ထုံးစံအတိုင်း အနှစ် (၂၀)ကျော် မရိုးနိုင်တဲ့ မြင်ကွင်းတွေနဲ့ ဟန်ပြလုပ်ဆောင် နေပါတယ်..။ တာလေမြို့ရဲ့ လူနေအိမ် ထက်ဝက်ကျော် ပြိုကျ ပျက်ဆီးခဲ့ပါတယ်..။ သေဆုံးသူတွေက တိုးတိုးလို့ လာပါတယ်..။ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေကပဲ ကျန်ရစ်သူတွေကို ကြိုးစားပမ်းစားနဲ့ ကိုယ်ထူကိုယ်ထ ရှာဖွေ ကယ်ဆယ် လုပ်ကိုင် နေကြရပါတယ်..။ ဘယ်ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးအဖွဲ့မှ ရောက်ရှိလာခြင်း မရှိပါဘူး .. ထိုင်းဖက်ကပေးပို့တဲ့ အကူအညီတစ်ချို့ စစ်အစိုးရက လက်ခံခြင်းမရှိတဲ့ အတွက် ပြန်လည် ရောက်ရှိလာပါတယ်..။ သတင်းအပြည့်အစုံ ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်..။ စစ်အာဏာရှင်တွေရဲ့ မရိုးနိုင်တဲ့ မီဒီယာကိုပိတ်၊ ကယ်ဆယ်ရေးလုပ်ငန်း တွေကိုဟန့်တား၊ အထောက်အပံ့တွေကို ပိတ်ပင်၊ ဒါလား ဒီမိုကရေအစိုးရသစ်နဲ့ လွှတ်တော်..။ ရုပ်သေးအမတ်တွေရေ ကြည့်လဲလုပ်ကြပါဦး။
တကယ့်လက်တွေ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ဒေသခံတွေပဲ လုပ်ဆောင်နေတာပါ..။ အခြေအနေ ဖြစ်ရပ်မှန်ကိုတော့ ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်..။ တပ်မတော်ပေါက်တူးရှိမှ တိုင်းပြည်ဂေါ်ပြားရှိမည် ဆိုပြီး ပေါက်တူး၊ ပေါက်ပြားနဲ့ ဓာတ်ပုံ အရိုက်ခံနေလို့ ကတော့....


ထိုင်းဖက်က ပေးပို့တဲ့ အကူအညီတစ်ချို့ စစ်အစိုးရက လက်ခံခြင်းမရှိတဲ့ အတွက် ပြန်လည် ရောက်ရှိ လာပါတယ်။ ဆိုလို့  ဘယ်သတင်းမှာ ပါလို့ လဲ စစ်သားတွေတော့ ရောက်နေပြီး အပျက်အစီးတွေ ရှင်းလင်း ဆွဲထုတ်၊ ဆေးကုပေးတာပေး၊ လိုတဲ့ ပစ်္စည်းတွေ လာပေးနေတာ သတင်းထဲမှာ ဖတ်နေရပြီ။ အော်ဒါနဲ့ ၀က်ဆိုက်မှာ ငလျှင်နဲ့  ပတ်သက်လို့  ဘာမှလဲ မတွေ့ ရပါလား။
ReplyDeleteအထက်က ပုဂ္ဂိုလ် အမှန်ကိုအမှန်အတိုင်း မျက်စိတောင် မမြင်တော့ဘူးထင်တယ်။
ReplyDeleteသတင်းဘယ်မှာ ပါလို့ပါမှန်းမသိ ရှိလို့ရှိမှန်းမသိ ကိုဒီမိုပြောသလို တပ်မတော်ပေါက်တူးရှိမှ တိုင်းပြည်ဂေါ်ပြားရှိမည်ဆိုသလို စက်မှုနိုင်ငံတော်ကြီးမှာ လက်နဲ့ရှင်းလင်းနေတာကိုး ကြည့်ရတာ မြင်ူးတွေ မြက်စိမ်းကျွှေးသလို မျက်မှန်စိမ်းတပ်ခံထားရပြီတူတယ်။
ထွန်းဦး (စင်ကာပူ)
Army Reserve prepares for natural disasters သဘာဝဘေးအန္တရယ် ဖြစ်တိုင်း စစ်တပ်က ရှေ့ဆုံးက ထွက်ရတာပါ။ သဘာဝ ဘေးအန္တရယ် ကာကွယ်ဖို့  စစ်တပ်မှာ ပစ္စည်းအစုံ ရှိသင့်ပါသည်။ လိုတာတွေ ထပ်ဝယ်ပါ။ လေ့ကျင့်ပေးပါ။ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက် ပေးပါ။ နည်းလမ်းတွေ ရယူပါ လို့  တိုက်တွန်းလိုပါတယ်။
ReplyDelete