ပလ္လင်တော် ရုံးခန်းထဲရောက်နေတဲ့ မြန်မာသတင်းရုပ်သံ..
မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုးသား အမွေအနှစ် သီဟာသနပလ္လင်တော်ကြီးဟာ နေပြည်တော်က သမ္မတကြီးသိန်းစိန် ရုံးခန်းထဲရောက်ရှိနေပါတယ်..။ ခေတ်အဆက် သမိုင်းအမွေအနှစ် သီဟာသနပလ္လင်တော်ကြီးဟာ မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုပလ္လင်တော်ကြီးပါ...။ တစ်ဦးတစ်ယောက်ပိုင် မဟုတ်ပါဘူး..။ အိမ်တွင်း အလှပြပစ္စည်းမဟုတ်ပါ... တမျိုးသားလုံးနဲ့ ဆိုင်တဲ့အတွက် အများပြည်သူ... ကြည့်ရှု လေ့လာခွင့်ရှိတဲ့ အမျိုးသားပြတိုက်လို နေရာမျိုးမှာ ထားသင့်ပါတယ်...။ ရှိသမျှ မြေပေါ် မြေအောက် သယံဇာတကအစ သမိုင်းအမွေအနှစ်တွေအထိ ထင်တိုင်းကြဲနေတာ ရပ်တန်းက ရပ်သင့်ပါပြီ... လွှတ်တော်အမတ်များကို ဘေးချိတ်ထားပြီး သမိုင်းပညာရှင်များနဲ့ သုတေသီများမှ ဝိုင်းဝန်းကန့်ကွက် သင့်ပါတယ်...။ ယတြာလားဘာလား ဆိုတာ ပြုလုပ်စီရင်သူတွေ အသိဆုံးဖြစ်မှာပါ....။
စင်ကာပူကို ခေတ္တ အလည်အပတ် ရောက်နေတဲ့ ပြည်တွင်းက ဝေဒပညာရှင် တစ်ဦးအွန်လိုင်းက တစ်ဆင့် ပြောလာတာကတော့ " ကိုဒီမိုရေ ဘာမှ ရှည်ရှည်ဝေးဝေး တွေးမနေနဲ့ ပလ္လင်ဆိုတာ ပ ကြာသာပတေး ၅နဲ့ လ ဗုဒ္ဓဟူး ၄ပေါင်းထားတဲ့ ၉ဏန်း ယတြာကြီးပါတဲ့၊ ခြင်္သေခံ ပလ္လင်ဖြစ်တယ်ဆိုတော့ တနင်္လာနဲ့သောကြာ ပေါင်းထားတဲ့ ခြင်္သေ့ကလည်း ဂြိုလ်သက် ပေါင်းရင် ၉ ဂဏန်းပဲ ပြန်ရပါတယ်...။ ဒါကြောင့် ၉ ဂဏန်းကို ခပ်တည်တည်နဲ့ ရုံးခန်းထဲထည့်ပြီး ယတြာလာချေထားတာလေ..နောက်ပြီး ရုံးခန်းထဲက ပလ္လင်မှာ ဘာအစီအရင်တွေ ထည့်ထားတယ် ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ မြင်ရသိရတာ မဟုတ်ဘူးလေ အင်မတန် မလုပ်သင့်တဲ့ အရာပါပဲဟု " သူ့အမြင်ကို ပြောဆိုသွားပါတယ်..။
သူ့ရဲ့ဝေဒ အမြင်နဲ့ ပြောတော့လည်း ဟုတ်နေသလိုလို ဘာကြောင့်ဆိုတော့ အထက်က တီဗီသတင်းထဲမှာ ဦးသိန်းစိန်ကို လာရောက်တွေ့ဆုံတဲ့ နိုင်ငံခြားသံတမာန်တွေကို ခေါ်ဆောင်လာသူ တစ်ဦးက ဦးညွတ်အရိုအသေ ပြုတော့ အားလုံးက ဦးညွတ်ကြရပါတယ်...။ ဦးသိန်းစိန် အနောက်တည့်တည့်မှာ ပလ္လင်တော်ကြီး ဆိုတော့ ပလ္လင်ကိုပါ ဦးညွတ်သလိုပေါ့ ဆရာပြောသလို အစီအရင်တွေ ထည့်ထားလားဆိုတာ စဉ်းစားစရာပါပဲ...။ ထားပါတော့ဗျာ... ဘာပဲဖြစ်ဖြစ် တမျိုးသားလုံးပိုင် အမျိုးသား အမွေအနှစ်ကိုတော့ တစ်ဦးတစ်ယောက်ပိုင် တစ်စုပိုင် မောင်ပိုင်စီး ပြုလုပ်ထားကိုတော့ အများပြည်သူကို စော်ကားတဲ့ လုပ်ရပ်အဖြစ် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်...။
မြန်မာတစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုးသား အမွေအနှစ် သီဟာသန ပလ္လင်တော်ကြီးကို နိုင်ငံခြားသံတမာန်တွေက ဦးညွတ်ရတာ မကောင်းဘူးလားကွ။
ReplyDeleteသူတို့ဒီမိုတွေမှာ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုအမွေနှစ်တွေကို ထိန်းသိမ်း ဂုဏ်ယူရမှန်းမသိကြပါဘူး။ဘယ်လို ဝေဖန်ရမလဲဆိုတာပဲသိတယ်။ဘာလုပ်လုပ် ဒါက ယတြာပဲဆိုပြီး ကြောင်တောင်တောင်တွေ ပြောနေကြတာလဲ ကျုပ်အတွက် ရယ်စရာတစ်ခုဖြစ်နေတယ်။တကယ်တမ်း ယတြာတွေ ယုံကြည်နေတာ သူတို့တွေဖြစ်နေကြတယ်။ကျုပ်တို့တွေတောင် ယတြာကို ဘယ်လိုတွက်ရမှန်းမသိဘူး စိတ်ကူးလည်းမ၇ှိဘူး သူတို့က တွက်ပြနေလိုက်တာ တကယ်ရယ်ရတယ်ဗျာ။
ReplyDeleteဒီမိုရေ - နိုင်ငံခြားသံတမာန်တွေ ပလ္လင်တော်ကြီး ကိုအလေးပြုပြီး အစီအရင်တွေကြောင့် ချီးဆက်ပန်းလား ဘာဖြစ်သွားလဲဆိုတာ စုံစမ်းပြီး ဆက်ရေးပါအုံးကွယ်၊
ReplyDeleteဒီမိုအယောင်ဆောင် ဗကပတွေ လုပ်တတ်တာက ဝေဖန်ရေးဘဲ။ လွှတ်ထားလိုက် အဲဒါတွေနဲ့ အချိန်ကုန်ပစေ။ ဝေဖန်ရင်း နဲ့ မောသွားလိမ့်မယ်။
ReplyDeleteဟုတ်တယ် အပေါ်မှာရေးသွားတဲ့ စောက်ရူးတွေရေ။ မင်းတို့လဲမထူးဘူး။ကျပ် ကုန်းစားပြီး သူများ blog ထဲမှာ လိုက်ပြီးဖင်သရမ်းနေကြတာမို့လား။မင်းတို့ကပိုဆိုးတယ်။ ကိုယ့်အစွမ်းမရှိပဲ blog တွေမှာ လိုက်ဟောင်နေတာ ရယ်ရတယ်။
ReplyDeleteတောင်ရှည်နဲ့စလွယ် နဲ့သီဟာသန ပလင် ကတို့မြန်မာ တွေရဲ့ အဓိကအရေးကြီးတဲ့အမှတ်အသားလေ။ထိန်းသိမ်းရမှာပေါ့။ နိုင်ငံ ကိုဦး
ReplyDeleteဆောင်မဲ့ သူတွေဝတ်ရမယ် လေးစားရမယ်။ အဲဒါကို ပျက်ရယ်ပြုရင် တော့ မင်းဟာမြန်မာ မဟုတ်လို့ပဲ။ aunty စု လဲ အခုဘာဝတ်နေ
လဲဆိုတာ သေသေခြာခြာ ကြည့် ပီး မှ ပြောပါ။ ကို နဲ့ မတည့်တဲ့သူ ကိုကြန်ဖန်အပြစ် ရှာ ပြောနေရင်တော့ မကောင်းတော့ဘူး
ကိုနဲ့မတည့် တိုင်း ကိုမကြိုက်တိုင်း ကောင်းတာကောမကောင်း တာကောကို အပြစ် ပြော နေ ပီး ဒါ နိုင်ငံ ရေးကွ ဆိုရင်တော့
မှားမယ်
သိန်းစိန်ရေ..မငိးဖင်ဝဲပေါက်နေအုံးမယ်.
ReplyDeleteငါ့ညီတို့ မင်းတို့တော်တော်အားနေကြလားဒါမှမဟုတ်လည်းအမိမြေရဲ့အဝေးနေရာမှာ
ReplyDeleteမိန်းမစိတ်ပေါက်နေပြီလားcommentတွေမှာမင်းတို့ကြီးဘဲ။
တပ်မတော်ရဲ့အနာဂတ်အတွက်ရင်လေးမိတယ်ကွာ။
၅၅၆
မင်းတို.တပ်မတော်ကခောတ်အဆက်ဆက်..ခိုးဆိုး လူသတ် ဘုန်ုးကီးသတ် လာတာ..တပ်မတော်ရဲ့အနာဂတ်အတွက်ရင်လေးမိသလေးဘာလေး
ReplyDeleteအနာဂတ်မဟုတ်ဘူးဟေ့..ပျက်နေတာကြာပီ..
၅၅၆
ReplyDeleteဆိုပြီးရေးတဲ့ဆောက်ပေါရေ..တပ်မတော်အတွက်ရင်လေးရင်မင်းနှမနဲ့မင်းအမျိုးတွေကိုတပ်မတော်အတွက်လူဒါန်းလိုက်ပါလား(မှတ်ချက်။ နိုင်ငံတာဝန်ထမ်းဖို့အတွက်)..ငါညီတို့လို့မပြောနဲ့အုံး..မင်းအဖေကန်တော့နေတဲ့နအဖကသူတွေထက်ပိုပြီးလေးစားလို့ရတယ်ကောင်လေး
ဦးကျွမ်းကြီး