Pages

Friday, December 3, 2010

မန္တလေးဂရုဏာရှင်များအဖွဲ့မှ ဂီရိလေဘေးဒဏ်ခံရတဲ့ ဒေသများမှ ပြည်သူလူထုထံသို့ သွားရောက်လှူဒါန်းမှု (သတင်း၊ဓာတ်ပုံ)


ဒီလို ပျက်ဆီးနေတဲ့ တံတားတစ်ခုကို ခက်ခက်ခဲခဲ ကျော်ဖြတ် သွားရောက်ခဲ့ရပါတယ်..
 
ပြည်သူမှ ပြည်သူသို့... လှူဒါန်းနေပုံ..
လေဘေးသင့်ဒဏ်ခံရတဲ့ ကျွန်တော်တို့ ပြည်သူတွေ..
 
မန္တလေးဂရုဏာရှင်များအဖွဲ့ဟာ .. မန္တလေးမှာ ရှိတဲ့ ကွဲပြားနေတဲ့ လူမှုရေး အဖွဲ့ပေါင်း ၄၀ကို ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပြီး မန္တလေးရေဘေးနဲ့ ရခိုင်ဂီရိမုန်တိုင်းသင့် ဒဏ်ခံခဲ့ရတဲ့ ပြည်သူလူထုတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ယခုဂီရိ မုန်တိုင်းကျရောက်ရာ ရခိုင်ဒေသမှ ပြည်သူလူထုထံ သွားရောက်လှူဒါန်းတာ ဒုတိယအကြိမ် ဖြစ်ပါတယ်.. ဒီဇင်ဘာ ၃ရက်နဲ့ ၄ရက်မှာလည်း ဂီရိ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ဒေသများသို့ လှူဒါန်းထားတဲ့ ပစ္စည်းအားလုံးအား တတိယအကြိမ်မြောက် သွားရောက်လှူဒါန်းမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်...။

သတင်း၊ဓာတ်ပုံ အတွက်ညီငယ်အလင်းဆက်၊ Nickey Diamond တို့အားကျေးဇူးတင်ပါသည်..။

1 comment:

  1. Cheerfull !!!
    I'm really happy in my mind,Bcoz I can't do it is like that...You guy are a good man and good well.....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။