ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..
NDF ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်..
ဓာတ်ပုံ ..ဒီမိုဝေယံ
ယနေ့မနက် ၁၁နာရီခွဲမှ နေ့လည် ၁နာရီအထိ ဝင်ဒါမီယာရှိ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၏ နေအိမ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ NDF လူငယ်အဖွဲ့ဝင် ကိုမြင့်လွင် နှင့် ကိုမျိုးအောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဖွဲ့ချုပ်မှ (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဦးဝင်းထိန်တို့မှ လက်ခံတွေ့ဆုံခဲ့ပါတယ်...။
ဆွေးနွေးပွဲအပြီး အဖွဲ့ချုပ်ရုံးမှာတော့ ဦးဝင်းထိန်မှ မီဒီယာသမားများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး .. နှစ်ဘက် တွေ့ဆုံမှု၌ နိုင်ငံရေးအကြောင်း မပါဝင်ပဲ ။ကိုယ်ရေးကိုယ်တာကိစ္စများသာ ပြောဆိုဖြစ်ကြောင်း သိရှိရပါတယ်..။
သတင်း..၊ ဓာတ်ပုံ.. ဒီမိုဝေယံ




အမြင်သစ်နဲ့ လောကကြီးကို လှပနိုင်အောင် မွန်းမုံပြင်ဆင်နိုင်ကြပါစေ...။
ReplyDeleteကိုဗလိုင်(ဒိန်းမတ်)
ဘ၀ဆိုတာ..
ReplyDeleteဖယောင်းတိုင်ထွန်းပြီးတော့ စာေ၇းရသလိုပါဘဲ .
ဟုတ်တယ်လေ .စာရေးလို့မပြီးသေးဘူး..
ဖယောင်းတိုင်က ကုန်သွားတတ်တယ်လေ.
ဘ၀ဆိုတာ ဒီလိုပါဘဲ..
လုပ်စရာတွေလုပ်လို့ကောင်းနေတုန်
း..
အရွယ်တွေက ကုန်သွားတယ်လေ..
သေဆုံးသွားတယ်လေ...
သူငယ်ချင်းလဲ ..လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရင်း..
နှစ်သစ်မှာ ....ပျော်ရွှင်ခြင်းတွေထာဝရသိမ်းပိုက်နိုင်ပါစေ...
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
တစ်ခဏအတွက် အင်အားပြင်းထန်ပေမဲ့ ထာဝရအတွက်
အင်အားချည့်နဲ့တဲ့အရာဆိုတာ..အတုအယောင်သာဖြစ်တယ်..
ခဏလေးပျော်ရွှင်မှုအတွက် ပေးဆပ်ရတဲ့မျက်ရည်နဲ့ ငိုကြွေးရတဲ့
အချိန်တွေဟာ မတန်မရာ အတိုးကြီးလွန်းလှပါတယ်.............
ဒါကြောင့်ပေါ့....သူငယ်ချင်း...
အို..နာ...သေ ရပ်တဲ့တရား ..ငိုတာတွေရပ်တဲ့တရား သူငယ်ချင်းဘ၀ ( 2011 ) မှာ
တွေ့နိုင်ပါစေ.....