Pages

Monday, January 3, 2011

နောက်ဆုံးရ သတင်းအတိုအထွာများ....

ီိ သြဂုတ်လက မြင်တွေ့ရတဲ့ ကြပ်ပြေး နေပြည်တော်ရှိ ပါလီမာန် အဆောက်အဦး (AP)

ရန်ကုန်မြို့ရှိ သံရုံးအားလုံး မတ်လ နောက်ဆုံးထား၍ ကြပ်ပြေး နေပြည်တော် သို့ ပြောင်းရွှေ့ရမည်..
ရန်ကုန်မြို့မှာ ရှိတဲ့ သံရုံးများအားလုံး နေပြည်တော်သို့ လာမည့် မတ်လ နောက်ဆုံးထား၍ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အသိုင်းအဝိုင်းမှ သိရှိရပါတယ်..။ လက်ရှိပြောင်းရွှေ့ပြီးနေတဲ့ သံရုံးများထဲမှာ တရုတ်သံရုံးမှ အကြီးဆုံး။ မြေနေရာအကျယ်ဆုံးနဲ့ အကောင်းဆုံးနေရာမှာ ဆောက်လုပ်ထားကြောင်း သိရှိရပါတယ်.။

 တပ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူတော့မည်... ဓာတ်ပုံ (AP)
ယခုလ(၂၇)ရက်နေ့မှာ လွှတ်တော်စတင် ခေါ်ယူတော့မှာ ဖြစ်ပြီး အဆိုပါ လွှတ်တော်ခေါ်ယူပြီး အရပ်သား အစိုးရပုံစံ အသွင်ပြောင်းပြီးတဲ့ အခါမှာတော့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ  အနားယူမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ပြီး မည်သည့်ရာထူးနဲ့ ပြောင်းလဲတာဝန်ယူ ထမ်းဆောင်မယ်ဆိုတာတော့  ကိုတော့ မသိရှိရသေးပါဘူး။  လာမည့် မတ်လ(၂၇)ရက်နေ့ တော်လှန်ရေးနေ့မှာတော့ တပ်မတော်ရဲ့ အကြီးဆုံး ကာကွယ်ရေးဦးစီးချုပ်အဖြင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်မှ ပြောင်းလဲတာဝန်ယူ ထမ်းဆောင်မှာ ဖြစ်ကြောင်း သတင်းရရှိပါသည်..။

သတင်း.. ဒီမိုဝေယံ

2 comments:

  1. သူတို့ဆွေဇင်မျိုးဆက်ပဲတာဝန်ယူမှာပေါ့
    ကိုဖင်ကိုညောင်းကြီးကတော့ သူလုကိုထိုးပေးတော့ မယ်။
    ယူတဲ့လူကလည်းခေါ်င်းမရှိဘူး သူဘထွေးလုပ်ထားတဲ့ပြဿနာတွေနည်းတာမဟုတ်ဘူး
    နိုင်ငံတကာကိုပတ်လိမ်ထားတာတွေကော၊ ၉၀ ကိုစ္စကိုလည်းပြည်သူနဲ့ရှင်းရမှာတွေကော၊မတရားအာဏာသိမ်းတာတွေကော၊စစ်တပ်ဖြစ်ရဲ့သားနဲ့တန်းရားမပြန်ပဲ တန်ရားကိုဖာခန်းဖွင့်အမိန့်ရဖာခန်းကိုသူတို့ဆွေစဉ်းမျိုးဆက်ပြည်သူပေါ်ခြစားတာတွေကော ကြည့်ပါလား စစ်သားတဲ့ ဥပဓိ ရုပ်ကို က ကြက်သရေတုန်းတယ်။ စစ်သားဆိုတာယူနီဖောင်းဝတ်ရင်ခန့်သွားတယ်
    သူတို့ကတော့မဲပြောင်သွားတယ်

    ReplyDelete
  2. If the arm group is protect the people it is call Government.
    If the arm group is protect only for their member and family it is call Mifia.
    So you can decide what is the Thamataw.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။