ကြခတ်ဝိုင်းဆရာတော်
အရင်ရက်က ကျနော့်ဆောင်းပါးထဲမှာ ပဲခူးကြခတ်ကအငတ် လို့သုံးခဲ့ပါတယ်။ ဒီလိုသုံးလိုက်တာ စိတ်မထိန်းနိုင်လို့လဲ မဟုတ်ပါဘူး။ မသိလို့ လဲမဟုတ်ပါဘူး။ သိလွန်းလို့ သုံးလိုက်တာပါ။ သာသနာတော်ကို မငြိုးနွမ်းစေဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ အဲဒီလိုတာဝန်ရှိလို့  တာဝန်အရ သုံးလိုက်တာပါ ။
ကြခတ်ဝိုင်းဆရာတော်ရဲ့ အားလုံးသိပြီးဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက သားသုံးသား အသံဖိုင်
အဲဒီဘုန်းကြီးဆိုသူကို မုန်းလွန်းလို့ နာကျဉ်းလို့ သုံးလိုက်တာ လုံးဝမဟုတ်ရပါ။ ပဲခူးကြခတ်ဝိုင်း ကျောင်းထိုင် နာယက ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလမှာ စစ်တပ်ကိုဖါးပြီး သတ်စရာရှိတာ အပြတ်သတ်ဖို့ ဟောကြားထားတဲ့ အသံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကို ပြည်ပ သာသနာတော်အဖွဲ့ အစည်းတွေက ဘယ်လိုအရေးယူတယ်.. ဘယ်လို စုံစမ်းဆုံးဖြတ်ချက် ချတယ်ဆိုတာ ကျနော် လက်လှမ်းမမှီပါ ။
တကယ်တော့ သူဟောတာ သူ့လေသံ သူပြောနေကြ စကားစု ဒါတော့ ကျနော်က မြေကြီးလက်ခတ်မလွှဲ အသေအချာ ပြောနိုင်တယ်။ ကျနော်မှာ အတ္တစိတ် အတော်ကိုနည်းပါးပါတယ်။ တော်တော်တန်တန်လူနဲ့ ယှဉ်ဝံ့ပါတယ်။ အတ္တနည်းတော့ ကျနော့်မှာ ဒေါသဆိုတာလဲ နည်းပါတယ်။ ဒေါသဆိုတာ အတ္တကြီးသူတွေရဲ့  စရိုက်ပါ။ တော်ရုံတန်ရုံ ကိစ္စတွေဆို သည်းခံတာများပါတယ်။ ပြသနာမတက်ချင်တာ တပိုင်း တဖက်သားစိတ်မမှန်လို့ဘဲ ရှုမြင်ပြီး အချိန်ကကုစားပေးဖို့ သည်းညဉ်းခံကြည့်ပါတယ်။ အဲလွန်လာပြီ သည်းခံလို့ အလားကား အရာမထင်တော့ဘူး ရှင်းမှရတော့မယ်ဆိုရင်လဲ ကျနော်က ခပ်မိုက်မိုက်ဘဲ ။ ဓါးကိုင်ထွက်တယ်။ ဓါးနှစ်ချောင်း ကိုင်ထွက်တယ် ရော့မင်းယောင်္ကျား မဟုတ်လား အဲဒီ့ ဓါးကောက်ကိုင်လိုက် ကိုင်ပြိးရင်တော့ ပွဲပြိးတဲ့အထိ ချကြတာပေါ့လို့ စိန်ခေါ်လိုက်တယ်။ ဒါတက္ကသိုလ်တုန်းက လုပ်ခဲ့တာတွေ ။ မန္တလေး ဆေးကျောင်းသားတွေ (လူအေးတွေ)ကို လမ်းသရဲခေတ် ဆိုတော့ လမ်းသရဲတွေက ရိုက်လွှတ်တယ်။ ကျောင်းသားတွေ ချီတက်ဆော်ကြတယ်။ လေးချီလေးပွဲ ဆော်ခဲ့တာ..ကျနော်က ထိပ်ဆုံးက။ တစ်ခါတော့ လမ်းသရဲတွေက ကျနော့်ကို အလစ်လာစောင့်တယ်။ သတိနဲ့နေတယ်။ ပြိးသူတို့ထက်မိုက်တဲ့ ကျနော် ဘော်ဒါခေါ်ပြိး ပြန်ကြိမ်းဝါးလိုက်တယ်။ သည်းခံနိုင်သလောက်တော့ သည်းခံတယ်။ ပြန်လုပ်ရင်လဲ ဒေါသမပါဘူး။ အေးအေးဘဲ။ ဒါကျနော်စရိုက်။
မန်းဆေးကျောင်းမှာတော့ လူမိုက်လို့ နံမည်တွင်ခဲ့ရတာပေါ့။ မန္တလေးတိုင်းရဲတွေနဲ့ မန်းတက္ကသိုလ် ကျောင်းသားတွေ နှစ်ကြိမ်ဆော်ကြတယ်။ ဗထူးကွင်းနားမှာ ဆော်ကြတယ်။ ဆေးကျောင်းနဲ့က နီးနီးလေး။ မန္တလေးဆေးကျောင်းက တယောက်မှမပါဘူး။ ဆေးကျောင်းသားထဲက ကျနော်တယောက်ဘဲ နစ်ကြိမ်လုံး ထွက်ချတယ်။ တွေးကြည့်ရင်တော့ကြောက်စရာကြိး။ ဘယ်ကနေ ခဲအလုံးကြီးတွေ ခေါင်းစိုက်ဝင်လာမယ် မမှန်းနိုင်ဘူး။ ဘက်စုံကနေလာနေတာ ။ ကျောင်သားတွေက ၀င်တော့မပါဘူး တချိန်လုံး စိတ်ပူပြိး ဘီလီ (ဒေါက်တာလှိုင်မြင့်၏ အမည်) တော်တော့ထွက်ခဲ့ ဘီလီ ထွက်ခဲ့တော့ အော်နေတော့ ဘီလီပါတယ်ဆိုတာ ကြေငြာပေးသလို ဖြစ်နေတော့တာပေါ့ ။ နောက်နေ့ ပါမောက္ခချုပ်ဦးဖေသိန်းနဲ့ စကား ပြောရတော့တာပေါ့။ အကြိမ်းအ၀ါးတွေ ခံရတော့တာပေါ့။ နစ်ကြိမ်ဆိုတော့ သူလဲ ဘယ်ကြည်တော့မှာလဲ။ ကြားထဲ လမ်းသရဲကို လိုက်ရိုက်တာတွေ ရှင်းရပြန်တယ်။ ကဲထားပါတော့ သည်းခံတယ်ဆိုတာ ကြောက်လို့သည်းခံခြင်း မရှိလို့ ခြိုးခြံတာကလဲ ရှိတတ်တာမို့ ရှင်းအောင်ပြောပြတာပါ။ မိုက်တာကို ထုတ်ဖေါ်ကြွားစရာမဟုတ်ပါဘူး ။
ကဲဆက်ပြီး အငတ်ဆိုတဲ့စကား ကိစ္စလေးရှင်းပါရစေ။ ပဲခူးကြခတ်ဝိုင်း ကျောင်းက ကျနော့် ဇနီးသည်ရဲ့ အဖွားကိုးကွယ်တဲ့ ဆရာတော်ပါ။ အဖွားကတော့ ကွယ်လွန်သွားပါပြီ။ အဖွားက ကြခတ်ဝိုင်းကျောင်း လေးထပ် ကျောင်းဆောင်ကြိးနဲ့ ဆွမ်းစားဆောင်တို့ကို လှုဒါန်းထားပါတယ်။ ဆရာတော်ကိုလဲ အိမ်ကို မကြာခဏ ပင့်တတ်ပါတယ်။ ရန်ကုန်မှာ ဆွမ်းကပ်လဲ ဆရာတော်ကို ပင့်တာပါဘဲ။ ဆရာတော် နေမကောင်းဘူးဆိုရင် ကျနော်ကို သွားအကုခိုင်းပါတယ်။ ဒီတော့ ဆရာတော်နဲ့ အတော်လေးကို ရင်းနှီးပါတယ် ။

ဆရာတော်နဲ့ စကားအတင်အချ ပြောရတာလေးတခုက စပြောပါမယ်။ ၁၉၈၉-ခုနှစ်မှာပေါ့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတခုမှာ (မြတ်စွာဘုရားရှင်ဟာလဲ သာမန်လူသားပါဘဲ။ သာမန်လူသား ဘ၀ကနေ ဘုရားဆုပန်ပြိး ပါရမီဖြည့်ဆည်းခဲ့လို့ ဘုရားဖြစ်ခဲ့တာပါ။ လူဆိုတာကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်ပါတယ်..။ ကြိုးစားဖို့က အဓိက ပါလို့ဟောပါတယ်)။ န.အ.ဖ ဒါရိုက်တာ တင်သန်းဦးတို့ န.၀.တ ပြန်ကြားရေးဝန်ကြီး အံ့မောင် (ဓမ္မာစရိယ အောင်ထားသူ - ဘုန်းကြီးလူထွက်) တို့က ဘုန်းတော်ကြီးတွေဆီကို အဲဒီမိန့်ခွန်းကို ဖြတ်ညှပ်ကပ် လုပ်ပြိး မေးခွန်းနှစ်ခုနဲ့ ပို့ထားပါလေရော။ နောက်နေ့မှာ တင်သန်းဦးတို့က တီဗွီရိုက်တဲ့ ဧရာမ ကင်မရာကြီးတလုံး.. ကင်မရာ အလတ်စားလောက်က နှစ်လုံးနဲ့ ကြခတ်ဝိုင်းကျောင်းကို ချီတက်လာပါလေရော ။
ကျနော်က ဆရာတော်ကို ဆေးသွင်းပေးနေတာ။ ဆရာတော်က အားနည်းပြီးမူးနေတယ် ကောင်းကောင်းမထနိုင်လို့။ သူတို့ ရောက်လာချိန် ဆရာတော်က ဆေးသွင်းလျှက် တန်းလန်းကြီး။ သူတို့က အချိန်မရှိဘူးဆိုတော့ ဆေးသွင်းထားတာ ဖြုတ်ပေးရတော့တာပေါ့။ အဲဒီ့မှာဆရာတော်ကို တီဗွီရိုက်မယ်ပေါ့။ အစောက အားနည်းနေပါတယ်ဆိုတဲ့ ဆရာတော်က ဘယ်ကအားတွေရှိလာတယ်မသိ အားတက်သရောနဲ့ လက်သီးလက်မောင်းတန်းပြီး (ဒကာကြိးတို့ မေးထားတာ မေးခွန်းကနှစ်ခု ဘုန်းကြီးက သုံးခုပြောမယ် လုပ်ပါလေရော။ ဒကာကြီးတို့ မေးခွန်းကို နောက်မှဖြေမယ်။ ဘုန်းကြီး သိထားတာလေးတွေ အရင်ပြောမယ်ဆိုပြိး ဒီဒကာမလေးဟာ အဖေလုပ်သူက ကွန်မြူနစ်စစ်စစ်။ ဒါပေမဲ့သူ့ထက် သခင်စိုးနဲ့ သန်းထွန်းတို့က ပိုရဲရဲတောက် နီပြလိုက်တော့ ငြိမ်ကုတ်သွားရတာ။ ဒကာကြိးတို့ သိတဲ့အတိုင်း မလွှဲသာလို့ ဖြူလိုက်ရပေမဲ့ သူ့အတွင်းစိတ်ခံ အနီက ဘယ်တော့မှ မပျောက်တော့ဘူး ။
ကွန်မြူနစ်တွေက အာဏာနီ တည်ဆောက်မယ်ဆိုတာက ဘုန်းကြီးတွေ လည်ချောင်းကို ဓါးနဲ့လှီးပြီး ဘုန်းကြီး လည်ချောင်းသွေးနဲ့ အနီရောင်ဆိုးမယ်ဆိုတာ ကြိမ်းဝါးထားတယ်လေ။ ပြိး အမေကလဲ ခရစ်ယာန် ဗိုလ်ချုပ်နဲ့ရလို့ မလွှဲသာလို့ ဘာသာပြောင်းလာတာ။ မူလဘာသာ အခံက ရှိနေတော့ ဒီခလေးမလေးက ဘုန်းကြိးတို့ မြတ်စွာဘုရားရှင်ကို ဘယ်လိုလုပ် ဘုရားလို့မြင်နိုင်ပါ့မလဲ။ ဗုဒ္ဒကို လူသား တယောက်လို့ပဲ မြင်ထားတာ။ စကား စကားပြောဖန်များ စကားထဲက ဇာတိပြဆိုတာ အခုသူက မြတ်စွာဘုရားရှင်ကို သာမန်လူလို့ လွှတ်ခနဲ ပြောမိလိုက်တာ) ဘာညာတွေ လျှောက်ပြောတော့တာပါဘဲ ။
သူတို့ မေးထားတဲ့ မေးခွန်းတွေကိုလဲ ဖြေပါတယ်။ မေးခွန်းရော ဖြေတာတွေကိုတော့ ကျနော်လဲ ကောင်းကောင်း မမှတ်မိတော့ပါဘူး။ မေ့ကုန်ပါပြီ။ ထားပါတော့။ မောင်တင်သန်းဦးးတို့ဆို ပါးစပ်က နားရွက်ကို ကပ်လုမတတ်ပေါ့။ ကျနော်က သူ့အဖေ သူ့ညီတို့နဲ့က အိမ်နီးချင်းတွေဆိုတော့ မကောင်းတတ်လို့ပေါ့။ အံ့မောင်ကတော့ ဒီတခါမှ အနီးကပ် မြင်ဘူးတာပါ။ နောက်တယောက်က ထီလာစစ်သူ (နံမည်စဉ်းစား မရတော့ဘူး) ဆိုတဲ့လူ။ ဆံပင်ကောက်ကောက်နဲ့ ပုဂ္ဂိုလ်။ ပြီးသူတို့က ဘုန်းကြီးကို လှုဖွယ်တွေကပ်တယ်။ သိပ်များများစားစားတော့ ဟုတ်လောက်မယ် မထင်ဘူး ။ ပြိးသူတို့က ပဲခူးမြို့မဆရာတော် ဘုရားကြီးဆီ ချီတက်ကြပါလေရော။ ကျနော်က ဆရာတော်ကို ဆေးဆက်သွင်းဖို့ ကျန်ခဲ့ရတယ်။ ဆေးသွင်းရင်း ဆရာတော်ကို မေးတော့ သူ့ပေးထားတဲ့အခွေဖွင့်ပြတယ် ။
ကျနော်က ဆရာတော် ဒါဖြတ်ညှပ်ကပ်လုပ်ထားတာ။ မူရင်းအခွေ တပည့်တော် နားထောင်ပြီးပြီ ဘယ်လိုပါ ပြောတော့ သူက ဟင်ဟုတ်လား ဒီလူတွေ ငါ့ကိုလိမ်ချသွားတာဘဲဆိုပြီး စိတ်တော်တော်လေး မကောင်းဖြစ်နေရှာတယ်။ ခဏနေတော့ ကျနော့်ညီက ပဲခူးမြို့မဆရာတော်ဘုရားကြီး ကျောင်းအထိ လိုက်သွားတာ့ သူပြန်လာတော့ ဇါတ်လမ်းအစုံ သိရတော့တာပါဘဲ ။
ပဲခူမြို့မဆရာတော်ဘုရားကြီးက အံ့မောင် ထိုင်လိုက်တာနဲ့ "အံ့မောင် မင်းက ဓမ္မာစရိယကို အထူးနဲ့ အောင်ခဲ့တာနော်။ မင်းအခု ကံ-ကံ၏ အကျိုးတို့ကို လေးလေးနက်နက်ကော ယုံသေးရဲ့လားကနေ စပြောတော့တာပါဘဲ။ ပြီးတော့ ဥိးပဇ္ဇင်းကြီးကို သူတို့မနေ့က ပို့ထားတဲ့ အခွေဖွင့်ပါပေါ့။ ပြီးတော့ ဒို့ရထားတဲ့ မူရင်းအခွေ ဖွင့်ပြလိုက်စမ်းပါပေါ့။ မင်းတွေ့တယ် မဟုတ်လား။ မင်းဒီခလေးမလေး ဟောတဲ့မူရင်း မင်းနားထောင်ပြီးသားပါ။ ဘာလို့ဘုန်ကြီးတွေကို လာလိမ်ပြီး တီဗွီပေါ်မှာ လိမ်အသုံးချဖို့ ကြံတယ်ဆိုတာ တော်တော်ငရဲကြီးတဲ့ အလုပ်ဆိုတာ မင်းဓမ္မစရိယ အောင်ထားသူဘဲ မသိမရှိပါဘူး။ ဘုန်းကြီးသာ မသိလို့မင်းတို့ ပေးထားတာနဲ့ ဝေဖန်ချက်ပေးမိရင် ဘုန်းကြီး အမှန်သိရတဲ့တနေ့ ဘယ်လောက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ခံစားရမယ်ဆိုတာ မင်းမသိလို့လား။ ဒီလိုလုပ်တာ ဘယ်လောက်ငရဲကြီးတယ်ဆိုတာ မင်းဓမ္မစရိယ အောင်ထားသူဘဲ။ အံ့မောင် ခေါင်းတောင် မမော်ရဲတော့ဘူးတဲ့။ ဆရာတော်ကြိးက ဆက်ပြောပါတယ် မင်းတို့ အခုလို လုပ်နေတာတွေ ရပ်ပါ။ ဆက်လုပ်ရင် ဘုန်းကြီးက အမှန်တွေ ထုတ်ရှင်းရပါမယ်လို့ အပြတ်ကို သတိပေးလိုက်ပါတယ်"။ အခုနက ပါးစပ်နားထင် ကပ်လုမတတ် တင်သန်းဦးတို့ အမြှီးကုတ် ပြေးကြရတော့တာပါဘဲ။ ကျနော်လဲ ကြခတ်ကိုယ်တော်ကြီးကို ဖြစ်ကြောင်းကုန်စင် လျှောက်လိုက်ပါတယ်။ ဘုန်းကြီး တော်တော်လေး စိတ်ထိခိုက်သွားပါတယ်။ နောက်ပိုင်း မြို့မဆရာတော်ကြီးက ကြခတ်ကို လှမ်းမေးမြန်းတယ်လို့ သတင်းကြားရပါတယ်။ ဘယ်လိုတော့မသိပါ။ အဲ့ဒီတုန်းကသာ မြို့မဆရာတော်ဘုရားကြီးလို သာသနာတော်အတွက် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သူသာမရှိခဲ့ရင် သူတို့တွေ ဘယ်လောက်လုပ်မယ်။ ဘာတွေကြံစည်နေမလဲ တော်တော် ယုတ်မာကြတာပါပဲ။
အဲဒီမှာကြည့်ရင် အခုခေတ် မဟန ကိုယ်တော်တွေကို ဆုံဖူးပါတယ်။ လူကြီးအိမ်တွေမှာ ဆွမ်းကျွေးဖိတ်တော့ ဆုံဖူးတာပါ။ အမလေးဗျာ သူတို့ မှာ ၀န်ကြီးနဲ့စကား အာလာပ သလာပလေး ပြောရဖို့ အခွင့်အခါ ချောင်းနေကြတာက သိပ်သိသာတယ်။
အပိုင်း (၂)အား ဆက်လက် ဖော်ပြပေးပါမယ်..။
အချိန်အခက်အခဲကြောင့် ဆရာ ဒေါက်တာလှိုင်မြင့်ရဲ့ သာလွန်မင်းတရားကြီးနှင့် ရှာဂျဟန်(မဂိုလ် ဘုရင်ကြီးနှစ်ပါး ဆောင်းပါးအား မတင်ပေးနိုင် ဖြစ်နေခြင်းအား ဆရာနှင့်တကွ စာဖတ်ပရိသတ်အား တောင်းပန်အပ်ပါသည်...။

အခုလို အများသိရအောင် ပြောပြပေးတဲ့ အတွက် ကျေးဇူးအထူးပါ။ ဒီဘုန်းကြီး အခု ရှိသေးလား သိပါရစေ။
ReplyDeleteထီလာစစ်သူ (ဦးစိုးညွန့်  လား မသိ၊ မသေချာ) ဆိုတာ အခုခေတ်က ငါးမင်းဆွေလို လူမျိုးပါ။ နအဖ အကြိုက် အောက်တန်းကျ မဟုတ်မမှန် ဆောင်းပါးတွေ ရေးပြီး ဒုဝန်ကြီးလား၊ ၀န်ကြီးလား မသိ ဖြစ်ပြီး သေသွားတာ ကြာပြီ။
ReplyDeleteDr Myint Hlaing is giving bad example.
ReplyDeleteI am surprised that a student doctor was involved in lawlessness and chauvinism. I am amazed that he discloses these to the readers and young generations Burmese youths. I hope that Burmese youths are wise and would not follow his example.
How can a university (Higher Education) student should get involved in street fights and brawls?
I do not know what was his motive to tell about him. I think this is not brave but rather foolish and stupid to take law in his own hands.
Moe Brown
အပေါ်က ရေးတဲ့သူခင်ဗျား .. ဒေါက်တာ လှိုင်မြင့်က သူ့ခေတ် သူ့အခါ အခြေအနေနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြောပြနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ မသိတဲ့ အကြောင်းတွေ ပြောပြနေတာပါ။ လိုတာယူ မလိုတာမယူနဲ့ ပေါ့ဗျာ ဝေဖန်ချင်ရင် နာမည်လည်း မှန်အောင်ရေးပြီး ဝေဖန်ဗျာ။ Dr Myint Hlaing လား Dr Hlaing Myint လားသေချာဖတ်ပါ...
ReplyDeleteမောင်ရင်အေး
If Pegu Sayadaw knew about the cunning tricks of Tin Than Oo and Ant Maung, why he still supported the SPDC by killing all opponent without mercy?
ReplyDeleteကြခတ်ဝိုင်းဆရာတော် ပျံလွန်တော် မူသွားပါပြီ.. ဒီမှာဖတ်ကြည့်ပါ။.
ReplyDeletehttp://www.mizzimaburmese.com/news/obituary/6839-2011-02-03-10-58-13.html
ဥိးနေ၀င်းခေတ် န.၀တ ခေတ် ဆေးကျောင်းသားတွေအပါအ၀င် အားလုံး တော်လှန်သူတွေ တိုက်ခိုက်ခဲ့ကြတယ် ။ ကုန်တိုက်တွေမိးရှို့ ခဲ့ကြတယ် ။ လှိုင်မြင့်ကို ဒီအတွက်ဝေဖန်ရင် ကျန်ကျောင်းသားတွေကို လဲဝေဖန်ပေးပါအုံး ။ လှိုင်မြင့်က ဒီထက်ကြမ်းသေးတယ် ။ နေ၀င်းခေတ်က မန္တလေး ညဈေး ကို ဓါးကိုခါးကြား ပေါ်တင်ထိုးပြိးပတ်တယ် ။ ကိုယ်ပြည်မှာနေ ဗမာမဟုတ်တဲ့ လူမျိုးခြားတွေက ကိုယ်တိုင်းရင်သား နဲ့တောသူတောင်သားတွေကို ဟိန်းဟောက် ရောင်းနေတာ ခနခန ၀င်းရှင်းတယ် ။ မန္တလေးဘုန်းကြိးတွေလဲ မကြာကြာရှင်းရတယ် ။ ဥပဒေက အကာအကွယ် ဘယ်လို တောင်းပေးနိုင်လဲ ။
ReplyDeleteနေ၀င်းတို့  မျိုးချစ်စိတ်ကင်းမဲ့လို့  ကိုယ်ပြည်မှာနေပြိး လူမျိုးခြားကို တိုင်းရင်းသားက ကြောက်ခဲ့ရတဲ့ခေတ် ။