Pages

Sunday, May 29, 2011

၁၉၆၀ခုနှစ်က ဝန်ကြီးချုပ်ဦးနုရဲ့ ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ မြင်ကွင်း (ရုပ်သံ)

၁၉၆၀ခုနှစ် ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ ရုပ်သံ... ဒေါင်းလုပ် လုပ်ချင်ရင်.. http://www.mediafire.com/?d9wvwba354a1faq

၁၉၅၈ခုနှစ် ကသမိုင်းတရားခံ ဦးနေဝင်းရဲ့ အိမ်စောင့် အစိုးရမှအာဏာ လွှဲပြောင်းရရယူပြီး ၂နှစ်အကြာ ၁၉၆၀ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ဦးနုရဲ့ သန့်ရှင်း ဖဆပလ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနဲ့ ၁၉၆၀ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ရုပ်သံပါ...။ သမ္မတက မန်းဝင်းမောင်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး စော(၀်)ခွန်ချို၊ ဘဏ္ဍာရေးဝန်ကြီးဦးတင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဦးရာရှစ် စတဲ့ လူမှန်နေရာမှန် ဝန်ကြီးအဖွဲ့မှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်...။ ပြည်တွင်း သတင်းထောက်များလည်း လွတ်လွတ်လပ်လပ်လပ် ဓာတ်ပုံ ရိုက်ယူ မှတ်တမ်းတင်ခွင့်ကို ရရှိခဲ့တာပါ..။ (ကြည့်ချင်ရင် Click)

ပါလီမာန် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ၂၀၁၁အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ဘာတွေကွာနေသလဲ နှိုင်းယှဉ်ကြည့်ကြပါ..။ ယနေ့ခေတ်တံခါးပိတ် လွှတ်တော်နဲ့ တကယ့်ပြည်သူတွေ ရွေးကောက်တင်မြောက်ခဲ့တဲ့ လွှတ်တော် ဘာတွေကွာပါလဲ။ ရိုးရိုးလေးပါ ဘာအဆောင်အယောင်မှ မပါပါဘူး...။ ဘယ်သူမှလည်း ကျောက်ရုပ်တွေလို အသက်မရှိတဲ့လူတွေလို တစုံတရာကို ကြောက်ရွံနေရသလို လှုပ်ရှားသွားလာခြင်း မရှိကြပါဘူး။

ရုပ်သံထဲက ဝန်ကြီးချုပ်ဦးနု အိန္ဒိယကို ချစ်ကြည်ရေး မထွက်ခင်မှာ ရန်ကုန်လေဆိပ်ကို လိုက်ပါပို့ဆောင်ကြတဲ့ ဝန်ကြီးဦးဝင်း (ကွယ်လွန်သူ ခေတ်ပြိုင် အယ်ဒီတာ ဦးတင်မောင်ဝင်း ဖခင်) အပါအဝင် သံတမာန်များလိုက်ပါ ပို့ဆောင်ကြပါတယ်...။ ရုပ်သံ အဆုံးပိုင်းမှာ စစ်ယူနီဖောင်းနဲ့ သမိုင်းတရားခံ ဦးနေဝင်းကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ငါတို့တိုင်းပြည်တော့ မကြာခင်မှာ ရေတိမ်နစ် ရတော့မှာပါလားဆိုတာ တွေးမိရင်း စိတ်မသက်မသာ ဖြစ်ရပါတယ်...။

အရင်ခေတ်နဲ့ ပါလီမာန် ဒီမိုကရေစီခေတ်နဲ့ အာဏာရှင်ဒီမိုကရေစီခေတ် အခြေအနေတွေနဲ့ ကွာခြားချက်လေးတွေကို နှိုင်းယှဉ်ပြတာပါ...။ အမှန်အကန်နဲ့ အကြံအဖန် ပါလီမာန်နှစ်ခု မြင်ကွင်းပါ...။ ပြန်တမ်းတတယ် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်း ကိုယ်စီကိုယ်ငှ တန်းတူညီမျှ လူတန်းစေ့ နေထိုင် စားသောက်နိုင်ဖို့ ကောင်းမွန်တဲ့ စံနစ်တစ်ခုအတွက် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်..။
အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ
အလုံပိတ် ပါလီမာန် AFP ရုပ်သံ..

4 comments:

  1. ဆောင်းပါးအစမှာ ဦးနု တိုင်းပြည်ကို မထိန်းနိုင်လို့  တပ်မတော် ကိုထိန်းခိုင်းပြီး တပ်မတော် က ဦးနုကို ပြန်လွဲပေးပြီးနောက် တပ်မတော် အစောင့်ရှောက်နဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ရုပ်သံပါ...။ ဆိုကထဲက တပ်မတော် မပါဘဲ မရဘူး တပ်မတော် နဲ့ ကင်းလို့ မရဖူး ဆိုတာ အထင်အရှားပါ။ လွမ်းမနေပါနဲ့။ တိုင်းပြည်ကောင်းအောင် လုပ်နိုင်ဖို့  အဓိကပါ။
    ဗမာပြည် ကွန်မြူနစ် ပါတီရဲ့  တိုက်ပွဲ သဏ္ဌာန်ပေါင်းစုံ ဆိုတဲ့ စကားကို များများပြောရမယ်၊ ယူဂျီလုပ်ဖို့  တိုက်တွန်းနေတာ နေ့ သစ်မှာ ဖတ်လိုက်ရပါတယ်။ ကိုယ့်ခြေကိုယ် တုပ်ထားရာ ကျမယ့်အပြောတွေကို နိုင်ငံရေးပါတီ တွေ အနေနဲ့ သတိထားသင့်ပါတယ်-တဲ့ ။ ဗမာပြည်က ယူဂျီလောက် အတွေ့အကြုံကြွယ်ဝတာ ကမ္ဘာမှာ နည်းပါတယ်-တဲ့ ။ ယူဂျီဖြိုခွဲမှုမှာ အစိုးရကလဲ အင်မတန် အတွေ့အကြုံ ရှိတယ်ဆိုတာ သတိပြုရမယ်-တဲ့ ။
    rockstar ဆိုသူက ကွန်မင့် တိုတိုလေး ရေးသွားပါတယ်။ “ရဲဘော် ဖိုးသံချောင်းကို ကျွန်တော် ဆက်သွယ်ချင်ပါတယ်။ ဘယ်လို လုပ်ရမလဲ။ ဖြေပေးပါ။” -တဲ့ ။

    အဖြေကို အခုထိမတွေ့ ရသေးပါဖူး။
    အင်တာနက် ထဲမှာတောင် တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ၊ တော်လှန်ရေး၊ ယူဂျီ အစရှိတဲ့ ဒီလိုလေထဲက တော်လှန်ရေး၊ အင်တာနက်ထဲက တော်လှန်ရေး၊ ဆိုတဲ့ လေထဲက ဆောင်းပါးတွေ အများကြီး ဆက်ဖတ် ရအုံးမယ်နဲ့  တူပါတယ်။
    ပြည်သူလူထုကြီး ရဲ့  နိုင်ငံရေး အတွေ့ အကြုံကို အထင်သေးကြတုံးပါလားလို့  ထင်မိပါတယ်။ ပြည်သူလူထုကြီး အလွန်မုန်းတဲ့ ငခုတ်ကြီး၊ ငဆော်ကြီးတို့ ရဲ့  အရှင်သခင် ဗမာပြည် ကွန်မြူနစ် ပါတီ တဖြစ်လဲ ဒီမိုကရေစီ အယောင်ဆောင်တွေအတွက် ဘယ်တော့မှ ပူးပေါင်းပါဝင် တိုက်ပွဲဝင်လိမ့်မည် မဟုတ်ပါကြောင်း၊ ယုံကြည်ချက်တွေ ကွဲပြားနေပေမဲ့ အမြင်တွေ မတူပေမဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့သာ တရားဝင် အာဏာကို ရယူဖို့  တရားနည်း လမ်းကျကျ မျှမျှတတ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောထားပြီး ပါကြောင်း။ ပြည်သူလူထုကြီး ရဲ့  လက်နက်ကလဲ ရွေးကောက်ပွဲကြီးဘဲ ဖြစ်ပါကြောင်း။

    ReplyDelete
  2. ဟုတ်ပ မောင်ရင်တို့စစ်တပ်က အဲ့ကတည်းက ဦးနုအယုံအကြည်လွန်ခဲ့လို့ အာဏာရဲ့အရသာ ပြည်သူကိုနှိပ်စက်ရတဲ့ အရသာကို အရှုးအမဲသားကျွေးသလို ကောင်းမှန်းသိသွားခဲ့ပြီး နောက်ပိုင်းတော့ ခိုးသား ၅၀၀ဘဝကို ယခုထက်ထိ ခံယူကျင့်သုံးနေတာပေါ့ မောင်ကာလုရာ

    ReplyDelete
  3. ၉၀ တုန်းက စစ်တန်းလျားပြန်မယ် ပြောပြီး အခုတော့ ပလ္လင်ပေါ် တက်ထိုင်နေပြီး))) အပြောကတော့ ရွှေမန်းး)))

    ReplyDelete
  4. ဗမာူပည်စစ်တပ်ကစစ်ဗိုလ်တွေကတော့အလှည့်ကျခိုးစားနေတာလေ..နံမည်က နအဖ တဲ့.(နိုင်ငံပိုင်အကုန်လုံးအလှည့်ကျခိုးစားရေးအဖွဲ.)
    စောမောင်ပီးသန်းရေမြောင်အေး.ဒီုကားထဲစခွက်ကလုသေး.ခင်ညွန်.ကိုဘေး
    ထုတ်လိုက်သေးတယ်..အမှန်တော့မင်းခိုးလို.ဝပီဖယ်အုံးနောက်လူတွေခိုးရအုံး
    မယ်ဆိုပီးဟန်ူပဖယ်လိုက်တာဘဲ..ဗိုလ်ချူပ်မူးကြီးကနေ.ဗိုလ်ုကီးအထိအကုန်သူခိုးကီးဘဲ..အခုသိန်းစိန်ခိုးမဲ့အလှည့်ရောက်လာပြန်ပြီ..ဘယ်သောအခါမှစစ်တန်းလျားမပြန်ပါဘူးဗျာ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။