Pages

Friday, March 4, 2011

ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲ(ဒေလီ) ဓာတ်ပုံ၊ သတင်း

 

ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲ(ဒေလီ)
၃-၃-၂၀၁၁

(၂)ရက်ကြာ မြန်မာ့အရေးရာဆွေးနွေးပွဲ တခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ယနေ့စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ်(Zakir Husain College)တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး BCD (Burma Centre Delhi)နှင့်ယင်းကောလိပ်တို့က ဦးစီးကျင်းပခဲ့သည်ဟု သိရသည်။

ယနေ့ ကျင်းပသည့် ပထမပိုင်း အစီစဉ်တွင် မြန်မာပြည်ဆိုင်ရာ အိန္ဒိယ သံအမတ်ဟောင်းနှင့် နိုင်ငံခြားရေးဌာန အတွင်းဝန်ဟောင်း ရှယ်မ်ဆရန်(Shyam Saran) နှင့် ဖို့ဒ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စစ် ဗီနာဆီကရီ (Amb.Veena Sikri)တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။မစ္စတာ ရှယ်မ်ဆရန်မှာ လက်ရှိ အိန္ဒိယ၏ ဗမာပြည်ဆိုင်ရာ မူဝါဒဖြစ်သည့် အလုပ်သဘောဆက်ဆံရေး (Working Relationship)ကို   ဖော်ထုတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူတဦးဖြစ်သည်။ ဂျမီးယား မီလီယာ အစ္စလမ်မီးယား တက္ကသိုလ်မှာ မစ္စတာ ဗလာဒတ် ဂိုရှယ်လ်(Baladas Ghoshal, Academy of Third Word Studies, Jamia Milia Islamia)က မြန်မာပြည်ကို အထီးကျန်ထားရေးထက် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ အကြား လက်တွဲခေါ်ဆောင်ဖို့ လိုအပ်ကြောင်း၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်ကြောင်း၊ မြန်မာပြည်မှာ လူလတ်တန်းစား တိုးပွားအောင် လုပ်ဆောင်ပြီး တဖြည်းဖြည်းနှင့် ဒီမိုကရေစီကို ပြောင်းလဲယူသွားရမည်လို့ ပြောကြားခဲ့ပါသည်။

JNU တက္ကသိုလ်မှ အရှေ့တောင် အာရှလေ့လာရေးဌာနမှ မစ္စစ် မိုဟီနီကောလ်(Man Mohini Kaul,Southeast Asian Studies,JNU)က လက်ရှိဗမာပြည် အစိုးရဟာ အရပ်ဖက် စစ်အစိုးရဖြစ်ကြောင်း၊ လူထု ပါဝင်ပတ်သက်မှုတွေ ရှိလာပြီဖြစ်ကြောင်း နှင့် အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်း သင့်ကြောင်း၊ အရေးယူပိတ်ဆို့မှုတွေဟာ စစ်အာဏာရှင်တွေထက် လူထုကို ပိုမိုထိခိုက်ကြောင်း ဆွေးနွေးသွားခဲ့သည်။

မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။ အကြောင်းကတော့ လူနည်းစုဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင် အမြန်အရေးယူဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

အထက်ပါဆွေးနွေးချက်တို့ကို မြန်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်သန်းက စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံဟာ တရားမ၀င်ရေးဆွဲ အတည်ပြုထားသလို ဒီမိုကရေစီစံတွေနဲ့ လုံးဝ မကိုက်ညီဘူး၊ လွှတ်တော်ထဲမှာ စစ်တပ်က လေးပုံတပုံ ယူထားရုံမကပဲ အမျိုးသားလုံးခြုံရေးကောင်စီ ဆိုပြီးဖွဲ့ထားတယ်၊ သူ့မှာ အာဏာသိမ်းခွင့်တောင် အပ်နှင်းထားတယ်၊ အဖွဲ့ဝင် (၁၁)ယောက်ရှိတာမှာ (၇)ယောက်ဟာ စစ်တပ်ကဖြစ်တယ်၊ဒီလို အခြေနေမှာ ဒီမိုကရေစီရဖို့ အခွင့်လမ်း တံခါးပေါက်တွေ ရှိတယ်ဆိုတာ တကယ် ယုံကြည်သလားလို့ ဂိုရှယ်မ်နှင့် မဇ္ဈိမ သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကို မေးခွန်းထုတ်ခဲ့ပါသည်။

ပြီးတော့ ဆန်ရှင်ဟာ လူထုကိုပဲထိတယ် စစ်တပ်ကို မထိဘူးဆိုတာလက်မခံဘူး၊ ဆန်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်တဲ့သူဟာ ၅-သောင်း ၆-သောင်းပဲရှိတယ်၊ ပြည်ပမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ လူဦးရေက ၅-သန်းကျော် ရှိတယ်လို့ဆိုတယ်၊ ဆန်ရှင် ရုပ်သိမ်းတာနဲ့ ပြည်ပက တရားမ၀င် အလုပ်သမားတွေ ဘ၀ ပြေလည်သွားမည်လို့ယုံကြည်ပါလား။ တကယ်တော့ မြန်မာပြည်လူထုဟာ စစ်အုပ်စုကိုယ်တိုင်လုပ်တဲ့ ပိတ်ဆို့မှုတွေကြောင့် ဆင်းရဲကြပ်တည်းနေရတာက ပိုပါတယ်၊ သွင်းကုန်ထုတ်ကုန်တွေကို ပိတ်ဆို့ထားတယ်၊ ဥပမာအားဖြင့် ဒေါ်လာ ၃၀ လောက်သာရှိတဲ့ ဖုန်းတလုံးကို ဗမာပြည်တွင်းမှာ ၁၅ သိန်းလောက် ပေးဝယ်နေရတာတွေဟာ စစ်အုပ်စုရဲ့ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါသည်။

အခမ်းအနား တက်ရောက်လာသူများကို နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

ရာမ(ဒေလီ)

ပေးပို့ပေးတဲ့ ကိုအောင်နိုင်အား ကျေးဇူးတင်ပါသည်။ သတင်းထဲက ပြောဆိုချက်တွေနဲ့ ပတ်သတ်ပြီး စာဖတ် ပရိသတ် အနေနဲ့ သေသေချာချာ လေ့လာဖတ်ရှု စေချင်ပါတယ်..။

4 comments:

  1. ပြည်တွင်းမှာရှိတဲ့ ပြည်သူ ၅ သောင်း ၆ သောင်းအလုပ်လက်မဲ့ဖြစ်တာ လူဦးရေး နည်းသေးတယ်ဆိုတဲ့သဘောမျိုးလား။စိတ်ဓာတ်တွေ ဘယ်လောက်ယုတ်ညံ့လည်းဆိုတာ ပြနေတာပါပဲ။ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေဆိုတာ မြန်မာပြည်တွင်းထက် ပိုပြီးဝင်ငွေလိုချင်လို့ ကိုယ့်ပါသာ သွားလုပ်နေတဲ့သူတွေပါ။ငတ်ပြတ်လို့သွားတာ တစ်ယောက်မှမရှိပါဘူး။မလေး စင်္ကာပူ အိမ်နီးချင်းနိုင်ငံလိုနေရာမျိုးတောင် သွားချင်ရင် ငွေကျပ် ၁၀ သိန်းအထက်မှာပေးပြီးသွားရတာပါ။ဒီငွေလောက်ပေးနိုင်ပြီး ပြည်ပကိုသွားလုပ်နိုင်တယ်ဆိုတာ ဆင်းရဲလို့လား ငွေအသင့်တင့်ရှိလို့လားဆိုတာ ပြေးမကြည့်ပဲ တွေးကြည့်ယုံနဲ့ရင် သိပါတယ်။

    ဆန်ရှင်ဖွင့်မဖွင့်အသာထား။လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံမှု ဈေးကွက်လမ်းတွေပွင့်လာတာနဲ့အမျှ ပြည်တွင်းထုတ်ကုန်တွေများလာပြီး အခုဆို ထိုင်းမှာအထည်ချုပ်လုပ်နေတဲ့သူတွေ မြန်မာနိုင်ငံကိုပြန်လာကြပြီး အလုပ်လုပ်နေကြပြီ။လစာလည်းသိပ်မကွာသလို မိမိဘ၀လုံခြုံရေးဟာ ကိုယ့်နိုင်ငံထက် ဘယ်မှမကောင်းဘူးဆိုတာ ပြည်ပရောက်နေသူတိုင်းသိတယ်။ဒါကြောင့် ကိုယ့်နိုင်ငံကိုပြန်ပြီးအလုပ်လုပ်နေကြပြီ။ဒါဟာ ဆန်ရှင်တောင်မဖွင့်သေးတာတောင်မှ တိုးတတ်မှုလက္ခဏာပြနေတယ်ဆိုတာ မြင်သာပါတယ်။ဆန်ရှင်သာဖွင့်မယ်ဆိုရင် ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေကို ပြည်တွင်းမှာ အလုပ်တွေဖော်ဆောင်ပေးနိုင်မှာပါ။

    တရုတ်နိုင်ငံလို ဖွံ့ဖြိုးနေတဲ့နိုင်ငံတောင်မှ အလုပ်ကိုင်ရှားပါးမှုက မြင့်နေတာမဟုတ်လား။ဒီတော့ လူတိုင်းလူတိုင်းအလုပ်ကိုင်ရဖို့ဆိုတာကတော့ နိုင်ငံတိုင်းမှာမလွယ်ပါဘူး။သင့်တင့်လျောက်ပတ်သော အလုပ် လစာကို မိမိဘာသာ မလုပ်ချင်လို့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်နေပြီး အစိုးရမကောင်းကြောင်းပြောတာတော့မဖြစ်သင့်ဘူးလေ။

    ဆန်ရှင်ဆိုတာ ပြည်သူနဲ့နိုင်ငံအတွက် ၀င်ငွေရှာပေးနေသောလုပ်ငန်းတွေကို ဖွင့်ဖို့တောင်းဆိုနေတာပါ။ဗိုလ်ချုပ်တွေ ဗီဇာရဖို့တောင်းဆိုနေတာမဟုတ်ဘူး။ဘယ်ဗိုလ်ချုပ်မှလည်း အမေရိကကိုမသွားဘူး။ဒီတော့ ဆန်ရှင်ပိတ်တာဟာ စစ်ဗိုလ်ချုပ်တွေတွက်ပိတ်တယ်ဆိုရင် သူတို့နဲ့ပတ်သတ်တဲ့ ဗီဇာကိစ္စတွေ သူတို့တွေလုပ်နေတဲ့ companyတွေ ဒါတွေပဲ ပိတ်သင့်ပါတယ်။

    ပြည်သူနဲ့နိုင်ငံကိုထိခိုက်စေမယ့် လွတ်လပ်စွာတင်ပို့ခွင့်ဖြစ်တဲ့ ကုန်သွယ်ရေး စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေကို လမ်းဖွင့်ပေးဖို့လိုပါတယ်။ဆန်ရှင်ပိတ်ဆို့တဲ့အရာတွေကို ပြည်သူနဲ့နိုင်ငံ့ဝင်ငွေ နိုင်ငံဖွံဖြိုးမှုတွက် ထိခိုက်စေမယ့်အရာနဲ့ စစ်ဗိုလ်ချုပ်တွေတွက် သီးသန့်ပိတ်ဆို့တာတွေနဲ့ ခွဲခြားမြင်တတ်ဖို့လိုပါတယ်။

    ReplyDelete
  2. အထက်က Mg လား ကြောင်လား.. Sanction ပိတ်တာ မပိတ်တာ အသာထား နိုင်ငံတကာမှာ လူတိုင်းသုံးနိုင်တဲ့ အင်တာနက် စံနစ်ကိုတောင် နှေးအောင်လုပ်တာလဲ Sanction ပဲ... အခုလို ဒီလို အတိုက်အခံ ဘဘော့မှာ ဝင်ရေးနိုင်တာ ပြည်ပမှာရောက်နေတဲ့သူလား ဒါမှမဟုတ် ပြည်တွင်းက ဆိုရင်တော့ မဟုတ်မှ လွဲရောပဲ.. ကိုယ့်ပြည်တွင်းမှာ ကိုယ်ကိုယ်တိုင် ပိတ်ထားတာတွေလည်း ပြန်မြင်အောင်ကြည့်ဦး လောလောဆယ် Sanction ကောင်းမကောင်း လူထုဆန္ဒခံယူချင်ရင် ပိတ်ထားတဲ့ သတင်းလွတ်လပ်ခွင့် (ဒါလည်း Sanctionပဲ) ကိုဖွင့်ပေးလိုက်ပြီး အပြန်အလှန်ဆွေးနွေးခိုင်းတာ အကောင်းဆုံးပဲ... ဟုတ်လား တစ်ဘက်သတ်အမြင် စစ်အစိုးရ အသံနဲ့တော့ လာမပြောနဲ့..

    Sanction ပိတ်တဲ့နိုင်ငံတွေကို ကိုယ်က ပိတ်ပါဆိုလည်း ပိတ်ချင်မှ ပိတ်မှာ ကိုယ်က ဖွင့်ပါဆိုလည်း ဖွင့်ချင်မှ ဖွင့်မှာ.. လွတ်လပ်စွာ တင်ဖို့ခွင့်ကို ပိတ်ထားတာ ဘယ်သူဆိုတာ ပြန်ကြည့် ဘာမှာမကြည့်နဲ့ဦး ကားဈေး လက်ကိုင်ဖုန်းဈေးတွေ ကမ္ဘာမှာ ဈေးအကြီးဆုံး ဖြစ်နေတာ. ပြည်ပက ပိတ်လို့ ဈေးကြီးနေတာလား စဉ်းစားပြော ကိုယ့်လူ

    ReplyDelete
  3. Please say on your blog Burma became one of the least development countries since 1987 December; by then no sanctions at all. Why people forget this fact; not because of sanctions the country is poor but because of the regime's misused and abused power.
    Yes, sanctions wouldn't work unless all countries impose. Because of neighbors and ASEAN countries, and Russia and France and others, sanctions won't work, but politically it is needed.

    ReplyDelete
  4. ဒီကောင်ငကြောင်ဆိုတဲ့ကောင်ဟာဒီကိစ္စပါတဲ့ဆိုဒ်တွေမှာဝါဒလိုက်ဖြန့်နေတယ်မင်းအဖေသိန်းစိန်ငပြောင်ကမြန်မာပြည်တွင်းအလုပ်တွေသန်းနဲ့ချီရှိတယ်ဆို ဆန်ရှင်ဆန်သေဖြုတ်တော့မြန်မာတွေချမ်းသာလာမှာဒီမိုကရေစိကောင်းကေင်းရလာမှာလားအခုတော်င်လုပ်တော်ကြီးမှာဘာတွေပြောခွင့်ရလို့လည်းကွ လူတွေကိုမင်းဖြုတ်ဦးနှောက်နဲ့လိုက်မပြောနဲ့မောင်ရွှေကသူ့လမ်းသူသွားနေတာငါတို့ဘာပြောပြောမင်းဘာပြောပြောသောက်ဂရုစိုက်တာမဟုတ်ဘူးသောက်ရူးရ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။