Pages

Sunday, January 2, 2011

အာရုဏ်ဦးမှာ ဖူးသည့်ကြာ ပေါ်လစီဇာတ်ကားတွင် ပါဝင်သူများအား မလေးရှားရောက် မြန်မာများမှ ကန့်ကွက် ဆန္ဒပြမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားစာ...

မလေးရှားရောက်မြန်မာများမှ ဆန္ဒပြပွဲပြုလုပ်ပါမည်..။ အာရုဏ်ဦးမှာ ဖူးသည့်ကြာ ပေါ်လစီဇာတ်ကားတွင် ပါဝင်သူများအား ကန့်ကွက်သွားမည် ဖြစ်ပါကြောင်း နိုင်ငံတကာသို့ ပန်ကြားအပ်ပါသည်။

8 comments:

  1. ဆန္ဒပြသင့်တယ် အဲဒီကုန်ကျစရိတ်ပာာ မလေးရှားရင်ဂစ် ငွေ ၄ သန်းခွဲနီပါ ကုန်တယ်လို့ သူတို့နဲ့နီးစပ်သူတဦးက ပြောဆိုပါတယ် မလေးရှားနိုင်ငံရဲ့ အထင်ကရ ဘောလုံးကွင်တခုလုံးတောင် ငှာနိုင်တဲ့အဆင့်ပာာ သာမန်စီးပွားရေးရှင်တစ်ယောက်အနေနဲ့ လုပ်နိုင်မယ်မထင်ဘူး ဒါကြောင့်မို့ သူတို့ရဲ့ ကျောထောက်နောက်ခံရှိလို့ လုပ်နိုင်တာဖြစ်တယ် ရှင်းရှင်းပြောရရင် Black money ရှိလို့ လုပ်နိုင်တာဖြစ်တယ်

    ReplyDelete
  2. အဲဒီအနုပညာရှင်တွေနဲ့နိုင်ငံရေးနဲ့ဘာဆိုင်လဲ.......?
    သူတို့အလုပ်ကကျရာနေရာမှာပီပြင်အောင်သရုပ်ဆောင်ရမှာပဲ။
    မလေးရှားမှာနိုင်ငံရေးကိုခုတုံးလုပ်ပြီး
    နိုင်ငံသားအချင်းချင်းငွေညှစ်နေတာ
    မမြင်ချင်အဆုံး....မကြားချင်အဆုံးပါ။
    အမျိုးသားဒီမိုကရေစီအဖွဲ့{မလေးရှား}က
    အဖွဲ့ဝင်ကဒ်တစ်ကဒ်ကိုဘယ်လောက်နဲ့ရောင်းစားနေလဲ။
    မြန်မာဒုက္ခသည်များအဖွဲ့က{BRO}
    အဖွဲ့ဝင်ကဒ်တစ်ကဒ်ကိုဘယ်လောက်နဲ့ရောင်းစားနေလဲ။
    မြန်မာနိုင်ငံကနေအကြောင်းအမျိုးမျိုးကြောင့်
    မလေးရှားကိုရောက်လာကြတယ်။
    ဘယ်အဖွဲ့အစီးကကူညီလဲ။
    အမေဒေါ်စုနဲ့သူ့ရဲ့ပါတီကိုရောင်းစားသေးတာပဲ။
    အနုပညာရှင်တွေက သူတို့အလုပ်သူတို့လုပ်နေတာပါ။
    ဘယ်အဖွဲ့အစီးကိုမှခုတုံးလုပ်ပြီးစီးပွါးရှာနေတာမဟုတ်ပါဘူး....

    ReplyDelete
  3. ဟေ့ပြောင်လေး မင်းတို့က ကွန်ပြူတာ ဘန်ပြပြီး လုပ်စားနေတဲ့ကောင်တွေ လောရပ်ပလာဇာက ကွန်ပြူတာ အစုပ်တွေဝယ်ပြီး နဲနဲပြုပြင်ပြီးရင် မသိမနာတဲ့ကောင်တွေကို မလိမ့်တပတ်နဲ့ အင်လုပ်ပြီး မတမ်းတဆနဲ့ ပြန်ရောင်းတဲ့ ကွန်ပြူတာပြင် လူလိမတွေ မင်းတို့တဖွဲ့လုံး Ident garden ဘန်ပြီပြီး လုပ်စားကောင်တွေ အဲဒီဆန္ဒပြပွဲကို မလေးရှားအတိုက်ခံပါတီက ဦးဆောင်လုပ်မယ် မင်းတို့တဖွဲ့လုံးသတိထား

    ReplyDelete
  4. ကောင်းတယ် ပေါ်လစီဆို နောက်မရိုက်ရဲအောင် လုပ်ပေး၇မယ်။ ပိတ်မှပိတ်ခံရလည်း ကျက်သရေရှိသေးတယ်။ပေါ်လစီကားမရိုက်လို့ အပိတ်ခံရတယ် ဆို ပြောစမ်းပါ ကမ္ဘာသိအောင် လုပ်ပေးမယ် ။ဘာလည်း..ကြောက်စရာ ဘာရှိတုန်းဟ။ချသာချ .. အားပေးတယ် ။

    ReplyDelete
  5. မလေးရှားနိုင်ငံကို အလုပ်လာလုပ်တာပါ တရုတ်သူဌေးတွေက ကျနော်တို့ မြန်မာတွေကို လုပ်အာခ နှိပ်ကျပြီး မတမ်းတဆ ဈေးနဲ့ပေးတယ် မြန်မာမိန်းကလေးလှလှတွေကိုလဲ ခြေတော်တင်ချင်သေတယ် အခုလဲကြည့် မပာာနန်းပိုင်ရှင်က တရုတ်နဲ့ယူထားတယ် တရုတ်နဲ့ပေါင်းပြီး လူတွေကို အောက်လမ်းကပို့တယ် ကျနော်တို့က မလေးရှားလာတာ အပန်ဖြေးဖို့လာတာမဟုတ်ဘူး အလုပ်လုပ်ဖို့လာ လက်မှတ်တွေက တစ်စောင်း ၇၀ ၁၀၀ ၁၂၀ လုပ်အာခနဲ့တွက်ကြည့်မယ်ဆိုရင် ၄ ရက်စား အလုပ်လုပ်ရမဲ့ လုပ်အာခဖြစ်တယ် မလေးရှားရောက်မြန်မာများသိစေခြင်းတယ် သင်တို့ရဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် သင်ဘာ လုပ်သင့်သလဲ

    ReplyDelete
  6. မလေးရှားကို လာတဲ့သူတွေထဲမှာ ၁၀၀% မှာ ၈၀% က အလုပ်လုပ်တာ ဘန်းပြပြီး ပျက်စီးနေကြတယ် ... စီးပွားရေးသမားက စီးပွားရေးလုပ်မှာပဲ ... မိသားစုကို မထောက်ပံ့နိုင်တာ စီးပွားရေးသမားတွေကြောင့် မဟုတ်ဘူး ... ကိုယ်ကိုယ်တိုင်ကြောင့် ... သူများကို မပြောခင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါဦး ... အရက်သောက်၊ ဖဲရိုက်၊ ဆေးစွဲ ... မဟာနန်းပိုင်ရှင် သူ့ဘာသာ ဘယ်သူနဲ့ယူတာ အသာထားဦး ... အဲလို လိုက်ပြောနေကြတဲ့သူတွေတောင်မှ မိန်းမမြင်ရင် ကုလားမတောင် အလွတ်မပေးချင်ကြဘူး ... သူများကို မပြောခင် ကိုယ့်ကိုယ်ကို အရင်ပြောကြည့်ဦး ... နိုင်ငံရေးအကြောင်းကို ပြည်ပမှာ လာမပြောနဲ့ ... သတ္တိရှိရင် မြန်မာပြည်ပြန်ပြော ... ပြည်ပမှာအော်နေတဲ့ နိုင်ငံရေးသမားတွေ အထင်မကြီးဘူး ...

    ReplyDelete
  7. အင်း.......Anonymous ဆိုတဲ့ကိုကိုလားမမလားတော့မသိဘူး ကျွန်တော်နဲနဲပြောကြည့်မယ်နော်.........ကျွန်တော်ကမလေးရှားကဆိုတော့ဒီသတင်းလေးစိတ်ဝင်စားလို.၀င်ဖတ်ကြည့်လိုက်တယ်.........ဘာတွေ.ရသလဲဆိုတော့ ကျွန်တော့အမြင်ပေါ့နော် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါနေတယ် တကယ်လို.ဗျာအမျိုးသားရေးစိတ်ဓါတ်အရမ်းပြင်းထန်လို. ဆန္ဒပြကြမယ်ဆိုရင်ပြသင့်ပါတယ် တခြားနိုင်ငံတွေမှာလဲပြနေကြတာပဲ ဒါပေမယ့် ကျွန်တော်ထင်တာဒီပွဲမှာကောင်မလေးတစ်ယောက်ပဲပါမယ်ထင်တယ် တခြားပွဲတွေမှာလဲ ပါသေးတယ်ထင်တယ် ဆန္ဒပြသင့်တဲ့လူကိုပြောတာနော် အခုဟာကဦးတည်ချက်ကတစ်ဦးတည်းလို ဖြစ်နေတယ်
    ကျွန်တော်ပြောချင်တာကတော့နိုင်ငံရေးနဲ.ပုဂ္ဂိုလ်ရေးနဲ.မရောပါနဲ.ခုတုံးမလုပ်ပါနဲ. နိုင်ငံရေးတကယ်လုပ်နေတဲ့လူတွေကိုလေးစားပါတယ် ကိုယ်မလုပ်နိုင်တာကို သူတို.ကအနစ်နာခံပြီလုပ်ပေးနေကြတာ ဘာမဟုတ်တဲ့နိုင်ငံရေးအမည်ခံပြီးလုပ်စားနေတဲ့စုန်းပြူးတွေကြောင့် တကယ်အလုပ်လုပ်နေတဲ့သူတွေ အထင်သေးမခံရပါစေနဲ. နောက်တစ်ခုက(ကျနော်တို့က မလေးရှားလာတာ အပန်ဖြေးဖို့လာတာမဟုတ်ဘူး အလုပ်လုပ်ဖို့လာ လက်မှတ်တွေက တစ်စောင်း ၇၀ ၁၀၀ ၁၂၀ လုပ်အာခနဲ့တွက်ကြည့်မယ်ဆိုရင် ၄ ရက်စား အလုပ်လုပ်ရမဲ့ လုပ်အာခဖြစ်တယ် မလေးရှားရောက်မြန်မာများသိစေခြင်းတယ် သင်တို့ရဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် သင်ဘာ လုပ်သင့်သလဲ) ....ဆိုတဲ့စာကြောင်းလေးပါ ဘယ်သူကအဲဒီပွဲတွေကိုအတင်းကြည့်ခိုင်းနေလဲ မကြည့်မနေရလို.ဘယ်သူပြောလဲ မကြည့်ရင်ကိုယ့်ပိုက်ဆံကိုယ်စုပြီး မိသားစု ဆီပို.ပေါ့ လျှောက်ပြောနေလို.ဘာထူးမှာလဲ ဟုတ်တယ်မဟုတ်လား ဘာမှမသိပဲနဲ.သူများတကာကိုလိုက်ပြီးပုတ်ခတ်နေမယ့်အစား ကို.ထမင်းကိုစား ပိုက်ဆံလေးဘာလေးစုပြီး အိမ်ပြန်ပို.ကြပါကွာ ။

    ReplyDelete
  8. ကို Anonymous ရေ ..

    ကျွန်တော်တို့ IT GARDEN ကဘာတွေလုပ်တယ်ဆိုတာ ကျွန်တော်တို့ကိုတိုင်ပဲသိပါတယ် ။ ကျွန်တော်တို့က ဘယ်အဖွဲ့အစည်း နဲ့မှလည်း မသိပါဘူး ။ ဒါတွေလည်း စိတ်မ၀င်စားပါဘူး ။ ကျွန်တော်တို့ က ကို့ဟာကိုနေတဲ့ နည်းပညာ Group လေးပါ။ ဘာမှသေချာ မသိပဲနဲ့ မစွပ်စွဲပါနဲ့ ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မကောင်းမပြောဘူး။ ပြောင်လေး ဆိုတာလည်း ကျွန်တော်တို့မဟုတ်ဘူး။ ကျေးဇူးပြုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု တွေမပါပါစေနဲ့ဗျ။ ကျေးဇူးတင်ပါတယ် ..။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။