Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ ခေါ်ဆောင်လာစဉ်..
ရဲအုပ်က တစ်ရာ၊ နှစ်ရာ Mr.Dunkley ကတစ်ယောက်တည်း..
တရားခံ Mr.Ross Dunkley ၏ရှေ့နေ ဦးမင်းစိန်
တရားလို မခိုင်ဇာ
အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley
အစွယ်ကိုလိုသူ ကျော်ဆန်း အသွားစေခိုင်းသူ တင်ထွန်းဦး ကံကွက်ကြားသူက Mr.Dunkley
ယနေ့ ၂၄ရက်နေ့ မနက် ၉း၀၀ အချိန်၌ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းမပေါ်ရှိ၊ ကမာရွတ်မြို့နယ် တရားရုံးသို့ ညှဉ်းပမ်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါး ကိုင်ဆောင်သုံးစွဲမှု၊ နယ်စပ်ဖြတ်ကျော် (လ၀က) အက်ဥပဒေများနဲ့ တရားစွဲဆိုခြင်းခံ ထားရတဲ့ ယခင်မြန်မာတိုင်းမ်ဂျာနယ်မှ (CEO)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား စွဲချက်တင်အမှု စစ်ဆေးရန်အတွက် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်မှ ရုံးထုတ်ခေါ်ဆောင်ခဲ့ပါသည်။ Mr.Ross Dunkley အား ရဲလုံခြုံရေး များမှ လက်ထိပ်ခတ် ခေါ်ဆောင် လာပြီးနောက် တရားရုံးထုတ် တရားခံများထားရှိရာ တရားရုံး အချုပ်ခန်းတွင်းသို့ ထည့်သွင်း ချုပ်နှောင်ထားခဲ့ပါသည်။ အဲ့ဒီ့နောက်နေ့လည် ၁၂း၁၅ မိနစ်အချိန်ခန့်တွင် Mr.Ross Dunkley ကိုအချုပ်ဆောင် မှ ထုတ်ယူခေါ်ဆောင်ပြီး ကမာရွတ်မြို့နယ် အထူးတရားရုံးခန်းတွင် မြို့နယ်တရားသူကြီး (အမည်မဖော်ပြ)မှ စတင်စစ်ဆေး မေးမြန်းပါသည်။
တရားသူကြီးမှ စစ်ဆေးနေစဉ်အတွင်း တရားရုံးခန်း အနီးအနားတွင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာတိုင်းမ်ဂျာနယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ကြားနာကြပါသည်။ သတင်းထောက်များနှင့် လာရောက် ကြည့်ရှု ကြားနာသူများအား တရားရုံးခန်းအတွင်းသို့ ၀င်ရောက်ခွင့် မပြုသည့်အပြင် ဓါတ်ပုံကင်မရာ၊ အသံဖမ်းစက်၊ မိုဘိုင်းဖုန်းများ ကိုင်ဆောင်ဝင်ရောက် လာသူများအား ကြားနာ ကြည့်ရှုခွင့်မပြုခဲ့ပါ။ တရားခွင်ကို၂ နာရီခန့် ကြားနာစစ်ဆေးခဲ့တယ်လို့ သိရှိရပါသည်။
တရားလို ဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) မှ တရားခွင်သို့ လာရောက် စစ်ဆေးခံခဲ့ပါတယ်။ ၄င်းတရားလိုဖြစ်သော မခိုင်ဇာ(နေရပ်လိပ်စာအတိအကျမသိ) တွင် လေးလခန့်ရှိသော ကိုယ်ဝန်ကို လွယ်ထားရပြီး၊ ၄င်းနှင့်အတူသူမ၏ အမျိုးသား ဖြစ်သူဟုဆိုသော လူငယ်တစ်ဦးပါ အတူပါရှိခဲ့ပါသည်။ တရားလို ၊ တရားခံ နှစ်ဦးနှစ်ဘက်အား မြို့နယ်တရားသူကြီးမှ အမှုကို ကြားနာစစ်ဆေးပြီးနောက် ယခင်မြန်မာတိုင်းဂျာနယ်မှ(CEO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Ross Dunkley အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅ / ၃၄၂ / ၃၅၄ / ၁၃(က) အရ စွဲချက် တင်လိုက်သည်ဟု သိရှိရပါသည်။ တရားသူကြီးမင်းမှ အမှုကို လက်ခံ စစ်ဆေးကြားနာ၊ စွဲချက်တင်ပြီးနောက် အမှုရုံးချိန်းကို ၂၀၁၁၊ မတ်လ(၃)ရက် နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရှိရပါသည်။ ထို့နောက် Mr.Ross Dunkley အားညနေ ၄ နာရီအချိန်ခန့်တွင် ရဲအချုပ်ကားဖြင့် ရန်ကုန်၊ အင်းစိန်ထောင်ကြီးချုပ်သို့ ပြန်လည် ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

သတင်း ဓာတ်ပုံ၊ ဒီမိုဝေယံ

you know that your post is better than the other medias. Thank you very much for your effort.
ReplyDeleteDunkley ကသတင်းသမားလေ
ReplyDeleteသူကိုယ်တိုင် မြန်မာပြည်ရဲ့ထောင် အနေအထားကိုတော့ တိတိကျကျ သိသွားမှာပဲ.. မြန်မာ့စနစ်ကိုပိုလို သိသွားတဲ့အခါ နောက် ၆နှစ်ကြာရင် သူကိုယ်တိုင်ရေးတဲ့ မြန်မာ့ထောင်ဆိုတဲ့ စာအုပ်ထွက်မလာဘူးလို့ မပြောနိုင်ဘူး .
ဒီကိစ္စမှာ အားလုံးဘက်မလိုက် ပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ကြပါစေ
အမှန်တကယ်နှစ်နာတဲ့သူ လိမ်လည်သူ အကျင့်ယုတ်သူ မိုက်ရိုင်းသူ
တို့ ပြည်ကြီးမှာ ဥပဒေဟာ ...
ခက်တယ်...
She is Ma khine Zar? pregnant?
ReplyDeleteသူ့ ကိုယ်ဝန်က လေးလမကတော့ပါဘူး။ နောက်ပြီး အဲဒီလောက် ဗိုက်ပူကြီးနဲ့  သူက ဘာဖြစ်လို့  ဒီအလုပ်ကို လုပ်နေရသေးတာလဲ။ မညှာမတာ ပြောတယ်လို့  မမြင်စေချင်ပါဘူး၊ ဒါပေမယ့်လည်း ...။
ReplyDelete