ညနေ ၄နာရီမှာ ဆောင်းတွင်းမိုးကြီး သဲသဲမဲ ရွာချလိုက်ပါတယ်။
ထုံးစံအတိုင်း မတိုင်ပင်ရပဲ ရေတွေ လျှံပါတော့တယ်...
ရန်ကုန်မြို့တော်ရဲ့ မြို့လယ်ကောင် မြင်ကွင်းလေ
ဓာတ်ပုံ ဒီမိုဝေယံ
ဒီနေ့ ဇန္နဝါရီလ (၁၀)ရက်နေ့ နေ့လည် (၁)နာရီက စစ်အစိုးရ သတင်းဋ္ဌာနတွေက တိုင်းပြည်ပြုလွှတ်တော် ၃ရပ်လုံးကို လာမယ့် (၃၁)ရက်နေ့မှာ လွှတ်တော် ခေါ်မယ်လို့ ဆိုပါတယ်..။ အဲ့လိုကြေငြာပြီး မကြာမီ ညနေ (၄)နာရီလောက်က ရန်ကုန်မှာ ဆောင်းတွင်းကြီး မိုးတွေသဲသဲမဲမဲ ရွာပြီး ကန့်ကွက်မိုး ရွာပါတော့တယ်။ ညနေ၄နာရီကနေ စရွာတာ ၆နာရီကျော်ကျော်မှာ ခဏစဲသွားတယ်။ ခုည ၈ နာရီခွဲမှာလည်း ထပ်ရွာနေပါတယ်..။ ဆောင်းညချမ်းချမ်းမှာ မိုးရွာတော့ တော်တော်လေးကို အေးပါတယ်..။ ဆောင်းတွင်းကြီး မိုးရွာမယ်လို့ ဘယ်သူမှ မထင်ထားတော့ ရန်ကုန် ဆင်ခြေဖုန်းရပ်ကွက် တွေမှာ ဘာမှအဆင်သင့် မဖြစ်တော့ မိုးမလုံလေမလုံနဲ့ ရွှဲရွှဲစိုပေါ့...။ နောက်ပြီး ရန်ကုန်မြို့ထဲပိုင်းမှာ မီးဖြတ်ထားတာ နှစ်ရက်ရှိနေပြီ.. ဘာကြောင့်ဆိုတာလည်း မသိရသေးပါဘူး။မိုးရွာပြီဆိုတော့ သိတဲ့အတိုင်း ရေလျှံပြီလေ...။ တောင်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်အမတ် မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့ကတော့ အေးအေးဆေးဆေးပေါ့။ ဆောင်းတွင်းကြီး မိုးရွာတော့ ကြိုတင်မိုးဆိုပြီး ကြံဖန် ဂုဏ်ယူနေမလားတော့မသိ..။ ရန်ကုန်သူ ရန်ကုန်သား ပြည်သူ ပြည်သား တွေကတော့ ရာသီဥတုဒဏ်၊ မိုးဒဏ်၊ လေဒဏ်၊ မင်းဆိုး မင်းညစ်ဒဏ် ရန်သူမျိုးငါးပါး ဒဏ်တွေ ကြားမှာ အသားကျနေပါပြီ..။ အသားကျပြီး အရိုးပဲ ကျန်တော့တယ် ဆိုသလိုပေါ့။ ဒီကြားထဲ စားဝတ်နေရေးတွေ ရုန်းကန် နေရတဲ့ ကြားထဲမှာ စစ်မှုထမ်းရဦးမယ် ဆိုရင်ဖြင့် ...... နှူရာဝဲစွဲ လဲရာစစ်မှုထမ်း ဆိုသလို လုံးပါးပါးရတော့မှာ သေချာနေပါပြီ။ ၂၀၁၁မှာ မြန်မာပြည်သူ ပြည်သားတွေ (ကြံ့ဖွတ်နဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းမပါ) ဘေးဒုက္ခအပေါင်းက အမြန်ကင်းဝေးကြပါစေ...။
ဒီမိုဝေယံ






Even though the weather showed its angry that Nargis and Geri, but Burmese people still keep on going in silence not against like in 1988. You guys can say that NLD is doing against SPDC, but it is not enough to change SPDC. Daw Aung San Suu Kyi said that all should participate to do it. She only can say like that. Burmese people should understand that what should we do. Our 88 generation students leaders also in jails. This is the time for Burmese people. Do it man. Do it. Do together with us!
ReplyDeleteHello Demowaiyan -
ReplyDeletewhen you wish and pray to Myat Buddha - please avoid, not to include, those spdc and its members in your list.they should not be deserve it due to result of 8888 spirits and killing monks in Golden Colour Movement. thank you.Aung Thit Min
ရာသီဥတုဆိုတာ နေပူချင်ပူမယ် မိုးရွာချင်ရွာမယ် ဒါကသဘာဝပဲလေ။ဒါကို သူ့ပါသူ သဘာဝအလျောက်မိုးရွာတွေကို ကန့်ကွက်မိုး တဲ့ ၀ါးဟားဟားဟား။ရှူးကြောင်ကြောင် ဒီမိုတွေရှိလို့ နိုင်ငံကလည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတာပဲ။ကမ္ဘာ့အလယ်မှာ ဘယ်အစိုးရမှ မိမိနိုင်ငံမကောင်းကြောင်း မိမိနိုင်ငံက နိုင်ငံတော်အလံက မနင်းဘူးမဖျက်ဆီးဘူး အပုပ်မချဘူး။ကောင်းကြောင်းတွေပဲပြောတယ် မိမိနိုင်ငံကိုအစဉ်ထာဝရ ဂုဏ်ယူစွာပြောတယ်။စိတ်ဓာတ်ယုတ်ညံတဲ့ နိုင်ငံရေးသမားတွေက ကိုယ့်နိုင်ငံကိုအပုပ်ချနေတာတွေ့ရတာ တော်တော် အောက်တန်းကျတာပဲ။
ReplyDeleteအပေါ်ကကောင် စောက်ပေါ
ReplyDeleteကမ္ဘာမှာ ဘယ်နိုင်ငံမှ ကိုယ့်လူမျိုးကို ပြန်မသတ်ဖူး
မင်းတို.လို.အာဏာရူး ခွေးသာသာ အကောင်တွေရှိနေလို. နိုင်ငံတစ်ကာမှာ မျက်နှာငယ်နေရတာကြ မသိဘူးနွားလေး
ဝါးလုံးခေါင်းထဲ လသာမနေနဲ. နိုင်ငံတစ်ကာအပြင်ဘက်ထွက်ကြည့်ဦး မင်းလိုကောင်ကိုရှင်းပြနေရတာ တော်တော်လေးကိုကျက်သရေတုန်းတယ်။