Pages

Friday, May 20, 2011

အမေ့အိမ်ပညာဒါနကျောင်း (မ/ဥက္ကလာ) ဆောက်လုပ်ပါတော့မည်....။ စေတနာတတ်အားသ၍ ပါဝင်လှူဒါန်းနိုင်ပါသည်...

သူငယ်ချင်းများအားလုံး
စေတနာတတ်အား သ၍ ပါဝင်လှူဒါန်းနိုင်ပါသည်။ အမေ့အိမ်ပညာဒါနကျောင်း (မြောက်ဥက္ကလာ) ဆောက်လုပ်ပါတော့မည်

ကျောင်းအမည် -အမေ့အိမ်(ပညာဒါန)
တည်နေရာ -အမှတ် (၂၆)၊ မာဃလမ်း၊ (၂)ရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

The Compassionate-hand social network ခေါ် ဂရုဏာလက်လူမှု အကျိုးပြုလူငယ်များ မြောက်ဥက္ကလာသည် လွန်ခဲ့သော ၄ နှစ် (၂၀၀၇ -၂၀၀၈) ပညာသင်နှစ်မှစ၍ ချို့တဲ့သော မူလတန်း နှင့် အလယ်တန်းကျောင်းသား/သူများကို အခမဲ့ ပညာသင်ကြားပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း စသည့် ၀န်ဆောင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ နှစ်စဉ် ကလေးဦးရေမှာ တိုးတက်လျှက်ရှိပြီး ၎င်းပညာသင်နှစ်များတွင် ပညာရည်ထူးချွန်မှု ရှိခဲ့ပါသည်။ ကျောင်းသား/သူများအား ဗလာစာအုပ်များ၊ခဲတံများနှင့် အခြားကျောင်းသုံး စာအုပ်များပါ လိုအပ်သလို ကူညီလျှက်ရှိပါသည်။ သည့်အပြင် တစ်လလျှင် ၄ကြိမ် အဟာရတိုက်ကျွေးလျှက်ရှိပါသည်။ ယခု၂၀၁၁ခုနှစ်မှစပြီး “Togetherness” social network ခေါ် “အတူတကွ” အမည်သစ်ဖြင့် ဆက်လက် အခမဲ့ပညာသင်ကြားပေးလျှက် ရှိပါသည်။

အကူညီတောင်းခံခြင်း ၂၀၀၇ခုနှစ်တွင် အခမဲ့ သင်တန်းစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနာဂစ်မုန်တိုင်းကြောင့် စာသင်ကျောင်းပြိုခဲ့သည့်အတွက် ယာယီကျောင်းဆောက်ပြီး သင်ကြားလျှက်ရှိရာ ယခုအခါ စာသင်ကြားနေသော နေအိမ်အဆောက်အဦးမှာ ကျောင်းသားဦးရေ များများမဆန့်သောကြောင့် အဆောက်အဦးသစ်ဆောက်လုပ်ရန် လိုအပ်နေပါသည်။ ယခုပညာသင်နှစ် ၂၀၁၁တွင် ကျောင်းသား/သူများ အဆင်ပြေပြေ သင်ကြားနိုင်ဖို့ အတွက် စာသင်ကျောင်းသစ် အမြန်ဆုံး တည်ဆောက်ရန် လိုအပ်လျှက်ရှိပါသည်။

အမေ့အိမ် ပညာဒါန (အခမဲ့) နွေရာသီကျောင်းပိတ်ရက် သင်ခန်းစာ
(က) နွေရာသီ သုံးလဖြစ်သော မတ်လ၊ ဧပြီလ နှင့် မေလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အောက်ပါသင်ခန်းစာများ သင်ကြားလျှက်ရှိပါသည်။

(ခ) ၁၃၊၂၊၂၀၁၁ နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ (၄) ဦးက ပန်းချီပြိုင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ပြီး ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ဆွတ်ခူး ရရှိခဲ့သည်။

(ဂ) ၁၁၊ ၂၊ ၂၀၁၁ နေ့တွင် အမေ့အိမ် ပညာဒါန (မ/ဥက္ကလာ)ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ ကျောင်းသား၊ ကျောင်းသူ လေးများ ပညာရည်တိုးတက်မှု ဉာဏ်စွမ်းပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီ၊ သင်ရိုးကဗျာရွတ် သရုပ်ဖော်နှင့် အောင်ဆန်းဇာနည် ကဗျာရွတ်သရုပ်ဖော် ပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့်ခဲ့ပါသည်။

(ဃ) မျိုးဆက်သစ်တို့၏ အနာဂါတ်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်ဖြင့် စွမ်းရည်သစ်များ စိတ်ကူးဉာဏ်များကို ပြုစုပျိုးထောင်ပေးလျှက်ရှိပါသည်။

(င) ကျောင်းသား၊ သူလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးအပြင် တီထွင် ဖန်တီးတတ်မှု၊ ပေါင်းသင်းဆက်ဆံတတ်မှု၊ လေ့လာမှတ်သားတတ်မှု၊ မှတ်ဉာဏ်နှင့် သိနားလည်မှု စွမ်းရည်တို့အပြင် ဘာသာစကားစွမ်းရည် တိုးတက်စေရန် (Summer Classes) နွေရာသီအားလပ်ရက် သင်ခန်းစာများ ပို့ချပေးပါသည်။
(စ) အခြေခံ အင်္ဂလိပ်ဘာသာ သင်ခန်းစာ (Speaking and Listening)
(ဆ) ပန်းချီ၊ စာပေကဗျာ၊ အနုပညာ နှင့် ဂီတ (Arts and Music)
(ဇ) ကျန်းမာရေးလေ့ကျင့်ခန်း (Physical Exersice)
(ဈ) ဗုဒ္ဓအဆုံးအမများနှင့် ယဉ်ကျေးလိမ္မာ စာရိတ္တဗလ ဟောပြောပို့ချချက်
(ည) စာအုပ်စာပေများလေ့လာဖတ်ရှုခြင်း နှင့် သိပ္ပံဆိုင်ရာ၊ ၀ိဇ္ဇာဆိုင်ရာ အထွေထွေဗဟုသုတ ပို့ချမှု။

မှတ်ချက် ။ ။ အမေ့အိမ် ပညာဒါန(မြောက်ဥက္ကလာပ) အခြေခံမူလတန်းကျူရှင်ကျောင်းမှ စေတနာ၊ ၀ါသနာ၊ အနစ်နာတည်းဟူသော နာသုံးနာကို အရင်းခံ၍ သင်ကြားပေးလျှက်ရှိပါသည်။
မြေကွက်လပ်ပုံမှာ ကျောင်းဆောက်ရန် နေရာဖြစ်သည်။ ကျောင်းဆရာ/ဆရာမ ၂ယောက် လိုအပ်နေပါသည်။ ၄တန်းသင်ကြားရန် အတွက်သာဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။
ကိုနိုင်ငံလင်း

10 comments:

  1. ခလေးတွေအား စေတနာရှိပါသည်။ သို့ သော် အမေ့အိမ်ကျောင်း၏ မတိကျ မသေချာ မရေရာသော အလှူခံသည့် စာရွက်ကို ကြည့်လျက် အမေ့အိမ် ကျောင်းအား နောက်ကွယ်မှ ကိုယ်တွယ် စီမံသူတို့  နှင့် ကြော်ငြာပေးသူတို့ ၏ စဉ်းစားညာဏ် မရှိဘဲ ပီးစလွယ်လုပ်ပြီး မီဒီယာပေါ် တင်လိုက်သည့် ညံ့ဖျင်းမူအား သိလိုက် ရပါကြောင်း။ ထိုညံ့ဖျင်းမူအား သိပြီးနောက် ဟုတ်မှ ဟုတ်ပါ့မလား ဆိုသည့် သံသယများ ၀င်လျက် မလှူခင် သေချာစုံစမ်းကြ လို့ ပြောလိုပါသည်။

    ReplyDelete
  2. ဂျပန်အစိုးရက ခလေးတွေ အတွက် မူလတန်းကျောင်း ၅၀၀ လှူတုံးက လှူသမျှ ဗိုလ်ချုပ်တွေနဲ့  နိုင်ငံရေးသမားတွေ အိတ်ထဲရောက်ကုန်မယ် ဆိုတဲ့ အမြင်ကျဉ်းမြောင်းပြီး လိုက်လံ ပိတ်ဆို့ ခဲ့တဲ့ နှလုံးသားမဲ့သူတွေ ခလေးတွေ အတွက် အလှူငွေကို မှန်ကန်စွာ အသုံးချ နိုင်ကြပါစေ လို့ ။

    ReplyDelete
  3. အနာဂတ်လှပဘို့ အတွက် ကလေး တွေ ရဲ့ ပညာရေးကိုမြှင့်တင်ပေးကြပါ...။
    စက်တင်ဘာဦးနေမိန္ဒ(အနာဂတ်လှပဘို့ အတွက်ကလေးတွေပညာရေးကို မြှင့်တင်ကြစို့)

    ReplyDelete
  4. အပေါ်ဆုံးက ပုဂ္ဂိုလ် ဒါဖတ်ပြီးမှ ဝေဖန်ပါ...

    http://www.demowaiyan.co.cc/2010/09/blog-post_9357.html ဂျပန်အစိုးရရဲ့ အကူအညီ ကျောင်းဆောက်ခွင့်တွေကို ပိတ်ပင်နေတဲ့ နအဖရဲ့ ပညာရေးဝန်ကြီးဋ္ဌာနအကြောင်း တစေ့တစောင်း (မြန်မာပြည်ကလာတဲ့စာ) ၂၀၁၀ စက်တင်ဘာက တင်ခဲ့တဲ့ ပိုစ့်ပါ...

    ReplyDelete
  5. အပေါ်ဆုံးက ပုဂ္ဂိုလ် ဒါဖတ်ပြီးမှ ဝေဖန်ပါ...

    http://www.demowaiyan.co.cc/2010/09/blog-post_9357.html ဂျပန်အစိုးရရဲ့ အကူအညီ ကျောင်းဆောက်ခွင့်တွေကို ပိတ်ပင်နေတဲ့ နအဖရဲ့ ပညာရေးဝန်ကြီးဋ္ဌာနအကြောင်း တစေ့တစောင်း (မြန်မာပြည်ကလာတဲ့စာ) ၂၀၁၀ စက်တင်ဘာက တင်ခဲ့တဲ့ ပိုစ့်ပါ...

    ဂျပန်အစိုးရပေးတဲ့ ကျောင်းအတွက် အစိုးရ၀န်ထမ်းတွေက ခိုးရင် မသမာမူ လာဘ်စားမူ ရှိရင် ဖွင့်ချပေါ့ကွာ။ တိုင်ပေါ့ကွာ။ မီဒီယာပေါ် အပေါ် တင်ပေါ့ကွာ။ အခုတော့ လုံးဝမပေးအောင် အမေရိကန် အကြိုက်လိုက်လုပ်ပြီး မပေးအောင် လိုက်ပိတ်ပစ်တာ။ နာတော့ ဘယ်သူနာလဲ မြန်မာပြည်က ခလေးတွေတွေဘဲ နာတာ မဟုတ်ဘူးလား။ မင်းတို့ တောင် အခုကျောင်းလေး တစ်ကျောင်းဆောက်ဖို့ အတွက် ဘယ်လောက်ခက်ခဲနေလဲ ကျောင်းပေါင်း ၅၀၀ကွ၊

    ReplyDelete
  6. ကလေးတွေ အတွက် မှန်မှန်ကန်ကန် အသုးံချတာပါ မယုံရင်လည်း အမေ့အိမ် ပညာဒါန ကျောင်းကို သွားပြီး သုးံစွဲမှု စားရင်းဇယား တွေ မေးမြန်းလို့ ရပါတယ် ပွင့်ပွင့်လင်း လင်း ။
    စက်တင်ဘာဦးနေမိန္ဒ( မိဘမဲ့ မရှိဆင်းရဲသားတွေရဲ့ ကလေးတွေပါ အမေ့အိမ်ပညာဒါန ကျောင်းကို ဦးစီးလုပ်ကိုင်နေတဲ့ဆရာဆရာမတွေကလည်း မေတ္တာစိတ်တွေနဲ့ လုပ်ကိုင်နေကြတာပါ)

    ReplyDelete
  7. လက်ရေးအနေအထားအရ..ပန်းရံလက်သမား..တယောက်
    ယောက်ရေးတာပဲ...အင်ဂျင်နီယာလေးဘာလေးနဲ့တွက်ချက်ြကည့်ပါအုံး..လှူချင်ပါတယ်..ဘယ်ကိုလှူရမှာလဲ..

    အင်ဂျင်နီယာတဦး

    ReplyDelete
  8. မရှိလို့  ဈေးသက်သာအောင် ပန်းရံနဲ့ ရေးထားတာပါ ။ အင်ဂျင်နီယာ ကိုမေးခ ထပ်တက်နေပါအု့းမယ် ။

    ReplyDelete
  9. This comment has been removed by a blog administrator.

    ReplyDelete
  10. အပေါ်ဆုံးက နအဖအောက်ဆွဲ မင်းပထွေး ငတတ်ပြားဗိုလ်ချုပ်တွေ တစ်ရက်သုံးစာတောင် မရှိဘူး ငနွားရဲ့
    မြန်မာပြည်မတိုးတက်တာ တိုင်းတပါးက ယုံယုံကြည်ကြည် မလှုရဲတာ မင်းပထွေးဗိုလ်ချုပ်တွေ အကုန်ခိုးနေလို့ကွ ငနွားရဲ့

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။