေါ်ထားတာ... အဓိကက ဗိုလ်ချူပ်တွေပေါ့ လင်ငယ်တွေကို စီးပွါးရေးပိတ်ဖို့ တောင်းဆိုလိုက်... နိုင်ငံခြားဧည့်သည်တွေ မလာဖို့ ပိတ်လိုက်နဲ့ ဟုတ်နေတာပဲ ထောက်ခံတယ်ဗျို့...။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။