Pages

Tuesday, March 8, 2011

စနေနေ့က မြန်မာလေတပ် လေယာဉ်မှုး(၂)ဦး သေဆုံးခဲ့ရတဲ့ An-148 လေယာဉ်ပျက်ကျမှု Technicalပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆို.. (သတင်း၊ ရုပ်သံ၊ ဓာတ်ပုံ)

BBC Russia မှထပ်မံထုတ်လွှင့်သွားတဲ့ လေယာဉ်ပျက်ကျမှု သတင်း (ရုပ်သံ)
ပြည်တွင်းမှ စာဖတ်ပရိသတ်များ ရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် 

ပြီးခဲ့တဲ့ စနေ့နေ့ မနက်ပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ တောင်ဘက် မိုင် ၃၅၀အကွာ Belgorodဒေသမှာ ပျက်ကျခဲ့တဲ့ An-148အမျိုးအစား လေယာဉ် ပျက်ကျမှုဟာ  Technicalပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများမှ ယနေ့ ကောက်ချက်ချ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်..။ 

ပြီးခဲ့တဲ့ စနေ့နေ့က မြန်မာ လေတပ် လေယာဉ်မှုး(၂)ဦး အပါအဝင် လူ(၆)ဦး သေဆုံးခဲ့ရတဲ့ ပျက်ကျခဲ့တဲ့ လေယာဉ်ပျံသန်းမှု ဆိုင်ရာအသေးစိတ် အချက်အလက်များကို မှတ်တမ်းတင်ပေးထားတဲ့ Black Box ၃ခုအား မော်စကိုမြို့တော်ရှိ အထူးဓာတ်ခွဲခန်းသို့ မနေ့က ပို့ဆောင် စစ်ဆေးခဲ့ပြီး ဒီကနေ့မှာတော့ technical fault ကြောင့်ဖြစ်ကြောင်း ယနေ့ကျွမ်းကျင်သူများမှ ကောက်ချက်ချ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်..။

အဆိုပါ An-148 ပျက်ကျစဉ်မှာ တွေ့မြင်လိုက်ရတဲ့ အနီးပတ်ဝန်းကျင်မှ မျက်မြင်သက်သေများရဲ့ ပြောဆိုချက်အရ လေယာဉ်ဟာ ပျက်မကျခင်မှာ အပိုင်းပိုင်းပြတ်ပြီး ကြီးမားတဲ့ ပေါက်ကွဲသံနဲ့ အတူ ပျက်ကျလာတဲ့ အတွက် အကြမ်းဖက်တိုက်ခိုက်သူများရဲ့ တိုက်ခိုက်မှုလည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်..။ ထို့အတွက်ကြောင့် အကောင်းပကတိ ကျန်ရစ်ခဲ့တဲ့ Black Box များအား မော်စကိုရှိ အထူး ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခဲ့တာ ဖြစ်ပြီး ထွက်ပေါ်လာတဲ့ အဖြေကို ယနေ့ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်..။ အဆိုပါလေယာဉ် ပျက်ကျမှုကြောင့် လွင့်စင်လာတဲ့ အစိတ်အပိုင်းများစွာထဲမှ တစ်ချို့ အစိတ်အပိုင်းများဟာ ရွာထဲရှိ ဘုရားရှိခိုးကျောင်းရှိရာ အိမ်တစ်အိမ်ကို ထိမှန်ခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရမှုမရှိခဲ့ပါဘူး။ အဆိုပါ လေယာဉ်ပေါ်ပါ သေဆုံးခဲ့ရတဲ့ ရုရှားနိုင်ငံသား လေးဦးရဲ့ ဈာပနကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ၁၁နာရီမှာ အခမ်းအနားနဲ့ သဂြိုလ်မှာ ဖြစ်ကြောင်း ကြေငြာထားပါတယ်။

ယနေ့ နောက်ဆုံးရ ရုရှားသတင်းဋ္ဌာနများမှ သတင်းအချက် အလက်များအား အကျဉ်းချုပ် စုပေါင်းတင်ပြပါသည်..။ (ဒီမိုဝေယံ)

မြန်မာနိုင်ငံသား လေတပ်အရာရှိ လေယာဉ်မှုး (၂)ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး ထိန်လင်းအောင် နဲ့ ဗိုလ်မှူး ဇော်ထွန်းအောင်တို့ရဲ့ သတင်းကိုတော့ မနေ့က နာရေးကြော်ငြာမှာ ကာယကံရှင် မိသားစုမှ မထင်မရှား ဖော်ပြထားတာကလွဲပြီး အဆိုပါသတင်းအား ယနေ့(၇)ရက်နေ့ပါ နိုင်ငံတော် သတင်းစာများ၌ ဖော်ပြပါရှိခြင်း မရှိပါဘူး။ ယနေ့(၇)ရက်နေ့ထုတ် စစ်အစိုးရ အာဘော် သတင်းစာများ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန် ဆေးရုံဖွင့်ပွဲ၊ နအဖအတွင်းရေးမှုး ဦးတင်အောင်မြင့်ဦး သီပေါတံတားဖွင့်ပွဲနဲ့ ဦးအောင်သိန်းလင်း (၃၆)လမ်း ကွန်ကရစ် လမ်းဖွင့်ပွဲများသာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်..။ မိမိနိုင်ငံသား စစ်သည်နှစ်ဦး တိုင်းတပါးမှာ On Duty တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့ရတာပါ..။ ဘာပဲဖြစ်ဖြစ် ဝမ်းနည်းကြောင်း အဖြစ်မှန်ကို အများသိအောင် ဖော်ပြသင့်ပါတယ်...။ မိမိတို့ စစ်တပ်အတွင်းက အရာရှိတွေပါ.. မိမိနိုင်ငံသားတွေ အသက်ထက် လေယာဉ်ကပိုပြီး တန်ဖိုးရှိနေလို့များလား..။ 

ပြီးခဲ့တဲ့ လများက ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲပြီး အသက်အန္တရာယ်ကြားက ပြန်လွတ်လာတဲ့ ပင်လယ်ကူး သဘောင်္သားတွေ တုန်းကလည်း စစ်အာဏာရှင်တွေမှ ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်.. တန်ဖိုးမထား ပြန်လွတ်လာတာတောင်မှ ခေါ်ယူမယ့်သူ မရှိတဲ့ အတွက် နောက်ဆုံးမှ သဘောင်္ပေါ်က ဆင်းခဲ့ရပြီး အမိမြေကို ပြန်ခဲ့ရတာပါ..။ ယခုလည်း လစ်ဗျားမှာ ရောက်ရှိနေတဲ့ မြန်မာတွေ အခက်အခဲတွေနဲ့ ကြုံနေတဲ့ အချိန်မှာ တခြားနိုင်ငံသားတွေကတော့  မိမိနိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို မိဘသဖွယ် စောင့်ရှောက် ကာကွယ်ပေးတဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကူညီမှုကို အပြည့်အဝရပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ ဘဝကတော့ အကူအညီမယ့် ကျီးစားစား ခွေးစွဲစွဲ မျက်နှာလွှဲ ခဲပစ်တာခံနေရပါတယ်...။

လွှတ်တော် တက်ရောက်နေပါတယ် ဆိုတဲ့ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုပြီး ကတိခံထားတဲ့ အမတ်မင်းများလည်း နေ့စဉ် လွှတ်တော်တက်ရင်း  ကြက်သား၊ ဝက်သားစား၊ ဆေးကုသမှု ခံနေရ စားရေးသောက်ရေး အစဉ်ပြေနေတာကိုပဲ အဟုတ်မှတ်ပြီး မီဒီယာကို ဖော်ပြနေတာထက် တိုင်းတပါးမှာ ဒုက္ခရောက်နေကြတဲ့ မိမိတို့ နိုင်ငံသားတွေရဲ့ ဖြစ်ပျက်နေတဲ့ ဘဝတွေကို နည်းနည်းလေးလောက် တန်ဖိုးထား အလေးထားပြီး ထုတ်ဖော်ပြောဆိုကြပါဦးလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်... ခေတ်သစ် ၃သိန်းစား အတိုက်အခံဆိုတဲ့ အမတ်မင်းကြီးများ ခင်ဗျား...။

ဒီမိုဝေယံ..

2 comments:

  1. တကယ်နော်။ သူများနိုင်ငံမှာ တပ်မတော်သားတွေ ကျဆုံးခဲ့ရင် အခမ်းအနားနဲ့ သေသေချာချာ ဈာပနလုပ်ပေးတယ်။ မြန်မာပြည်မှာ စစ်အစိုးရ အုပ်ချုပ်ပေမယ့် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရင်တောင်မှ ဘာမှ အရေးတယူ မလုပ်ဘူး။ နောက်ဆုံးနာရေးကြော်ငြာတောင်မှ ရောဂါကြောင် သာမာန်သေဆုံးသလိုမျိုးနော်။ ဒီအချိန်မှာ အမြဲတမ်းဒီမိုကရေစီ အင်အားစုတွေကို ကောင်းကောင်းချေပတတ်တဲ့ စစ်အစိုးရဘက်က လူတွေ ဘယ်ရောက်နေလဲ . . သူတို့အရမ်းကောင်းပါတယ်ပြောနေတဲ့ စစ်အစိုးရက စစ်သားချင်းတောင် ဂရုမစိုက်တာကို အချက်အလက်ကျကျ ပြန်မပြောကြဘူးနော် . . သူတို့တွေ ဘယ်ရောက်နေလဲ . . အိပ်ပျော်နေတာလား . .အိပ်ချင်ယောင်ဆောင်နေတာလား . .

    ReplyDelete
  2. အလံပြောင်းလိုက် လို့ အလောင်းတွေပြန်လာတယ်........

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။