Pages

Thursday, January 20, 2011

ပဲခူးအမှတ်တရ .... (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

ပဲခူးမြို့က ရွှေအောင်ရွေး စေတီတော်မြတ်ကြီး...
ရွှေမောဓောစေတီတော်ရင်ပြင်
ငြမ်းဆင်ထားတဲ့ ရွှေမော်ဓော် စေတီတော်မြတ်ကြီး
လေးမျက်နှာဘုရား...
ရွှေအောင်ရွေး စေတီပေါ်က ကိုရင်လေးများရဲ့ ခေါင်းလောင်းထိုးသံ..
ဘုရင့်နောင် မင်းတရားကြီးရဲ့ ကမ္ဘောဇသာဒီ ရွှေနန်းတော်
ကမ္ဘောဇသာဒီ ရွှေနန်းတော်မှ တူးဖော်ရရှိတဲ့ ယခင်နန်းတော်နေရာမှ  ကျွန်းတိုင်များ
ရွှေအောင်ရွေး စေတီပေါ်က လှမ်းမြင်ရတဲ့ ထန်းတောတွေနဲ့ အိမ်တန်းစုလေး..
ဓာတ်ပုံ ဒီမိုဝေယံ


ကျွန်တော်တို့ ငယ်ငယ်ကတော့ ရန်ကုန်ကနေ အပျော်ခရီးထွက်ဖြစ်ရင် အနီးဆုံး ပဲခူးလောက်တော့ ရောက်အောင် သွားတတ်ကြတယ်လေ..။ ရန်ကုန်ကနေ ကားနဲ့ နှစ်နာရီ ခရီးလောက်ပဲ ကြာတာ ဆိုတော့လည်း ပဲခူးတဝိုက်မှာ ဘုရားစေတီတွေဖူး ရွှေမောဓော၊ ရွှေသာလျောင်း၊ မဟာစေတီ၊ လေးမျက်နှာအစုံပေါ့.. ကိုးသိန်း ကိုးသန်းဘက်က စမ်းချောင်းလေးတွေထဲမှာ ရေကစားကြ အရိပ်ရတဲ့ အပင်ကြီးတွေ အောက်မှာ ထမင်းစားကြ သီချင်းဆိုကြစတဲ့ အမိမြေမှာ ပျှော်ရွှင်ခဲ့ကြတာတွေ ယခုထိ မှတ်မိနေဆဲပါပဲ...။ ဘာပဲဖြစ်ဖြစ် ကိုယ့်မြေ ကိုယ့်ဓလေ့ ကိုယ်မွေးရပ်ကိုတော့ ဘယ်သူပဲဖြစ်ဖြစ် မေ့ဖျောက်လို့ မရသလို ကိုယ်မွေးရပ်မြေမှာပဲ နေထိုင် စားသောက်၊ ခေါင်းချချင်ကြတာ လူမျိုးတိုင်းပါပဲ။ အကြောင်းကြောင်းကြောင့် အမိမြန်မာပြည်ကို စွန့်လွှတ်ခွဲခွါနေရတဲ့ အဝေးရောက် မြန်မာပြည်သူ/ ပြည်သားတွေအတွက် ပဲခူးမြို့ဝန်းကျင်က စေတီပုထိုးတွေနဲ့ အမိမြေအမှတ်တရ မြင်ကွင်းဓာတ်ပုံတွေကို တင်ပြလိုက်ရပါတယ်။

5 comments:

  1. ယုတ်မာ ပက်စက်တဲ့ နအဖ ကြောင့် အဝေးတနေရာကို တိမ်းရှောင်နေရပေမဲ့ ကိုယ့်ရပ်မွေးရပ်ဌါနေကို အမြဲတမ်း သတိယနေပါတယ် အခုလိုမျိုး မွေးရပ်မြေ က ရှေးဟောင်းအမွေအနှစ် စေတီတော်တွေကို ဖူးမြော်ခွင့်ရတဲ့ အတွက် ကြောင့် အထူးဘဲ ၀မ်သာမိပါတယ် ကျေးဇူးလည်း တင်ပါတယ် ဒီလိုဖူးမြော်ခွင့်ရတဲ့ ကုသိုလ်ကံကြောင့် ယုတ်မာပက်စက်တဲ့ နအဖ တွေနှင့်တကွ နအဖ အလိုတော်ရိတွေအားလုးံ ဘေးဆိုးကပ်ဆိုးတွေနဲ့ တွေ့ကြုံပြီးတော့ အများပြည်သူ ငှာပြ ည်သူ အပေါင်းတို့ စိတ်၏ ချမ်းသာခြင်း ကိုယ်“၏ ကျန်းမာ ခြင်းနှင့် ပြည့်စုံနိုင်ပါစေ...

    ReplyDelete
  2. ပဲခူးမြို့မှ ဘုရားပုထိုးပုံတော်များ တင်ထားပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ ဝိပဿနာဆိုဒ်တစ်ခုမှာ ကူးယူဖော်ပြလိုပါတယ်အစ်ကိုရေ။ ခွင့်တောင်းပါတယ်ရှင်။

    ReplyDelete
  3. ဟုတ်ကဲ့ ကူးယူဖော်ပြနိုင်ပါတယ်... နောင်လည်း အဝေးရောက် မြန်မာပြည်သားတွေ အတွက် ဆက်လက် ဖော်ပြပေးပါမယ်..။

    ReplyDelete
  4. အစ်ကိုရေ ခွင့်ပြုပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ ကိုစိုးအောင်ဝင်း ထိုင်းကို ရောက်နေတယ်။ ညီမ ပုံကူးမယ်ဆိုတာ ပြောပြလိုက်တော့ သူက အစ်ကိုနဲ့ သိတယ်လို့ပြောပါတယ်ရှင်။ ညီမက ပဲခူး-ကသစ်ဝိုင် ဝိပဿနာမှာ တရားတွေကို ဆရာတော်များကိုယ်စား တင်ပေးနေလို့ ပဲခူးဘုရားပုံလေးတွေ လိုချင်နေခဲ့တာပါ။ အခု လာပြီး ဒေါင်းသွားပြီနော်။ ကျေးဇူးအများကြီးတင်ပါတယ်။

    ReplyDelete
  5. ဟုတ်ကဲ့ အသုံးပြုနိုင်ပါတယ်.. ဘုရားစေတီပုထိုးတွေ နာမည် ပြန်ပြင်ရေးထားပါတယ်..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။