ဘားအံမြို့၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ "脫掉" "ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။ (ကိုနစ်နေမန်း) ဘလော့(ဂ်)မှ။
စကားချပ်( ဒီသီချင်းရဲ့ မူရင်းသီချင်းကတော့ ဂျပန်သီချင်း アゲアゲEvery ဆိုတဲ့ DJ OZMA အဖွဲ့ရဲ့သီချင်းဖြစ်ပြီး ၂၀၀၆မှာ အင်မတန် ရေပန်းစားခဲ့ပါတယ်..။ နှစ်စဉ် ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးညတိုင်း မှာ ထုတ်လွှင့်ပြီး ဂျပန်တနိုင်ငံလုံးက ကြည့်ရှု့အားပေးကြတဲ့ NHK CHANNEL ရုပ်သံလိုင်းရဲ့ ၂၀၀၆ နှစ်သစ်ကူး နယူးရီးယား အကြိုညမှာ တခြားနာမည်ကြီး အဆိုတော်အဖွဲ့များနဲ့အတူ NHK က Live Show ထုတ်လွှင့် ပြသခဲ့ပါတယ်။ DJ OZMAအဖွဲ့မှ အဆိုပါ アゲアゲEvery သီချင်းနဲ့ သီဆိုကပြရင်း နောက်ဆုံး သီချင်းအပိတ်မှာ ယင်းအဖွဲ့ရဲ့ အမျိုးသားရော အမျိုးသမီးတွေပါမကျန် အပေါ်အဝတ်အစားတွေ အကုန်ချွတ်လိုက်လို့ နောက်တစ်နေ့ ၂၀၀၇ခုနှစ် နှစ်သစ်ကူးမနက် ဂျပန် သတင်းစာတွေမှာ အဆိုပါနေ့က သတင်းဓာတ်ပုံများ အကြီးအကျယ် ဖော်ပြပါရှိခဲ့ပါတယ်။ သတင်းနဲ့ ဝတ်စားဆင်ယင်မှုမှာ တခြား Channel များနဲ့မတူ အင်မတန်မှ စည်းကမ်းကြီးတဲ့ ဂျပန်အစိုးရရဲ့ NHK ရုပ်သံဋ္ဌာနနဲ့ အဆိုပါနေ့က DJ OZMAအဖွဲ့ အဆိုတော်များရဲ့ လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး တော်တော် ပြသနာတက်ခဲ့ရပါတယ်။ အဆိုပါ DJ OZMA အဖွဲ့မှလည်း ပြန်လည် ဖြေရှင်းမှုတွေ တော်တော် လုပ်လိုက်ရပါတယ်)။
ကျွန်တော်တို့ ဂျပန်က ပရိသတ်အတွက် ဂျပန်သီချင်း မူရင်းကို ဖော်ပြလိုက်ပါတယ်..။ အဓိပ္ပါယ်ကလည်း アゲアゲEvery ဆိုတော့ အကုန်လုံးကို ပေးလိုက်ဆိုတော့ စဉ်းစားသာကြည့်တော့.. ကိုနစ်နေမန်းတင်ထားတဲ့ ပိုစ့်ကို ဆက်လက် ဖတ်ချင်ရင်. http://www.niknayman-niknayman.co.cc/2011/01/blog-post_5936.html
ကိုနစ်အားကျေးဇူးတင်ပါသည်.။
အဆိုပါ ချွတ်ပစ်လိုက်လို့ အဓိပ္ပါယ်ရတဲ့ ဂျပန်/တရုတ်သီချင်းအား ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာ နအဖက လူကြီးဆိုတဲ့သူတွေ တက်ရောက်ပြီး ကြီးကြပ်ဖွင့်လှစ်ပေးတဲ့ နေရာက အရေခြုံ ရဟန်းတစ်ပါးရဲ့ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း မှာ သက်ကြီးရွယ်အိုတွေပါမကျန် မရှက်မကြောက် ကခုန်နေတာ မြင်တွေ့ကြရမှာပါ။
စဉ်းစားသာကြည့်ကြပါတော့... ထေရဝါဒ ထွန်းကားတဲ့ နိုင်ငံတွေထဲမှာ စံပြဆိုတဲ့ မြန်မာနိုင်ငံတဲ့ဗျာ.. ခေါင်ကမလုံတော့လည်း ကိုယ့်တိုင်းပြည်မှာ သာသနာ အစစ်အမှန် ထွန်းကားနေလျှက်နဲ့ တိုင်းပြည်မှာ အတုအယောင် သာသနာအရေခြုံတွေ ထွင်ထားတဲ့ စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းတဲ့ဗျာ..။ ကမ္ဘာမှာ ဝိပဿနာထွန်းကားတဲ့ တိုင်းပြည်လို့ အများကလက်ခံတဲ့ တိုင်းပြည်ပါ။.. အစစ်နဲ့ အတုဗျာ.. စဉ်းစားကြည့်ကြပါ..။ နအဖ ဗိုလ်ချုပ်တွေ မရှက်မကြောက်ပေမယ့် ကျွန်တော်တို့ ပြည်သူပြည်သားတွေ အနေနဲ့ အထူး အယုတ်ဆိုးအကျည်းတန်တဲ့ တခြားဘာသာဝင်တွေမြင်ရင် အထင်သေးစေမယ့် အရှက်ရစေတဲ့ လုပ်ရပ်ကြီး ဖြစ်တဲ့အတွက် အင်မတန်မှ ရှက်ကြောက်မိပါတယ်။ လူကြီးလူငယ်တွေ သရုပ်ပျက်သီချင်းနဲ့ မရှက်မကြောက် ခုန်ပေါက်ကခုန်နေကြလေရဲ့.. ဘာသာရေး မှိုင်းသွင်းခံနေရပါပြီ။ ဒီထဲမှာ နအဖစစ်တပ်အရာရှိများ၊ ပြည်နယ် နအဖ ခရိုင် မြို့ နယ် ကျေးရွာက မယက ရယကတွေလည်း ပါပါတယ်တဲ့ .။ စဉ်းစားသာ ကြည့်ကြပါတော့..။ နအဖလက်ထက် တိုင်းပြည်ရဲ့ သာသနာတော်ကတော့ အားလုံးသိပြီးတဲ့ အတိုင်း အင်မတန်မှ ကြောက်မက်ဖွယ်ရာ ဓမ္မန္တရာယ်နဲ့ ကြုံတွေ့နေရပါပြီ။ ၂၀၀၇ခုနှစ်မှာ သာသနာ့ အာဇာနည် သံဃာတော်တွေ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ထောင်ချခံရ. မသိနားမလည်တဲ့ ပြည်သူတွေကို ဆင်ဖြူတော်ဆိုပြီး ဦးထိပ်ထား ကိုးကွယ်လို ကိုးကွယ်ပြ ... ခုနောက်ဆုံး နိုင်ငံတကာနဲ့ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာတိုင်းပြည်ဆိုတာ ဒါလားလို့ မေးငေါ့ ဝေဖန်ပြောဆို ရလောက်အောင်.. သာသနာ့ အရေခြုံ အတုအယောင် စိတ်ဓာတ်မြှင့်တင်ရေးဆိုပြီး သာသနာတော်ကို ဖျက်ဆီးနေပြန်ပါပြီ။
မြန်မာပြည်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနဲ့ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများခင်ဗျား.. သာသနာကို ဖျက်စီးဖို့ အစပြုနေတဲ့ အတုအယောင် ဓမ္မန္တရာယ်ကို အမြန်ဆုံး တားဆီးပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါတယ်..။
ဒီမိုဝေယံ
ဗီဒီယို အတွက် ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.../
စိတ်ဓာတ် မြှင့်တင်ရေးသင်တန်းကျောင်း လိပ်စာနှင့်ဖုန်းနံပါတ်.. ကိုဒေါင်းမာန်ဟုန် ရှာပေးထားတဲ့ အဆိုပါ သင်တန်းကျောင်း Home Pageကတော့
သင်တန်းသားများ လိုက်နာမည့်စည်းကမ်းချက်များ.. နံပါတ်(၁)မှာ သင်တန်းသူ၊ သင်တန်းသားအားလုံး နိုင်ငံရေး လုံးဝ ကင်းရှင်းရမည်။ နိုင်ငံရေး ဘာသာရေး ပြောခြင်း မေးမြန်းခြင်း သီးခံပါဆိုတော့... နိုင်ငံရေး ပြောဆိုတာ ထားလိုက်ပါတော့ .. ဘာသာရေးပြောခြင်း မေးမြန်းခြင်း သည်းခံပါတဲ့....။ ဒါကတစ်ပိုင်းပေါ့..
နံပါတ် (၄)ကတော့ မာန်မာနထားခြင်း၊ ရှက်ခြင်း၊ ကြောက်ခြင်း လုံးဝမရှိစေရပါတဲ့.. ဒီအတိုင်းဆို မြန်မာပြည်မှာ အတိုင်းအတာ တစ်ခုအထိ ဒီအဖွဲ့အစည်း အားကောင်းနေပြီလား ဆိုတာ ကျွန်တော်တို့ သုံးသပ်ရပါတော့မယ်.. ဟီရိ၊ သြတ္တပဆိုတဲ့ ဟီရိ- မကောင်းမှုပြုရာသည်ကို ရှက်ခြင်း၊ သြတ္တပ- မကောင်းမှုပြုရသည်ကို ကြောက်ရွံ့ခြင်းဆိုတာတွေ မလိုအပ်တော့ဘူးလား ဗုဒ္ဓတရားတော်တွေနဲ့ ဖီလာ ဆန့်ကျင်နေ မနေဆိုတာကိုလည်း ပြည်ပမှာ ရှိတဲ့ တတ်သိနားလည်တဲ့ ဆရာတော်များမှလည်း ယခု အထက်ပါ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေကြားပေးစေလိုကြောင်း လျှောက်ထားအပ်ပါတယ်..။
ဒီမိုဝေယံ..


အစ်ကိုတို့ အခုလိုထောက်ပြေပေးတာ အတိုင်းမသိကျေးဇူးတင်ပါတယ်ဗျာ... တစ်ခြားတော့ ဘာမှ မပြောရဲပါဘူး
ReplyDeleteဖြစ်စေချင်တာက သာသနာတော်ကြီးဒီလိုဖြစ်နေတာကို ဘယ်လိုမှ စိတ်မချမ်းသာလို့ပါဗျာ... ကျေးဇူးပြုပြီး ထေရ်ကြီးဝါကြီးများကို လျှောက်ထားပေးကြပါ။
သာဓု သာဓု သာဓု
စီးပွားရေး အနေနဲ့ လုပ်ခဲ့ကြတုန်းကတော့ ဘာမှ မပြောလိုပေမယ့် ဘာသာရေးဘက်ကို လာထိပါးနေတာတော့ တော်တော် အကျည်းတန်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အဲဒီလို Motivation မျိုးကို ဦးဆောင်လုပ်ခဲ့ဘူးပါတယ်။ အဲဒီတုန်းက စီးပွားရေး အနေနဲ့ လုပ်ခဲ့ကြတာပါ။ အဲဒီ Brain Wash ဟာ ကြောက်စရာကောင်းလောက်အောင် ထိရောက်ပါတယ်။ US က ဆရာကြီးတစ်ယောက်ဟာ ဒီလို တစ်ကြိမ် Motivation ပေးရုံနဲ့ ဒေါ်လာ သန်းချီပေးရပါတယ်။
ReplyDeleteအချိန်မနှောင်းခင် သာသနာပိုင် ဆရာတော်များမှ အမြန် တားမြစ် အရေးယူမှ ကျွန်တော်တို့ တိုင်းပြည် ဘာသာရေးမှာ ရေတိမ် မနစ်မှာပါ။ မပေါ့ကြစေလိုပါ။
ကြည့်ရတာ စိတ်မချမ်းသားဘူး
ReplyDelete“ဘာသာရေးပြောခြင်း မေးမြန်းခြင်း သီးခံပါ”တဲ့။ ရည်ရွယ်ချက် အမှန်နှင့် ဝတ်တဲ့ ဘုန်းကြီးတော့ မဖြစ်နိုင်ဘူး။
ReplyDeleteတကယ် စိတ်ဓာတ်မြင့်တင်ပေးနိုင်တဲ့ သူတွေ (ပညာတတ်တွေ) မြန်မာပြည်မှာ မရှိတော့လို့ ဒီလိုမျိုး ဘုန်းကြီးဆိုသူတွေ သင်တာကို လေ့လာနေရတာလား။ ဥပမာ ဆရာအောင်သင်းလို တကယ် စိတ်ဓာတ်မြှင့်ပေးနိုင်သူတွေကိုတော့ အမျိုးမျိုး ကန့်သတ်ထားတယ်။ ဒါမျိုးကြတော့ စစ်အရာရှိတွေကိုတိုင် အားပေးတယ်။ ဒါဟာ လုံးဝ သွေးရိုး သားရိုး မဖြစ်နိုင်ဘူး။
ဒီလူကလဲ တကယ် စိတ်ဓာတ်မြင့်ပေးတဲ့ သင်တန်းကို ပို့ချနိုင်ပြီး ဒီလို ကိုးယိုကားယားနဲ့ သင်တန်းပေးချင်ရင် လူထွက်ပြီး ပေးပါလား။ သင်္ကန်းအရေခြုံပြီး လိမ်တာကတော့ သူရဲဘောကြောင်းလွန်းတယ်။
ခြုံကြည့်ရင်တော့ သူရဲဘောကြောင်တဲ့ လူလိမ်ရယ်၊ မိုက်ကန်း ရူးယုတ်တဲ့ စစ်ခေါင်းဆောင်ဆိုသူတွေရယ် ပေါင်းပြီးလုပ်တဲ့ အောက်တန်းကြတဲ့ လုပ်ရပ်တစ်ခုပါပဲ။
စစ်သားကောင်းတွေကို လေးစားပေမဲ့ ဒီလို ကိုယ်ကျိုးရှာ ရူးကြောင်ကြောင်း စစ်အရာရှိတွေကိုတော့ စက်ဆုပ်တယ်။ အမျိုး ဘာသာ သာသနာဟာ ဒီလူယုတ်မာတွေကြောင့် ပျက်ရတာ။
သာသနာမှာ အယူမှား ရှိတဲ့ ပုဂ္ဂိုလ်က ကံကြီးငါးပါးကို ပြစ်မှားတာထက်ကို ဆိုးဝါးလှပါတယ် ထို့ထက်ဆိုးတာကတော့ သာသနာကိုဖျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေပေါ့ ဒါကြောင့်သာသနာရန်သူ ဒို့ရန်သူ လို့သတ်မှတ်ပြီး ဒီလိုသာသနာဖျက်စီးနေတဲ့ပုဂ္ဂိုလ်တွေကို အားလုးံဝိုင်းဝန်းပြီး စုပေါင်းညီညာစွာနဲ့ ဖယ်ရှားသင့်ပါတယ် ဒီကနေ့ မြန်မာနိုင်ငံရှိ မဟန ဆိုတဲ့ ထေရ်ရှင် ရဟန်းမထေရ်မြတ်တွေကလည်း ကြိမ်စက်တော်မူနေရာကနေ ထကြလော့ မနိုးပါရစေနဲ့ အရှင်ဘုရားတို့နဲ့မဆိုင်ဘူးဆိုတော့ ငွေမရဘူးဆိုတော့ လက်ပိုက်ကြည့်နေကြပေါ့ အများအတွက် သာသနာအတွက် အလုပ်လုပ်မနေကြနဲ့တော့ နအဖ အတွက်ဘဲ နအဖ ကျွန်ဘဲ ခံနေကြတော့မှာလား ဘုရားတပည့်တော်ရိုသေစွာဖြစ်..စက်တင်ဘာဦးနေမိန္ဒ
ReplyDeleteသာသနာမှာ တကယ့်အကြီးမားဆုးံ ရန်သူ ပါ နအဖ နဲ့ပူးပေါင်းပြီး သာသနာကိုဖျက်စီးနေတာ ဒါဘုန်းကြီးမဟုတ်ပါဘူး နအဖ ပြောပြောနေတဲ့ ဘုန်းကြီးအတုဆိုတာ ဒါကို ပြောတာပါ ဒီဟာကိုမှလက်ပိုက်ကြည့်နေရင်တော့ ယနေ့ မဟန မြန်မာနိုင်ငံလုးံဆိုင်ရာ သံဃာ့နာယက အဖွဲ့တွေဟာလည်း သာသနာကိုဖျက်စီးသူလို့သတ်မှတ်ရပါမယ် သာသနာကိုဖျက်စီးသူ ဒို့ရန်သူ အရေးကြီးပြီး ညီနောင်အပေါင်း တို့ အားလုးံ လက်တွဲညီစွာဖြစ် သာသနာကိုဖျက်စီးသူကို ၀ိုင်းဝန်းဖယ်ရှားကြစို့ ဘဏ်ကောက်သောတုဇန
ReplyDeleteအမှန်တရားဆိုတာ တခါတရံ တစ်ချို့သောနေရာတွေမှာ လွဲမှားနေတာတွေရှိပါတယ် ဒီလိုမျိုးသာသနာအတွက် တိုင်းပြည်အတွက် တကယ့် အန္တရာယ် အကြီးမားဆုးံကြတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖယ်ရှားရပါမယ်..
ReplyDeleteစက်တင်ဘာဦးနေမိန္ဒ
အဲဒါ သာသနာကိုလမ်းမှားရောက်အောင်ဖဲ့ထုတ်နေတာပါပဲ။ တကယ်အဆိပ်ထုတ်ရမှာက ကိုယ့်ကိုယ်ထဲမှာရှိတဲ့ လောဘ၊ဒေါသ၊မောဟဆိုတဲ့ ကိလေသာအဆိပ်တွေကိုဝိပဿနာတရားအလုပ်နဲ့ ထုတ်ပစ်ရမှာဖြစ်ပါတယ်။
ReplyDeleteU Dhamma Zawti
တကယ့် မတော်မလျော်တဲ့ အလုပ်တွေပါ။ ဒီလိုမျိုးအလုပ်တွေကို ဘုန်းကြီးတပါး အနေနှင့် ဦးဆောင် လုပ်ဖို့ လုံးဝ မသင့်လျော်ပါဘူး။ ဘာမှမပြောပြတတ်အောင် ကို အံ့သြတ တုန်လှုပ်မိပါတယ်။
ReplyDeleteနိုင်ငံတော်ကဘွဲ့တံဆိပ်တော်တွေအထပ်ထပ်ချီးမြင့်ခံထားရတဲ့ဆရာတော်ဘုရားကြီးတွေဘုရား..ဒီအဖြစ်ကိုမသိလို့လား..တမင်လစ်လျူရှုထားတာလားဘုရား
ReplyDeleteမိစ္ဆာ အစိုးရ မှာတော့ ဘာသာ မရှိဘူးလေ၊ အခုကြည့် ဗုဒ္ဒဘာသာ ကို ဖျက်ဆီးနေတာ။ ဘုန်းကြီးများကို ထောင်ပို့  အတုအယောင်တွေကို မြှောက်စားပြီး သင်္ကန်း ခြုံပြီး လုပ်နေတာကတော့ဗျာ။သင်္ကန်းရုံထားတိုင်းတော့ဘုန်းကြီးမဟုတ်ဆိုတာကိ ဗုဒ္ဒဘာသာကို သက်ဝင် ယုံကြည်သူများ သတိထားသင့်ပါတယ်။ ဒီလူတွေကတော့ အ၀ီစိကို တန်းစီပြီးဆင်းကြမယ့်သူဆိုတော့ မပြောလိုပါဘူး။ ဒါပေမယ့် ထေကြီး၊၀ါကြီးများကတော့ ဒီဘာသာဖျက် ကို မကြီးထွားခင် ၀ိုင်းဝန်း တိုက်ဖျက်ကြပါ။
ReplyDeleteအကျိုးတော့နည်းပါပြီ၊ ကျွန်တော်တို့ နိုင်ငံဘာတွေဖြစ်ကုန်ပြီလဲ။ ဘုန်းကြီးအလုပ်၊ ဘုန်းကြီးမလုပ်တော့သလိုဖြစ်ပြီ၊ ဒါကိုတော့ သူတို့ပြောပြောနေကျ နိုင်ငံတော်က ဦးဆောင်ဦးရွက်ပြုနေတာဆိုရင်တော့ တကယ်ကြီးကို လွန်အားကြီးသွားပါပြီ၊ တကယ်လည်းလွန်အား ကြီးလွန်နေတာလည်း ကြာလှပါပြီ၊ ဗုဒ္ဒဘာသာကိုးကွယ်သည့် တပ်မမှူးကတော်ကိုယ်တိုင်ကကော စဉ်းစားဆင်ခြင်ဥာဏ်မရှိလောက်အောင် သုံးမရအောင်မိုက်မဲနေပြီးလား၊ ဒါလား ဗုဒ္ဒဘာသာ ကို အထွဠ်အမြတ်ထားသည့် နိုင်ငံတော်၊ တကယ်ဆို ဒီလိုသင်တန်းပေးခြင်ရင် ရဟန်းသံဃာ (လုံးဝ)မဖြစ်သင့်ပါ၊ မြတ်ဘုရားသာသနာနှင့် အပ်ဆက်မှုမရှိ၊ လုံးလုံးကြီးကို ဆန့်ကျင်နေပါတော့လား။ အများအမြင်မသင့် စက်ဆုပ်ဖွယ်ပါတကား။
ReplyDeleteဗုဒွဘာသာနွယ်ဝင်များအားလုံးညီညွတ်ကြပါ.အရေးကြီးရင်သွေးနီးကြပါလို့ တိုက်တွန်းလိုက်ပါတယ်.မထေရ်ကြီးတွေရဲ့စကားကိုလိုက်နာကြပြီးလုပ်သင့်တာလုပ်ကြဘို့ပါဘဲ အားလုံးဘဲ အမျိုးဘာသာ သာသနာကိုကာကွယ်ကြပါစို့...
ReplyDeleteThey'r all stupid animal dog.ရူးကြောင်ကြောင်ဘုန်းကြီး is most mother fucker fool stupid dog child.မိစ္ဆာ အစိုးရ is all animal shit and they fuck they'r mother..
ReplyDelete