ထုံးသင်္ကန်းခွာပြီး ရွှေသင်္ကန်းအတွက် အောက်ခံရွှေဆေးရေး သုတ်နေတဲ့ မြင်ကွင်း
ဓာတ်ပုံ http://www.chitkyiaye.com/
ပြီးခဲ့တဲ့ ဇန္နဝါရီလ (၃၁)ရက်နေ့က သမိုင်းဝင် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးအား တပ်ချုပ်ကြီးမှ ရွှေသင်္ကန်းကပ်လှူရန် စီစဉ်နေခြင်း.. ဆိုတဲ့ ပြည်တွင်းက ပေးပို့လာတဲ့ စာတစ်စောင်နဲ့ သတင်းတစ်ပုဒ် ရေးသားဖော်ပြခဲ့ပါတယ်..။ (ပြန်ဖတ်ချင်ရင် CLICK)
တစ်နေ့က ဘလော့(ဂ်)ဂါ ချစ်ကြည်အေး ဘလော့(ဂ်)မှာတင်ထားတဲ့ စစ်ကိုင်းကောင်းမှုတော် ဘုရားကြီး ဆိုတဲ့ ခေါင်းစဉ်နဲ့ သာလွန်မင်းတရားကြီး လက်ထက်က တည်ထားကိုးကွယ်ခဲ့တဲ့ နှစ်ပေါင်း ၃၇၅နှစ် ရှိနေပြီဖြစ်တဲ့ ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးအား ထုံးသင်္ကန်းအစား ရွှေသင်္ကန်းအစားထိုး ကပ်လှူဖို့ လုပ်ဆောင်နေတာကို ဓာတ်ပုံများနဲ့ တကွဖော်ပြထားပါတယ်..။ အောက်မှာ ဘလော့(ဂ်)ဂါ ချစ်ကြည်အေးရေးထားတဲ့ စစ်ကိုင်းကောင်းမှုတော် ဘုရားကြီး ပိုစ့်မှာတော့ .....

အားလုံးသိကြတဲ့ စစ်ကိုင်းက ကောင်းမှုတော်၊ အဲသည်ကောင်းမှုတော်ဘုရားကြီးကို မြန်မာ သက္ကရာဇ် ၉၉၈ ခုနှစ်က သာလွန်မင်းတရားကြီး ၁၂ နှစ်ကြာ အချိန်ယူ တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်အမြင့် ၁၈၈ ပေ၊ အောက်ခြေလုံးပတ် ပေ ၈၈၀ကျော် ရှိတယ်လို့ ဖတ်ဖူးပါတယ်။
စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးလို့ ဆိုလိုက်ရင် မျက်လုံးထဲမှာ စေတီလုံးပြည့် ထုံးသင်္ကန်း တဖွေးဖွေးနဲ့ မြင်ယောင်လာမိကြမှာပါပဲ။ ဒါကလည်း အစဉ်အဆက် ဘုရားကြီးရဲ့ ထုံးဖြူဖြူကလေးကိုပဲ ပင်ကိုယ် အသွေးအရောင်အဖြစ် မျက်လုံးထဲက မထွက်နိုင်အောင်၊ စွဲနေအောင် ဖူးလို့မဝ ဖြစ်ခဲ့ကြရတာမို့ပါ။
ခု အဲသည် ကောင်းမှုတော်ဘုရားကြီးကို လုံးတော်ပြည့် စတင် ရွှေချနေကြပါပြီ။ ကျမစိတ်ထဲတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ထုံးနဲ့ရွှေ ဘယ်သင်းက ပို တန်ကြေးရှိတယ်ဆိုတာတော့ သိပါရဲ့။ နို့ပေတဲ့ ခုဟာက စရစ်ဝိုင်းနဲ့ သနပ်ခါးအဖွေးသား တောကလုံမပျိုကို အိုမီဂါပုံညှပ်ပြီး မိတ်ကပ် အတင်းလူးပေးသလို ခံစားမှုမျိုးပါ။ ကျမနဲ့အတူ ပါလာတဲ့ အကိုတော်တယောက်က "ဒါကို အသေအချာ ဓါတ်ပုံရိုက်ထားနော် သမိုင်းတွင်မဲ့ အပြောင်းအလဲ ညည်းသိလား" လို့ ဆိုတာနဲ့ပဲ ကျမလည်း တဖျတ်ဖျတ် ရိုက်ခဲ့လိုက်ပါတော့တယ်။
အစအဆုံးဖတ်ချင်ရင် ချစ်ကြည်အေး
ရှေးမြန်မာမင်းများ လက်ထက်တွင် တိုင်းသူပြည်သားများအား ရင်ဝယ်သားလို အုပ်ချုပ် ခဲ့သည့် ဘုရင်များရှိခဲ့ကြသည်။ ထိုဘုရင်များထည်းတွင် သာလွန်မင်းသည် အလွန်းရှားပါး လှသည့် ဘုရင် တစ်ပါးဖြစ်သည်။ ဥပဒေ စည်းကမ်းနှင့် ပက်သတ်ပါက မိမိကိုယ် ကိုပင် အပြစ်ပေးသည့် ဘုရင် တစ်ပါးဖြစ်သည်။ ထိုကဲ့သို့ ဥပဒေနှင့်အညီ ဆုံမခဲ့သည့်သာဓကများ သည် မြန်မာသမိုင်းတွင် မှတ်တမ်းဝင်တစ်ခု အဖြစ်တည် ရှိလေသည်။ ထိုများထည်းမှ သာလွန်မင်းခေတ် ထင်ရှားသည့် ဥပဒေ မှတ်တမ်း ၃ ခုကို တင်ပြပါမည်။
ပထမထုံး
သာလွန်မင်းတရားကြီး တိုင်းခန်းလှည့်လည်စဉ်တွင် သူဆင်းရဲမုဆိုးမတစ်ယောက် ထမင်းရေ မြေကြီးပေါ်သို့ ငှဲ့နေသည်ကိုမြင်သဖြင့် သူဆင်းရဲမကိုခေါ်ကာ ပြောဆိုဆုံးမ သည်မှာ '' ဟ.သူဆင်းရဲမ နင်ငှဲ့နေတဲ့ ထမင်းရေကို ကလေးတွေကို တိုက်သော ထမင်း စာတဲ့ ဝေဒနာ ကလေးတွေမှာ သက်သာတာပေါ့၊ ကလေးတွေ သောက်လို့ ပိုတာကို ၀က်ကို ကျွေးသော ၀က်ဝ တာပေါ့ တန်ဖိုးရှိတဲ့ ထမင်းရေကို မနှမြောဘဲ မြေကြီးပေါ် သွန်ရလား '' ဟု ကရုဏာဒေါသထွက်ကာ ကြိမ်ဒဏ်ပေးလေသည်။ ကြိမ်ဒဏ်ခံရပြီး သော်ကာ သူဆင်းရဲမကို ငွေ ၁၀၀ စွန့်ကြဲလေသည်။ ထိုသည်ကိုကြည့်လျှင် တန်ဖိုးရှိတာကို အလဟဿ သုံးပါက အပြစ်ပေးတတ်သလို သူဆင်းရဲများအပေါ်တွင် ကရုဏာစိတ်ဖြင့် ငွေချီးမြှင့်တတ်သည်ကို တပြိုင်နက်တွေ့ မြင်ရပါသည်။
ဒုတိယထုံး
တနေ့သော နိုင်ငံခြားမှ လာသော ပိုးထည်များကို ဘုရင်မင်းမြတ်အား ဆက်သရာ ပိုးထည်များ၏ အဆင်လှသဖြင့် တစ်ဦးတည်းသော သမီးတော်ကို ၀တ်ဖို့ ပေးလေသည်။ သမီးတော်လည်း ပိုးထည်ကို ချုပ်ကာ ဘုရင်မင်းမြတ်ထံဝင်ရောက်ခစားလေသည်။ ထိုသို့ ခစားရာမှ နန်းတော်တိုင်ကို မှီ၍ ထိုင်နေသည်ကို သာလွန်မင်းကြီး တွေ့သော် " ဟယ် သမီးမိုက် ပြည်သူ့ ဥစ္စာကို တန်ဖိုးထား ၀တ်ရကောင်းမှန်းမသိဘူး ပစ္စည်းကောင်း နင်နဲ့မတန်ဘူး " ဟု စိတ်ဆိုး၍ ပြောဆို ဆုံးမပြီ သမီးတော်နှင့် ၃ ရက် စကားမပြောဘဲ နေလေသည်။ ထိုသည်ကိုကြည့်ပါက ပြည်သူ့ဥစ္စာကို တန်ဖိုးမထားတတ်ပါက တစ်ဦးတည်းသော သမီးတော်ကိုပင် ပြောဆို ဆုံးမတတ်သည်ကို တွေ့ ရသည်။
တတိယထုံး
ထိုထုံးကို ဖတ်ကြည့်ပါက အလွန်လေးစားဖို့ ကောင်းသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာမင်းတို့၏ လွှတ်တော်တွင် ကြမ်းခင်းများ၌ ကွမ်းထွေးပေါက်များ ရှိလေသည်။ လွှတ်တော်ကို တက်ရောက်လာသော မူးမတ်များသည် ကွမ်းစားပြီ လက်ညှိုးတွင် ပေနေသည့် ထုံးကို လွှတ်တော်တိုင်များတွင် သုတ်ထားခဲ့လေသည်။ ထိုသို့ သုတ်ကြ သဖြင့် လွှတ်တော်တိုင်များ ညစ်ပတ်နေသည်ကို တွေ့ကာ သံတော်ဆင့်များကို ခေါ်၍ " လွှတ်တော်တိုင်တွင် ထုံးသုတ်ပါက လက်ညှိုးဖြတ်မည်" အမိန့်ထုတ်လေသည်။ တစ်နေ့ လွှတ်တော်တိုင်တွင် ထုံးချစ်ရာတွေ့ရာ သံတော်ဆင့်အမတ်ကို ခေါ်၍ မေးရာ အရှင်မင်းကြီး သုတ်တာပါဟု အမတ်လည်း ကြောက်ကြောက်နှင့် ဖြေလေသည် မင်းကြီးလည်း မှတ်တမ်းကို သေခြာ စစ်ဆေးကြည့်ရာ သူမေ့ပြီ သုတ်မိသည်ကို တွေ့လေ သည်။ သန်လျှက်ကို ထုတ်၍ မိမိ လက်ညှိုးကို ဖြတ်လိုက်လေသည်။ မူးမတ်များ ၀ိုင်းတား ကြသောလည်း မရဘဲ လက်ညှိုးပြတ်သွားတော့သည်။ ပြတ်နေသည့် လက်ကို နန်းတွင် သမားတော်မှ ဆေးစည်းပေနေစဉ် ဘုရင်မင်းတရားကြီးမှ မူးမတ်များကို သူ့လက်ညှိုး ဖြတ်ရခြင်းအကြောင်း ရှင်းပြလေတော့သည်။ ထိုအမိန့်သည် မိမိထုတ်ထားသည်မှာ မှန်ပါသည် ထိုအမိန့်ကို မိမိကတော့ မလိုက်နာဘဲ အခြားသူများကိုသာ အရေးယူမည် ဆိုပါက ပညာရှိ သူတော်ကောင်းတို့၏ ကဲ့ရဲ့ ခြင်းကို ခံရပေမည် ထို့အတွက်ကြောင့် မိမိ၏ အမိန့်ကို မိမိကိုယ်တိုင် လိုက်နာကြောင်း အများသူများသိစေရန် လုပ်ရခြင်း ဖြစ်သည် ဟု ရှင်းပြလေသည်။
ထိုသည်ကို ကြည့်ပါက သာလွန်မင်းသည် တိုင်းပြည်အုပ်ချုပ်ရာတွင် ကျောသား၊ ရင်သား မခွဲခြားဘဲ တတန်းစားတည်း အုပ်ချုပ်သည်ကို တွေ့ မြင်ရမည်ဖြစ်သည်။
အလင်းစေတမန်
တတိယထုံးနဲ့ ပတ်သတ်ပြီး ရခိုင်ဘုရင် မင်းထီး လို့ဆိုပါတယ်.. (အခုခေတ် လွှတ်တော် အခြေအနေလေးနဲ့ နှိုင်းယှဉ်နိုင်အောင် တင်ပြလိုက်ပါတယ်..)
သာလွန်မင်းတရားကြီးရဲ့ သမီးတော်အပေါ် ဆက်ဆံပုံနဲ့ လွှတ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဟာ ယနေ့ မျက်မှောက်ခေတ် လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ဆီနဲ့ရေလို ကွာခြားလှပါတယ်..။ ထို့အတူ တစ်ချို့သော သတင်းတွေမှာပါတဲ့ သာလွန်မင်းတရားကြီး ဝင်စားတယ် ဆိုပြီး မိမိကိုယ်ကိုယ် အမွှန်းတင် ပြောဆိုနေတဲ့ နိုင်ငံခေါင်းဆောင်ဆိုသူနဲ့ နှိုင်းယှဉ် ကြည့်စေချင်ပါတယ်..။ ဘာပဲပြောပြော ခုလိုအခြေအနေမှာ ကွယ်လွန်သူ ဆရာကြီး ဒေါက်တာသန်းထွန်းကိုပဲ သတိယ အောက်မေ့မိပါတယ်..။ ဆရာကြီးသာ ရှိနေရင်တော့ ဆိုပြီး....
နေရာတကာမှာ အဆိုးမြင်ဝါဒနဲ့ ကြည့်ရှုပြောဆို နေတာတော့ မဟုတ်ပါဘူး.. သမိုင်းပညာရှင်များရဲ့ အကြံဥာဏ်နဲ့ ပြည်သူတွေရဲ့ ဆန္ဒအချို့ကိုလည်း ရယူသင့်ပါတယ်..။ ထိန်းသိမ်းရာ ရောက်နေလား ဖျက်ဆီးရာ ရောက်နေလား ဆိုတာပါပဲ..။ ကျွန်တော်တို့ မြန်မာပြည်သူတွေအားလုံးပိုင်တဲ့ သမိုင်းဝင်အမွေအနှစ်တွေပါ.. တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းအမွေအနှစ်တွေ မဟုတ်ပါဘူး.. ။ သမိုင်းကို ဖျောက်ဖျက်လို့လည်းမရ လုပ်ကြံရေးသားလို့လည်း မရပါဘူး..။ တစ်နေ့သမိုင်းကပေးတဲ့ နာမည်ဆိုးနဲ့ ကျန်ခဲ့မယ့် အပြစ်ဒဏ်ကိုတော့ ပြုလုပ်သူသာ သမိုင်းတွင် ကျန်ရစ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်..။
အစအဆုံးဖတ်ချင်ရင် ချစ်ကြည်အေး
သာလွန်မင်းတရားကြီး ဆိုတာကတော့ မြန်မာ့သမိုင်းမှာ လေးစားရလောက်တဲ့ ဘုရင်တစ်ပါးပါ..။ အဆိုပါ မင်းလက်ထက်မှာ တိုင်းပြည်ကို မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်ပြီး တိုင်းပြည်ဟာလည်း သာယာဝပြောခဲ့ပါတယ်...။
ဓာတ်ပုံ http://www.chitkyiaye.com/
သာလွန်မင်းတရားကြီးအကြောင်း အလင်းစေတမန်မှာ ဖော်ပြထားတဲ့ သူလိုဘုရင်.. ခေါင်းစဉ်နဲ့ တင်ထားတဲ့ ပိုစ့်မှာကတော့..ရှေးမြန်မာမင်းများ လက်ထက်တွင် တိုင်းသူပြည်သားများအား ရင်ဝယ်သားလို အုပ်ချုပ် ခဲ့သည့် ဘုရင်များရှိခဲ့ကြသည်။ ထိုဘုရင်များထည်းတွင် သာလွန်မင်းသည် အလွန်းရှားပါး လှသည့် ဘုရင် တစ်ပါးဖြစ်သည်။ ဥပဒေ စည်းကမ်းနှင့် ပက်သတ်ပါက မိမိကိုယ် ကိုပင် အပြစ်ပေးသည့် ဘုရင် တစ်ပါးဖြစ်သည်။ ထိုကဲ့သို့ ဥပဒေနှင့်အညီ ဆုံမခဲ့သည့်သာဓကများ သည် မြန်မာသမိုင်းတွင် မှတ်တမ်းဝင်တစ်ခု အဖြစ်တည် ရှိလေသည်။ ထိုများထည်းမှ သာလွန်မင်းခေတ် ထင်ရှားသည့် ဥပဒေ မှတ်တမ်း ၃ ခုကို တင်ပြပါမည်။
ပထမထုံး
သာလွန်မင်းတရားကြီး တိုင်းခန်းလှည့်လည်စဉ်တွင် သူဆင်းရဲမုဆိုးမတစ်ယောက် ထမင်းရေ မြေကြီးပေါ်သို့ ငှဲ့နေသည်ကိုမြင်သဖြင့် သူဆင်းရဲမကိုခေါ်ကာ ပြောဆိုဆုံးမ သည်မှာ '' ဟ.သူဆင်းရဲမ နင်ငှဲ့နေတဲ့ ထမင်းရေကို ကလေးတွေကို တိုက်သော ထမင်း စာတဲ့ ဝေဒနာ ကလေးတွေမှာ သက်သာတာပေါ့၊ ကလေးတွေ သောက်လို့ ပိုတာကို ၀က်ကို ကျွေးသော ၀က်ဝ တာပေါ့ တန်ဖိုးရှိတဲ့ ထမင်းရေကို မနှမြောဘဲ မြေကြီးပေါ် သွန်ရလား '' ဟု ကရုဏာဒေါသထွက်ကာ ကြိမ်ဒဏ်ပေးလေသည်။ ကြိမ်ဒဏ်ခံရပြီး သော်ကာ သူဆင်းရဲမကို ငွေ ၁၀၀ စွန့်ကြဲလေသည်။ ထိုသည်ကိုကြည့်လျှင် တန်ဖိုးရှိတာကို အလဟဿ သုံးပါက အပြစ်ပေးတတ်သလို သူဆင်းရဲများအပေါ်တွင် ကရုဏာစိတ်ဖြင့် ငွေချီးမြှင့်တတ်သည်ကို တပြိုင်နက်တွေ့ မြင်ရပါသည်။
ဒုတိယထုံး
တနေ့သော နိုင်ငံခြားမှ လာသော ပိုးထည်များကို ဘုရင်မင်းမြတ်အား ဆက်သရာ ပိုးထည်များ၏ အဆင်လှသဖြင့် တစ်ဦးတည်းသော သမီးတော်ကို ၀တ်ဖို့ ပေးလေသည်။ သမီးတော်လည်း ပိုးထည်ကို ချုပ်ကာ ဘုရင်မင်းမြတ်ထံဝင်ရောက်ခစားလေသည်။ ထိုသို့ ခစားရာမှ နန်းတော်တိုင်ကို မှီ၍ ထိုင်နေသည်ကို သာလွန်မင်းကြီး တွေ့သော် " ဟယ် သမီးမိုက် ပြည်သူ့ ဥစ္စာကို တန်ဖိုးထား ၀တ်ရကောင်းမှန်းမသိဘူး ပစ္စည်းကောင်း နင်နဲ့မတန်ဘူး " ဟု စိတ်ဆိုး၍ ပြောဆို ဆုံးမပြီ သမီးတော်နှင့် ၃ ရက် စကားမပြောဘဲ နေလေသည်။ ထိုသည်ကိုကြည့်ပါက ပြည်သူ့ဥစ္စာကို တန်ဖိုးမထားတတ်ပါက တစ်ဦးတည်းသော သမီးတော်ကိုပင် ပြောဆို ဆုံးမတတ်သည်ကို တွေ့ ရသည်။
တတိယထုံး
ထိုထုံးကို ဖတ်ကြည့်ပါက အလွန်လေးစားဖို့ ကောင်းသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာမင်းတို့၏ လွှတ်တော်တွင် ကြမ်းခင်းများ၌ ကွမ်းထွေးပေါက်များ ရှိလေသည်။ လွှတ်တော်ကို တက်ရောက်လာသော မူးမတ်များသည် ကွမ်းစားပြီ လက်ညှိုးတွင် ပေနေသည့် ထုံးကို လွှတ်တော်တိုင်များတွင် သုတ်ထားခဲ့လေသည်။ ထိုသို့ သုတ်ကြ သဖြင့် လွှတ်တော်တိုင်များ ညစ်ပတ်နေသည်ကို တွေ့ကာ သံတော်ဆင့်များကို ခေါ်၍ " လွှတ်တော်တိုင်တွင် ထုံးသုတ်ပါက လက်ညှိုးဖြတ်မည်" အမိန့်ထုတ်လေသည်။ တစ်နေ့ လွှတ်တော်တိုင်တွင် ထုံးချစ်ရာတွေ့ရာ သံတော်ဆင့်အမတ်ကို ခေါ်၍ မေးရာ အရှင်မင်းကြီး သုတ်တာပါဟု အမတ်လည်း ကြောက်ကြောက်နှင့် ဖြေလေသည် မင်းကြီးလည်း မှတ်တမ်းကို သေခြာ စစ်ဆေးကြည့်ရာ သူမေ့ပြီ သုတ်မိသည်ကို တွေ့လေ သည်။ သန်လျှက်ကို ထုတ်၍ မိမိ လက်ညှိုးကို ဖြတ်လိုက်လေသည်။ မူးမတ်များ ၀ိုင်းတား ကြသောလည်း မရဘဲ လက်ညှိုးပြတ်သွားတော့သည်။ ပြတ်နေသည့် လက်ကို နန်းတွင် သမားတော်မှ ဆေးစည်းပေနေစဉ် ဘုရင်မင်းတရားကြီးမှ မူးမတ်များကို သူ့လက်ညှိုး ဖြတ်ရခြင်းအကြောင်း ရှင်းပြလေတော့သည်။ ထိုအမိန့်သည် မိမိထုတ်ထားသည်မှာ မှန်ပါသည် ထိုအမိန့်ကို မိမိကတော့ မလိုက်နာဘဲ အခြားသူများကိုသာ အရေးယူမည် ဆိုပါက ပညာရှိ သူတော်ကောင်းတို့၏ ကဲ့ရဲ့ ခြင်းကို ခံရပေမည် ထို့အတွက်ကြောင့် မိမိ၏ အမိန့်ကို မိမိကိုယ်တိုင် လိုက်နာကြောင်း အများသူများသိစေရန် လုပ်ရခြင်း ဖြစ်သည် ဟု ရှင်းပြလေသည်။
ထိုသည်ကို ကြည့်ပါက သာလွန်မင်းသည် တိုင်းပြည်အုပ်ချုပ်ရာတွင် ကျောသား၊ ရင်သား မခွဲခြားဘဲ တတန်းစားတည်း အုပ်ချုပ်သည်ကို တွေ့ မြင်ရမည်ဖြစ်သည်။
အလင်းစေတမန်
တတိယထုံးနဲ့ ပတ်သတ်ပြီး ရခိုင်ဘုရင် မင်းထီး လို့ဆိုပါတယ်.. (အခုခေတ် လွှတ်တော် အခြေအနေလေးနဲ့ နှိုင်းယှဉ်နိုင်အောင် တင်ပြလိုက်ပါတယ်..)
သာလွန်မင်းတရားကြီးရဲ့ သမီးတော်အပေါ် ဆက်ဆံပုံနဲ့ လွှတ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေဟာ ယနေ့ မျက်မှောက်ခေတ် လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ဆီနဲ့ရေလို ကွာခြားလှပါတယ်..။ ထို့အတူ တစ်ချို့သော သတင်းတွေမှာပါတဲ့ သာလွန်မင်းတရားကြီး ဝင်စားတယ် ဆိုပြီး မိမိကိုယ်ကိုယ် အမွှန်းတင် ပြောဆိုနေတဲ့ နိုင်ငံခေါင်းဆောင်ဆိုသူနဲ့ နှိုင်းယှဉ် ကြည့်စေချင်ပါတယ်..။ ဘာပဲပြောပြော ခုလိုအခြေအနေမှာ ကွယ်လွန်သူ ဆရာကြီး ဒေါက်တာသန်းထွန်းကိုပဲ သတိယ အောက်မေ့မိပါတယ်..။ ဆရာကြီးသာ ရှိနေရင်တော့ ဆိုပြီး....
နေရာတကာမှာ အဆိုးမြင်ဝါဒနဲ့ ကြည့်ရှုပြောဆို နေတာတော့ မဟုတ်ပါဘူး.. သမိုင်းပညာရှင်များရဲ့ အကြံဥာဏ်နဲ့ ပြည်သူတွေရဲ့ ဆန္ဒအချို့ကိုလည်း ရယူသင့်ပါတယ်..။ ထိန်းသိမ်းရာ ရောက်နေလား ဖျက်ဆီးရာ ရောက်နေလား ဆိုတာပါပဲ..။ ကျွန်တော်တို့ မြန်မာပြည်သူတွေအားလုံးပိုင်တဲ့ သမိုင်းဝင်အမွေအနှစ်တွေပါ.. တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းအမွေအနှစ်တွေ မဟုတ်ပါဘူး.. ။ သမိုင်းကို ဖျောက်ဖျက်လို့လည်းမရ လုပ်ကြံရေးသားလို့လည်း မရပါဘူး..။ တစ်နေ့သမိုင်းကပေးတဲ့ နာမည်ဆိုးနဲ့ ကျန်ခဲ့မယ့် အပြစ်ဒဏ်ကိုတော့ ပြုလုပ်သူသာ သမိုင်းတွင် ကျန်ရစ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်..။
အရင်တုန်းက ထုံးသင်္ကန်းပဲ ကပ်လှူတယ်ဆိုတာက ရွှေသင်္ကန်းမကပ်နိုင်လို့ပါ။အစဉ်လာအရ ထုံးသင်္ကန်းကပ်တာမဟုတ်ပါဘူး။အဲဒီ ဘုရားမှာနေနေတဲ့ ဦးဇင်းကိုယ်တိုင်ပြောတာပါ။လူကြီးတွေရောက်လာမှ ရွှေသင်္ကန်းကပ်လှူကြလို့ ဦးဇင်းအနေနဲ့ ပိုတောင် သဘောကျ နှစ်ခြိုက်နေတာပါ။မြန်မာပြည်တစ်ဝှမ်း စေတီတွေအားလုံးမှာ ရွှေရောင်တွေလွှမ်းနေချိန်မှာ ဒီဘုရားစေတီမှာ ထုံးသင်္ကန်းပဲလုပ်နေရတဲ့အတွက် စိတ်မသက်သာရာ ရခဲ့ရတယ်။အခုတော့ ရွှေသင်္ကန်းကပ်နိုင်လို့ ပိုမိုကြည်ညိုဖွယ်ကောင်းသော စေတီဘုရားအဖြစ် သပ္ပါယ်သွားတာ အမှန်ပါပဲ။
ReplyDeleteသြော်ဟုတ်မှာပေါ့ သာလွန်မင်းထက်သာအောင် သာလွန်မင်း မကပ်နိုင်တဲ့ ရွှေသင်္ကန်းကို သာလွန်ဖျင်း လက်ထက်မှာ ကပ်တာပေါ့.. အင်းပုဂံကဘုရားတွေလည်း ကပ်ပေါ့.. ရွှေသင်္ကန်းကပ်နိုင်လို့ ပိုမိုကြည်ညိုဖွယ်ကောင်းသော စေတီဘုရားတွေ ဖြစ်သွားအောင် ပြည်သူတွေနဲ့ နိုင်ငံတကာက ဘာပြောမလဲလို့...
ReplyDeleteပုဂံ ရှေးဟောင်းသမိုင်း ကတော့ငိုခဲ့ရပြီ...ကမ္ဘာ့ ရှေးဟောင်းအမွေဖြစ်မဲ့အရာအားလုံး ငိုကြရပေအုံးတော့မည်...
ReplyDeleteခေတ်သစ် စတုတ္ထထုံးကတော့ ခေတ်သစ် သာလွန်ဖျင်း မင်းတရားကြီးရဲ့ ထုံးကိုဖျက်ပြီ ရွှေပြောင်းတာပါပဲ.. အဆိုပါ လောလောဆယ် ရွှေဆေးတင်တာတင် သိန်း ၂၀၀၀ကုန်ပါတယ် လို့ မြန်မာတိုမ်းမှာ ဆိုပါတယ်။ ရွှေသင်္ကန်းဆိုရင်တော့ အခုထက်ပိုကုန်ကျမှာပါ.. ထုထည်ကြီးမားလှတာကိုး နောက်နှစ်စဉ် ရွှေကို ချေးချွတ်မွမ်းမံရပါမယ်.. မဟုတ်ရင် အရောင်ပြောင်း မဲနက်သွားပါလိမ့်မယ်...။ တပ်ချုပ်ကြီးရဲ့ ညွန်ကြားချက်တဲ့ မြန်မာပြည်ရဲ့ ပညာရေး ကျန်းမာရေးကတော့..??? ပြင်ဆင်ခြင်းနဲ့ မွမ်းမံထိန်းသိမ်းခြင်း ကွာခြားချက်တွေပါ... နိုင်ငံတကာက မွမ်းမံထိန်းသိမ်းထားတဲ့ ရှေးဟောင်းအနုပညာ လက်ရာတွေ လေ့လာကြည့်ကြပါ...
ReplyDeleteအ၇ူးသန်းရွှေမြန်မြန်သေမှအေးမယ်။အ၇ူးအ၇ူးနဲ.အိမ်ဦးမှာချီးပါ။အ၇ူးဘုံမြောက် ချီးခြောက်ကောက်စားဆိုတာဒါမျိုးပေါ.။
ReplyDeleteဝေယံ ရေ...
ReplyDeleteနန်းတော် တိုင်ကို ထုံးသုတ်မိလို. ကိုယ်လက်ညှိုး ကိုယ် ဖြတ်လိုက်တာ သာလွန်မင်း မဟုတ်ပါဘူး၊ တရားစောင်.သော
ရခိုင်ဘုရင် မင်းထီးပါ။ ငယ်ငယ်က သမိုင်းမှာ သင်ရလို.မှတ်မိနေတာပါ။
အမှတ်မှား မှာစိုးလို.ပါ။
မေတ္တာဖြင်.
မြန်မာပြည်ရဲ့ ပညာရေး အေ၇ှ့တောင်အာရှတွင် ဘိတ်ချီး..
ReplyDeleteဘာမှ မ၇ှိခဲ့တဲ့ ဗီယက်နမ် လာအို ကမ္ဘောဒီးယား အများကြီးသာထွက်သွားပီ
ကျန်းမာရေး ခေတ်မှီဆေးဝါး တွေ ခေတ်မှီစက်ကြီးတွေ လာမပြောနဲ့ 
ရေ ကောင်းရေသန့်မရရှိခြင်း ရေနှုတ်မြောင်း စတဲ့ အခြေခံကိစ္စတွေတောင်မလုပ်ပေးနိုင်တယ် သရက်သီးပေါ်ချိန် မိုးဦးစ ဆိုရင်များဆေးရုံတွေ မှာ ၀မ်းလျှောနဲ့ သွေးလွန်တုန်ကွေး ကုတင်တောင်မလောက်ဘူး
စိုက်ပျိုးရေး နိုင်ငံတဲ့ အေ၇ှ့တောင်အာရှ မှာ စိုက်ပျိုးရေး % ကတော့မြင့်နေတုန်းပါပဲ။ စက်မှု့ မဖွံဖြိုးလို့ တဲ့ သဘောပဲ.. ကဲဒါဆို မြန်မာပြည်က စားပင်သီးနှံတွေ ပေါများနေတယ်ပေါ့ အဟတ်ဟတ်
ဘုရားပန်းတောင် တရုတ်ကနေပြန်သွင်းနေရတယ် ပန်းသီးဆိုတာတော့ပြောမနေနဲ့...
သူတို့ ဝတ်တဲ့ ပိုးထည်တွေပဲကြည့် မြန်မာပြည်က ပိုးထည်လား တရုတ်က၀င်လာတဲ့ ပိုးချည်မျှင်လားလို့ 
ဒါတို့ တိုင်း တို့ ပြည် တို့ မြန်မာပြည် ....
ဗိုလ်ချုပ်တွေက သဌေးဖြစ်နေသည်.။
စစ်သားထွက်တွေက ခွက်လက်စွဲ..တစ်ချို့ က စာအုပ်လည်ရောင်းနေသည်.....
ချော
မှတ်ချက် ဘလော့တွင် မှတ်ချက်ရေးရန် အဆင့်ဆင့်လုပ်နေရတာမိုက်ဘူး
ပြည်တွင်းက နက်မကောင်းတဲ့ အချိန်ဆို အတော်ကို စိတ်မရှည်ဘူး
ဟုတ်ကဲ့ ကိုရဲဇော် အလင်းစေတမာန်မှာ ရေးထားတာလေးမျှလိုက်တာပါ.. ကျေးဇူးတင်ပါတယ်..
ReplyDeleteဒီမိုဝေယံ
မောတယ် မောတယ်.. ဖတ်ရတာကိုက ရင်မောတယ်.. ကိုကိုဝေယံရေ...
ReplyDeleteဘာပြောရမှန်းကို မသိလို့ ဘာမှကိုမပြောတော့ပါဘူ... လေရှည်တတ်တော့ နည်းနည်းပြောကြည့်ဦးမယ်...
အဲဒီရွှေသင်္ကန်းလား ခေါက်ခံရွှေဆေးရေးလား ကပ်တဲ့ ကုန်ကျငွေ...ဘယ်လောက် သိန်းနှစ်ထောင် ဟုတ်စ... အဲဒါတွေကို တစ်ခြား ဒါထက်အကျိုးရှိရာမှာ သုံးရင်ရော.. ဥပမာ... ကျန်းမာရေးချို့တဲ့သူ၊ ပညာရေး ချို့တဲ့သူ.. ရပ်ရွာဖွံ့ဖြိုးရေးတို့ပေါ့... ဒီလိုပြောလို့ မိစ္ဆာလား မထင်လိုက်နဲ့... လည်ပေါ် ဓါးတင်တောင် သရဏဂုံ အပျက်မခံဘူး။ ပြောချင်တာက ခပ်ကြောင်ကြောင်လူအများရဲ့ လုပ်ကွက်တွေအတိုင်း ပြည့်တဲ့နေရာ ထပ်ဖြည့်နေတာတွေ... ရွှေမရှိလဲ ပူဇော်မှာပဲ.. စေတီဆိုတာလဲ ဘုရားအစစ်မှ မဟုတ်ပဲ... ကိုယ်တွေကသာ သဒ္ဓါကြောင့် မြတ်စွာဘုရားကို ရည်မှန်း ပူဇော် နေတာလေ၊ ဆိုတော့ကာ သမိုင်းအမွေလဲ မပျောက်၊ ကုန်ကျငွေလဲ အကျိုးရှိအောင် တစ်မျိုးဖြစ်စေချင်တာပါ... ဒါပေမယ့်လဲ ကိုယ်ပြောတော့ ဘယ်သူက ဘာလိုက်လုပ်မှာမို့လဲ..တော်ပြီ ဖတ်ပြီး အေးအေးပြန်တာပဲ ကောင်းတယ်.. ဘာမှမပြောတော့ဘူး။