Pages
Sunday, May 29, 2011
ဗမာဟေ့ ဗမာကွ.. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဗမာဟေ့ ဗမာကွ
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) 
ဒီစကားလေး သုံးဖို့အတော်လေး စဉ်းစားရတယ်။ သုံးသပ်ရတယ်။ တိုင်းရင်းသားတွေက အမြင်လွှဲလေမလားပေါ့။ ဗမာလူမျိုးကြီး ၀ါဒသမားလို့ အပြောခံရမှာ အထင်လွှဲ လာနိုင်ကြလို့ပါ။ ဒါပေမယ့် အကြိမ်ကြိမ် တွေးကြည့်တယ်။ ဒါလွန်ခဲ့တဲ့ ကျနော်တို့ဗမာတွေ စစ်တိုက်ချီတိုင်း ဗမာတွေက ရှမ်း၊ ကဒူး၊ မွန်တလိုင်း အကုန်စုစည်းပြီး တိုက်ခဲ့ရတာပါ။ ဦးစီးက ဗမာများလို့ ဗမာဟေ့ ဆိုပြီး မာန်တက်အောင် ပွဲသိမ်း တိုက်ပွဲကြီးတွေမှာ ညာသံပေးခဲ့ကြတာပါ။ ရာဇ၀င်စာအုပ်တချို့ မှာဆိုရင် ဗမာက ရှမ်းတွေမွန်တွေ ရှေ့က ထားပြီးနောက်က တိုက်တယ်အထိ ဆိုထားတာတွေ ရှိပါတယ်။
အခု ရှေးက ပြီးခဲ့တာရေးလာလို့ အဝေဖန် မစောကြပါနဲ့ဦး။ ကဲအရေးဆိုရင် ဇာတိသွေး ဇာတိမာန်က အလွန်အရေးကြီး အရေးပါလို့ ရေးရတာပါ။ တရုတ်တွေ ကျူးကျော်လာတာလေး စကြရအောင်ပါ။ ၁၉၅၂- ကနေ ၅၉ -အထိ တရုတ်ဖြူ ကျူးကျော်တပ်တွေကို မြန်မာ့တပ်မတော်က တွန်းလှန်ခဲ့ရပါတယ်။ အဲဒါ ဒီမီုကရေစီခေတ်က လေကြောင်း တိုက်ပွဲကြိးတွေမှာ ဗိုလ်ပီတာ ဆိုတာ သူရဲကောင်းအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ ၁၉၅၈- လောက်ကထင်တယ်။ ဗိုလ်ပီတာ အသက်စွန့်ပြီး တရုတ်ဖြူ စစ်လေယာဉ်ကြီးကို မိမိလေယာဉ်နဲ့ အသေခံထိုးချပစ်ခဲ့တာ။ ကျနော်တို့က ငယ်သေးတယ်။ ဒါပေမဲ့ ဗိုလ်ပီတာ ပုံကို ကျောင်းမှာ ပြတယ်။ သူ့သတ္တိနဲ့ သူအသက်စွန် ခဲ့တာကို ချီးမွှန်းကြ ရှင်းပြကြတော့ ငယ်ငယ် ချာတိတ်ဘဝက စစ်သားလုပ်ချင်လိုက်တာ။ ကျနော်တင်မဟုတ်ဘူး။ အတော်များများက အသေခံ တိုက်ရတာ ချချင်ကြတာ။ ကျောင်းမှာ စစ်တိုက်တမ်း ကစားကြရင် ဗိုလ်ပီတာကွ အော်ကြရတာ။
အခု တရုတ်ကြီးက သန်းရွှေ အသုံးမကျ ညံ့တာကို အညှာကိုင် ပြည်သူတွေ သူ့ကို မကြည်လေ မျက်ဖြူဆိုက်လေ ယီးစင်း ကြိုက်လေပေါ့။ ခါးပိုက်ထဲ ထဲ့ထားလို့ အပီပေါ့။ စကားချပ် (မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတ်မှီ ငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက် ဖမ်းဆီးနေကြောင်း သတင်း ဆောင်းပါး အဆုံးမှာ ထပ်ဖြည့်ပေးထားပါတယ်.. ဒီသတင်းနဲ့ ပတ်သက်ပြီး ဆရာပြန်ရေးထားတာပါ..။ တချို့သတင်းတွေ ဆရာဘာကြောင့် သိနေတယ်ဆိုတာ စာဖတ်ပရိသတ်ကို ထပ်ပြောပြချင်တာကတော့ ဒေါက်တာလှိုင်မြင့်ဟာ သန်းရွှေသား ထွန်းနိုင်ရွှေ၊ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ညာလက်ရုံး ထောက်လှမ်းရေး အဆင့်မြင့်အရာရှိ ဗိုလ်မှုးချုပ်ကျော်သိန်းနဲ့မယား ညီအကိုတော်သူပါ) ငါးဖမ်းခွင့်က သန်းရွှေ လက်ထဲမှာလေ။ ငါးဖမ်းခွင့်ကို မသိချင်ယောင် ဆောင်ပေးတာက $$$$$ နောက် သူကလည်း ပီကင်းမှာ အိမ်ရှိတယ်လေ။ အိမ်ကြီးတွေမှ ရပ်ကွက်လိုက်။ ပြီးဆွေမျိုး ပေါက်ဖေါ် ဆိုလား။ ဖင်ပေး ပေါင်းနေရတာလေ။
နောက် ခိုးဖမ်းနေတဲ့သင်္ဘောကို ဖမ်းဖို့က သန်းရွှေ အမိန့်မရဘဲ သွားလုပ်လိုက်ရင် ဖမ်းတဲ့အကောင် ဖင်ယားနေတယ်ဆိုပြီး တရုတ်သင်္ဘောပေါ် ဗလာကင်း အတင်ခံ ရမှာ တွေးကြည့်။ အဲ့ဒါကျတော့ ဗိုလ်မှုးစိုင်းသိန်းဝင်းကို ကယ်ခဲ့တဲ့ Blink Hacker Groupလည်း ကယ်နိုင်မှာမဟုတ်ဘူး။ Blink Hacker Groupက အင်တာနက် မှာဘဲ ကယ်နိုင်တာ ရေနက် ဗလာကင်း ကို ဘလင်ကာ ကယ်ဖို့ ဘောကွင်းမရှိဘူး။ နောက် ခိုးဖမ်းနေတာကလည်း ကိုးကိုးကျွန်းမှာ ဧရာမရေဒါကြီးတွေ ထိုင်ထားတော့ သူတို့သင်္ဘောတွေနား ဘယ်လိုလုပ် ကပ်နိုင်ပါ့မလဲ။ အဲဒီသင်္ဘော စောင့်ကြည့်တာ မျက်စောင်းထိုးရင်တောင် အဟမ်းဟမ်း လုပ်ခံရမယ်။ ခိုးနေတာတောင် ဒို့တပ်မတော်ရေက အထက်ကို သတင်းပို့ရဲ ကြပါ့မလား။ ဒါ ဘဘကြိး ဘော်ဘော်တွေလေ။
အဆိုလေးရှိတယ်လေ။ FIGHT , FLOW or FLEE။ ဖိုက် ဖေါ ဖနောင့် (ဖနောင့်နဲ့ တင်ပါးတသားတည်း ကျအောင်ပြေး) တော်လှန်ဖို့ကတော့ အခုနေ ကတည်းကက ဗမာတွေသတ္တိပြပြီး ဗမာဟေ့ ဗမာကွလို့ မအော်ရဲ ကြရင် ပြင်ထားကြပေတော့ ၀မ်စွေ့ဝမ်စွေ့အော်ဖို့။ အော် တခါတခါ တွေးမိတယ်။ ဗမာဟေ့လို့ တချို့စစ်ဗိုလ်တွေ တရုတ်ဖြူနဲ့ တိုက်ရတုန်းက အော်ခဲ့ကြသေးတယ်။ တရုတ်ဖြူတွေ တပ်စွဲထားတဲ့တောင်ကုန်းတွေကို တက်သိမ်းခဲ့ကြတယ်။ ဒီနောက် တချို့ သူပုန်တွေနဲ့ တိုက်ကြတုံးက ဗမာဟေ့လို့အော်ပြီး စခန်းသိမ်း အတင်းတက်သိမ်းပြိး သူရ နှစ်ထပ်ကွမ်းရခဲ့ဘူးသူ ကြားဖူးတယ်။
ဒီဘက်ခေတ်ကြတော့ ဗမာဟေ့ အော်ပြီး တောင်ပေါ်တက် စခန်းသိမ်းတာမျိုး တက်ကြတယ် ပြောသံမကြားရတာ အနှစ် ၅၀- ဘက်ရောက်နေပြီ။ ၀မ်ခ မာနယ်ပလော သိမ်းတာက လက်နက်အသားစီးနဲ့ လက်နက်ကြီးတွေ အသကုန်ပစ် ယင်တကောင်မှ မကျန်တော့မှ တဘက်က လူအကုန်ဆုပ်သွားတော့မှ ပြန်ပစ်သံ တိတ်သွားတော့မှ တယောက်စ နှစ်ယောက်စ ဂျိမ်းဘွန်းပုံစံနဲ့ ဟိုနံရံကပ်ဝင်။ လူနှစ်ယောက်စနဲ့ အရင်ဝင် သိမ်းတာမျိုး။ စခန်းတခုလုံးကို အလစ် ကိုယ့်အင်အားက သိပ်ရှိတာမဟုတ်ဘဲ သတ္တိနဲ့ မိုက်ရူးရဲ တက်သိမ်းတာမျိုး မကြားရတော့ပါဘူး။ အဲဒီဗိုလ်ကြီးကတော့ သူရနှစ်ထပ်ကွမ်းရတယ် ပြောကြတာပဲ။ ရန်သူတပ်စခန်းက ၂၅၀- လောက် တရုတ်ပြည်ကနေ သင်တန်းဆင်းပြန်လာတဲ့ သူပုန်တွေ လက်နက်အပြည့်နဲ့ သူက ရှိတာ စစ်သား ၁၀၀-လောက်နဲ့ သေနတ် မဖေါက်ဘဲ အလစ် ဗမာဟေ့ ဗမာဟေ့ ညာသံပေး အော်ဟစ် တက်သိမ်းတာ ရန်သူက လန့်ထွက်ပြေးကြတော့တာ။ လက်နက်တွေ တပုံကြီးရလိုက်တယ် ပြောတာပဲ။
၁၇၅၂- မှာ အလောင်းမင်းတရားကြီး မုဆိုးဘိုရွာကို ထန်းလုံး ခံတပ်နဲ့ ခံနေတယ်။ မွန်ရန်သူတွေက လချီဝိုင်းထားတယ်။ ခံတပ်ထဲမှာ ရိက္ခာလျှော့လာရယ် နောက်မွန်တပ်က တချို့ စစ်ကိုင်းဘက်ရွှေ့တာ သိလိုက်တော့ သူရသတ္တိ ပြောင်မြောက်တဲ့ လက်ရွေးစင်- ၆၈-ယောက်နဲ့ ဦးအောင်ဇေယျ (ဘုရင်မဖြစ်သေးဘူး ရွာသူကြီးဘဲ ရှိသေးတယ်) ကိုယ်တိုင် စစ်သည် ၆၉- ယောက်ရှေ့ဆုံးက ဦးဆောင်ပြိး (ဗမာဟေ့ ဗမာဟေ့) အော်ထည့်ပြီး ထွက်တိုက်လိုက်တာ ရန်သူတွေ လန့်ပြေးပြေးရတာ စစ်ကိုင်းမှာ ကိုယ့်လူတွေက အချိန်ကိုက် လှေတွေ ရွှေ့ထားလိုက်တော့ စစ်ကိုင်းကမ်းမှာ ရန်သူတွေ အတုန်းအရုံး တပ်ဦးကျိုးသွားပါတယ်။
အဲဒါကြောင့် ပြည်ရွှေဘိုရဲ့  အောင်နမိတ် ဂဏန်းက - ၆၉ - ဖြစ်နေတာပါ။ မြန်မာပြည်မှာ တခြားမြို့ တွေမှာ အောင်နမိတ်ဂဏန်း ရှိ မရှိ မသိပါဘူး။ ရွှေဘိုမြို့ ကတော့ အောင်နမိတ်က- ၆၉- ပါ။ ကျနော် ရွှေဘိုသား လူမိုက် ကလည်း ကျောင်းနေတာ နောက်ကျ တခါအတန်းကျော်တက်ပြိး ဆယ်တန်းကို - ၆၉- မှာအောင်ပါတယ်။ ကြံဖန် အဲဒီနှစ်ကို ချိန် ကိုက် ရောက်ရတာပါ။ ကျနော်တို့ တသက် ဗမာဟေ့ အော်ခွင့် ကြုံချင်ကြရင် အခုအချိန်ဟာ အောင်နိမိတ် ဆောင်နေတဲ့အချိန်ပါ။
အော် ကရင်သူပုန်တွေက မိတ္ထီလာကို သိမ်းလိုက်တယ်။ ၁၉၄၉- ဖေဖေါ်ဝါရီလောက်မှာပေါ့။ ပြီးမေမြို့ကို ကြေးနန်းရိုက်ပြီး လေယာဉ်နဲ့ ဗိုလ်မှုးကြီး(နာမည်မေ့) လာမယ်။ မေမြို့ဗိုလ်မှုးတွေ တပ်မှုးတွေက လေယာဉ်ကွင်း ဆင်းကြိုကြတယ်။ ပြည်တွင်းစစ် ဖြစ်နေပါတယ်ဆိုမှ မင်းခမ်းမင်းနားလုပ်နေကြသေးတယ်။ လေယာဉ်ပေါ်က အဲဒီ့ဗိုလ်မှုးကြီး ဆင်းလာတော့ ပြေးအလေးပြုကြတယ်။ လေယာဉ်ထဲက စက်သေနတ်တွေနဲ့ ကရင်တွေက ချိန်လိုက်ပြီး အားလုံးကို ဖမ်းထည့်လိုက်ပါတယ်..။ လေယာဉ်ကွင်းကနေ မြို့ထဲကိုဗိုလ်မှုးကြိးအမိန့်နဲ့ အားလုံး လက်နက်ချ ခိုင်းလိုက်တယ်။ ကရင်သူပုန်တွေက တပ်မြို့တော် မေမြို့ကို သေနတ် တချက်လေးတောင် မဖေါက်ဘဲ နာရီပိုင်းလေးအတွင်း တမြို့လုံးသိမ်းလိုက်ပါတယ်။ နေ့လည်မှာ ဗမာ့တပ်မတော် စစ်သားအားလုံး သုံးပန့်ဖြစ်နေပါပြီ။ တပ်မတော်က အဲဒီလောက်ချာခဲ့တာပါ။ တကယ်က တပ်မှုးကြီးက သူ့အသက်အတွက် တပ်မြို့ကြီး တစ်ခုလုံးကို ထိုးအပ်လိုက်တာပါ။
ဖေဖေက ပြည်စောင့်ရဲ တပ်မှာ။ နှစ်ပွင့်ဘဲ ရှိသေးတယ်။ သူက မေမြို့ အခုဘီအီး (ရေတံခွန်အနီး) တပ်ထိပ်မှာ မြို့အ၀င် လုံခြုံရေးတာဝန်။ ချက်ချင်း သူစစ်သည် တွေစုပြီး ခံစစ်ပြင်တယ်။ ပြိးတပ်ဆုတ်ဖို့ပါ တပါတည်း ပြင်ထားလိုက်တယ်။ မေမြို့က တပ်မြို့ လက်နက် ထောက်ပံ့မြို့။ လက်နက်တိုက်တွေပါ ကရင်သူပုန်က စီးမိသွားပြီ။ လာတာပဲ။ အင်အားက မမျှတော့ ခံစစ်ခံပြိး ဆုတ်ရတယ်။ ကျောက်မဲမှာ ရှမ်းတပ်တွေ ရယ် ဗ.က.ပ. တပ်တွေနဲ့ ပေါင်းပြီး ကရင် တပ်ကို ခံတယ်။ ထပ်ဆုတ်ရတယ်။ နောင်ချို ဂုတ်ထိပ်မှာ နိုင်လိုက်တယ်။ ကရင်တပ်တွေဆီက လက်နက်တွေ တော်တော်လေး ရလိုက်တယ်။ ပစ်ကွင်းထဲ နယ်မကျွမ်းပဲ ကျွံလာတာ အကုန်သေကုန်တယ်။ ညကျတော့ အောင်သေအောင်ပွဲ သောက်ကြစားကြတယ်။
တိုက်ပွဲက ရက်ဆက်ဖြစ်ထား ငတ်နေ ပင်ပန်းထားတော့ စားသောက်ထားတဲ့ အထဲ အိပ်ဆေး အထည့် ခံလိုက်ကြရတယ်။ မနက် နိုးတော့ အားလုံး ကြိုးအတုတ်ခံထားရပြီ။ ဗ.က.ပ. က ဖမ်းထားလိုက်ပြီ။ ရှမ်းကိုတော့ မထိဘူး မဖမ်းဘူး။ ဖေဖေ တို့စစ်သား- ၇၅-ယောက် ကို သစ္စာဖေါက်ပြီး ဖမ်းထား တန်ဆာခံ လုပ်ပြိး ဗိုလ်နေ၀င်း ဦးနုတို့ဆီက လက်နက်နဲ့ငွေ တောင်းပြိးမှ တသုတ်ချင်း ပြန်လွှတ်ပေးပါတယ်။ အဲဒါ ဦးစန်းယုရေးတဲ့ ပြည်တွင်းစစ်တိုက်ပွဲ စာအုပ်မှာ အဲဒီတိုက်ပွဲအကြောင်းရော ပြန်ပေးခ ညှိနိုင်းရတာကော မပါပါဘူး။ ဘီအီးစခန်းတိုက်ပွဲက မေမြို့ ရဲ့တခုထည်းသော တိုက်ပွဲပါ။ တမြို့ လုံးသိတယ်။  တညနေလုံး ချနေတာ။ ညပိုင်း မှောင်ရိပ်ခို ဆုပ်သွားချိန်အထိ ၅-နာရီလောက်ကြာတဲ့ တိုက်ပွဲကြီး။ အဲဒါကို ဖျောက်ထားပြိးရေးတယ်။ လက်နက်မချတဲ့ တပ်က ပြည်စောင့်ရဲတပ် (UNION MILITARY POLICE - UMP)။ သူတို့တပ်မတော်က ဗျူဟာကြိးတခုလုံး ဗိုလ်မှုးတွေအများကြိး အစုလိုက် အပြုံလိုက် အားလုံးလက်နက်ချ ထားတာ သိက္ခာကျနေလို့.. ဖေဖေက ဗ.က.ပ. တွေ လက်ထဲ (၂-လ) လောက်နေခဲ့ရပါတယ်။
နောက်တခုရှိသေး။ ၁၉၅၉- ခုနှစ်မှာ အခု ၀ပြည် သွေးစည်းညီညွှတ်ရေးတပ်မတော်ပေါ့။ UNITED WA STATE ARMY အဲဒီတုံးက ဘယ်လိုခေါ်တယ် မသိပါဘူး။ ၀သူပုန်လို့ ဘဲ ကျနော်တို့ သိတာ။ ၅၈-မှာ ဖေဖေ က လာရှိုးပြည်စောင့်ရဲ တပ်ရင်း -၈- မှာ ဒု-တပ်ရင်းမှုး။ ဖေဖေ ကတောပစ် ၀ါသနာသိပ်ကြီးတယ် ။ အဲဒီတော့ ရောက်လေရာ အရပ်တိုင်းမှာ သူပုန်အဆက်တွေနဲ့ ညှိတယ် ခွင့်တောင်းတယ။ စနေ တနင်္ဂနွေ ဆို တောပစ်ထွက်တယ်။ သူတို့ကလည်း ဖေဖေတောပစ်တာ တော်တော့ အတူလိုက်ပြစ်ကြတယ်။ မိတ်ဆွေတွေ ဖြစ်လို့။ လာရှိုးကပြောင်းတော့ အဲဒီတုံးက မီးရထားလမ်း ဗုံးအခွဲဆုံးနေရာ တွေထဲက တခုဖြစ်တဲ့ ဖြူးမြို့ နားက ညောင်ပင်သာ တပ်စခန်းစသစ်ဆောက်တယ်။ ကရင်သူပုန်နဲ့  ဗ.က.ပ .နယ်။ တပ်စည်းရိုးကို သုံးခုကာထားရပြိး စည်းရိုးတခုမှာ မှိုင်းတွေ ထောင်ထားရတယ်။ အဲဒါကို ဖေဖေ က အနီးအနားက ကရင်ရွာသားတွေနဲ့ ညှိတယ် တောပစ်သွားတယ်။ ပုသိမ် ငပုတောဘက်မှာဆို ဂျမ်းကပ် ရွာဆိုတာ ကရင်သူပုန် ဌာနချုပ်။ အဲဒီမှာ သောင်းကျော် သိန်းကျော် ဆိုတာ ကရင်သူပုန် ညီနောင် ခေါင်းဆောင်တွေ။ ဖေဖေက တိုက်ပွဲတွေ မဖြစ်အောင်ညှိတယ်။
ဖြစ်ရင် လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ သူတို့ လက်နက် (သိပ်အကောင်းတော့မဟုတ်) ၅၀၀- နီးပါး။ ရွှေ့ပြောင်းနေတဲ့ ကိုယ်ပျောက်တပ်။ ကျနော်တို့က တပ်ခွဲလေးတခုထဲ ။ တပ်ခွဲက အင်အားအပြည့်မှ စစ်သား ၁၂၇-ယောက်။ ထိမ်းရတဲ့နယ်က အကျယ်ကြီး ငပုတောကနေ လပွတ္တာ ဟိုင်းကြိး ပြင်ခရိုင် အထိ။ ငွေတိုက်တွေ စပါးဒိုင်တွေ အုပ်ချုပ်ရတာ။ နောက် ဂျမ်းကယ် ထွက်ရရင် တောပစ်သေးတာ။ အဲဒီညီနောင်ထဲက တယောက်က ဆုံးသွားတယ်။ တယောက်က နောက်ဆုံး ဖြတ်လေးဖြတ် လုပ်လာတော့ လက်နက်ချ အလင်းဝင်ရတယ်။ ကျနော်တို့ မုံရွာပြန်ရောက်နေတာ ကြာပြီ။ ဖေဖေ က ငပိရည် ငခြောက် ကြိုက်တတ်တော့ တောထဲကနေ မုံရွာကို ငပိရည် ငခြောက်တွေ ခိုးခိုးပို့ ပေးရှာတယ်။
သူအလင်းဝင်လာပြီး မုံရွာကို လာလည်တယ်။ သူ့သမီး ကရင်မချောချောလေးက ဖေဖေ့ အခင်ဆုံးမိတ်ဆွေရဲ့ သားနဲ့ အိမ်ထောင်ကျသွားတယ်။ ရန်သူဖြစ်ပေမဲ့ ဖေဖေ က ကရင်တွေအပေါ် သိပ်ခင်တွယ်ရှာတယ်။ ဖေဖေ အမြဲပြောတတ်တယ်။ နေ၀င်းကွာ ဒီလောက်ရိုးသားတဲ့ သူတွေ ကို ကိုယ့်ဘက်ပါအောင် မလုပ်တတ်ဘူး။ ငါသာဆို ကရင်မလေးတွေ ကို သူနာပြုသင်တန်းတွေပေး နိုင်ငံခြားကိုလွှတ်ရင် ဟိုမှာ ဒီလိုမေတ္တာ စေတနာ ရှိသူတွေ အင်မတန်လိုချင်နေတာတဲ့။
ကဲလားရှိုး ကိုပြန်ဆက်ကြရအောင် ဖေဖေ ၀-နယ်တွေ ဘက်အထိ တောပစ်ထွက်တတ်တယ်။ အဲဒီအချိန်တွေက ၀-တွေက လူသားစားကြတုန်း။ လူစိမ်းဆိုရင် ပစ်သတ် စားကြတာ။ အဲဒီမှာ ၀သူပုန် နဲ့  တပ်မတော်ကို ဖေဖေက ကြားက ညှိနိုင်းပေးတော့ ငြိမ်းချမ်းရေးသဘောတူညီချက် တခု ရသွားတယ်။  လက်မှတ်ထိုးကြတော့ တပ်မမှုးနဲ့ ထိုးရမှာ။ သူတို့ ဖေဖေ ကို ဘဲလက်ခံလို့ ပြည်စောင့်ရဲ ဗိုလ်ကြိးက တပ်မတော် ကိုယ်စား ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးရတယ်။ တချက်လဲ ရှိသေးတယ်။ ဖေဖေ တို့ ပြည်စောင့်ရဲတပ်က ၀လူမျိုးနှစ်ပွင့် ဗိုလ်မောင် ကလည်း အဲဒီမတိုင်ခင်လေးမှာ ၀သူပုန်တွေဘက် တောပြန်ခိုသွားတယ်။ သူကစစ်ရေးအတွေ့ အကြုံလာယူတာ သက်သက်။ သူက ၀သူပုန်မှာ တပ်မှုးဖြစ်နေတော့ သူက ဖေဖေ့စိတ်ကို ယုံကြည်တာလည်း ပါမယ်ထင်တယ်။ ဖေဖေ့ တပည့်အရင်း။
အဲဒါ ကျနော်လဲ မမှတ်မိပါဘူး။ သိတောင်မသိဘူး ထင်ပါတယ်။ မှတ်မိတာ တခုက ၀တပ်တွေက လက်ဆောင်ပေးလိုက်လို့ ကျနော်တို့ ကြက်တွေ ရလာပြီး အိမ်မှာ ကြက်တွေ မွေးကြတယ်။ ကျနော်ရတာက ကြက်မလေး။ နောက်ပျောက်သွားတော့ ကျနော်ငိုရတယ်။ အဖေက တကောင် ထပ်ဝယ်ပေးတယ်။ ဟော မကြာဖူး ကျနော့်ကြက်မကြီးက ကြက်သားပေါက်လေးတွေနဲ့ ပြန်ပေါ်လာတယ်။ ကျနော်လေ ပျော်လွန်းလို့ တုန်နေတာဘဲ။ အခုချိန်အထိ သားသမီးတွေကို ကြက်ပေါက်လေးတွေနဲ့ ကြက်မကြီး ပန်ရောက်လာတာ ပြောပြတတ်တယ်။
အဲဒါ ဆက်ပါအုံးမယ်။ ၁၉၈၉ ကျတော့ အမေရယ် ညီဒေါက်တာဂျိုးဇက်ရယ်၊ ညီမ ဒေါက်တာအေးအေးမူ(ဂျူဒီ) တို့ကို ဖမ်းထားတယ်။ ကျနော်က ဖေဖေ့ကို ဖေဖေလည်း တပ်မတော်မှာ တာဝန်အကြားကြီး ထမ်းခဲ့တာဘဲ အသနားခံစာတင်ပေးပါ တောင်းဆိုတယ်။ ဖေဖေပြောတာက ငါတို့က လူစိတ်အပြည်နဲ့ စစ်သား ပြည်သူမျက်ရည် မကျစေရဘူး မျက်နှာပျက်တာမြင်ရင် ညှာတာတယ်။ အခုဟာက လူလိမ်တွေ ဓါးမြတွေ။ အသနားခံစာတင် ဒူးထောက်ရင် ဒူးဘဲ နာမယ် ဒီကောင်တွေမှာ ကိုယ်ချင်းစာစိတ် ပျောက်နေပြီ။ တင်လည်း ရမှာမဟုတ်ဘူးတဲ့။
အဲဒီတော့ ကျနော်က သူ့လက်မှတ်ကို လေ့ကျင့် မတူဘူး။ ခိုးထိုးပြီး အသနားခံစာ သူ့ လက်မှတ်အတုနဲ့ မေ လလောက်မှာ တင်ပါလေရော။ အခုဝန်ကြီးများရုံးမှာ တစ်စောင်။ နောက် စစ်ရုံးချုပ်ကြီးမှာ နှစ်စောင်။ တင်သမျှအားလုံးက ထောက်လှမ်းရေးဆီ အရင်ရောက်ပုံရတယ်။ နောက်နေ့ မယားညီအကိုတော် ဗိုလ်မှုးချုပ် ကျော်သိမ်းက ခေါ်ပါလေရော။ ခင်ဗျားဒါ ဘာလုပ်တာလဲပေါ့။ ကျနော်ကလည်း သူမသိလောက်ဘူးပေါ့။ ဖေဖေ က တင်ခိုင်းလို့ပါပေါ့။ ကိုလှိုင်မြင့် မညာချင်ပါနဲ့ မရဘူး ငုတ်မိသဲတိုင်ပေါ့။ မညာပါဘူးပေါ့ ရီတယ် ဟားတာပေါ့။ ရော့ ဒီမှာ ခင်ဗျားအဖေ လက်မှတ်အစစ်က။ ကျနော်မျက်လုံးပျူးသွားတယ်။ ဟိုက် - ဒီလူတွေ တော်လှချည်လားပေါ့။
သူက ရီတယ် ရီတယ်။ ကျနော်ကြောင်နေတာကို ရီနေတာ။ ပြီးမှ ခင်ဗျားကလေ ကျားရှေ့ မှောက်လျှက်လဲ ဆိုတာ ခင်ဗျားမှ ကွက်တိတဲ့။ ပြီးမှ သူက ရှင်းပြတယ်။ ၀-တပ်မတော်နဲ့ မတ်လမှာ သူတို့  ငြိမ်းချမ်းရေးလုပ်တော့ သူက အဲဒီငြိမ်းချမ်းရေးတွေ စကားပြောတိုင်း သူက ဦးဆောင်ရတဲ့သူ။ အဲဒီမှာ ၀တပ်က ၁၉၅၉- ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်ကို ထုတ်ပြပါလေရော။ ပြသနာက ကျနော်တို့ တပ်မတော်ကြီးက တပ်မတော်မှတ်တမ်းရုံးကြိး အကြီးကြီး ရှိထားပြီး အဲဒီစာချုပ် ပျောက်နေတယ်။ အဲဒီမှာ သူတို့ ဖေဖေ့ဆီ မေမေ့ အကြောင်း ညီမောင် အကြောင်း မေးသလိုနဲ့ အိမ်ဝင်ထားပြီးပြီ။ ဖေဖေ့ကို ၅၉- ခုနှစ် ငြိမ်းချမ်းရေး ကိစ္စသွားဆွေးနွေး ထားပြီးပြီ။ လက်မှတ်ပါ ယူထားပြီးပြီ ။ အဲဒီတော့ ဖေဖေ့ လက်မှတ်က ဘိုလိုထိုးထားတာ ပြီးစောမောင် သန်းရွှေ ခင်ညွှန့် အာလုံး တကူးတက ကြည့်နေ မှတ်မိနေချိန် ကျနော်က တက်ပြိး လက်မှတ်အတုနဲ့ တင်လိုက်မိချိန်ပေါ့။ စဉ်းစားပြီး မျက်လုံးထဲ မြင်ယောင်ကြည့်ပေါ့။
တော်သေးတယ် ယောက်ဖက အယူမြန်လိုက်လို့။ ပြီးသူက ပြောသေးတယ်။ ခင်ဗျား အေးအေးနေ စမ်းပါ။ ခင်ဗျားအမေနဲ့ ညီတွေ လွှတ်နိုင်ပါတယ်။ သူ့တို့အမှုက ဘာမှမရှိဘူး။ ဖိုင်က သေးသေးလေး။ မတရား တိုင်ထားကြလို့ စစ်နေရတာ။ ခင်ဗျားဖိုင်က လက်လေးချောင်းကို ကားပြပြီး ဟောဒီလောက်ရှိတာ။ ခင်ဗျား လုပ်မှ ထောင်ကျကုန်ကြမယ်။ ရှေ့နေမင်း ဆောင်မမှ ထောင်ကျ ဖြစ်နေမယ်ပေါ့။ ခင်ဗျားဓါတ်ပုံတွေက အိတ်နဲ့ ထည့်ထားတာ တစ်ပေ-ကျော်မြင့်တယ်။ ကြည့်ချင်လား ၀င်လိုက်တဲ့။ ခင်ဗျားကို ၇၁- ကတည်းက ဖိုင်ဖွင့် ထားတာကော သိလားပေါ့။ ကျနော်တော်တော် ပျာသွားတယ်။ ၈၈၈၈- လုံးလုပ်ခဲ့တာ မကြောက်မိသလိုဘဲ။ သူခြောက်လိုက်တော့မှ တော်တော်လေး ဖြုံသွားတယ်။
ငြိမ်နေလိုက်တယ်။ တကယ်ဖြုံသွားပါတယ်။ သူပြောသလိုပါဘဲ။ အမေက အချုပ်- ၁၉- လအရမှာ ပြန်လွတ်လာပါတယ်။ ညီမကတော့ နှလုံးဖေါက် သတိတွေ လစ်လစ်သွားလို့  ပြန်လွှတ်ပေးလိုက်ပါတယ်။ အခု ညီမက SUN CLINIC မြောက်ဥက္ကလာမှာ ဖွင့် လူမှုရေးဆေးခန်းပါ ။ အခု ၂၀၁၁ မှာ ပထမ ရပါတယ်။ ဘီလ်ဂိတ်ခေါင်းဒေးရှင်း (MICROSOFT , BILL GATES FOUNDATION) က လာတုန်းက ညီမဆေးခန်းကို လာလည်သွားပါတယ်။ သူ့သားကဆေးကျောင်းသား ကားမောင်းကြမ်းတယ်။ အိမ်လည်တယ်။ တယောက်က အင်ဂျင်နီယာ။ တခါတခါ မိဘစကား နားမထောင်ကြဘူး။ နားမထောင်ကြရင် ကိုကို ပြောပေးပါဦး။ ကျနော်ပြောလိုက်ရင် တခွန်းဘဲ။ ပါးကိုနမ်း ကံတော့ ပြီး အိတ်ထဲ ဒေါ်လာတွေ ထဲ့ပြီ ။
ညီကတော့ အမှု နှစ်ခု။ တမှုကို ထောင် ၇-နှစ်။ နှစ်မှုကို ၁၄-နှစ်ပေါ့။ အဲဒီမှာ စစ်ခုံရုံး ဗိုလ်မှုးက ဗိုလ်မှုး ခင်အောင်တင့်။ သူက အင်ဂျင်နီယာ။ လူစိတ်ရှိတယ် ။ အထက်က ဒါမောင်းဆိုလို့ သူက မောင်းရရှာတယ်။ ပြိးသူက အမှုနှစ်ခုကို တရက်ဆီ ခွဲချတယ်။ ဒုတိယအမှု မချခင်မှာ သူက သူ့ဒရိုင်ဘာကနေ အမှုနှစ်ကို တပေါင်းထဲ ပေးလို့မရဘူး ။ အဲဒီတော့ သူက အမိန့်မှာ သီးခြားစီလို့လဲ မှတ်ချက်မရေးထားဘူး။ တပေါင်းထဲ ကတော့ ရေးခွင့် မရှိဘူး။ ဘာမှ ရေးမထားဘူး။
ပထမ တမှု ရက်စေ့ရင် ကျနော်ဆီလာခဲ့။ အဲဒီကျမှ တပေါင်းထဲ ရေးထားတာပါ ဆိုပြီးလုပ်ထဲ့လိုက်မယ်ပေါ့။ ရက်စေ့တော့ သူက အင်းတိုင်ရောက်နေပြီ။ စုံစမ်းနေရတာ။ အဲဒီမှာ သူက အမိုက်ခံပြိးသူ မသိလို့ တပေါင်းထဲ ပေးထားမိပါတယ် လုပ်တော့တာ။ ကျနော့်ညီ နောက် -ဒုတိယ အမှု က တပေါင်းထဲနဲ့ လွှတ်လာပါတယ်။ မမေ့နိုင်ပါဘူးဗျာ။ အင်ဂျင်နီယာ ဆိုတော့ စိတ် ဘယ်လောက် လူစိတ်ရှိသလဲ ဆိုတာ။ ကဲပြန်ဆက်ကြရအောင် ကျနော်တို့ တပ်မတော်ကြီးက မှတ်တမ်းရုံးကြီး ရှိထားပြီး ငြိမ်းချမ်းရေးစာချုပ် ပျောက်သွားရတယ်လို့ဗျာ။ ၀-တပ်က ဒီမိုကရေစီခေတ်က အခွင့်အရေးတွေ တောင်းပုံရတယ်။
ကဲကဲ ကျနော်တို့ တပ်မတော်ကြီးက ဖေါက်ပြန်နေပြီ။ လူထုက လက်နက်မရှိဘဲ တရုတ်ပြည်ကြီးက ကျူးကျော်နေတာကို သတ္တိနဲ့ဘဲ တွန်းလှန်ရတော့မှာ။ အလောင်းမင်းတရားကြီး သတ္တိမွေးရဲသူ တွေ ရှိကြသေးရဲ့လား။ ဗမာကွေ အော်ပြီး သေရဲသူတွေ ရှိကြသေးရဲ့ လား။ တရုတ်ကို တကယ်တိုက်ဖို့ ဖြစ်လာရင် လှိုင်မြင့် ရှေ့ဆုံးစစ်ကြောင်းကနေ ကမိခဆဲ အသေခံတက်ပြမယ်။ ရွှေဘို အလောင်းမင်းတရားကြီးရဲ့ ကျုံးရေနဲ့ ချက်ဆေးလာခဲ့သူ။ တရုတ်တပ်တွေကို ( -ီး ) ဘဲထင်တယ် ။
ဟေ့ တရုတ်ကို တိုက်ရမယ်ဆိုရင် မှတ်ထားပါ။ ၁၇၆၅ ကနေ ၁၇၆၉ အထိ တရုတ်တပ် မန်ချူးဗိုလ်ချုပ်ကြီး မင်ဇျူးဟာ ဆင်ဖြူရှင်မင်းတရားကြိး ၁၇၆၇- မတ်လ - ၂၈-ရက်နေ့မှာ အယုဒ္ဓယမြို့ကို အောင်နိုင်လို့ သိမ်းလို့ မပြီးသေးဘူး မြန်မာတပ်တွေ ထိုင်းရောက်နေတာသိတော့ အင်းဝအနား မြစ်ငယ်အထိ ချီတက်လာပါတယ်။ အင်မတန် အင်အားကြိးတဲ့တပ်မကြီးပါ။ (တရုတ်- မြန်မာစစ်ပွဲ wikipedia မှာ ဖတ်ချင်ရင် Click) အဲဒီအချိန်က တပ်မှုးကသာ သန်းရွှေဆိုရင် စစ်ပြေငြိမ်းလိုက်ပြီး ဆွေမျိုးပေါက်ဖေါ်ဆိုပြိး ဆွေမျိုးဆိုပြိး အပေါက်ဖေါ်ပေးလိုက်ပြီ။ အဲဒီတုန်းက တပ်မှုးကြီးတွေက ဗလမင်းထင်၊ တိမ်ကြားမင်းခေါင်နဲ့ မဟာသီဟသူရ။ စစ်သူကြီးတွေအပြင် ဘုရင်ကြီး ဆင်ဖြူရှင် မင်းတရာကြီးကလည်း မေမြို့ အခု အနီးစခန်းနား ဆင်ခေါင်းရွာနေရာအထိ တရုတ်မန်ချူး စစ်ဗိုလ်ချုပ်ကြီးက ရောက်နေပြီ။ မှုးမတ်တွေက ပုဂံကိုဆုတ်နေဖို့ပေါ့ အကြံပြုကြတယ်။
ထိုစဉ်က မန်ချူးဧကရာဇ်
မင်းကြီးက ငါက အလောင်းမင်းတရားကြီး သွေးကွ စစ်ပြေးဖို့ ငါ့လာမပြောနဲ့ဟေ့ နောက်ဆုံး သွေးတစက် ကျန်သည်အထိ တိုက်ရင်းဘဲသေပြမယ်။ ဗမာကွ ဗမာ့သွေးမှန်ရင် သေမှာမကြောက်ဘူးကွ။ ဒီဘုရင်ကြိးသတ္တိက စစ်သည်တော်တွေကို အားတက်စေခဲ့တာက ဒီအင်မတန် ကြိးမားတဲ့ စစ်ပွဲကြီးရဲ့ စစ်ဦး ပြောင်းသွားစေတဲ့ စကားပါ။ ဘုရင်ကြီးရဲ မိန့်ခွန်းက ဗမာဆိုတဲ့ ဇာတိမာန်ကို နှိုးဆွပေးလိုက် ပါတော့တယ်။ အဲဒီစကားကို ဗမာစစ်သည်တွေကြားပြိး ဧရာမတရုတ်တပ်မကြိးတွေကို ဗမာဟေ့ အော်အော်ပြီး အတင်း တက်ခုတ် ကြတော့တာပါဘဲ။
ဝါရင့် မန်ချူး စစ်ဗိုလ်ချုပ်ကြိး မင်ဂရူအီဟာ တရုတ်အင်ပါယာဘုရင်ကြီးရဲ့ သားမက်လညိး တော်တယ်။ အခု တာဂျက် ကစ်စတန်နိုင်ငံကြီးမှာ စစ်ပွဲကြီးနိုင်လိုက်လို့ သမီးတော်နဲ့ ထိမ်းမြား စေတဲ့အထိ စစ်တိုက် ကျော်ကြားတဲ့သူပါ။ ချီတက်လာတဲ့ တရုတ်တပ်တွေကလည်း အင်အားက တပ်မလေးခု အင်အား အသုတ်လိုက် အသုတ်လိုက် ၇သောင်းနဲ့ ချီတက်လာကြတာပါ။ မြန်မာတပ်တွေထက် အင်အား လေးဆကြီးပါတယ်။ အခုမိုးကုတ်လမ်းပေါ်က ခရီးတထောက်နား စခန်းဖြစ်တဲ့ ရွှေညောင်ပင်မှာဆိုရင် အုတ်တွေနဲ့ ခံတပ်ကြိးဆောက် ထားတာ မြို့ကြီး တစ်မြို့စာ ကျယ်ပါတယ်။ အင်မတန်လဲခိုင်ခန့်ပါတယ်။
နောက်ဆုံး ဒီတရုတ် စစ်ဗိုလ်ချုပ်ကြိးဟာ ဒီလောက်အင်အားကြိးမားစွာနဲ့ ချီတက်လာပြီး ဗမာကို စစ်ရှုံးလို့ ပြန်ဆုပ်ရတော့ မန်ချူးစစ်ဗိုလ်ချုပ်တွေရဲ့ အစဉ်အလာအတိုင်း မိမိရဲ့ ကျစ်ထားတဲ့ ဆံပင်ကို ဖြတ်ပြီး တပ်မှုးတဦးရဲ့ လက်ထဲအပ်ပြီး သစ်ပင်မှာကြိုးဆွဲချ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါတယ်။ နောက်တပတ် အကြာမှာ ပီကင်းကနေ စာချွန်လွှာ ရောက်လာပါတယ်။ စာချွန်လွှာက ယူလာသူ သံတော်ဆင့်က လမ်းမှားပြီး နောက်ကျ တာဖြစ်နေပါတယ်။ ဧကရာဇ်ဘုရင်မင်းကြိးကိုယ်တိုင် မြန်မာကို မနိုင်ရင် ဆုတ်ခဲ့ဖို့ အမိန့်နဲ့လမ်းမှာ စစ်သည်တော်တွေ အသေအပျောက် နည်းနိုင်သမျှ နည်းအောင် ကြပ်မတ်ဖို အမိန့် စာရောက်လာပါတယ်။
တရုတ်ရာဇ၀င်မှာ ဒီမာန်ချူး စစ်ဗိုလ်ချုပ်ကြီး မင်ဂရူအီဟာ ရာဇ၀င်တွင်ကျန်ခဲ့တဲ့ စစ်သူကြီး အဖြစ် အလွန်ကျော်ကြား ထင်ရှားပါတယ်။ သူသတ္တိကို စံပြသူရဲကောင်း အဖြစ်ကနေ့တိုင် အသိအမှတ်ြု့ပုတာ ခံရပါတယ်။ ကျုပ်တို့ ဗိုလ်ချုပ်မှုးကြီး (ဗိုလ်ချုပ်ကြီးတဲ့ ကြီးတယ်နော်) ကတော့ တိုင်းပြည် ငတ်နေတာ အရေးမကြီးဘူး သူပုန်းဖို့ လှိုဏ်ခေါင်းတွေ ဦးစားပေး ဆောက်နေတာနဲ့ ယှဉ်ကြည့်ကြပါအုံး အရပ်ကတို့။ စစ်ပွဲက ဘယ်နေမှန်း မသိသေးဘူး ဘယ်သူနဲ့မှ လည်းရန်စောင်နေတာ မရှိသေးဘူး။ ဒီလောက်ကြောက်တတ်ရင် ဆင်ဖြူရှင်မင်းတရာကြီး မိန့်တဲ့ စကားပြောင်းပြန် ယူကြည့် ဗမာ့သွေးစစ်ရင် သေမှာ မကြောက်ဘူးကွရဲ့ပြောင်းပြန် ဒီလောက်ကြောက်နေမှတော့ ဗမာ့သွေးမဟုတ်တော့ဘူး။
ကျုပ်ဟိုနှစ်တွေက ရေးခဲ့သလို ယိုးဒယားကို ဗမာတွေနိုင်တော့ ဆင်ဖြူရှင်မင်းကြီး လက်ထက်မှာတင် ယိုးဒယား သုံ့ပန်း ၃၆၀၀၀- လောက်ဖမ်းလာပြီး စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်ဘက်တွေမှာ ချထားတာ။ သန်းရွှေက ကျောက်ဆည်နယ်က။ ရုပ်ကိုလဲကြည့်။ အခုဖေ့ဘွတ်ပေါ်ကြည့်ပါ။ အသက်ကြီးကြီး ယိုးဒယားလူမျိုးတွေ ကမ်ပူးချားလူမျိုးတွေ ပုံကို ရှာကြည့်ကြပါ။ ကျုပ်ညွှန်းနေရင် စကားရှည်နေပါဦးမယ်။ ပြုံးနေတဲ့ ပုံဆိုရင် အမွှာလား အောက်မေ့ယူရအောင် တထေရာတည်း။ မ.ဆ.လ ခေတ်အထိ မန္တလေး စစ်ကိုင်းဘက်တွေမှာ ထိုင်းသွေးစစ်တွေ ရှိနေကြသေးတယ်။ သူတို့ လူမျိုးချင်း ပြန်အိမ်ထောင်ပြု မျိုးဆက် ထိန်းသိမ်းထားသူတွေ ရှိကြသေးတယ်။
ဗိုလ်ချုပ်ကြီးမင်ဂရူအီဟာ နောက်ဆုံး စစ်ပန်းလာပြီး ရိက္ခာတွေ နည်းလာတော့ သူဟာ စစ်သည်တော်တွေနဲ့ ညီတူ ရိက္ခာကို မျှစားပါတယ်။ နောက်ပိုင်း သိပ်ပြတ်လပ်လာတော့ သူက အငတ်ခံ သစ်ရွက်တွေစားပြီး သူ့ရိက္ခာကို ဒါဏ်ရာရထားသူ စစ်သည်တော်တွေကို ပေးခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ တရုတ်စစ်သည်တော်တွေရဲ့ အသည်းထဲ စွဲနေအောင် ရာဇ၀င် တွင်ကျန်ခဲ့ပါတယ်။ ကျုပ်တို့ ဗိုလ်ချုပ်မှုးကြီးနဲ့ ကိုယ့်ဘာသာကိုယ်သာ နိုင်းယှဉ် ကြည့်ကြပေတော့။ ကျုပ်ကတော့ နှိုင်းယှဉ်ရင် ဟိုကရာဇ၀င် ဥဒါန်းအထိုးခံထားရတဲ့ မဟာသူရဲကောင်း။ မနိုင်းကောင်းဘူး ပဲမြင်တယ်။
ရှက်တတ်ရင် စဉ်းစားတတ်ရင် ပြောပါတယ်။ ကံကုန်တာ နတ်ကျွဲကို ကိုယ်တိုင် တက်သတ်လို့ နတ်ကျွဲခတ်ပြီး ကံကုန်ခဲ့ရတဲ့ သတ္တိရှင် အနော်ရထာ။ နောင်ရိုးတိုက်ပွဲမှာ ဖေါင်ဖျက်တိုက်ခဲ့လို့ ကမ္ဘာ့မှတ်တမ်းတွေမှာက ကဗျည်းအထိုးခံထားရတဲ့ ဘုရင်နောင်နဲ့ နာဖျားနေတာကို ပြန်မဆုတ်ဘဲ တိုက်ခဲ့တဲ့ တရုတ်တပ်တွေကို စစ်ဦးချိုးပစ်ခဲ့တဲ့ အလောင်းမင်းတရား ကြေးရုပ်တွေ တည်ထားပြီး သူမို့  ဒီသတ္တိရှင် ဗမာစစ်ဘုရင်ကြီးတွေ ကို အားမနာ ပါးမနာဗျာ ကြေးရုပ်ကြီးတွေ အောက်မှာ ပုန်းဖို့  လှိုဏ်ခေါင်းတူးရတယ်လို့  ရာဇ၀င် ရိုင်းလိုက်တာ။ ထွီ ......
ဒီတရုတ်ဗမာ စစ်ပွဲကြီးတွေမှာ ဗမာစစ်သည်တော်တွေဟာ ခုတ်ရလွန်းလို့ ဓါးနှောင့်မှာ သွေးတွေ ရွှဲနေလို့ ဓါးနှောာင့်ကို အတော်ခြောက်အောင် သုတ်ယူရတဲ့အထိ အလွန်ကြီးကျယ်သော စစ်ပွဲကြီးတွေဖြစ်ပါတယ်။ အင်မတန် မာန်ကြီးလှတဲ့ မန်ချူးတရုတ် ဧကရာဇ်ဘုရင်ကြီးလည်း ဒီစစ်ပွဲအပြိး စစ်ပြေငြိမ်းရေးစာချုပ် ချုပ်လာပါတယ်။ ဒါကို စစ်သူကြီး မဟာသီဟသူက ရေရှည်တိုက်နေရရင် ကိုယ့်လူက တစတစ ပါးလာပြီမို့ လက်ခံလိုက်လို့  ဆင်ဖြူရှင်မင်းတရားကြီးက ဒါဏ်ခတ်တာခံရပါတယ်။
မ.ဆ.လ .ခေတ်မှာလဲ တရုတ်ဟာ ဦးနေ၀င်းကို အတော်လေး ဒုက္ခပေးခဲ့ပါတယ်။ ဦးနေ၀င်းလက်ထက်က အခု ဖါးကန့် ကျောက်စိမ်းတွင်းမှာ တရုတ်(မှတ်ပုံတင်မယ့်)တယောက်မိလို့ကတော့ ဘာမှအထက်တင်ပြမနေနဲ့ ပစ်သတ်ဘဲ။ တရုတ်ရန်ကိုအဲဒီလို မြင်ထားတာ။ အခုကျတော့ သန်းရွှေဟာ ဘာတွေ လျှို့ဝှက် သဘောတူညီချက်တွေ ထိုးထားလည်း ဘယ်သူမှ မသိနိုင်ဘူး။ ကချင်ပြည်နယ်ဟာ တရုတ်ပြည် တရုတ်ထင်သလို လုပ်တာခံနေရပါပြီ။
အော် ၁၉၈၃/၄ လောက်မှာ ထိုင်းဘုရင့်သမိးတော် သီရိဒုံ (သူတို့က စီရိထောန်း) လို့အသံထွက်တယ်။ မြန်မာပြည်လာလည်တယ်။ ဦးနေ၀င်းကို ဗေဒင်တွေက မိန်းမတက်ကိန်းမြင်တယ် အဟောတွေ ရှိလာတော့ ယတြာချေတာလုပ်တာ။ ထားပါတော့။ လာလည်တယ်။ ဦးနေ၀င်းကိုယ်တိုင် ဧည့်ခံတယ်။ အဲဒီမှာ ဦးနေ၀င်းနဲ့ စကားပြောနေတဲ့ပုံလေး မဂ္ဂဇင်းတွေ ရောက်တာတယ်။ ဟာသလေးပေါ့။
 ထိုင်းဘုရင် မင်းမြတ်နှင့် သမိုင်းတရားခံ အာဏာရှင် မျိုးဆက် ဖခင်ကြီးဦးနေဝင်း
ဦးနေ၀င်းက သီရိဒုံကိုမေးတယ်။ မင်းလူဝင်စားဆိုကို ယုံသလားပေါ့။ ယုံတာပေါ့။ ကျမက ဗမာစစ်သားတွေ အယုဒ္ဓယမြို့ကို သိမ်းတုန်းက ကျမနဲ့ ကျမအကို နှစ်ယောက် အသတ်မခံရမှီလေးမှာ သစ္စာဆိုထားခဲ့တယ်။ ငါတို့ နောက်ဘ၀ လူပြန်ဖြစ်ရင် ငါတို့မောင်နှမနှစ်ဦးပေါင်းပြီး ဗမာတွေကို လက်စားချေခွင့်ရပါစေပေါ့။ ဦးနေ၀င်းက မင်းအခုချေလို့ရပြီလား လို့မေးတယ်။ ငါ့အကိုကြိးကို ငါပြန်မဆုံရသေ;ဘူး။ မင်းအကိုကြီး မင်းဘေးမှာ ရှိနေတယ်လေ မသိဘူးလားပေါ့။ သီရိဒုံက မသိဘူး ဘယ်သူလဲပေါ့။ ဦးနေ၀င်းက ငါလေလို့ မျက်ခုံးပင့်ပြုံးပြတယ်။ မင်းသမီးက ရှင်ကျအမကိုဆိုတာ သက်သေပြပါပေါ့။
မင်းအခုကြည့်လေ။ ဗမာတွေ ကိုငါ ဒုက္ခပေးထားတာ။ ဒါ တောင်အစဘဲရှိသေးတယ်တဲ့။ ဟာသလေးက လူတော်တော်များများက ကြားဖူးပြီးသားပါ။ ဒါပေမဲ့ ဒါအစဘဲ ရှိသေးတယ် ဆိုတာ မရှင်းကြသေးဘူး။ သီရိဒုံရဲ့ အကို အရင်းခေါက်ခေါက်က အခုမှ ပေါ်လာတယ်။ ယိုးဒယားသွေးစစ်စစ် ယိုးဒယား ရုပ်အပြည့်နဲ့ သန်းရွှေ။ ဗမာတွေ ယိုးဒယားက သုံ့ပန်း(ကျွန်) ဖမ်းလာခဲ့တာ အခုသန်းရွှေက ကျွန်တွေပို့ပေးပြီး ရာဇ၀င်အကျွေး ပြန်ဆပ်နေပါကြောင်းနဲ့ ဦးနေ၀င်းက သူ့ထက် လက်စွမ်းထက်တဲ့သူကို အပ်ခဲ့မယ်ဆိုတဲ့ အတိတ်နဲ့ ဒါအစဘဲရှိသေးတယ်ပြောခဲ့တာ အခုမှ ရှင်းတော့တယ်။
တင်ပြရင်းနဲ့ တိုင်းရင်းသားများ နားလည်ပေးကြပါဗျာ။ ဗမာသတ္တိ ဗမာ့သွေး အစစ်ရှိကြသေးရဲ့လား ကိုယ့်ကို ယ်ကိုယ် မေးကြပါဦးလို့။ ကျနော်ကတော့ တရုတ်နဲ့ချရရင် အခုစစ်ဗိုလ်တွေ ထဲက ကျနော်နဲ့ အသေခံ ချရဲသူ ရှိလား။ ကျုပ်ကတော့ ရယ်ဒီဗျာ။ တရုတ်တပ်ကို ( -ီး ) ဘဲထင်တယ်... နောက်ဗဟု သုတလေးပေါ့။ ကနေ့ မြန်မာတွေက ယိုးဒယားကို ထိုင်း ထိုင်း ဘဲခေါ်ကြတယ်။ အရင်က လွန်ခဲ့တဲ့ မ.ဆ.လ .ခေတ်အထိ ယိုးဒယားဘဲ ခေါ်တယ်။ မြန်မာဘုရင်တွေ လက်ထက်ကတည်းကပါ။ ဘုရင်နောင့်မင်းတရားကြီး လက်ထက် ယိုးဒယားမြို့ တော်က အယုဒ္ဓယ။ ပါဋိ စကား။ (အ) ဆိုတာက (မ)။ ယုဒ္ဓယ ဆိုတာက ကျရှုံး။ အ- ထဲ့လိုက်တော့ အဓိပ္ပါယ်က မကျရှုံးနိုင်သောမြို့လို့ ယတြာဗေဒင်နာမ ပေးထားတာ။ အဲဒီတော့ မြန်မာဘုရင်က ယိုးဒယားကို စစ်ချီရင် (အ) ဖြုတ်ပြိး ယုဒ္ဓယကို စစ်ချီတယ်လို့ ပြောစေတယ်။ ရှေ့ က ( အ ) ထည့်ပြောရင် သတ်စေ။ အဲဒီကနေ ယုဒ္ဓယပြည် ယုဒ္ဓယလူမျိုး ပြောရာကနေ ယိုးဒယားလို့ တွင်လာတာပါ။ ဒီလိုဘဲ မန္တလေးက အမရပူရ ဆိုတာကလဲ ပါဋိ စကား က ။ မရ -ဆိုတာက သေတာ။ ပူရ ကတော့မြို့။ အ-မရ ဆိုတော့ မသေသောမြို။့ သေမှာကြောက်သူတွေ သွားနေကြပေါ့။ ဒီလိုဘဲ စင်ကာပူရ ဆိုတာ ကနေ့  စင်ကာပူမြို့ တော်ပါ။ စင်က က င်္ခြသေ့င်္ ။
နောက်ဗဟုသုတလေးပေါ့။ ကြားဖူးတာပြောရတာပါ။ ပြည်တွင်းစစ်ကြီးဖြစ်တော့ ဗမာတပ်တွေကို ကမန်းကတန်းစု ရတာ ဖွဲ့ရတာ။ တခါ အင်္ဂလန်ကနေ ၂-လက္မ မော်တာ။ ၃-လက္မမော်တတာတွေ ပေးလာတယ်။ မြန်မာတပ်တွေကို ဗိုလ်မှုးကြီးစိန်မှန် က မော်တာတွေ ပစ်တတ်အောင် လိုက်သင်ပေးရတယ်။ မြန်မာစစ်သားတွေက မော်တာကို မမှတ်မိကြတော့ အချင်းချင်း ပြောကြရာကနေ မခေါ်တတ်တော့ ဗိုလ်စိန်မှန် လာပို့ပေးတဲ့ပြောင်း လို့ပြောရာကနေ စိန်ပြောင်း ဆိုပြိး ဖြစ်သွားတာလို့ ပြောကြတယ်။ ဗိုလ်စိန်မှန်က လည်း လူရွတ်ကြိး။ ပ်ြညတွင်းစစ်မှာ ဆက်သွယ်ရေးတွေကလဲ မပြည့်စုံ။ စစ်ကလည်း မှန်းမရဘူး ။ ဒီကွေ့  ဒီတက်လှော် ချနေကြရတာ ။
တခါမှာ ဗိုလ်နေ၀င်း ညွှန်ကြားချက်နဲ့ လွှဲနေတော့ ဗိုလ်နေ၀င်းက သူ့ကို ထုချေ လွှာတင်ခိုင်းတယ်။ ဗိုလ်နေ၀င်း တပည့်ရှေ့ မှာ စာရွက်ပေါ် မှာ စာလုံး အကြီးကြီးနဲ့ (-ီး) ဆိုပြီးရေးပြီး ထုတယ်ကွာ ခြေတယ်ကွာ စာရွက်ကို ထုလိုက် ခြေလိုက်လုပ်ပြီး သူ့တပည့် လက်ထဲပေးလိုက်တယ်။ မင်းဆရာပြောလိုက်။ ကြာကူလီရိုက်ပြီး တရေးနိုးမှ လာမကျယ်နေနဲ့လို့ ပြောလိုက်သေးတယ်...။ (အဲဒီအချိန် ဒေါ်ခင်မေသန်းက လက်ရှိလင်ကြီး ဒေါက်တာတောင်ကြီး နဲ့တောင် မကွဲရသေးဘူး။ ဦးနေဝင်းနဲ့ တွဲနေကြတုန်း ၅၁-ခုနှစ်မှာ ဒေါက်တာတောင်ကြီး ခရီးထွက်နေတုန်း ဗိုက်ထွက်လာလို့) အဲဒီလိုလူကြီး။ တိုက်ပွဲတွေ အနီးကပ်တိုက်ရင်း ကျသွားတယ် ထင်တယ်။
အားလုံး ကျေနပ်ကြမယ် ထင်ပါတယ်။ အားလုံးသတ္တိတွေ မွေးကြပါ။ သေကံမပါရင် မသေပါဘူး။ ကျနော်ငယ်ငယ်က ရေနစ်ဖူးတယ်။ ဟုမ္မလင်း မှာ။ ၂-နှစ် မပြည့်တတ်သေးဘူး။ သင်္ဘောပေါ်က ကျသွားတယ်။ ကျတာဘယ်သူ မှမသိဘူး။ ရေထဲ ပေ- ၃၀၀- မက မျှောသွားတယ်။ ချင်းစစ်သားတဦးက သူ့စစ်ဖိနပ်ကို မချွတ်ဘဲ ရေထဲ ခုန်ချ ကယ်ပေးလို့ ရှင်ခဲ့တယ်။ ဒီလိုဘဲ တခါ ငယ်ငယ် သင်္ကြန်အပြန် အကိုကြီးက ထန်းရည်တိုက် ပြန်လာတာ မူးပြီး ဂျစ်ကားပေါ်က ပြုတ်ကျတာ ကားက ဘီးချိတ်တဲ့ဘုကို ဘောင်းဘီနဲ့ ချိတ်မိပြီး ကားယားကြီး အောက်မကျဘူး။ သေကံပါရင် စကားတောင် မတတ်ခင်သေပြီးပြီ။
နောက်တခုက သန်းရွှေ ဟာလေ ကိုယ့်လူမျိုးချင်းကြရင် သိပ်ပက်စက်ယုတ်မာတာ။ တရုတ်ကိုကျတော့ ဖင်ပေးပေါင်းတယ်။ အခု ခင်ညွှန့် မြေးတွေဆို ဘယ်ကျောင်းကမှ လက်မခံရအောင် လိုက်ယုတ်မာတယ်။ နောက်ဆုံး ဟင်္သာတ ဘက်သွားထားတာကို ကျောင်းအုပ်ကို လက်ခံလို့ ဆိုပြီး နယ်အဝေးကြီး ပို့ပစ်တယ်။ ကျနော်တို့ အတိုက်အခံတွေ အိမ်ခန်းတောင် ငှားမရအောင် လိုက်ယုတ်မာတယ်။ တရုတ်ကို ဖင်ပေးသလောက် ကျနော်တို့ လူမျိုးချင်းအပေါ်ကျတော့ ယုတ်မာတယ်။ ဦးနေ၀င်းနဲ့က ပြောင်းပြန်။ ဦးနေ၀င်းက ဥပမာ ဦအောင်ကြီး လဖက်ရည်ဆိုင်လုပ်တယ်။ နေ့စဉ် သူ့ထောက်လှမ်းရေးတွေ သွားထိုင်နေရတာကိုက တဖက်လှဲ့နဲ့ ထောက်ပံပေးနေသလို။ သူက အလုပ်ထဲမြုပ်နေရင် အသာကြည့်နေတာ။
သန်းရွှေက မငတ်ငတ်အောင်လိုက်ကြပ်တာ။ အခု အဆိုတော် ဟေမာနေ၀င်း အဖိုး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျက ဗ.က.ပ. သူပုန်။ တောထဲမှာ တောခိုနေတာ။ သူ့သမီးတွေက ရန်ကုန်မှာကျောင်းတက် တက္ကသိုလ်တက်နေရင်း ကောလိပ်ဂျင်နေ၀င်းနဲ့ ရတာ။ ဒီလိုဘဲ ကျနော် ၅--၆ တန်းတုံးက အဲဒီသောင်းကျော် ညီနောင်ရဲ့ သမီးတဦးက ကျနော်နဲ့ တတန်းထဲ။ အခုထိ အိမ်မှာ ဓါတ်ပုံရှိသေးတယ်။ ဦးနေ၀င်းက ရန်သူ့ သားသမီးတွေ ပညာတတ်လာရင် တော်လှန်ရေး စိတ်ပြောင်းလာမယ် ဒီလိုယူဆတာ။
သန်းရွှေဟာ အဲဒီလိုယုတ်မာ အောက်တန်းကျတာကို သူ့ကိုယ် ယုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ (မနိုင်လို့  သည်းခံရသူတော့ မဆိုလိုပါ) ဦးနှောက် မရှိဘူးဘဲ ပြောချင်ပါတယ်။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
အောက်ပါ သတင်းနှင့် ပတ်သတ်ပြီး ဒေါက်တာလှိုင်မြင့်မှ ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်...။
ထိုင်းငါးဖမ်း သဘောင်္တွေကိုတော့ ဖမ်းဆီး လူသတ် အစဖျောက်ပစ်ပြီး တရုတ်သဘောင်္ကိုတော့ ဘယ်လိုအရေးယူမယ် ဆိုတာ စောင့်ကြည့်ကြရတာပေါ့..
တရုတ်သဘောင်္ဖမ်းပြီးရင် ဖမ်းစရာကျန်မှာ မဟုတ်ဘူး
မြန်မာ့ရေပြင်၌ တရုတ်နိုင်ငံမှ ခေတ်မီငါးဖမ်းသဘောင်္များ တရားမ၀င် ၀င်ရောက် ဖမ်းဆီးနေကြောင်း ပင်လယ်ငါးဖမ်းအသင်း ဥက္ကဌ ဦးမောင်မောင်စိုးက ပြောသည်။ ယင်းသို့ ခေတ်မှီ ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခြင်းကြောင့် ရေသယံဇာတများ ဆုံးရှုံးသည့်အပြင် ပြည်ပမှ တရားမ၀င်ဖမ်းဆီးသူများကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများ ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
တရုတ်ငါးဖမ်းသဘောင်္တွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက်ဖမ်းဆီးနေပါတယ်။ ဒီလိုဝင်ရောက် ဖမ်းဆီးတဲ့အတွက် တိုင်းရင်းသားလုပ်ငန်းရှင်တွေမှာ နစ်နာရပါတယ်။ ဒါ့အပြင် ခေတ်မီကိရိယာတွေနဲ့ ဖမ်းဆီးတာဖြစ်လို့ ရေသယံဇာတကိုဆုံးရှုံးစေတယ်”ဟု ယင်းက ၁၅/၂၀၁၁ သား/ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များအစည်းအဝေး၌ ပြောကြားသည်။ ငါးသယံဇာတမှာ ပင်လယ်ပြင်၌သာမက ကုန်းတွင်းပိုင်း အင်း၊ အိုင်လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှု လျော့ကျနေကြောင်း၊ ယင်းကို ရာသီဥတု ဖောက်ပြန်မှုကြောင့်ဟု ဆိုသော်လည်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းသဘောင်္များ များပြားလာခြင်း၊ ခေတ်မှီ နည်းစနစ်များဖြင့် ဖမ်းဆီးခြင်းနှင့် အလွန်အကျွံ ဖမ်းဆီးခြင်း ထို့ကြောင့် သယံဇာတ လျော့နည်းလာခြင်းဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
“ပင်လယ်ငါးဖမ်းအသင်းက ပြောတဲ့အတိုင်းဆိုလျှင် တရုတ်သဘောင်္ဖမ်းပြီးရင် ဖမ်းစရာကျန်မှာ မဟုတ်ဘူး။ တရုတ်က ပိုက်ကွက်စိတ်စိတ်လေးတွေနဲ့ ဖမ်းတာဆိုတော့ ငါးမှုန်၊ ငါးဖွဲတောင်ကျန်မှာ မဟုတ်ဘူး”ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။ သယံဇာတ လျှော့နည်းလာခြင်းကြောင့် ငါးဖမ်းလုပ်ငန်းကို မှီခိုအားထားနေရသော ရေလုပ်သားများ အတွက် စားဝတ်နေရေးပြဿနာများနှင့် ကြုံတွေ့ လာနိုင်ပြီး ရေလုပ်ငန်းနှင့်ဆက်စပ်နေသည့် စက်ရုံ၊
အလုပ်ရုံလုပ်ငန်းများ ရပ်တန့် သွားနိုင်သည်ဟု သိရသည်။
ပြည်ပနိုင်ငံများမှ တရားမ၀င် ပင်လယ်ပြင်၌ဖမ်းဆီးမှုများအပြင် စီးပွားရေးလုပ်ငန်းကြီးများတွင်ပါ တရားမ၀င်ရင်းနှီးမြုပ်နှံမှုများကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များတွင် ထိခိုက်နစ်နာမှုများရှိသည်ဟု တိုင်းရင်းသား လုပ်ငန်းရှင်များက ပြောသည်။ ယင်းသို့ တရားမ၀င်ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အား အခွန်အခပေးဆောင်ရခြင်း မရှိသည့် အတွက် တိုင်းရင်းသား လုပ်ငန်းရှင်များထက် ဈေးကွက် အသာစီးရနေ၍ ထိခိုက် နစ်နာကြောင်းသိရသည်။
အေမြမြထွန်း
VOL 7 NO.19 THE FLOWER NEWS တရုတ်ငါးဖမ်းသဘောင်္များ မြန်မာ့ရေပြင်တွင် တရားမ၀င်
ငါးဖမ်းဆီးနေ...မှ ကူးယူဖော်ပြပါသည်။
41 comments:
  1. အဲဒီအချိန် ဒေါ်ခင်မေသန်းက လက်ရှိလင်ကြီး ဒေါက်တာဘသန်း နဲ့တောင် မကွဲရသေးဘူး။ ဦးနေဝင်းနဲ့ တွဲနေကြတုန်း ၅၁-ခုနှစ်မှာ ဒေါက်တာဘသန်း ခရီးထွက်နေတုန်း ဗိုက်ထွက်လာလို့)
    ဒေါက်တာဘသန်း ဆိုတာ.. ဒေါ်ခင်မေသန်း အဖေ မဟုတ် ဘူး လား
    ReplyDelete
  2. ဟုတ်တာမဟုတ်တာအပထား....ဒီလို အတွင်းရေးလေးတွေသိရတာ...
    တခြားထိရောက်မယ့် ပုံစံနဲ့ ရေးရင်ကောင်းမှာပဲ
    ReplyDelete
  3. ဒီမိုတွေက လုံးဝ အဝေမဖန်ခံနိုင်ဘူး။သူများကိုသာ ဝေဖန်တတ်တာ။ကိုယ့်ကို ဝေဖန်ရင် သေမလောက်ကြောက်တာ။ရယ်စရာကောင်းတယ်။သူများဘလော့မှာလည်း လာဆဲတယ်။ကိုယ့် အသိုင်းဝိုင်းဒီမိုဆိုက်တွေမှာလည်း ဆဲတယ်။တယ်လည်း ရင့်ကျက်တည်ငြိမ်တဲ့ နိုင်ငံရေးသမားတွေပါလား။ဒီပုံစံတိုင်း ကြပ်ကြပ်လုပ်။ဘယ်ခွေးမှ မလေးစားဘူး ။မှတ်ထား။
    မင်းတို့ သူများအတင်းတုတ်နေလို့ ကိုယ့်ဘ၀မတိုးတတ်ဘူး။ဘ၀က တိုတိုလေးပါ။ကိုယ့်သမိုင်းကိုပဲ လှအောင် ရေးကြစမ်းပါ။သူများသမိုင်းကို စိတ်ဝင်စားမနေနဲ့။မင်းသမိုင်းမင်းရေး။မင်းသမိုင်း မင်း ကောင်းအောင်လုပ်။ဒါပဲ။ရေးစမ်းပါ ခေတ်သစ် မျိုးဆက်သစ်လူငယ်တွေအတွက် တိုင်းပြည်တွက်ေ၇းစမ်းပါ။တိုင်းပြည်တွက်အသုံးမ၀င်တော့တဲ့ အဖိုးဘို အဘွားအိုအကြောင်းတွေ အတိတ်ကအကြောင်းတွေပဲ ရေးပြီး စမြုံပြန်ပြီး အချိန်ကုန်မနေနဲ့။အချိန်သည်ဘ၀ အချိန်သည် အသက်။အကျိုးရှိတာလုပ်ကြစမ်းပါ။ခက်တယ် မင်းတို့နဲ့။
    မောင်ပေါက်
    ReplyDelete
  4. khin may than or kitty Ba than,Dr Ba than is her father.may be sometimes,s wrong.
    ReplyDelete
  5. သမိုင်းလေ့လာသူMay 30, 2011 at 7:20 AM
    ခင်မေသန်း (ကစ်တီဘသန်း) က ဒေါက်တာဘသန်းရဲ့ သမီးပါ။
    ၁၉၅၃ ခုနှစ်မှာ ခင်မေသန်းရဲ့ လင်ကြီး ဒေါက်တာတောင်ကြီးက အမေရိကန်ပြည်မှာ ပညာသင် သွားနေတုန်းမှာ တဏှာရူး ကြာသမား နေဝင်းက ကြာများများ ခင်မေသန်းကို ကြာကူလီ ရိုက်တာပါ။ နေဝင်းက ကြာမခို ခိုအောင် ခင်မေသန်းက ကြာပစ်ထားတာကိုး။
    ကြာကူလီနေဝင်း နဲ့ ခပ်ရှုပ်ရှုပ် ခင်မေသန်း ခြင်ထောင်ဇာတ်လမ်း စတဲ့အချိန်မှာ နေဝင်းက မယားကြီး ဒေါ်တင်တင်နဲ့ ပေါင်းနေတုန်းပါ။ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီးနဲ့ ပေါင်းနေတုန်းပါ။ နေဝင်းကလည်း မယားကြီး ဒေါ်တင်တင် ငုတ်တုတ်နဲ့၊ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ပါ။
    ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားပြီး မိန်းမ ဆိုရင် တွေ့မရှောင်တဲ့ ရာဂဘီလူး နေဝင်းနဲ့ နန့်တန့်တန့် ရွတတ အရှုပ်အပွေမ ခင်မေသန်းနဲ့ တွေ့ကြတော့ အိုးရွဲ့ နဲ့ စလောင်းရွဲ့ တွေ့ကြသလို ကွက်တိဖြစ်ပြီး ကြာဇာတ်ကား ရိုက်ကြတာပါ။
    ခင်မေသန်း အဖေ ဒေါက်တာဘသန်းကလည်း မိန်းမနဲ့ ပတ်သက်လာရင် ဇ ရှိသူပါ။ ဒေါက်တာဘသန်းကလည်း မိန်းမ ရှုပ်ရာမှာ သားမက်ဖြစ်တဲ့ တွေ့မရှောင် နှာဘူး နေဝင်းထက် ညံ့သူ မဟုတ်ပါဘူး။ ဒေါက်တာဘသန်းဟာ အဲဒီခေတ်က အမျိုးကောင်း သမီး ဆရာဝန်မ၊ ဆေးကျောင်းသူပေါင်း များစွာကို ခြေတော်တင်ပြီး ဖျက်ဆီးခဲ့တာပါ။
    ReplyDelete
  6. ဖေဖေ့အစ်ကိုကြီး ဦးပုက မှတ်မှတ်ရရ ပြန်ပြောပြတာကတော့ ဆရာကြီး ဒေါက်တာဘသန်း အိမ်က ထမင်းစားပွဲတပွဲအပြီး ဆရာကြီးတို့သားအဖ (သမီး ဖြစ်သူ ကစ်တီဘသန်း ခေါ် ဒေါ်ခင်မေသန်း - အဲဒီတုန်းက အိမ်ထောင်မကျသေး) နှစ်ယောက် စန္ဒရားနဲ့ ဆိုတီး ဧည့်ခံတဲ့အကြောင်းပါ။
    ကစ်တီဘသန်းက စန္ဒရားတီးပြီး ဆရာကြီးက သီချင်းဆိုပါသတဲ့။ သီချင်းကတော့ အဲဒီ ကာလက အလွန်ခေတ်စား လူကြိုက်များခဲ့တဲ့ “ချစ်ပွဲဝင်” ပါ။
    ဦးကြီးပုက "အတော် အရှက်နည်းတဲ့လူတွေ။ “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်....” ဆိုတဲ့ သီချင်းကိုများ သားအဖနှစ်ယောက် ဆိုတီးနေလိုက်ကြတာ။ ငါတို့ ဖြင့် မျက်နှာ ဘယ်ထားရမှန်း မသိဘူး" တဲ့။
    ဆရာကြီးတို့က ခေတ်မီပွင့်လင်းကြဟန်ရှိပေမယ့် ရှေးရိုးသမားဦးကြီး ပုကတော့ ဒါကိုကြည့်မရတာ ဖြစ်ဟန် တူပါတယ်။
    ဆရာကြီး ဦးဘသန်းဟာ ကျွန်မဆေးတက္ကသိုလ်(၁) တက်နေတဲ့ကာလများ (၁၉၆၃-၁၉၇၀) မှာ ဆေး တက္ကသိုလ်(၁) ရဲ့ ပါမောက္ခချုပ်ဖြစ်နေပါတယ်။ အဲဒီကာလက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမလည်း ဖြစ်နေပါပြီ။
    ဆရာကြီးဟာ ပညာရေးလောကမှာ နံမည်ကောင်းပေမယ့် တခြားနံမည်ပျက် များလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ ပတ်သက်ပါတယ်။
    ဖေဖေကတော့ ဆရာကြီးဟာ သူ ပညာသင်ပေးတဲ့ မြေရှင်ကြီး ရဲ့ သမီး၊ သူထက်လည်း အသက်ကြီးတဲ့ အမျိုးသမီးကြီးတဦးကို လက်ဆက်ထားရလို့ အိမ်ထောင်ရေး မသာယာဟန် ရှိတယ်။ ဒါကြောင့် အပြင်မှာ ပျော်ရွှင်မှု ရှာတာနဲ့ တူတယ်လို့ ဆိုဖူးတယ်။
    ၁၉၇၀ ခုနှစ်များမှာတော့ သူပင်စင်ယူခဲ့ပြီး မကြာမီမှာပဲ နှလုံးရောဂါနဲ့ မကျန်းမမာ ဖြစ်ပါတယ်။ ဆရာကြီးဦးဘသန်း နှလုံးရောဂါနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သတင်းကြားလို့ ရန်ကုန် ဆေးရုံကြီးမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မတို့ တပည့်ဟောင်းတွေ စုပြီး သွားရောက်သတင်းမေးခဲ့ကြပါတယ်။ ဆရာကြီးဟာ အဲဒီတုန်းက သူ့မြေးသမက် (ဒေါ်ခင်မေသန်းရဲ့ ပထမအိမ်ထောင်က ပါခဲ့တဲ့ သမီးကြီး လဲ့လဲ့ဝင်းရဲ့ ခင်ပွန်း) ဒေါက်တာ မျိုးသွယ် (ဆေးတက္ကသိုလ် (၂) ဆေးပညာပါမောက္ခ) ရဲ့ ကုသမှုကို ခံယူနေတာပါ။ နှလုံး ရောဂါ ခံစားနေရတယ်လို့သာ ယေဘုယျ သိခဲ့ရပါတယ်။
    လမ်းဘေးသတင်းကတော့ ဆရာကြီး ဒေါက်တာဘသန်းဟာ သိန်းဖေမြင့်ရဲ့ “တက်ခေတ် နတ်ဆိုး” ထဲက ဇာတ်လိုက်မင်းသား ရတဲ့ ရောဂါမျိုး (ဆစ်ဖလစ်ရောဂါ) လို့ ဆိုကြတာပါပဲ။
    လှကျော်ဇော
    ReplyDelete
  7. နာမည်အမှန်အတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်တော် ပြန်ပြင်ရေးတာ မှားသွားလို့ပါ... ပြန်ပြင်လိုက်ပါပြီ...
    ကျေးဇူးတင်ပါတယ်..
    ReplyDelete
  8. ဗိုလ်ချုပ်အောင်ဆန်းကိုသတ်တာ အင်္ဂလိပ်ပါ လို့  ဗိုလ်ချုပ်ကျော်ဇော ရေးခဲတဲ့ အထဲမှာ ဖတ်ဖူးပါတယ်။ အဲဒီ အတွက် လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတာ ကြားဖူးကျရဲ့ လား? အဲဒီအကြောင်းကို ပိုတိတိကျကျ သိချင်ပါတယ်။
    ReplyDelete
  9. ဗဟုသုတ ရော အတွင်းရေး ကိစ္စများပါသိရတဲ့အတွက် ဒေါက်တာလှိုင်မြင့်နဲ့ကိုဒီမိုဝေယံ တို့ကိုကျေးဇူးတင်ပါတယ်ဗျာ.။
    ReplyDelete
  10. ဒေါ်ခင်မေသန်း က ဦးနေ၀င်းနဲ့ ဇတ်လမ်းရူပ်နေတဲ့အချိန်မှာ ဦးနေ၀င်က ဒေါ်ခင်မေသန်းက လာပြီး ခေတ်စကားနဲ့ ပြော၇င်တော့ အီစီကီလီ လာလုပ်၇င် ဦးနေ၀င်း ရဲ့ လုံခြုံရေးမူ ဗိုလ်မူးကြီး တင်အုန်း ( နောင် ထောင်ပိုင်ချုပ်ဖြင့်လာသူ)ဆီကနေ ဦးနေ၀င်းကို တွေ့ ခွင့်ရမှ တွေ့ ရတာပါ တွေ့ ခွင့်မပေးရင် လုံးဝမတွေ့ ရပါလို့ ဗိုလ်မူးကြီးတင်အုန်းကို မျက်နှာချိုသွေးဆက်ဆံ၇ပါတယ်။ ထို့ နောက်ဦးနေ၀င်းနဲ့ လက်ထက်ပြီးနောက် တမ်မတော်ညစာစားပွဲမှာ ဒေါ်ခင်မေသန်းက ဗိုလ်မူကြီး တင်အုန်း အား"မောင်တင်အုန် နေကောင်းလာဟု သူထက်အသက်ကြီးတဲ့ဗိုလ်မူးတင်အုန်ကို နူတ်ဆက်သယောင်နဲ့ ပညာပြတော့ ဗိုလ်မူကြီး တင်အုန်ကလဲ အခုမှ ဇီးသီးသယ် နဲ့ လာတွေ့ နေတယ်လို့ လူကြားထဲပြန်ပြောလိုက်တာကို ဒေါ်ခင်မေသန်းက ဦးနေ၀င်းကို သွားပြန်တိုင်တော့ ဦးနေ၀င်းက နင့်ကို ပါးမရိုက်လိုက်တာကံကောင်းလို့ ပြောပါတယ် ။ ဒေါ်ခင်မေသန် ဟာ အဲဒီလို့ ဘ၀မေ့သူပါ
    ReplyDelete
  11. ကိုပေါက်....ဒီမိုတွေမှာအဝေဖန်မခံတာမဟုတ်ပါ ခင်ဗျာအဖေတွေလည်းအဝေဖန်ခံနိုင်လို့ လာ ခံနိုင်ရင် အတိုက်အခံတွေကို ဥပဒေဘောင်ထဲကနေ့ လွတ်လပ်တဲ့ ပုံနှိပ်ထိုပ်ဝေခွင့်ပြုလိုက်ပါ။ ဘယ်ခွေးမှမလေးစားဘူဆိုတဲ့ စကားတော့ကြိုက်တယ်။ ဘယ်နိုင်ငံရေးသမားမှလည်း ခွေးတွေလေးစားတာမခံခြင်ပါဘူး အထူးသဖြင့်စစ်ခွေးတွေပေါ့  ဘ၀ဟာတိုတိုလေးဟုတ်တယ် သူများဘာဖြင့်ဖြင့်ကိုယ်သမိုင်းလှအောင် ကိုယ်အတွက်ကိုယ်လုပ်မယ်ဆိုတဲ့ ၁ကိုယ်ကောင်စိတ်ဓါတ်က လူတွေမကျင့်ကြဘူးးးကြာဘူးလာ ပြောမှသိ ထိမှနာ သာမှနေ ထို သုံးထွေး လူတွင်းမကြံရာတဲ့ ။ ဖြင့်သမျှစားမြုံမပြန်နဲ့ဆိုရင်တော့ သမိုင်းဆိုတဲ့ ဘာသာရပ်၇ှိလာမှာမဟုတ် ရှေးကဖြင့်ခဲ့တာတွေကို သင်ခန်းစာနဲ့ လေ့လာအတုယူဆင်ခြင်နိုင်အောင်လို့ သဘောနဲ့ လေ့လာပါ (ဥပမာ မီးဆိုတာပူတယ် ကိုယ်တိုင်လက်နဲ့စမ်းစရာမလို့ ဘူးးနော် ခင်ဗျာညဏ်ရှိသလောက်ချဲတွေး) ..ဥဏှောက်သဘောသာသေးသိမ်းအောက်တန်းကျတာနဲ့ နှလုံးသားသဘောသာသေးသိမ်းတာ ပိုဆိုးပါတယ်
    ReplyDelete
  12. nopyar88888.ခင်ဗျား..ဦးနေ၀င်းရဲ.ဇတ်ရူပ်တွေများများရေးပေးပါ.
    ကျေးဇူးတင်ပါသည်...
    ReplyDelete
  13. အာဇာနည်နေ့  ရောက်ခါနီးပြီ။ ဗိုလ်ချုပ်အောင်ဆန်း ကို လိုသလို သုံးနေသူတွေက ဗိုလ်ချုပ်အောင်ဆန်း ကိုသတ်တာ အင်္ဂလိပ်ပါ လို့  ဘာကြောင့် မပြောရဲတာလဲ ဆိုတာလေး စုံစမ်းပြီး ရေးပါအုံး ဒေါက်တာလှိုင်မြင့်ရေ။
    ReplyDelete
  14. ခွေးဟောင်တိုင်း ထကြည့်ယင် အိပ်ရေးပျက်ပါတယ်..အန်ကယ် စာများများ ဆက်ရေးပါ၊ ဗဟုသုတ အများကြီး ရပါတယ်။ အားပေးနေပါတယ်..
    ReplyDelete
  15. ဟယ် - ဦးလှိုင်မြင့်က ထွန်းနိုင်ရွှေ၊ ထောက်လှမ်းရေး ဗိုလ်မှုးချုပ်ကျော်သိန်း နဲ့ မယား ညီအကိုတော်တယ်တဲ့။ အောက်က အပိုဒ်လေးမှာလဲ ဘယ်လို အမျိုးတော်တာလဲ ရှင်းပြပါအုံး။ ဓါတ်ပုံလဲ စကင်လုပ်ပြီး တင်ပါအုံး
    (အခု အဆိုတော် ဟေမာနေ၀င်း အဖိုး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျက ဗ.က.ပ. သူပုန်။ တောထဲမှာ တောခိုနေတာ။ သူ့သမီးတွေက ရန်ကုန်မှာကျောင်းတက် တက္ကသိုလ် တက်နေရင်း ကောလိပ်ဂျင်နေ၀င်းနဲ့ ရတာ။ ဒီလိုဘဲ ကျနော် ၅--၆ တန်းတုံးက အဲဒီသောင်းကျော် ညီနောင်ရဲ့ သမီးတဦးက ကျနော်နဲ့ တတန်းထဲ။ အခုထိ အိမ်မှာ ဓါတ်ပုံရှိသေးတယ်။ )
    ReplyDelete
  16. ဒေါက်တာတဲ့ မထင်ရဘူး အရေးအသားအသုံးအနှုံးက.....
    ဖောရှောဒေါက်တာ ထင်တယ်.
    ReplyDelete
  17. ရိုးရိုး နဲ့ တောတော ဆိုတာမကြားဘူဘူးထင်တယ်
    ReplyDelete
  18. မိတ်ဆွေ တယောက်က ညွှန်လိုက်လို့ ဒီဆောင်းပါးကို လာဖတ်ဖြစ်တယ်။ စိတ်ဝင်စားစရာ ၊ စိတ်ဓါတ်တက်ကြွစရာတွေ အများကြီးတွေ့ရပါတယ်။ ဒီဆောင်းပါးရှည်ကြီးကို အပင်ပန်းခံရေးပေးတဲ့ ဆရာ(ဒေါက်တာလှိုင်မြင့်)ကို ကျေးဇူးတင်ကြောင်း အရင်ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ ကန့်ကွက်ချင်တဲ့ တချို့အချက်လေးတွေ၊ ဆွေးနွေးချင်တဲ့ တချို့အချက်လေးတွေ ရှိလို့ ဆွေးနွေးခွင့်ပြုပါ။
    - ဆောင်းပါး အပေါ်ဆုံးပိုဒ်မှာပဲ ပါတဲ့ မွန်တလိုင်း ဆိုတဲ့ စကားကို မြန်မာနိုင်ငံသား တိုင်းရင်းသား အားလုံး အသုံးမပြုဖို့ ရှောင်ရှားစေလိုတယ်။ ဒီစကားဟာ ရည်ညွှန်းခံရသူ မွန်လူမျိုးတွေ မနှစ်သက်တဲ့ စကားလုံးဖြစ်တယ်။ တလိုင်းဆိုတာ မျိုးမစစ်သူ (ကပြား)တွေကို ခေါ်တဲ့ စကားလုံးလို့လည်း ဆိုတယ်၊ တလိုင်း ဆိုတဲ့ စကား အရင်က မရှိခဲ့ဘဲ အလောင်းဘုရား ခေတ်ဦးမှ ဗမာ တွေ ခေါ်ဝေါ်ခဲ့တဲ့ စကားလုံးလို့လည်း ဆိုကြတယ်။ ဘာပဲဖြစ်ဖြစ် မွန်လူမျိုးတွေ မနှစ်သက်ပါ။ အခြားတိုင်းရင်းသား လူမျိုးများကိုလည်း သူတို့ မနှစ်သက်တဲ့ အမည်တွေ မခေါ်ဝေါ်ကြဖို့ လိုပါတယ်၊ ကယန်းလဟွီ တွေကို ပဒေါင်လို့ ခေါ်တာ၊ တအောင်း တွေကို ပလောင်လို့ ခေါ်တာ၊ အီကော တွေကို အာခါ လို့ ခေါ်တာ၊ စတာတွေကို သက်ဆိုင်ရာ လူမျိုးစု တွေက မနှစ်သက်ကြတဲ့ အတွက် ရှောင်ရှားကြစေလိုပါတယ်။ ဒါပေမယ့် တအောင်း လို့ပြောရင် ဘယ်လူမျိုးကို ရည်ညွှန်းမှန်း မသိဖြစ်မှာ စိုးတဲ့အတွက် တအောင်း(ပလောင်)၊ ကယန်း(ပဒေါင်) စသဖြင့် သုံးစွဲတာတွေ ရှိပေမယ့် မွန် လို့ ဆိုရင် အားလုံးသိကြတဲ့ အတွက် မွန်(တလိုင်း) လို့မသုံးစွဲစေပါ။
    - ဒုတိယပိုဒ်မှာပါတဲ့ ဗိုလ်သူရပီတာဟာ ဆရာပြောတဲ့ ဗမာဟေ့ ဗမာ မဟုတ်ပါဘူး။ အင်္ဂလိပ်ကပြားပါ။ ဒါဗိုလ်ပီတာကို နှိပ့်ချပြီး ပြောဆိုလိုခြင်း မဟုတ်ပါ။ နိုင်ငံအတွက် ပေးဆပ်ခဲ့တဲ့ ဗိုလ်ပီတာ အပါအဝင် အင်္ဂလို-ဘားမီစ်၊ ဂေါ်ရခါး၊ အင်ဒီးယန်း စသဖြင့် အားလုံးကို အမြဲလေးစားဂုဏ်ယူ အလေးပြုနေမှာပဲ ဖြစ်ပါတယ်။
    ဆက်ရန်
    ReplyDelete
  19. - ၆ ပိုဒ်မြောက်မှာ ပါတဲ့ ဝမ်ခ - မာနယ်ပလော တိုက်ပွဲတွေဟာ ဆရာပြောသလောက် လွယ်လွယ်နဲ့ ပြီးခဲ့တဲ့ တိုက်ပွဲတွေ မဟုတ်ပါဘူး။ လက်နက်ကြီး အင်အားဟာ တိုက်ပွဲတွေကို အဆုံးအဖြတ်ပေးခဲ့ပေမယ့် လက်နက်တခုတည်းနဲ့ အောင်နိုင်ခဲ့တာ မဟုတ်ပါ၊ အသက်သွေးချွေး အများကြီး ရင်းခဲ့ရသလို သတ္တိပြောင်မြောက်မှုနဲ့ ရဲစွမ်းသတ္တိစွမ်းရည်ကို ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်များစွာ ပါဝင်တဲ့ တိုက်ပွဲစဉ်ကြီးပါ။ ရန်သူစွန့်ခွာသွားတဲ့ စခန်းထဲကို ဂျိမ်းစဘွန်းလို ဟိုနံရံဝင်ကပ် ဒီနံရံဝင်ကပ် သိမ်းခဲ့တာ မဟုတ်ဘဲ ရန်သူ အခိုင်အမာ ခံစစ်ယူထားတဲ့ စခန်းထဲကို ရှေ့ဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် နောက်ကျောကနေ ကွန်မန်ဒိုနည်းနဲ့ အသေခံ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းမျိုး ဖြစ်ပါတယ်။ တဖက်ကလည်း ဒီစခန်းကြီးတွေကို လုံးဝတိုက်ယူလို့ မရနိုင်တဲ့ မကျဆုံးနိုင်တဲ့ စခန်းကြီးတွေလို့ ကြေငြာထားတာ သတိပြုစေခြင်တယ်။
    - ၉ ပိုဒ်မြောက်က မိတ္ထီလာမှာ အဖမ်းခံရတာက ဗိုလ်မှူးကြီးမောင်မောင်၊ ပြင်ဦးလွင်ကို လေယဉ်နဲ့ လာပြီးသိမ်းတာက ဗိုလ်နော်ဆိုင်း ပါ။ ပြင်ဦးလွင်ကျတာက ဗိုလ်မှူးကြီးမောင်မောင် လက်နက်ချခိုင်းတာ မဟုတ်၊ ပြင်ဦးလွင်က တပ်မြို့ဖြစ်ပေမယ့် အဲဒီ့ အချိန်က လေ့ကျင့်ရေးတပ်ခွဲ နှစ်ခွဲပဲ ရှိပါတယ်။ ကရင်တပ်တွေက နဂိုတည်းက ပြင်ဦးလွင်မှာ ရှိပြီးသားပါ၊ နော်ဆိုင်းနဲ့ အတူ လေယဉ်နဲ့ ပါလာတဲ့ ကရင်တပ်တွေက ပြင်ဦးလွင်မှာ ရှိပြီးသား ကရင်တပ်တွေနဲ့ ပေါင်းပြီး ပြင်ဦးလွင်ကို ထိန်းချုပ်နိုင်လိုက်တာပါ။
    - မော်တာကို စိန်ပြောင်းလို့ ဗိုလ်စိန်မှန် နဲ့ ပက်သက်ပြီး စခေါ်တာမဟုတ်ပါ။ ရှေးဘုရင်ခေတ် မြန်မာ့တပ်မတော်မှာတည်းက စိန်ပြောင်းဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။ အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ် ကာလတည်းက အမြောက်၊ သေနတ်၊ စိန်ပြောင်း၊ မြတပူ ဆိုတဲ့ အဝေးပစ်လက်နက် တပ်ဖွဲ့တွေ ဖွဲ့စည်းအသုံးပြုကြပါတယ်။ ဘုရင့်နောင်ခေတ် တိုက်ပွဲစဉ်တွေ တလျှောက်လုံးမှာလည်း စိန်ပြောင်းကို တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ ကုန်းဘောင်ခေတ် ဗဒုံမင်း လက်ထက် ဓညဝတီကို အောင်နိုင်ပြီး အမြောက်ကြီးငယ် ၂၀၀၀၊ စိန်ပြောင်း ၁၀၀၀၊သေနတ် ၁၀၀၀၊ သိမ်းယူရရှိခဲ့ကြောင်း ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး မှာရေးသားထားပါတယ်။ ဒါကြောင့် ဗိုလ်စိန်မှန်နဲ့ ပက်သက်ပြီး ခေါ်ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ ဗိုလ်စိန်မှန် ရှင်းတမ်းကြီး နာမည်ကြီးရာကနေ တွဲပေါ်လာတဲ့ အရပ်ပြော ဇာတ်လမ်းတပုဒ် ဖြစ်ပါလိမ်မယ်။
    - ((အဲဒီလိုလူကြီး။ တိုက်ပွဲတွေ အနီးကပ်တိုက်ရင်း ကျသွားတယ် ထင်တယ်။)) ဗိုလ်စိန်မှန် တိုက်ပွဲမှာ ကျသွားတာ ဟုတ်ပါတယ်၊ အနီးကပ်တိုက်ရင်း ကျသွားတာတော့ မဟုတ်ပါ၊ လေယာဉ်ပျံပေါ်မှာ သေနတ်မှန်ပြီး ကျဆုံးတာပါ။ ကင်းထောက် လေယာဉ်ပေါ်တက် ရန်သူ့တပ်တွေကို ဝေဟင်က ကင်းထောက်ရင်း လေယာဉ်ပေါ်ကနေ ဗုံးချဖို့ ရန်သူ့နေရာကိုလည်း ကိုယ်တိုင် ညွှန်ပြပါတယ်။ အောက်ကပစ်လိုက်တဲ့ သေနတ်ကျည်ဆံ တိုက်ရိုက်မှန်ပြီး လေယာဉ်ပျက်မကျပေမယ့် ဗိုလ်စိန်မှန် ကျဆုံးခဲ့ရတယ်။
    ဆက်ရန်
    ReplyDelete
  20. ဆွေးနွေးချင်တဲ့ အပိုင်းတွေကတော့-
    <>
    တရုတ်မကလို့ ဘယ်နိုင်ငံနဲ့ စစ်ဖြစ်ဖြစ်ပါ ဆရာတို့ ရှေ့က အသေခံစရာမလို တပ်ဦးရှေ့ဆုံးမှာ ကျွန်တော်တို့ ရှိနေမယ်ဆိုတာ ရဲရဲကြီး အာမခံနိုင်တယ်။ တဆက်တည်းမှာပဲ တပ်မတော်ရဲ့ သတ္တိနဲ့ စွမ်းရည်ကို အရှိကို အရှိအတိုင်း လက်ခံစေချင်တယ်။ ဒီလိုပြောလို့ ကျွန်တော် တပ်မတော်ရဲ့ လက်ရှိတိုက်စွမ်းရည်ကို ကာကွယ်နေတာမဟုတ်ဘူး။ ကနေ့တပ်မတော်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက တပ်မတော်ထက် စစ်မြေပြင်စွမ်းရည် ကျဆင်းသွားတယ် ဆိုတာ လက်ခံတယ်၊ တပ်မတော်ရဲ့ စိတ်ဓါတ်အခြေအနေ ကို လက်ရှိတပ်ပြေး အရေအတွက် များနေတာနဲ့ပဲ ချိန်ထိုးလို့ ရတယ့်အတွက် အထွေအထူး ပြောစရာမရှိပါ။ စစ်သားစုဆောင်းမှု ပုံစံမမှန်လို့ တပ်မတော် စွမ်းရည်ကျဆင်းရတာလည်း တပိုင်းပေါ့လေ။ မည်သို့ပင် ဆိုစေ အစဉ်အလာကောင်းတဲ့ တပ်မတော်ဟာ အရေးကြုံရင် သက်လုံကောင်းတဲ့ တပ်မတော်သာဖြစ်တယ်။ အစဉ်အလာကောင်းတဲ့ တပ်မတော်ဆိုတဲ့ စကားကိုလည်း အငြင်းမပွားကြစေချင်ပါ (ယနေ့တပ်မတော်ဟာ ဆရာပြောတဲ့ မန်ချူးနဲ့ ယိုးဒယား စသည်ကို အောင်နိုင်ခဲ့တဲ့ ရှေးခေတ် မြန်မာ့တပ်မတော် ကြီးတွေရဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာကို ဆက်ခံပြီး ဖွဲ့စည်းတည်ဆောက်ထားတယ်လို့ ကျွန်ုပ်တို့က ခံယူတယ်)။
    ယိုးဒယားလို့ခေါ်တာနဲ့ ပက်သက်လို့ကတော့ ထိုင်း(သံတမန် အသုံးနဲ့ တရားဝင် သတင်းစာ အရေးအသားက လွဲလို့) လို့ မသုံးပဲ ယိုးဒယားလို့ ပြန်လည်သုံးဆွဲ ခေါ်ဝေါ်တာ (သတင်းစာ ဆောင်းပါးတွေက အစ) ၂၀၀၁ ခုနှစ်ကနေစပြီး အခုဆို ဆယ်စုနှစ် ၁ ခုရှိနေပါပြီ။
    ကိုယ့်နိုင်ငံ ကာကွယ်ဖို့ အတွက်ဆိုလျှင် ယိုးဒယား၊ တရုတ်၊ ဘင်္ဂလား၊ အိန္ဒိယ မကလို့ ဘယ်နိုင်ငံမှ မကြောက်ပါ။ ကိုယ့်နိုင်ငံအင်အား တောင့်တင်းပြီး ကိုယ့်တပ်မတော် စွမ်းရည်ထက်မြက်အောင် ပြင်ဆင်ထားကြဖို့သာ လိုပါတယ်။ ဒီလိုဆိုရင် တပ်မတော်မှာ ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုလျှင် ဒါမကောင်းဘူး ဆိုပြီး ထိုင်ဆဲနေကြမှာလား၊ မဟုတ်ပါ ပြုပြင်သွားဖို့သာ လုပ်ဆောင်ပါမယ်။
    စကားချပ် (အခုလို ဆရာရေးတာကို ပြန်ဆွေးနွေးလို့ ကျွန်တော့်ကို ဘာကောင်လဲလို့ မေးရင်တော့ ကျွန်တော် ဘာကောင်မှ မဟုတ်ပါ၊ အကယ်၍ ပြည်ပစစ်ကြုံလာရင် တပ်ဦးကနေ လူမသိသူမသိ အသက်စွန့်တိုက်သွားတဲ့ အညတရ စစ်သည်တော် တစ်ဦးပဲ ဖြစ်မှာပါ၊ ဆရာတို့ ငယ်ငယ်က တရုတ်ဖြူ ကျူးကျော်မှု ကြုံတဲ့ အချိန်မှာ လူငယ်တွေ တပ်ထဲကို ဆန္ဒအလျောက် ဝင်ကြသလို ကျွန်တော်တို့ကလည်း ယိုးဒယား-မြန်မာစစ်ပွဲ နေ့လား ညလား စစ်ဖြစ်တော့မလို အချိန်(၂၀၀၁)မှာ တပ်ထဲဝင်လာတဲ့ တ/၂၃၈xxx ရဲဘော် တယောက်ပါ။)
    လူငယ်တွေ အတွက် အကျိုးရှိမယ့် စာတွေ အများကြီး ဆရာဆက်လက် ရေးသားနိုင်ပါစေ
    regards,
    ReplyDelete
  21. နအဖ စစ်ခွေး တွေဟာ သူတို့ ပထွေး တွေအကြောင်း ပြောတော့ နာတက်လိုက်ကျတာ
    အနာပေါ် ဒုတ်ကျ စစ်ခွေးထလို့အော် အော်ပါသော်လဲ အသံ မပေါ် အစ်အစ် လို့ အော်
    ReplyDelete
  22. ဟေ့ စစ်ခွေးတွေ!! ပါးစပ်ပိတ်ထားကြစမ်း.. တောကြို အုံကြားက လာပြီး နားမလည်၊ ပါးမလည်နဲ့ သခင်အားရ ကျွန်ပါးဝ စွတ်အော်မနေနဲ့၊ ထမင်းစားပြီး ကိုယ်ပိုင် အသိဥာဏ် မရှိတဲ့ ကောင်တွေ.. ခုခေတ်မှာ အပေါဆုံးနဲ့ အသုံးမကျဆုံး လူတွေကို ထုတ်ပြပါဆိုယင် စစ်ဗိုလ်တွေဘဲ.. တကယ်လက်လန်တယ်၊ တကယ့် ချီးထုတ်ကောင်တွေ၊
    ReplyDelete
  23. တ/၂၃၈xxx အခုလို လာရောက်ဆွေးနွေး ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်...။ ဒီပိုစ့်ကို ဆရာရေးဖြစ်သွားတဲ့ အဓိကအကြောင်းကတော့
    တရုတ်ငါးဖမ်းသဘောင်္တွေ မြန်မာရေပိုင်နက်ထဲကို ၀င်ရောက် ဖမ်းဆီးနေပါတယ်။ ဒီလိုဝင်ရောက် ဖမ်းဆီးတဲ့အတွက် တိုင်းရင်းသားလုပ်ငန်းရှင်တွေမှာ နစ်နာရပါတယ်။ ဒါ့အပြင် ခေတ်မီကိရိယာတွေနဲ့ ဖမ်းဆီးတာဖြစ်လို့ ရေသယံဇာတကိုဆုံးရှုံးစေတယ်”ဟု ယင်းက ၁၅/၂၀၁၁ သား/ငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များအစည်းအဝေး၌ ပြောကြားသည်။
    ပြည်တွင်းက ငါးဖမ်းလုပ်ငန်းရှင် အသင်းရဲ့ ထုတ်ဖော်ပြောကြားချက်ပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး မခံချိမခံသာ ဖြစ်ရပါတယ်...။ ဥပမာဆိုရရင် အလေအန ခွေးတစ်ကောင် ကိုယ့်အိမ်ပေါ်တက်ပြီး ထမင်း၊ ဟင်းတွေ ဝင်တက်စားတာ (ခိုးစားတယ် မဆိုလိုနော် ပြောင်စားတာ) မမောင်းမထုတ်နိုင်ပဲ လက်ပိုက်ကြညံနေရသလိုမျိုး ခံရခက်သလိုပေါ့...။
    အားလုံးသိပြီးဖြစ်တဲ့ ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ ( http://www.demowaiyan.co.cc/2010/08/blog-post_5808.html ) ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က ကိုယ့်လူမျိုးတွေ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ လူသတ်ပွဲတို့ ယိုးဒယားငါးဖမ်းစက်လှေကိုဖမ်း ထိုင်းငါးဖမ်းသမားတွေကို သွေးအေးအေးနဲ့ ရှင်းပစ်ခဲ့တဲ့ အကြောင်းတွေ သိရှိကြမှာပါ..။ နိုင်လို့ရတဲ့သူကို အနိုင်အထက်ပြုပြီး ဒီတရုတ် ငါးဖမ်းသဘောင်္တွေ မြန်မာ့ပိုင်နက်မှာ ဗြောင်ငါးခိုးဖမ်းနေတာကို အမျိုးသားရေးလို့ တချိန်လုံးအော်နေတဲ့ နိုင်ငံခေါင်းဆောင်ဆိုသူတွေ ဒီအတိုင်းကြည့်နေတဲ့ ကိစ္စပါ...။ မိမိတိုင်းပြည် မိမိလူမျိုးကို ကာကွယ်ရမယ့် တပ်မတော်ဟာ အမျိုးသားရေးကို သစ္စာဖောက်မဖောက် ဆိုတာ စဉ်းစားပေးစေလိုပါတယ်။ ဒီတရုတ်သဘောင်္တွေ ငါးခိုးဖမ်းနေတဲ့ ကိစ္စကို အဆိုပါ ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ရေက စစ်သည်တွေလည်း မသိမဟုတ်ပါ.. သိကြမှာပါ.. ဒီလိုပဲ မခံချိမခံသာ ဖြစ်ကြမှာပဲလို့ ယုံကြည်မိပါတယ်...။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးပေးစေလိုပါတယ်..။
    ReplyDelete
  24. ကိုဒီမိုဝေယံ ရေ
    ကျွန်တော် ရေးလိုက်တဲ့ ကွန့်မန့်ကြောင့် ဆရာလှိုင်မြင့် ပြောချင်တဲ့အဓိက ရည်ရွယ်ချက် ကနေ လမ်းချော်သွားတာ တောင်းပန်ပါတယ်။ ဒီလိုပါ ဆရာ့ကို တမင်ကန့်လိုက်တိုက်ပြီး ကွန့်မန့် ရေးလိုက်တာ မဟုတ်ဘူးဆိုတာ နားလည်စေချင်ပါတယ်၊ ကျွန်တော် ဆရာ့နိုင်ငံရေး ဆောင်းပါးတချို့ အရင်က ဖတ်ဖူးပါတယ်၊ ကျွန်တော် နားမလည် မကျွမ်းကျင်တဲ့ ကိစ္စ၊ ဆရာ ကျွမ်းကျင်နားလည်တဲ့ နယ်ပယ်မှာ ကျွန်တော်ဘာမှ ဝေဖန်စရာ မရှိပါ၊ ကိုယ့်အတွက် ဗဟုသုတတောင် ရပါတယ်။ ဒီဆောင်းပါးမှာက တရုတ်ငါးဖမ်းသင်္ဘောကိစ္စကို ဆိုလိုရင်း ပေမယ့် ဆရာက တပ်အကြောင်းတွေ ရေးရင်း <> ဆိုတာမျိုး ပြောလာလို့ ကျွန်တော့် သိသလောက် လွဲနေတာလေးတွေ ဝင်ဆွေးနွေး ဖြစ်တာပါ။
    ဆောင်းပါးပါ အဓိက အကြောင်းကို ဆွေးနွေးရရင် ကျွန်တော်လည်း အဲဒီ့ သတင်းကို ဖတ်လိုက်မိတယ်။ ဒါတမျိုးသားလုံးနဲ့ ဆိုင်တဲ့ အားလုံးဝိုင်း ဆန့်ကျင်ရမယ့် ကိစ္စပဲ။ ဒါကြောင့် ဒီသတင်းကို FLOWER NEWS သတင်းထောက်က တာဝန်သိသိ ရေးတယ်၊ တမျိုးသားလုံးကော လက်ရှိ အစိုးရတာဝန် ရှိသူတွေကိုရော သိစေချင်လို့ စီစစ်ရေးက ဖေါ်ပြခွင့်ပြုတယ်။ ဒါ ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ရမယ့် ကိစ္စပဲ။ ဘယ်လို အရေးယူမလဲ စောင့်ကြည့်ကြရမယ် တချိန်တည်းမှာပဲ ဒီကိစ္စကို ကန့်ကွက်ကြောင်း ပြည်တွင်း စာနယ်ဇင်းတွေ မှာကော အင်တာနက်ပေါ်မှာပါ အားလုံး ကျယ်ကျယ်လောင်လောင် ဝိုင်းအော်ကြရမယ်၊ တာဝန်ရှိတဲ့ လူတွေ မဖြေရှင်းဘဲ နေလို့ မရအောင် အားလုံး ဝိုင်းလုပ်ရမယ်။ ဒီလို ဝိုင်းကန့်ကွက်ဖို့က ပြည်သူတွေရဲ့ ကိစ္စ၊ ထိရောက်တဲ့ ဥပဒေတွေ ပြဌာန်းပြီး ကိုယ့်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဖို့ ကိစ္စက အစိုးရရဲ့ တာဝန်၊ ပင်လယ်ပြင်မှာ တွေ့တာနဲ့ စစ်ဆေးပြီး ဥပဒေနဲ့ အညီ အရေးယူရန် ဖမ်းဆီးဖို့က တပ်မတော်ရဲ့ အလုပ်၊ အားလုံး ညီညီညွတ်ညွတ် ဝိုင်းလုပ်ကြဖို့လိုတယ်။
    ReplyDelete
  25. << နိုင်လို့ရတဲ့သူကို အနိုင်အထက်ပြုပြီး ဒီတရုတ် ငါးဖမ်းသဘောင်္တွေ မြန်မာ့ပိုင်နက်မှာ ဗြောင်ငါးခိုးဖမ်းနေတာကို အမျိုးသားရေးလို့ တချိန်လုံးအော်နေတဲ့ နိုင်ငံခေါင်းဆောင်ဆိုသူတွေ ဒီအတိုင်းကြည့်နေတဲ့ ကိစ္စပါ...။ မိမိတိုင်းပြည် မိမိလူမျိုးကို ကာကွယ်ရမယ့် တပ်မတော်ဟာ အမျိုးသားရေးကို သစ္စာဖောက်မဖောက် ဆိုတာ စဉ်းစားပေးစေလိုပါတယ်။>>
    ဒီကိစ္စ နိုင်ငံခေါင်းဆောင် ဆိုသူတွေ သိမသိ ကျွန်တော် မသိပါ၊ သူတို့ကို ကာကွယ်ခြင်းမဟုတ်၊ ကာကွယ်စရာ အကြောင်းလည်း မရှိ၊ သိချင်လည်း သိမည်၊ သိချင်မှလည်း သိမည်၊ အခုသိအောင် ဂျာနယ်က ရေးပြီ။ ဘာဆက်လုပ်မလဲ ကြည့်မည်။ အကယ်၍ သိသိကြီးနှင့် ဒီအတိုင်းထိုင်ကြည့် နေသည်ဆိုလျှင် အမျိုးသားရေးကို သစ္စာဖေါက်ခြင်းဖြစ်သည်။ ထိုခေါင်းဆောင်တွေ အမျိုးသားရေး သစ္စာဖေါက်ခြင်းဖြစ်သည်၊ တပ်မတော်က အမျိုးသားရေးကို သစ္စာဖေါက်ခြင်းမဟုတ်။ အထက်က ဖမ်းဆီး အရေးယူဖို့ အမိန့်ပေးထားတာကို ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်ရေယာဉ်က လာဘ်ယူပြီး ဖမ်းဆီးခြင်း မပြုလျှင် ယင်း ရေယဉ်မှူးနှင့် ရေတပ်သားများ အမျိုးသားရေးကို သစ္စာဖေါက်ခြင်းဖြစ်သည်။ တပ်မတော် သစ္စာဖေါက်သည်ဟု၍ ဆိုစရာမရှိပါ။
    နိဂုံးချုပ်ဆွေးနွေးရရင် အမျိုးသား အကျိုးစီးပွားကို မထိခိုက်တဲ့ ဘယ်ကိစ္စမဆို ကျွန်ုပ်တို့ အားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိသည်။ အမျိုးသား အကျိုးစီးပွားနဲ့ ဆိုင်တဲ့ ကိစ္စတွေတော့ သဘောထား မကွဲလွဲစေချင်။ လူတိုင်း ကိုယ့်အမြင်ကို လွတ်လပ်စွာ တင်ပြခွင့်ရှိဖို့လိုသည်၊ သူများအမြင်ကိုလည်း လေးစားဖို့လိုသည်။
    ဆောင်းပါးနဲ့ မဆိုင်တဲ့ ပြောချင်တာ တချက်က မြန်မာ့ မြေပေါ်မှာ နိုင်ငံခြား တပ်ဖွဲ့ စစ်ခြေစိုက်စခန်း(ရေတပ်စခန်း၊ လေတပ်စခန်း အပါအဝင်) ချထားဖို့ တပ်မတော်က ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး ဆိုတာပါ။ အခုတလော ကောလဟာလ ထွက်နေတဲ့ ရခိုင်မှာ တရုတ်ဖရီးဂိတ်သင်္ဘော အခြေစိုက်ခွင့်ဆိုတာနဲ့ ပက်သက်လို့ ပါ။
    (ကိုဒီမိုဝေယံ ဘလော့ကို ကျွန်တော် အမြဲမရောက်ဖြစ်ပေမယ့် ကြုံတဲ့ အခါ စိတ်ဝင်စားတဲ့ ဆောင်းပါးတွေ သတင်းတွေကို ဖတ်ဖြစ်ပါတယ်၊ လျှို့ဝှက် စီမံကိန်းများ(၁)(၂)(၃) လိုဟာမျိုးတွေပေါ့၊ ရှာဖွေတင်ပြပေးတာ ကျေးဇူးတင်ပါတယ်။)
    regards,
    ReplyDelete
  26. ရေယာဉ်မှုးနဲ့ ရေတပ်သားတွေကို အထက်က အမိန့်ပေးမှ ပစ်ခတ်ခွင့် ခြောက်လှန့်ခွင့် ရှိမရှိဆိုတာလေးပေါ့ဗျာ..
    အခုလိုပြန်ဆွေးနွေး ပေးတဲ့အတွက် ကျေးဇူးတင်သလို တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်တွေ အတွက် မှတ်တမ်းတင်ပါတယ်...
    ReplyDelete
  27. -COMRADE ပါဝင်ဆွေးနွေးလာတာ ကျနော် အရမ်းကို ၀မ်းသာတယ်ဗျာ။ တကယ်ကို နိုင်ငံနဲ့ လူမျိုးကို ချစ်တယ်ဆိုတာ အရေးကြုံချိန် တပ်ထဲဝင်ခဲ့တဲ့ အဆို ( ကျနော် သံသယမရှိမိပါ ) ဆိုတာနဲ့ နိုင်ငံအရေးတွေ ကို ထဲထဲဝင်ဝင် သိနေတာ အားရမိပါတယ် ။
    မွန် နာမကို ကျနော်က သမိုင်းစာအုပ်ထဲကယူ သုံးနုံးထားတာပါ ။ မသိရိုးအမှန်ပါ ။ အပြင်မှာတော့ မွန်လို့ ဘဲသုံးပါတယ် ။ ကျန်လူမျိုးကိစ္စလဲ မသိပါဘူး ။ ကျေးဇူးပါ ။ ဒါအရေးကြိးတဲ့ ကိစ္စတရပ်ပါ ။
    နောက် မေမြို့ - မြို့ သိမ်းတာ ရှင်းပြပေးတာ ကို ။ အခုလိုအသေးစိတ် ရှင်းပြတာ ကျေးဇူးအထူးတင်ပါတယ် ။ နောက်တခု တပ်မတော်သားတဥိးကိုယ်တိုင် တပ်မတော်ရဲ့ လက်ရှိအားနည်းချက်ကို ပါဝင်ဆွေးနွေးလာတာ လူကြိးတွေ သိလာရင် ပိုအလေးထား လာမှာတော့ အမှန်ပါဘဲ ။ ကျနော်တို့  ဆယ်ခွန်းထက် ခင်ဗျားတခွန်းက လူကြိးတွေကို လှုပ်နိုးနိုင်အား ပရှိပါတယ် ။ ပိုထိရောက်ပါတယ် ။ အထူးသဖြင့်ခင်ဗျားလို စစ်သည်တော်ရဲ့  တကယ့်မှန်အစစ်ဟာ တပ်မတော်သားတွေရဲ့  ဘ၀ မြင့်မားရေးကို ပံ့ပိုးပေးလာပါမယ် ။
    ကျနော်လည်း အထဲက အဖွဲ့တွေ နဲ့  စစ်သည်တော်တွေ ရဲ့ လစာကို ထိုင်းနိုင်ငံရဲ့  ၇၅- % လောက်တိုးပေးရေး ။ ၀န်ထမ်းလစာကို ထိုင်းနိုင်ငံရဲ့  ၆၀- % တိုးပေးရေး ။ နေ့ စားအလုပ်သမား တနေ့  အနိမ်ဆုံး လုပ်ခ သတ်မှတ်ပေးရေး တွေတောင်းဆိုဖို့  အထဲက အဖွဲ့ တွေဆီကို မေးပို့ ပြိး လှုပ်ရှားဖို့ တိုင်ပင်နေကြပါပြီ ။ ကျနော်ရဲ့ နိုင်ငံရေး အမြင်ကတော့ နိုင်ငံသူ နိုင်ငံသားတို့ ရဲ့ ဘ၀ဖူလှုံရေးကို လုပ်ပေးတာဟာ ဒီမိုကရေစီ ကိုတက်လှမ်းတဲ့ လှေခါးထစ်လို့ ခံယူပါတယ် ။ အဲဒါကိုတောင်းဆိုချင်လို့  ပြည်ပကို ထွက်လာတယ် ။ ပထမဆုံး တိုက်ရိုက်လေလှိုင်း ဆွေးနွေးခန်းမှာ ၀န်ထမ်းလစာ ( ပါမောက္ခဆရာဝန်ကြိးတွေလစာ ) ဟာ ကမ္ဘာမှာ အာဖရိက နိုင်ငံတွေ ထက်ကိုနိမ့် ပြိး တလ- မှ - ၁၂-ဒေါ်လာသာရတာကို ဖွင့်ချတာပါဘဲ ။
    ဆက်ရန်
    ReplyDelete
  28. တခါ ဒု-ဗိုလ်ချုပ်မှုးကြိးမောင်အေး ကိုယ်တိုင် ၁၉၉၅- ကုလသမ္မဂရွှေရတု ညီလာခံကြိးမှာ မြန်မာနိုင်ငံသားတို့ ရဲ့  စား / ၀တ် /နေရေး ဖူလှုံရေးဟာ န.အ.ဖ အစိုးရရဲ့  ပဓါန အကျဆုံး လူ့ အခွင့်အရေး လို့ မိန့် ခွန်းခြွေထားတာရှိပါတယ် ။
    အထက်က ကျနော်တို့  တိုင်ပင်နေကြတဲ့ နိုင်ငံသားအားလုံး နံပတ်တစ်က ကျေးဇူးရှင်ပင်စင်စားဝန်ထမ်းများ ပင်စင်လစာငွေ နံပတ်နှစ်က စစ်သည်တော်တွေ လစာငွေ သုံးက ၀န်ထမ်းလစာ နဲ့  - လေးက နေ့ စားအလုပ်သမား နေ့ စားခ တိုးပေးရေး လက်မှတ်ထိုး တင်ပြတောင်းဆိုလာတာ စတင်လာရင် တပ်မတော်သားအများစု ပါဝင်လာဖို့ လဲ ကြိုးစားပေးစေချင်ပါတယ် ။ ပန်ကြားပါတယ် ။ ကျနော်တို့ ရဲ့ လှုပ်ရှားမှုက ကျနော်တို့ နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ မွေးရာပါအခွင့်အရေးလဲဖြစ်တယ် လမ်းပေါ်ထွက်တာမျိုး ဆူပူတာမျိုး မဖြစ်အောင်လဲရည်ရွယ်တာပါ ။
    စစ်သည်တော်တွေ နိုင်ငံလုံခြုံရေးကိုအပြည့်အ၀ အာရုံပြည့်တာဝန်ထမ်းဆောင်နိုင်ရေးမှာ စစ်သည်တော်မိသားစု စားဝတ်နေရေးဖူလှုံမှုအပြင် စစ်သည်တော်သားသမိးများ ပညာကို အထူး အခွင့်အရေး ရရှိရေးပါပေးသင့်ပါတယ် ။ ကျနော်ရဲ့ သားအငယ်ဟာ အခုအမေရိကန်စစ်တပ်မှာ ( စစ်သား ) ကွန်ပျူတာ ပညာရှင်အနေနဲ့  တာဝန်ထမ်းဆောင်နေပါတယ် ။ သူ့ ဇနီးက ကို ပြည်ဝင်ခွင့်ကို နှစ်လအတွင်းအတည်ပြုပေးပါတယ် ။ သာမန် နိုင်ငံသား နဲ့လက်ထပ်ပြီး လျှောက်ထားရင် အနည်းဆုံး ၂-နစ်မက ကြာနိုင်ပါတယ် ။ အခုအမေရိကန်မှာ မာစတာဘွဲ့ လွန်( Master in Accounting ) ပေါ့ အခမဲ့တက်ခွင့်ရပါတယ် ။ လခလဲ စစ်မြေပြင်မထွက်ရရင် စားရိတ်ငြိမ်း တလ ကို ၂၅၀၀-လောက်ရပါတယ် ။ စစ်မြေပြင် ( ဥပမာ အီရတ်/ အာဖဂန်နစ်စတန် ) လို ကိုထွက်ရရင် တလကိုအပိုကြေး-၁၀၀၀-ဒေါ်လာထပ်ပေးပါတယ် ။
    ကျနော်တို့ တပ်မတော်ကြိး မှာ စစ်သည်တော်တွေကို မတရားခိုင်းပြိး မငတ်ရုံတမယ်ပေးနေတာကို အားလုံး ရဲရဲဝံ့ဝံ့ တင်ပြပေးကြပါလို့  ။ မနှစ် သြဂုတ်လလောက်က ပြည်ပက မြန်မာဟုထင်ရသူကလေးမလေးတယောက်က ကယားပြည်နယ်ဘက်မှာ စစ်သည်တော်တွေကို တိုင်းရင်းသားတပ်ဖွဲ့ က ကြက်ကလေး ငှက်ကလေးပြစ်သတ်သလို ပြစ်နေတာကို ၀မ်းသားအားရ ပို့ ပေးလာပါတယ် ။ ယူကျု့ ပေါ်တင်ထားတာပါ ။ ကျနော်ချက်ချင်းဘဲ မေးပြန်လိုက်ပါတယ် ။ ဗမာက ပြစ်သတ်တာလဲ မကြည့်ချင်ဘူး ။ တိုင်းရင်းသားက ပြစ်သတ်နေတာလဲ မကြည့်ချင်ဘူး ။ ငါ့မှာတူတွေ လဲတပ်ထဲမှာရှိနေတယ် ။ မကြားချင်ဘူး ။ ငါ့တူတွေ အသတ်ခံရတာကိုဖယ်ထားအုံး အဲဒီလိုပင်ပင်ပန်းပန်း ချီတက်နေရတာကို ပင်မကြားချင်ဘူး ။ ငါ့သားလဲ အမေရိကန်တပ်မှာ ။ ဘယ်တပ်မှာမဆို သေစရာတွေ နဲံ ရင်ဆိုင်နေရတာ ။ မင်းကိုယ်ချင်းစာစိတ်ရှိရဲ့ လားပြန်မေးလိုက်ပါတယ် ။ ကိုယ့်တိုင်းရင်းသားအချင်းချင်းပြန်သတ်နေတာ မင်းပျော်နေလားမေးလိုက်ပါတယ် ။ နောင် အဲဒီကနေ မေးတခါမှ မလာတော့ပါ ။
    ကျနော်တို့ နိုင်ငံမှာ တပ်မတော်သားတွေ ကို အသုံးချပြိး ဒီမိုကရေစီလိုချင်သူတွေကို ရန်သူလို့ စွပ်စွဲ ရန်တိုက်ပေးနေတာကို တပ်မတော်သားတွေ အနေနဲ့  ပြည်သူကဒီမိုကရေစီ လိုချင်တာ က မှားနေလား ပြန်သုံးကြပါ ။ ပြည်သူတွေကတော့ လွတ်လပ်မှု ရွေးကောက်ပွဲမှာ နှလုံးရည်အပြည့်နဲ့ ယှဉ်ပြိုင်လာသူ သူရဲကောင်းစိတ်ဓါတ်ရှိသူကိုသာ လိုချင်ကြတာပါ ။ ကိုယ့်လူ မဟုတ်တေင် ကိုယ်ပြိုင်ဘက်က နိုင်အောင် ညစ်ယူတာမဟုတ်ဘဲဖြစ်စေချင်တာ ဒါလူစိတ်ရှိသူတွေရဲ့  ဆန္ဒအမှန်ပါ ။ မဲလိမ် မဲခိုးညစ်လာသူ ကိုအနိုင်ပေးရတာကတော့ အမှန်တရားကိုလက်ကိုင်ထားသူတို့ အဖို့ အင်မတန် ရွံကြသလို အင်မတန်မကျေနပ်ကြပါဘူး ။ အလွန်လဲအထင်သေးကြပါတယ် ။ မဲခိုးတာ လဲ အာ့ဒိန္ဒနဒါနံပါဘဲ ။ နောက်ဆုံး မဲဝယ်သူကိုတောင် လူတွေရွံ ကြပါတယ် ။ အဲဒီလို လိမ်ညာဖို့  ညစ်ပတ်ဖို့  တပ်မတော်သားတွေ နဲ့ ရ့ထားပြိး ကြံဖွတ်တွေနဲ့ ညစ်ပတ်ယူနေတာပါ ။ အခု ဆွေးနွေးလာတဲ့ ခံယူချက်ပြည့်ဝသူ အမှန်တရားကို လက်ကိုင်းထားသူ COMRADE လို စစ်သည်တော်မျိုးကိုသာ ရွေးကောက်ပွဲမှာ ကော်မရှင် လုပ်ခိုင်းရင်...
    တပ်မတော်ကို အဲဒီလိုအသုံးပြုတာဟာ တပ်မတော်ကို ပြည်သူတွေ တနေ့ တခြား ရွံမုန်းလာအောင် လုပ်နေတာကို တပ်မတော်သားတွေ လူကြိးတွေကို တင်ပြသင့်ပါပြီ ။ ကျနော်တပ်မတော်ထဲမှာ ကြီးပြင်းလာတာပါ ။ ဟိုတချိန်တပ်မတော်သားတွေ ကမွေးပေးလိုက်တဲ့ စိတ်ဓါတ်က အခု လူကြိးလုပ်နေသူတွေ နဲ့က တော့...ဆန့် ကျင်ဖက် ဖြစ်စေတဲ့အရင်းခံပါဘဲ ။ တခုရှိပါတယ် ။ ဖေဖေ တပ်က ဖိအားပေးအငြိမ်းစား ယူလိုက်ရတော့ ကျနော်တို့ တပ်က စစည်သည်အတော်များများ တပ်ကနေ ထွက်ကုန်ကြပါတယ် ။
    COMRADE ကို ကျနော် အထူးလေးစားပါတယ် ။ ခံယူချက် ကိုလက်ကိုင်ထားသူလို့ မြင်ပါတယ် ။ ဆက်လက် ဆွေးနွေးပါဦးမည် ။
    လှိုင်မြင့်
    ReplyDelete
  29. ဆရာလှိုင်မြင့် ခင်ဗျား၊
    ဆရာကိုယ်တိုင် ပြန်လည်ဆွေးနွေး ပေးတာကို ကျေးဇူးလည်း တင်တယ်၊ ကျွန်တော့်လို အညတရကို ပြန်ဆွေးနွေးမယ်လို့လည်း မျှော်လင့်မထားမိတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ။
    ဆရာရေးတဲ့ မြန်မာ့နိုင်ငံရေး ကျွန်တော်၏ ကိုယ်ပိုင်အမြင် ဆိုတဲ့ ဆောင်းပါးတွေမှာ ကျွန်တော် သဘောကျမိတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်နိုင်ငံရေး သိပ်တော့ နားမလည်ပါဘူး၊ ကျွန်တော် နားလည်တာကတော့ တပ်မတော်နဲ့ ပါတီနိုင်ငံရေး ခွဲထားရမယ် ဆိုတာပဲ။ အခုဆိုဗျာ အတိုက်အခံ မီဒီယာတွေမှာ လက်ရှိ အစိုးရကို စစ်တပ်ရုပ်သေးအရပ်သား အစိုးရ ဆိုတာမျိုး ပြောကြတယ်ဗျာ။ ပြည်ခိုင်ဖြိုးဆိုတာ စစ်တပ်ကို ကိုယ်စားပြုတဲ့ ပါတီပေါ့၊ ဒီလိုမျိုး ပြောကြတာတွေ ကျွန်တော် မကြိုက်ဘူးဗျာ။ တပ်မတော်ကို ဘယ်ပါတီနဲ့မှ မပက်သက် စေချင်ဘူး၊ အခု ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်ပိုင်းက တပ်က အနားယူသွားတဲ့ လူတွေ၊ ဒီတော့ ခုချိန်မှာ တပ်နဲ့ ပြည်ခိုင်ဖြိုး ကွဲကွဲပြားပြား မရှိလှသေးဘူး၊ ဒါပေမယ့် အဲဒါကို အချိန်ကြာလာတာနဲ့ အမျှ ပီပီပြင်ပြင် ကွဲကွဲပြားပြား ဖြစ်လာအောင် အားလုံး ဝိုင်းတွန်းကြစေချင်တယ်၊ ပိုနီးစပ်သွားအောင် မတွန်းစေချင်ဘူး။
    တပ်ထဲကို ပါတီစွဲတွေ နိုင်ငံရေးဝါဒစွဲတွေ ဝင်လာတာမျိုးဖြစ်မှာကို မလိုလားပါဘူး၊ ရွေးကောက်ပွဲ ကာလမှာ တပ်ထဲမှာ စည်းရုံးဟောပြောခွင့်တောင်းတဲ့ ပါတီတိုင်းကို အချိန် အညီအမျှ ဟောပြောဖို့ ခွင့်ပြုပေးသင့်တယ်။ အဲဒီ့ ကာလကလွဲရင် ဘယ်ပါတီနဲ့မှ တပ်မတော်ကို မပတ်သက်စေချင်ပါ။
    တပ်မတော်သားတွေကို လက်နက်ကိုင် ပုန်ကန်ကြလို့ မြှောက်ပေးနေတာမျိုးတွေကလည်း အလုပ်မဖြစ်ပါဘူး။ တပ်မတော်သားတွေ ဆင်းရဲနေ၊ မွဲနေ၊ အခွင့်အရေးတွေ ဆုံးရှုံးနေတာ မှန်တယ်၊ အဲဒီ့ ပေါ်မှာလည်း ခံစားချက် ရှိကြတယ်၊ ဒါပေမယ့် သူတို့မှာ ပုန်ကန်နိုင်မယ့် အခြေအနေ မရှိဘူး။ (ပုန်ကန်တယ်ဆိုတာကလည်း နီးမှန် လမ်းမှန် မဟုတ်ဘူး အစိုးရကို မကျေနပ်တိုင်း လက်နက်ကိုင် တပ်မတော်က ပုန်ကန်နေလို့ မဖြစ်ပါ၊ ဒီလိုဆို ဘယ်အစိုးရ တက်တက် ကံဆိုးလို့ စီးပွားပျက်ကပ်နဲ့ ကြုံတိုင်းမှာ စစ်ပုန်ကန်မှုကို ရင်ဆိုင်နေရလိမ့်မယ်။)
    ဆရာပြောတဲ့ အခွင့်အရေးကို လက်မှတ်ထိုး တောင်းဆိုဖို့ဟာက လက်တွေ့မှာ တပ်မတော်သားတွေ ပါလာဖို့ သိပ်ပြီး ဖြစ်နိုင်မယ် မထင်ဘူး။ တပ်မတော်သားတွေ လုပ်ပေးနိုင်တာ ရွေးကောက်ပွဲမှာ မဲပေးတာမျိုးပါ။ ဒါကို ၁၉၉၀ ရွေးကောက်ပွဲမှာ သက်သေပြပြီးပီပဲဗျာ။ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေး သမားတွေ နောက်ရွေးကောက်ပွဲ အတွက် တပ်မတော်သားတွေကို စည်းရုံးကြစေချင်ပါတယ်။ မုန်းအောင် မလုပ်ကြပါနဲ့၊ ဆိုးတဲ့ မှားတဲ့ စစ်သားတွေကို အမည်တပ်ပြီး ရှုံ့ချတာမျိုးတွေ လုပ်ပါ၊ တပ်မတော် တခုလုံးနဲ့ ချီပြီးတော့ မဆဲကြပါနဲ့။ ၊ နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို ရန်သူလို့ စွပ်စွဲပြီး ရန်တိုက်ပေးထားတယ် ဆိုလည်း ဒီခေတ်မှာ သတင်းအချက်အလက် စီးဆင်းတာတွေ မြန်လွန်းလို့ မှိုင်းတိုက်လို့ မရပါဘူးဗျာ။
    ဆက်ရန်
    ReplyDelete
  30. ဆရာက ကျွန်တော့်ခံယူချက်ကို သဘောကျတယ်လို့ ဆိုတယ်၊ ဒါပေမယ့် ကျွန်တော်က ဘာကောင်မှ မဟုတ်ဘူး၊ တပ်မှာ ဘာအဆင့်မှာ မရှိဘူးပေါ့ခင်ဗျာ။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့ဗျာ။ ကျွန်တော့်လို ခံယူချက်ရှိတဲ့ လူတွေ ကျွန်တော့် ပတ်ဝန်းကျင်မှာတင် အများကြီးပါ၊ အခုအွန်လိုင်း ဖိုရပ်တွေ ဘလော့တွေမှာ ကျွန်တော်တို့ နိုင်ငံရေးစကား မပြောဘဲ စစ်ရေးကိစ္စတွေပဲ ဆွေးနွေးတဲ့ သူတွေ ရှိတယ်၊ စစ်ရေးကိစ္စဆိုတာ KNU ကို ဘယ်လိုတိုက်မကွ၊ KNPP ကို ဘယ်လိုနှိမ်နင်းမကွ ဆိုတဲ့ ပြည်တွင်းစစ် ကိစ္စတွေ မဟုတ်ပါဘူး။ (ပြည်တွင်းစစ်ကို စိတ်ပါလို့ တိုက်နေတဲ့ စစ်သားလည်း မရှိဘူး။) ပြည်ပရန်ကြုံလာရင် ဘယ်လို ကာကွယ်ကြမယ် ဆိုတာတွေ စစ်နည်းဗျူဟာတွေ ၊ စစ်လက်နက်တွေ အကြောင်း ဆွေးနွေးကြတာပါ။
    ကြုံလို့ တခုပြောချင်တာက တချို့တွေ စွပ်စွဲကြသလို တပ်ထဲဝင်တဲ့ ကောင်တွေက အခွင့်အရေး ရချင်လို့၊ သူများကို အနိုင်ကျင့်ချင်လို့ ၊ ချမ်းသာချင်လို့ ကိုယ်ကျိုးရှာချင်လို့ ဆိုတာတွေ မဟုတ်ရပါဘူးဗျာ။ အဲလိုရည်ရွယ်ချက်နဲ့ ဝင်လာသူတွေရှိရင် တကယ့်ကို အနည်းစုပါ။ ဘာလို့လည်းဆို ကျွန်တော်တို့ ရွာက ရန်ကုန်နဲ့ မဝေးလှဘူး၊ အလုပ်အကိုင်ကလည်း ပေါတော့ စစ်ထဲဝင်တဲ့လူ ခပ်ရှားရှားပဲ။ တနှစ်ကို တစ်ယောက်စ၊ နှစ်ယောက်စပဲ တပ်ထဲဝင်တာမျိုး ကြားဖူးတယ်။ အဲဒီ့ ၂၀၀၁ ခုနှစ်မှာတော့ ယိုးဒယား-မြန်မာ နယ်စပ်အခြေအနေကလည်း ခပ်လှုပ်လှုပ်၊ တီဗွီမှာကလည်း အလောင်းဘုရား စိတ်ဓါတ်မွေးပါ ဆိုတဲ့ စာတန်းနဲ့ ရှေ့တန်းကို ပို့တဲ့ ရိက္ခာထုပ်တွေပြ ဆိုတော့ မြန်မာပီပီ ဘယ်နေနိုင်မလဲဗျာ၊ တပ်ထဲကို ဝင်လာကြတာ ကျွန်တော်အပါအဝင် သူငယ်ချင်း (၉)ယောက် အတူတူ။ တကယ်ပါဗျာ နိုင်ငံကို ချစ်တဲ့စိတ်၊ ကာကွယ်ချင်တဲ့ စိတ်ကလွဲရင် ကျွန်တော်တို့ သူငယ်ချင်းတွေ အကုန်လုံး ဘာမျှော်လင့်ချက်မှ မရှိရပါဘူး။
    ဗိုလ်ချုပ်ပြောတဲ့ စစ်သားတွေပဲ နိုင်ငံကို ချစ်တာ မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ လက်ခံတယ်။ စစ်သား မဟုတ်လည်း နိုင်ငံကို ချစ်တဲ့သူ အားလုံးကို လေးစားတယ်။ စစ်သားတွေလည်း နိုင်ငံကို ချစ်တယ် ဆိုတာတော့ နားလည်ပေးကြပါ၊ စစ်သားအားလုံး အခွင့်အရေး သမားတွေ မဟုတ်ဘူး၊ အာဏာကို ဆာလောင် သူတွေ မဟုတ်ဘူး ဆိုတာ နားလည်ပေးကြပါ။ ဘယ်အစိုးရတက်တက် နိုင်ငံကို ကာကွယ်ရမှာ ကျွန်တော်တို့ တာဝန်ပါ။
    ဆရာရေ နိုင်ငံကို တကယ်ချစ်တဲ့ ၊ စေတနာမှန်တဲ့ လူချင်း ရင်ဘတ်ချင်း နီးစပ်ပါတယ်။ အမြင်မတူတာတွေ ရှိပေမယ့် တယောက် ခံယူချက်ကို တယောက် နားလည်ကြရင် ကျွန်တော်တို့ မြန်မာနိုင်ငံ စည်းလုံးညီညွတ်တဲ့ တနေ့ မဝေးတော့ပါဗျား။ လူချင်းဆက်သွယ်ချင်လည်း ရပါတယ်၊ comradeeagle@gmail.com ကို ဆရာမေးလ်ပို့လို့ ရပါတယ်။
    လေးစားလျက်
    Comrade
    (ကိုဒီမိုဝေယံ မေးထားတာလေး ဖြေဖို့ ကျန်သွားလို့။ ရေယာဉ်မှူးနဲ့ ရေတပ်သားတွေ အထက်က အမိန့်မပေးဘဲ ပစ်ခတ် ခြောက်လှန့်ခွင့် ရှိမရှိ ဆိုတာ ကျွန်တော်သေချာ မသိဘူးဗျ၊ Navy ကလည်း မဟုတ်လို့ပါ။ ကျွန်တော့် အထင်တော့ နေရာဒေသ ပေါ်လည်း မူတည်လိမ့်မယ်၊ ကျွန်တော်တို့ ကြည်းတပ်မှာတော့ စစ်ဆင်ရေး ဝင်နေတဲ့ ဒေသမှာ ဆိုရင် သံသယရှိရင် ခေါ်ယူစစ်ဆေးလို့ ရတာပဲ၊ မလာရင်လည်း ပစ်ခတ် ခြောက်လှန့်လို့ ရတယ်။ စစ်ဆင်ရေးဂွင်ထဲမှာ မဟုတ်ဘဲ အရပ်ဘက် အုပ်ချုပ်ရေး စိုးမိုးတဲ့ နေရာမှာတော့ အဲလိုလုပ်လို့ မရဘူး)
    ReplyDelete
  31. Comrade နဲ့ ဆရာ တို့ ဆွေးနွေး သွားတာ ကို အရန်း သဘောကျပါတယ် ဂုဏ် ယူပါတယ် ဗျာ။ တပ် ထဲ မှာ စစ်သားစိတ် တကယ် ရှိ တဲ့ နိုင်ငံ ကို တကယ်ချစ် တဲ့ အသိညဏ်ရှိတဲ့ သားကောင်း တွေ ရှိတာ ကို ကျနော် လဲ သိ ပါတယ်။
    အဲဒီ လို သားကောင်း များ တပ် ထဲ မှာ အင်အား များ လာ ပို့ အရေး ကြီးပါတယ်။ .
    တပ်မတော်ကို ဘယ်ပါတီနဲ့မှ မပက်သက် စေ အကောင်းဆုံးပဲ။
    "ရေယာဉ်မှုးနဲ့ ရေတပ်သားတွေကို အထက်က အမိန့်ပေးမှ ပစ်ခတ်ခွင့် ခြောက်လှန့်ခွင့် ရှိမရှိ" ကျနော်သိရသ လောက် တော့
    burma navy မှာ ပစ် ခွင့် ရှိတယ် လို့ သိ ရ ပါတယ် ကျနော့ အကို တရောက်က အဲဒီ ကပါ သူ တို့တုန်းက တော့ ယိုးဒယား
    က ငါးခိုးဖမ်း တာ တော်တော်ဆိုး တယ်။ license တင် တာ တစ် စီး ပုံစံ တူ ၁၀ စီး လောက် ရှိ တယ် ပြော တာပဲ။ အဲဒီ ခိုးလှေ ပေါ်မှာ ဆိုရင် ၃ ယောက် ၄ ယောက် လောက် ပဲ ယိုးဒယား ကျန်တဲ့
    အလုပ်သမား အားလုံး က ဗမာ တွေကြီး ပဲ တဲ့။ ကျနော့ အကို တို့ တော် တော် စော်လိုက် ရတယ်။ အဲဒါ ၂၀၀၀၂၀၀၁ လောက် ကထင် တာ ပဲ ခုနှစ် တော့ မမှတ်မိတော့ဘူး။
    အော် ဒါ နဲ့ အပေါ် က စာချိုး က ကျနော့စိတ်ကူး ရှိရာ ရေး တာပါ နိုင်ငံနဲ့ လူမျိုး တကယ်ချစ် တဲ့ စစ်သားကောင်း များ
    ကို မ ရည်ရွယ် ပါ။ ဖော်လန်ဖား လူစစ်ခွေး များ ကိုသာရည်ရွယ်ပါတယ်။
    ReplyDelete
  32. အားလုံးကို ကျနော် အထူးပန်ကြားလိုပါတယ်။ကိုယ်မကြိုက်သူ ရွံမုန်းရင်(ခွေး)လို့ ခေါ်ဝေါ်ကြတာကိုပြန်ဆင်ခြင်စဉ်းစားကြစေချင်ပါတယ်။နိမ်တာတော့မဟုတ်ပါဘူး။ကျနော်တို့ မြန်မာကျောင်းအုပ်တယောက်/ဆေးတက္ကသိုလ်က-ကထိကဆရာဝန်တယောက်(လက်ရှိ-တရားဝင်လစာ)ဟာ အခုAustraliaမှာ ခွေးတကောင်မွေးထားသူတွေသူ့ခွေးတကောင်အတွက်အကုန်အကျခံတဲ့စားရိတ်ထက်နည်းပါတယ်။အိမ်ဘေးမှာခွေးနှစ်ကောင်ရှိပါတယ်။အဖိုးကြိးအဖွားကြိးလင်မယားကမွေးထားတာပါ။တလတလ စားစားရိတ်တင်-ဒေါ်လာ-၂၀၀-ကျော်တယ်။
    နေ့စဉ်-ခွေးကိုအ၄ားလမ်းလျှောက်ပေးသူကိုနေ့စဉ်-ဒေါ်လာ-၃၀-(နာရီဝက်လျှောက်ချိန်)ဒေါ်လာပေးနေတာလေးတခုဘဲတွက်ကြည့်ပါ.။
    နောက်ခွေးဆိုတာအင်မတန်သခင်အပေါ်မေတ္တာ/သစ္စာ/တာဝန်ကျေတဲ့တိရိစ္ဆာန်ပါ။ဒါကြောင့်လဲ ချစ်ကြလို့ သက်သက်မွေးကြတာပါ။
    ဆက်ရန်။
    ReplyDelete
  33. နောက်ကျနော့်အလုပ်ကကျောင်းဆရာတယောက်ဆိုရင်သူ့ လ/ခက တနာရီကို-၃၅-ဒေါ်လာရတာပါ။သူ့ မှာခွေးလမ်းလျှောက်တဲ့လုပ်ငန်းတခုထောင်ထားပြိး-ကားလေးစိးနဲ့.လူတွေကိုတနေကုန်အလုပ်ခန့်ထားပါတယ်။နောက်တခု..သူပြောပြလို့ပါ။မြန်မာတွေသုံးကြတဲ့(ခွေးဟောင်လို့ လမပျောက်ပါဘူး/လကိုခွေးဟောင်)ဆိုတာသူကရီတယ်။ပြီးတော့ပြန်မေးတယ်။မင်းတို့ ဗမာတွေကခွေးအကြောင်းလေ့လာထားတဲ့စာပေတွေမရှိဘူးထင်တယ်တဲ့။ဒို့ ဆီမှာခွေးဟောင်တာကပြသနာ(အလွန့် အလွန်ကြိးတာမို့ )ခွေးဟောင်တဲ့အကြောင်းလေ့လာထားတဲ့စာတမ်းတွေရှိတယ်တဲ့။လကိုခွေးဟောင်တာမဟုတ်ဘူးတဲ့။လသာတဲ့ညမှာခွေးဟောင်တတ်ပါတယ်။သူရှင်းပြပါတယ်။သူရှင်းပြတာဘာလဲဆိုတာကို--လကိုခွေးဟောင်လို့ပြောသူတွေ..နဲနဲဦးဏှောက်ထုတ်စဉ်းစားကြပါအုံးလို့ ။နောက်တဆက်ထဲ-ခွေးလှေးခုန်လို့ ဖုန်မထဆိုတာ ထပ်ပြောပြတော့ ရီပြန်ပါတယ်။ဖုန်ထတဲ့အကြောင်းရင်းထဲ..ခွေးလှေးကိုထဲ့စဉ်းစားတာဒါပထမဆုံးကြားဖူးတာတဲ့။ကျနော်တို့ တတွေစကားတချို့ ကိုဆက်သုံးသင့်/မသုံးသင့်..
    လှိုင်မြင့်
    ReplyDelete
  34. သန်းရွှေသည် ထိုင်းသုံ့ပန်းအနွယ် ဖြစ်သည်
    သန်းရွှေသည် မြန်မာလူမျိုး မဟုတ်ကြောင်း သန်းရွှေ၏ဇနီးကြိုင်ကြိုင်ဘက်မှ ဆွေမျိုးနီးစပ်တော်သူတစ်ဦးမှ ဖော်ထုတ်လိုက်သည်။
    - သန်းရွှေ၏ ထိုင်းငယ်နာမည်မှာ "ခွိုင်ဒန်" ( ကျွဲကြီး) ဖြစ်ကြောင်း၊
    - သန်းရွှေ၏ မိဘများမှာ ထိုင်းရာမနတ်ကို ကိုးကွယ်သူများဖြစ်ကြောင်း၊
    - သန်းရွှေတို့ ငယ်စဉ်က နစ်စဉ် ပူဇော်ပသမှုများ ပြုလုပ်လေ့ရှိကြောင်း။
    - ထိုင်းရာမနတ်ကွန်းကို မန္တလေးမြို့ တွင် ယနေတိုင် တွေ့နိင်သေးကြောင်း၊
    - သန်းရွှေသည် မွန်ပြည်နယ်မှ ဖြစ်ကြောင်း၊
    - သန်းရွှေမှာ မွန်ပြည်နယ်ရှိ ထိုင်းသုံ့ပန်းများမှ ပေါက်ဖွားလာသော ထိုင်းသုံ့ပန်းအနွယ် ဖြစ်ကြောင်း၊
    - ထိုထိုင်းသုံ့ပန်းများသည် မြန်မာမင်းများ ယိုးဒယားကို တိုက်ခိုက်စဉ်က ဖမ်းဆီးလာသူများ ဖြစ်ကြောင်း၊
    - အဆိုပါဒေသတွင် ထိုင်းသုံ့ပန်းတို့သည် ခက်ခဲပင်ပန်းစွာ အသက်မွေးရကြောင်း၊
    - ထိုင်းသုံ့ပန်းအနွယ်အချို့မှာ လယ်ကျွန်နှင့် ပြည့်တန်ဆာများအဖြစ် လုပ်ကိုင်ကြကြောင်း၊
    - ယနေ့တိုင် ထိုထိုင်းသုံ့ပန်းအနွယ်တို့ကို တွေ့နိုင်သေးကြောင်း၊
    - လူပျိုပေါက်အရွယ်တွင် သန်းရွှေသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျောက်ဆည်နယ်သို့ မိဘများဇာတိကို ဖျောက်၍ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း၊
    - သန်းရွှေကို မြန်မာလူမျိုးမိသားစုတစ်စုက လက်ခံကာ ကျွေးမွေးခဲ့ကြောင်း၊
    - ထိုမိသားစုကို ယနေ့တိုင် သန်းရွှေက စောင့်ရှောက်ထားကြောင်း၊
    - ၄င်းမိသားစုဝင်များသည် ယခုခရိုင် အုပ်ချုပ်ရေးမှူးထက်ပင် သြဇာအာဏာ ရှိကြောင်း၊
    - သန်းရွှေသည် ဗိုလ်သင်တန်းတက်ရန် အရွေးချယ်မခံရမီအထိ မိတ္ထီလာစာတိုက်တွင် ရုံးစာရေးလုပ်ခဲ့ကြောင်း၊
    - ဗိုလ်သင်တန်းတက်ရန်အတွက် အသက်ကြီးလွန်းနေသဖြင့် "၁၉၃၃ ခုနှစ်တွင်မွေးသည်" ဟု ၄ - ၅ နှစ်ခန့် အသက်လိမ်ခဲ့ကြောင်း၊
    - သန်းရွှေ၏ မွေးနှစ်အမှန်ကို မည်သူမျှ မသိကြောင်း၊
    - စစ်ဗိုလ်ဘဝတွင် သန်းရွှေ ဦးဆောင်သော တိုက်ပွဲများ အမြဲလို ရှုံးကြောင်း၊
    - ဒီအချက်ကလည်း ထိုင်းဇာတိကို ပြနေခြင်း ဖြစ်ကြောင်း၊
    - ထိုစဉ်အခါက စစ်တပ်တွင် တိုက်ပွဲရှုံးပါ ပြင်းပြင်းထန်ထန် အရေးယူသော စနစ် မရှိသေးဘဲ တိုက်ပွဲ မအောင်သောတပ်ကို ကားစီစဉ်မပေးဘဲ လမ်းလျှောက်ပြန်စေခြင်း ကဲ့သို့ သော ပြစ်ဒဏ်များကိုသာ ပေးလေ့ရှိကြောင်း၊
    - သန်းရွှေ ဦးစီးသောတပ်မှာ မကြာခဏ လမ်းလျှောက်ပြန်လာရသောတပ် ဖြစ်ကြောင်း
    စသည်ဖြင့် သန်းရွှေတို့ထံမှ အကူအညီ မယူဘဲ နေထိုင်လျက်ရှိသော သန်းရွှေ၏ ဇနီး ကြိုင်ကြိုင်၏ အမျိုး သက်ကြီးအမျိုးသား အဘက သန်းရွှေအကြောင်းနှင့် ပတ်သက်၍ ပြောပြသည်။
    ကျောက်ဆည်သားတို့သည် ယဉ်ကျေးကြသည်။ မြန်မာဆန်သည်။ ယနေ့အထိ ရိုးရိုးကြီး၊ တုံးတိကြီး စကားပြောကြသည်။ "မြန်မာအစ ကျောက်ဆည်က" ဟု ပညာရှင်တို့ ခံယူထားသည်။ ယခင်က သန်းရွှေမှာ ကျောက်ဆည်သားဟု အများက သိရှိထားရာ "အဘယ့်ကြောင့် ကျောက်ဆည်သားဖြစ်လျက် ဤမျှလောက် ရိုင်းသနည်း၊ ရဟန်း၊ သံဃာကို သတ်ဖြတ်ဝံ့သနည်း" ဟု တွေးမရသောအရာတို့သည် အဘ၏ ရှင်းပြချက်ကို နားထောင်ပြီး ရှင်းလင်းသွားပါတော့သည်။
    http://arzarni2009.blogspot.com/2009/03/blog-post_1691.html
    ReplyDelete
  35. သန်းရွှေသည် ထိုင်းသုံ့ပန်းအနွယ် ဖြစ်သည် (၂)
    သန်းရွှေတို့ထံမှ အကူအညီ မယူဘဲ နေထိုင်လျက်ရှိသော သန်းရွှေ၏ ဇနီး ကြိုင်ကြိုင်၏ အမျိုး သက်ကြီးအမျိုးသား အဘက သန်းရွှေအကြောင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆက်လက် ပြောပြသည်။
    - သန်းရွှေသည် လူပျိုပေါက်အရွယ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျောက်ဆည်နယ်သို့ မိဘများဇာတိကို ဖျောက်၍ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း၊
    - သန်းရွှေကို မြန်မာလူမျိုးမိသားစုတစ်စုက လက်ခံကာ ကျွေးမွေးခဲ့ကြောင်း၊
    - ထိုမိသားစုကို ယနေ့တိုင် သန်းရွှေက စောင့်ရှောက်ထားကြောင်း၊
    - ၄င်းမိသားစုဝင်များသည် ယခုခရိုင် အုပ်ချုပ်ရေးမှူးထက်ပင် သြဇာအာဏာ ရှိကြောင်း
    ပြောပြသည်။
    http://arzarni2009.blogspot.com/2009/03/blog-post_1691.html
    ReplyDelete
  36. သန်းရွှေသည် ထိုင်းသုံ့ပန်းအနွယ် ဖြစ်သည် (၃)
    ကြိုင်ကြိုင်၏ ဆွေမျိုး အဘက သန်းရွှေအကြောင်း အောက်ပါအတိုင်း ဆက်လက် ပြောပြသည်။
    - သန်းရွှေသည် ဗိုလ်သင်တန်းတက်ရန် အရွေးချယ်မခံရမီအထိ မိတ္ထီလာစာတိုက်တွင် ရုံးစာရေးလုပ်ခဲ့ကြောင်း၊
    - ဗိုလ်သင်တန်းတက်ရန်အတွက် အသက်ကြီးလွန်းနေသဖြင့် "၁၉၃၃ ခုနှစ်တွင် မွေးသည်" ဟု ၄ - ၅ နှစ်ခန့် အသက်လိမ်ခဲ့ကြောင်း၊
    - သန်းရွှေ၏ မွေးနှစ်အမှန်ကို မည်သူမျှ မသိကြောင်း၊
    - စစ်ဗိုလ်ဘဝတွင် သန်းရွှေ ဦးဆောင်သော တိုက်ပွဲများ အမြဲလို ရှုံးကြောင်း၊
    - ဒီအချက်ကလည်း ထိုင်းဇာတိကို ပြနေခြင်း ဖြစ်ကြောင်း၊
    - ထိုစဉ်အခါက စစ်တပ်တွင် တိုက်ပွဲရှုံးပါက ပြင်းပြင်းထန်ထန် အရေးယူသော စနစ် မရှိသေးဘဲ တိုက်ပွဲ မအောင်သောတပ်ကို ကားစီစဉ်မပေးဘဲ လမ်းလျှောက်ပြန်စေခြင်း ကဲ့သို့ သော ပြစ်ဒဏ်များကိုသာ ပေးလေ့ရှိကြောင်း၊
    - သန်းရွှေ ဦးစီးသောတပ်မှာ မကြာခဏ လမ်းလျှောက်ပြန်လာရသောတပ် ဖြစ်ကြောင်း
    ပြောပြသည်။
    http://arzarni2009.blogspot.com/2009/03/blog-post_1691.html
    ReplyDelete
  37. သန်းရွှေသည် ထိုင်းသုံ့ပန်းအနွယ် ဖြစ်သည် (၄)
    ကျောက်ဆည်သားတို့သည် ယဉ်ကျေးကြသည်။ မြန်မာဆန်သည်။
    ယနေ့အထိ ရိုးရိုးကြီး၊ တုံးတိကြီး စကားပြောကြသည်။
    "မြန်မာအစ ကျောက်ဆည်က" ဟု ပညာရှင်တို့ ခံယူထားသည်။
    ယခင်က သန်းရွှေမှာ ကျောက်ဆည်သားဟု အများက သိရှိထားရာ
    "အဘယ့်ကြောင့် သန်းရွှေသည် ကျောက်ဆည်သားဖြစ်လျက် ဤမျှလောက် ရိုင်းသနည်း၊
    အဘယ့်ကြောင့် သန်းရွှေသည် ကျောက်ဆည်သားဖြစ်လျက် ရဟန်း၊ သံဃာကို သတ်ဖြတ်ဝံ့သနည်း"
    ဆိုသည်ကို တွေးမရခဲ့ပါ။
    ယခင်က အဖြေရှာမရခဲ့သော ဤ မေးခွန်းများသည် အဘ၏ ရှင်းပြချက်ကို နားထောင်ပြီး ရှင်းလင်းသွားပါတော့သည်။
    http://arzarni2009.blogspot.com/2009/03/blog-post_1691.html
    ReplyDelete
  38. အပေါ်ကကွန်မန့်တွေအရမ်းကောင်းပါတယ်။ဆောင်းပါးလဲ
    ကောင်းပါတယ်။ဒါပေမယ့်ကြားဖောက်ပြီးဆဲဆိုနေတဲ့စာတွေကတော့။အမြင်မတော်ပါဘူး။အကယ်၍မြန်မာနိုင်ငံဟာ။တိုင်းတပါးနဲ့စစ်ဖြစ်ခဲ့မယ်ဆိုရင်..တပ်ဦးမှာ.မထင်မရှားတိုက်ပွဲဝင့်သွားမှာပါ။ဒီအချိန်ဟာတစ်ယောက်နဲ့တစ်ယောက်ဆဲဆိုနေရမယ့်အချိန်မဟုတ်ပါဘူး။
    ဒီအထဲမှာအတိုက်အခံအဖွဲ့စည်းကပညာတက်တွေဝင်ဆွေးနွေး
    သလို။တပ်မတော်သားပညာတက်တွေလဲဝင်ဆွေးနွေးပါတယ်။
    ကျွန်တော်တို့လိုဘယ်အဖွဲ့စည်းကမှမဟုတ်တဲ့သာမာန်ပြည်သူတွေလဲဝင်ရောက်ဖတ်ရှုနေပါတယ်.ဒါကြောင့်ဆဲဆိုမှုကိုအားမပေးပါ။
    “တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်
    တပေါက်ရေစက်၊ ငါတို့လက်မှ
    ရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။”
    ReplyDelete
  39. ပို့ စ် တွေကို မြင် ရတာ အရမ်းစိတ်ချမ်းသာတယ်ဗျာ။ မြန်မာတိုင်းဟာ အရေးကြုံရင် စစ်ဦးက လိုက်မယ့် သူချည်းပဲ။ အားရှိတယ်။ ဒါပေမဲ့ တချို့ တွေ က ဘာလို့ သ်ူများကို ဆဲဆို ပုတ်ခတ်နေတာတုန်း ။
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။