ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဆောင်းပါးမှာ ရုရှားရောက် စစ်ဗိုလ်လေးတွေကို ထိခိုက်ပြောလာတာများတော့ စာဖတ်ပရိသတ်တွေရော ရုရှားစစ်ဗိုလ်လေးတွေကိုတိုင် ကျနော်က စစ်ဗိုလ်လေးတွေအပေါ် အစာမကြေဘူး ထင်လာကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ကျနော်တို့အတွက် ပြည်ထဲက မြန်မာလူငယ်တွေအတွက် မမြင်ရတဲ့ အန္တရာယ်ကောင်တွေပါ။ မင်းကိုနိုင်တို့ကို အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒါဏ်- ၆၅-နှစ်ချခံရတာ ဒီရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ..။ ငါဖေါက်တာ လို့ဘယ်သူ လက်မထောင်ရဲသလည်း Blinker Hacker Groupက န.အ.ဖ ကိုဆော်နေပါတယ် ဗြောင်ကျေငြာရဲသလို ကြေငြာရဲလား..။ သူတို့ကို ပုဂ္ဂိုလ်ရေးအရ ဘာမှ အစာမကြေစရာတော့ ဘာမှမရှိပါဘူး။ ဒီရုရှားသင်တန်းဆိုတာကလည်း စစ်တပ်ထဲမှာ နောက်ခံမရှိရှာကြတဲ့ သူတွေ သွားကြရတဲ့ သင်တန်းပါ။ ဗိုလ်မှုးကြီးအဆင့်လောက်ရဲ့ သားသမီးတွေဆို မလိုက်ရအောင် ရှောင်နိုင်အောင် ရှောင်ကြပါတယ်။ ငွေကြေး အာဏာ တတ်နိုင်သူတွေ မသွားကြပါဘူး။ မက်မောစရာ သင်တန်းမဟုတ်ပါဘူး။ ပိုဆိုးတာက ကနေ့ ကျနော်က ဒေါက်တာလှိုင်မြင့်လို့ ကိုယ့်ဂုဏ်ကို ဖေါ်ထုတ်ရေးတယ်ဗျာ။ ကိုကိုရုရှားတို့က သူတို့ ဘွဲ့ကိုဂုဏ်ယူ (ရဲ) ကြရင် ရေးလေ ဒေါက်တာတို့  ပီအိတ်ဒီတို့  (ရုရှား)ဆိုတာ ရေးကြလေ။ စစ်သားလုပ်ပြီး နာမည်မဖေါ်ရဲ ကိုယ်ကြိုးစားယူထားတဲ့ ဘွဲ့ကိုလဲ မတတ်ရဲ အဲဒါကို ကျုပ်တို့က ဘာအစာမကြေနေရမှာလဲ။ ဘယ်မိန်းခလေးတွေက သူက ရှရှားပြန် စစ်ဗိုလ်တော့လို့  ကြိုက်နေကြလို့ ရေပန်းစားနေကြလို့လဲ..?
အဲဒီရုရှားက စစ်ဗိုလ်ကော ပြည်တွင်းက စစ်ဗိုလ်တွေကိုပါ ကျနော်တယောက်မှမသိပါဘူး။ ဘယ်သူ့မှ နာမည်နဲ့တောင် မသိမှတော့ ဘယ်လိုလုပ် အာဃာတ ဖြစ်ဖြစ် အတွယ်အတာဖြစ်ဖြစ် ရှိနိုင်ပါ့မလဲ။ ကျုပ်တူ တယောက် (အကိုတ၀မ်းကွဲရဲ့ သား) အဖေလုပ်သူက အတင်းစစ်တက္ကသိုလ် အင်ဂျင်နီယာတက်ခိုင်းတယ်။ အခုတော့ နောင်တရနေရှာတယ်။ ကြားထဲ သမီးအကြီးက သားလုပ်သူရဲ့  သူငယ်ချင်းစစ်ဗိုလ်နဲ့ ညားတော့ ဆိုပြိး အမျိုးတွေထဲမှာ အပြတ်ပြောတတ်လို့ တချို့ကသူ့ ကို မကြည်ချင်ဘူး။ ရှိထားတာကိုး အမျိုးထဲမှာ ငါတို့ကို ယှဉ်နိုင်သူဘယ်သူမှ မရှိဘူး ဆိုတဲ့စကားက .....
အခုတိုင်းပြည်ထဲက နိုင်ငံအရေးစိတ်ဝင်စား လှုပ်ရှားနေကြသူတွေဟာ ဒီရှရှားပြန်တွေကို သေအောင်ရွံမုန်းကြ ကြောက်နေကြရတာပါ။ ကိုယ့်ရဲ့အဆက်အသွယ်ဆီ ဆက်သွယ်ရင်း သူတို့ကို ကျောချမ်းနေကြရတာပါ။ သူတို့ဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ သူတို့ရာထူးတက်ဖို့အရေး ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။ ဗုဒ္ဓတရားတော်ကနေ ကြည့်ရင် အင်မတန် ငရဲကြီးတဲ့ ၀မ်းရေးကြီးပါ။ သူတပါးကို နင်ပြီးမှ စားရတဲ့ အစာဟာ သံရည်ပူကို မြိုနေကြရတာဆိုတာ သူတို့ မစဉ်းစားတတ်ကြဘူး။
အဲဒီလိုလူတွေကို ထိုးနှက်ပြီး နာမည်ကျော်ချင်လို့  ထိုးနှက်နေတာလား ပြောလာတာတော့ စဉ်းစားပါဦးဘဲ ပြောချင်ပါတယ်။ ကံနှင့်ကံတရား လူဂုဏ်သိက္ခါ ရှုဒေါင့်ကနေကြည့်ရင် အင်မတန် စက်စုပ်ဖွယ်ဘ၀ ဗုဒ္ဓတရားတော်အလိုအရ နောက်ဘ၀မှာ ချီးတွင်းထဲက လောက်လို ဘ၀ကိုလား နေသူတွေကို တက်နင်းတယ်ပြောရင် သူ့နင်းရဖို့ ချီးတွင်းထဲကိုယ်က အရင်ဆင်းနေရတာနဲ့ တထေရာတည်းပါ။ အခုကျနော်လုပ်နေတာ ထင်ပေါ်ချင်လို့ လုပ်နေတာလဲမဟုတ်ပါဘူး။ ထင်ပေါ်မှု လိုချင်တာဟာ အတ္တစိတ်ပါဘဲ။ လုပ်ရပ်မှန်ရင် ငါ့စိတ်ကလေး ငါ့ရပ်တည်ချက်လေးတချို့  ငါ့တူသားတွေ ငါ့အမျိုးတွေ နမူနာ ယူနိုင်တာ ကျန်ရစ်ခဲ့ရင်ဆိုတာ ကျုပ်ရဲ့ဘ၀ ခံယူချက်ပါ။ အမှန်တွေပြောနေတာပါ။ ကျနော်ပြောတာကို ဒါကတော့ လွဲနေတယ် မှားတယ် ထောက်ပြဆွေးနွေးရင် ပိုကောင်းပါမယ်။
အေးမင်းတို့ သိရအောင် အခုငါ့တူတွေ တူမတွေ ကြိုးစားလို့ အမေရိကန် စင်ကာပူ သြစတြေးလျှကို အများကြီး ရောက်နေကြပါတယ်။ ပညာရှင်အနေနဲ့ ရောက်နေကြတာပါ။ သူ့တို့လေးတွေ (အားလုံး အာလုံးနော်) မေးကြည့်လို့ရပါတယ်။ ငါ့အမတွေ ညီမတွေ မေးကြည့်လို့ရပါတယ်။ အားလုံး ဆရာဝန် အင်ဂျင်နီယာမိသားစုပါ။ ကျုပ်ထက်လဲ အားလုံးပိုချမ်းသာကြပါတယ်။ အေးသူတို့လေးတွေရဲ့ စံပြက ဘယ်သူလဲမေးကြည့်ပါ။ သူတို့လေးတွေ အရွယ်ရောက်စက မိဘနဲ့ မပြေလည်တာရှိရင် အမ / ညီမတွေ/ ညီတွေ ၀မ်းကွဲတွေကအစ ကိုကို မောင်ဘီလီ လာပြောပေးပါဦး။ အေးကျုပ်ပြောလိုက်ရင် တခွန်းဘဲ (ဂ-ငယ်ကွေ့) ကွေ့ ပြင်သွားကြတယ်။ အဲဒီလို ပြောပေးရင် ညီမက ဒူးထောက်ပြီး ကန်တော့တယ်။ ပြီးပါးကိုနမ်းပြိး အိတ်ထဲကို ဒေါ်လာ -၁၀၀-ထဲ့တယ်။ အမကတော့ အိမ်ကို ခြင်းတောင်းကြီးတွေနဲ့ လာပို့ ပြီ။
နောက်တော့ တူတွေ/တူမတွေက (ပါပါကြီး -ဆေးမကုပါနဲ့  ပါပါကြီးပင်ပန်းတာ သားတို့ မကြည့်ရက်ဘူး။ ပါပါကြီးငွေ မရှိတော့ရင် သားတို့  နည်းနည်း ဆိုးပြလိုက်ရင် အိတ်ထဲဒေါ်လာတွေ ၀င်လာစေရပါမယ်) အထိ နောက်တတ်ကြပါတယ်။ ကျုပ်ဘ၀ အပေါ်ကျေနပ်ရမှု ပီတီကို ဘာနဲ့မှ မလဲနိုင်ပါဘူးမောင်။ မေးကြည့်ပါ အမျိုးတွေထဲမှာ။
စစ်ဗိုလ်တွေဟာ သူတို့ ကို သန်းရွှေက ခန့်ထားတယ်။ ကျေးဇူးရှင်က သန်းရွှေ။ ပြည်သူလူထု မဟုတ်ဘူး။ ဒါကြောင့် သူတို့ဟာ တိုင်းပြည်ကို ကြည့်နေတဲ့ သူတွေမဟုတ်ဘူး။ တိုင်းပြည်နဲ့ သန်းရွှေ ယှဉ်လာရင် သန်းရွှေ အတွက် လူဘယ်လောက်သတ်ရသတ်ဆိုတဲ့လူတွေပါ။ ကနေ့ ကျနော်တို နိုင်ငံကြီး ဒီလောက် သယံဇာတတွေ ထွက်နေတာကို မွဲပြာကျနေရတာ သန်းရွှေတို့ ခိုးတာကြောင့် မွဲရပါတယ်လို့ ကျနော် လှိုင်မြင့် အတိအကျ စွပ်စွဲပါတယ်။ ကြိုက်တဲ့စစ်ဗိုလ်များ ငြင်းချင်ရင် ကြိုက်တဲ့ကြေး စိန်ခေါ်လိုက်ပါ။ ကျနော့်မှာ ယောက်ဖတွေ ၀န်ကြီးပြုတ်အမျိုးတွေ ငါးဦးမက ရှိပါတယ်။ ဘယ်လို ချမ်းသာလာတယ်ဆိုတာ အထောက်အထားတွေနဲ့  ချပြပါမယ်။
ပြောမယ်နော် နာမည် မတတ်သေးဘူး။ အမျိုးဘဲပြောပါမယ်။ နာမည် မတတ်သေးဘူးနော်။ နှစ်ဖက်မိဘတွေက အိမ်ပိုင်ယာပိုင်တောင် မရှိရှာကြဘူး။ သူတို့က ရန်ကုန်မှာတင် တိုက်ခန်း-၂ ခု ကို ယောက်ဖတွေ နာမည်ခံပြီး ၀ယ်ထားတယ်။ တရားဝင်ယူထားတဲ့ တိုက်တွေက သပ်သပ်ရှိသေးတယ်။ ကားတွေ အများကြိးသူများနာမည်နဲ့။ ပြီးပြောသေးတယ်။ အမျိုးထဲမှာ ငါတို့ကိုယှဉ်နိုင်သူ ဘယ်သူမှ မရှိဘူးတဲ့။ ၀တ်ထားတဲ့ စိန်နားကပ်က တရံတရံကို သိန်း- ၅၀၀-အထက်ချည်းဘဲ။ ဒါသူက ဘာကောင်မှ မဟုတ်သေးဘူးနော်။ သိပ်ပါဝါကြီးတဲ့ လူမဟုတ်သေးဘူး။ အေး သူက ဘဘကြီး ကတော်ကြီး(သန်းရွှေ ကြိုင်ကြိုင်)ကို တခါတခါ ကန်တော့ရရင် သိန်း- ၂၅၀-အောက်ဆို ၀င်လို့မရဘူး ပြောသေးတယ်။
ပြောမယ်ဗျာ။ တနှစ်က (ခုနှစ်မတပ်ဘူးနော်) တပ်ရင်းမှုးဖြစ်လာတယ်။ တခါထဲ ပေါ်တာတွေဆွဲရရင် အထက်က ပေါ်တာ-၁၀၀- ဆွဲခိုင်းရင် ၁၂၅- လောက်ဆွဲလိုက်တယ်။ ၂၅-ယောက် ပြန်လွှတ်မယ်။ ပြန်လွှတ်မယ့် အထဲပါချင်သူတွေ လာခဲ့။ တပ်ရင်းမှုးဖြစ်ပြီး- ၆-လ အတွင်း ရန်ကုန်မှာဈေးကြီးပေ့ တိုက်ခန်း- ၁ -ခုဝယ်တယ်။ ကားက အကောက်ခွန်ဝင်းထဲက မထုတ်ရသေးတဲ့ ၆-/က နဲ့ ၇/က ခေတ်က ကား သုံးစီး တပြိုင်ထဲဝယ်ပါတယ်။ သူပေါ်တာ အဆွဲကြမ်းလို့ ဘီဘီစီ ထဲမှာကို သူ့နာမည်နဲ့ နှစ်ကြိမ် ပါလာပါသေးတယ်။ ၀ယ်တာအားလုံး ယောက်ဖတွေ နာမည်နဲ့။ သူတို့ နံမည်ကိုတောင် မခံရဲတာ ရှင်းတယ်နော်။
အခု ကြိုက်တဲ့ စစ်ဗိုလ် ငြင်းချင်လား သန်းရွှေ မခိုးပါဘူးဆိုတာ။ ကြိုက်တဲ့ကြေးခေါ်ပါ။ အီဂျစ်တို့  လစ်ဗျားတို့ ကိုကြည့်ပါ။ သူခိုးကို သစ္စာထားတယ် ပြီးကိုယ့်တိုင်းပြည် အရေးကို မျက်စေ့ဖွင့်ကြည့်သူတွေကို ရန်သူလို့ သတ်မှတ်တဲ့လူတွေကို ကျနော်ကလည်း ရန်သူလို့ဘဲမြင်တာ ကျနော့်အလွန်မဟုတ်ပါဘူး။ သူတို့က ပြည်သူတရပ်လုံးကို ဆွမ်းဆန်ထဲက ကျောက်ခဲရွေးတဲ့ ပုံစံနဲ့ ကြည့်တာမဟုတ်ဘူး။ ဆန်အိုးကို ကျောက်ခဲအမြင်နဲ့ ကျောက်ခဲမရွေးဘဲ ဆန်ကို တလုံးချင်း ရွေးတာ။ ဆန်ကိုရွေးထုတ်ပြီးမှ ကျောက်ခဲကို ပယ်တဲ့ အကြည့်မျိုး။ မြန်မာနိုင်ငံသား မှန်ရင် သန်းရွှေရဲ့ ရန်သူဘဲ။ ရန်သူပုံနဲ့ ကြည့်နေတဲ့သူတွေ။ ပြည်သူ့ရန်သူတွေပါ။ စစ်သားလုပ်ပြီး သူတို့ နာမည်တောင် တပ်မပြောရဲသူတွေပါ။
နောက်ပြောလာပါသေးတယ်။ ခွေးလေးခုန်လို့ ဖုန်မထပါဘူးတဲ့။ အဲဒါသူတို့ ပြောနေကြစကားပါ။ လူချင်းဆုံပြီး မျက်နှာချင်းဆိုင် ပြောရရင် နည်းနည်း ယဉ်ကျေးတာလေးနဲ့ ပြောတယ်။ နှမ်းတစေ့နဲ့ ဆီမဖြစ်ပါဘူးတဲ့။ ကျုပ်တို့က အရေးမလုပ်ဘူးတဲ့။ ဟားဟား တော်တော် မသိရှာတာဘဲ။ မင်းတို့တတွေ ငါတို့ကို လိုက်ထိုးနောက်မွှေ့ ထောက်လှမ်းဖို့ ငွေတွေအများကြီး အကုန်ခံ ကြံ့ဖွတ်ဆိုတာကို မွေးပေးကမ်း ဒီလောက် ငွေကုန်ကြေးကျခံ သင်ပေးပြီး မင်းတို့ကို ငွေတွေအများကြီး သုံးခန့်ထားရတာ ငါတို့ကြောင့် မင်းတို့ အလုပ်ရနေတာပါမောင်။ သူခိုး ဓါးပြ လူဆိုးတွေမရှိရင် ဘယ်သူက ရဲတွေခန့် နေတော့မှာလည်း။ မင်းတို့ ပညာသင်ခဲ့ရတဲ့ ရှရှားက (SPUTNIK မဂ္ဂဇင်းက) ဟာသလေး (ကာတွန်းလေး) တခုပါ။ ရဲသားက ရဲမှုးကိုမေးတယ် ဒီကောင်ခနခန ဒုက္ခပေးတယ်ဆရာ... ဒီသူခိုးကို အသေသတ်လိုက်ရမလား... ရဲမှုးက သူမရှိရင် ငါတို့ အလုပ်မရှိတော့ဘူးတဲ့။
မင်းတို့ ငါတို့ အတိုက်အခံတွေကို သန်းရွှေလန့်လို့ နေ့စဉ် အစီရင်ခံစာတွေ တင်နေရတာ။ ဖတ်ကြည့်ပါဦး.. ။ ကျုပ်က ခနခန ဖတ်ဘူးပါတယ်။ ဗိုလ်မှုးကြီးတယောက်(၉၃- ၉၆ ပေါ့) ကိုလှိုင်မြင့် အိမ်လာခဲ့ပါအုံး ရော့ဖတ်ကြည့် အေးအေးနေစမ်းပါ။ ကျုပ်နာမည်ပါလာတိုင်း သူ့အိမ်ကိုခေါ်တယ်။ ကျုပ်ကို သူသိပ်ခင်ရှာတယ်။ အမျိုးသမီးက အမြဲပြောတတ်တယ်။ မစုသာ မောင်နဲ့ ကွဲရင် / သေရင် သူ့သမီးနဲ့ အတင်းပေးစားမှာ။ တကယ်ကို ရိုးရိုးသားသား ခင်ရှာတာပါ။ ဘယ်သူခိုး အကြောင်းမှ ရေးကြီး ခွင်ကျယ် မတင်ပါဘူး။ ဘယ်မြို့ နယ်က NLD လူငယ်။ ဘယ်ပြည်ပက ဆက်အသွယ်တွေ တင်နေရတာ မင်းတို့ အဘက မျက်ခုံးလှုပ်လို့ပေါ့။ မင်းတို့အဲဒီ အစီရင်ခံစာတင်ရတဲ့ အဆင့်လောက်တော့ သိသင့်ပါတယ်။ နောက် မင်းဘဘကြီး အန္ဒိယ အလည်အပတ်ခရီးကနေ ( -/-/-/အရှုပ်ထုပ်) တင်လိုက်တဲ့စာ ငါ့ကိုအခုပြ ပြောယူထားတာ သက်သေတွေ ရှိပါတယ်မောင်။ အဲဒီအဖွဲ့ ကို အခုအပြတ်ရှင်းဆိုပြိး အိန္ဒိယကနေ အမိန့် ပေးတာပါမောင်။ ပြပါမယ်။ ဖုံန်ထ/မထတော့ မသိဘူးမောင်။ မင်းဘဘကြီး မျက်ခုံးတော့ အပြတ်လှုပ်ပါတယ်မောင်။
နောက်မင်းတို့အခု လစာတွေတိုးလာတာ ဒို့လုပ်ခဲ့တာပါမောင်။ သန်းရွှေက ခိုင်းပြီး မတန်မရာလခလေးဘဲ ပေးထားပါ။ မယုံရင် ဗွီအိုအေ ကိုမေးပါမောင်။ အေးအဲဒီ့ အင်တာဗျူးလေးနဲ့ နောက်ဆက်တွဲ စစ်ဗိုလ်(ဗိုလ်ကြိးအထက်တွေ) တစ်သောင်းကျော်ကို အရပ်ဘက်ပြောင်းရတယ်။ နောက်ဆက်တွဲ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်လာရတာပါမောင်။ ဒို့က အဲဒီလို အပီထိုးတတ်လို့ မင်းဘဘကြီး ဒို့ နာမည်ဝှက်နဲ့ ပြောဆိုနေတာပါမောင်။ တပ်ထဲနေပြီး စုံစမ်းကြည့်ပါဦး။ အေးမင်းတို့ ဘဘကြီးက ငါ့ကို အရေးလုပ်နေရလို့  ဂုဏ်မယူပါဘူးမောင်။ လူယုတ်မာတယောက်နဲ့ အဲဒီလိုကို မပတ်သက်ချင်တာပါမောင်။ မင်းတို့ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြသူတွေ မှန်ရင် မနက်အိပ်ယာထတိုင်း အော်ငါတို့ တလတလ ဒေါ်လာနဲ့ ၁၂-ဒေါ်လာလောက်ပဲ မသထာရေစာလေးရနေ ရတာကနေ ဒေါက်တာလှိုင်မြင့် ပြောပေးလို့ အခုလို ဒေါ်လာ-၂၀၀-နီးပါးရပြီ လူကြားထဲ ( ရုရှားတွေနဲ့) ပြောသာသေးတဲ့ ဘ၀ကိုရနေတာပါလား ဆိုတာ သိတတ်ဖို့ လိုပါမယ်မောင်။ ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်ရင် ပြောတာပါမောင်။ ကိုယ်နဲ့ ရင်းနှီးတဲ့ ဆရာတော်တွေကိုလည်း မေးကြည့် ကြပါဦး။
အခု မင်းတို့ရတဲ့လခ ကိုက မင်းတို့က ပညာရှင်တွေပါမောင်။ ကွန်ပျူတာပညာရှင်တွေပါ။ ခက်တော့အခက်သား မင်းတို့က သူများကွန်ပျူတာကို ခိုးဝင်ပြီး အဖျက်လုပ်ဖို့ အဓိကထား သင်ကြားထားရတဲ့ ပညာ။ လောကကြိး အကျိုးပြုဖို့ သင်ထားရတာ မဟုတ်တော့လည်း ပြောရတာ ဂွကျပါတယ်မောင်။ မင်းတို့အဲဒီလို အဖျက် လုပ်ငန်းတွေ (အကုသိုလ်အလုပ်တွေ) သင်ဖို့ အသွား ရုရှားလည်း ဒုက္ခကောင်းကောင်း ရောက်ထားရပါတယ်။ ၂၀၀၅- စက်တင်ဘာလ ထဲမှာ မန္တလေးလေဆိပ်ကနေ လေယာဉ်-၂-စီးနဲ့ စစ်ဗိုလ်- ၃၆၀- သွားဖို့ ရက်ပိုင်းအလိုမှာ အဲဒီလေယာဉ်နဲ့ တမျိုးတစားထဲ လေယာဉ်-၂-စီးကို လေထဲမှာ ဖေါက်ခွဲခံလိုက်ရပါတယ်။ ဟော တပတ်နေတော့ ဘက်စလန်မြို့  မူလတန်းကျောင်းလေး ၀င်အစီးခံရပြီး လူ-၃၆၀-အသတ်ခံရတာ။ လေယာဉ်လဲ အမျိုးစားတူ -၂ စီး ဖေါက်ခွဲ ခံရတယ်။ သေကြေရတာကလဲ ကိန်းဂဏန်း တူနေတာနော်။ မန္တလေးက ထွက်ခွာမယ့် ခရီးစဉ်တောင် တလ-နောက်ရွှေ့ လိုက်ရတာပါ။ သတင်းတွေ ပြန်ဖတ်ပါဦး။ မင်းတို့ပိုသိတာပေါ့။ ရွှေ့ခံရတဲ့ ခရီးစဉ်မှာ ပါနေသူလားတောင် မသိဘူး ။
သွားတဲ့ အစီအစဉ်က ယုတ်မာအောက်တန်းကျတဲ့ အလုပ်အတွက်။ ကူညီပေးသူ ရှရှား ကွဲတာဘဲ။ အခုထိတောင် ကံတရားက ရိုက်တယ်ဆိုတာ မမြင်ကြသေးဘူး။ စစ်ကိုင်းတောင်ရိုး မြစင်္ကြာ ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့ မိဘကျေးဇူး တရားအခွေတွေ နာပါဦး။ တူသားအရွယ် စစ်ဗိုလ်လေးများကို ပြောလိုပါတယ်။ ကျနော်က တဖက်သားကို စကားနဲ့ ဖိပြိးအနိုင်ယူပြောတာကို မလုပ်ချင်ပါဘူး။ အဲဒါကောင်းတဲ့ စိတ်ထားမဟုတ်ပါဘူး ... အဲဒါ ကလေးစိတ် ခပ်ည့ညံ့ ခံယူချက်မဲ့တဲ့ သူတွေရဲ့ စိတ်ထား။ အဲဒါတွေက အခုရော ယခင်ကရော မြန်မာ့သတင်းစာတွေမှာ ဗိုလ်ချုပ်မှုးကြီး ကိုဖါးရေးနေသူတွေ ရဲ စိတ်ထားတွေပါ။
ပြောရအုံးမယ်။ ခနခန သူ့နာမည်ထဲ့ရတာ အားလည်းနာလှပါပြီ။ အေး ဗိုလ်မှုးချုပ်ကျော်သိန်းက ၁၉၈၉-ခုနှစ် မတ်လလောက်ဖြစ်မယ်။ အဲဒီတုန်းက ဗိုလ်မှုး။ သူ့ အိမ် -၂ -ခါခေါ်တယ်။ အဲဒီအချိန်က န.၀.တ. က ရွေးကောက်ပွဲလုပ်ပေးဖို့ အဖွဲ့ချုပ်က မ၀င်ဘူး အသံလွှင့်နေတယ်။ အဲဒီမှာ ကျုပ်ကို အရေးအခင်း ကာလအတွင်း ပထမဆုံး စစ်ကြောင်းမှာ ဘယ်လို ဦးဆောင်ခဲ့တာ (သူတို့က ပုံနဲ့တင်ပေးမယ်) ပြီးနိုင်ငံရေး အငြင်းပွားခဲ့ရတာတွေ ဒေါ်စုနဲ့ ကျောင်းသားတွေနဲ့ အငြင်းပွားခဲ့ရတာတွေ ရေးပေးပါပေါ့။ ရေးပေးရင် အဲဒီတုန်းက သိပ်ဟော့ဖြစ်နေတဲ့ မိုင်းဆတ်မြို့ နယ်ထဲက (ပုံပါကျင်) ကျွန်းသစ်တောအကွက် -၂-ခု ချပေးမယ်။ အဲဒီအကွက်ကိုချပေးမယ့် ထိုင်းကုမ္မဏီ ပါပေးမယ်။ စာချုပ်တာနဲ့ အိတ်ထဲ ဒေါ်လာ-တစ်သန်းခွဲ ၀င်လာစေရမယ်ပေါ့။ ၁၉၈၉-ခုနှစ်က ဒေါ်လာ-တစ်သန်းခွဲနော်။ တကွက်ကို တစ်သန်းခွဲ။ နှစ်ကွက်နော်။ ကျုပ်က လက်မခံတော့ ဇနီးနဲ့ သမီးကို ခေါ်ပြောတယ်။ သမီးက ၁၂ -နှစ်ဘဲရှိပါသေးတယ်။ သူ့စိတ်လေးသိချင်လို့  ပါပါကြီး လက်ခံလိုက်ရ ကောင်းမလားပေါ့။ ပါပါကြိး သူတို့ငွေယူပြီး တသက်လုံး လူထုတံထွေးခွက် ထဲ မျောနေရမှာတဲ့။ ဒီငွေမရလဲ သမီးတို့ မမွဲသွားပါဘူးတဲ့။ ပါပါကြီးခေါင်းထဲမှာ အများကြိးပါတဲ့။ အခု နှစ်ပြားတပဲနဲ့ ရေးနေကြရတဲ့သူတွေ သိရအောင်ပါ။
မင်းတို့တတွေ လုပ်ရပ်တွေကို မင်းတို့အမြင်တွေကို ပြင်စေချင်လို့ပါ။ အနိုင်လိုချင်လို့ ပြောနေတာမဟုတ်ဘူး။ အမြင်မှန်ရစေချင်လို့ ပြောနေတာ။ အခုမင်းတို လုပ်နေရတာကိုက ငါတို့က ဒါတွေလုပ်နေရတာလို့ လူအသိမပေးရဲတဲ့ အလုပ်ပါ။ လူဘ၀ဟာ ဒီတဘ၀နဲ့မပြီးပါဘူး။ လူရယ်လို့ အသိဥာဏ်ရှိတဲ့ ဘ၀ကို ရထားတုန်း ကံ (ကမ္မ) အကျိုးပေး သံသရာလည်တာလေးကို သဘောလောက်သိအောင် လေ့လာကြပါ။ အတိုပြောရရင် အာစိန္နကံနဲ့ အာသိန္နကံ ဆိုတာလေးလောက် ကွဲပြားအောင်ရယ် ဘ၀ကူးရင် အဲဒီ အာစိန္နကံက ဘယ်လို နောက်ဆုံး စုတေစိတ်ကို လွှမ်းသွားတတ်တယ် ဆိုတာကို သိအောင် ဆရာတော်ကြီးတွေကို ရှင်းလင်းအောင်မေးပါဦး။ နေ့တဓူဝ မကောင်းတာတွေ လုပ်ပြီး ရပ်တည်နေရတဲ့ ဘ၀ကို ပြန်သုံးသပ်ကြပါလို့ဘဲ မှာချင်ပါတယ်။ အာဒိန္နကံ ဆိုတာက လူတယောက် ဘ၀ကူးရင် သူက အများဆုံး အကျိုးပေးလာတဲ့ကံပါ။ ဥပမာလေးပေါ့။ ၇-မိုင် ရပ်ကွက်လေးတခုမှာ ဆင်းရဲသား ရပ်ကွက်လေးပါ။ ၂၀၀၄-လောက်ကပေါ့။ တအိမ်က ဆင်းရဲတယ်။ တအိမ်က နည်းနည်း အလုပ်ဂွင် ကောင်လေးတွေရှိတော့ ပိုချမ်းသာတယ်။ ဆင်းရဲတဲ့ အိမ်ကကကောင်မလေးနဲ့ ဟိုအိမ်က ကောင်လေး သမီးရည်းစားဖြစ်ကြတော့ ဟိုဘက်က သဘောမတူကြဘူး။ အော်ဆဲပေါ့။ တရက် ဒီဘက်က အဖေက ဓါးနဲ့ထိုးထဲ့တာ ကောင်လေး သတိလစ် ဆေးရုံယူပြေးကြရတယ်။ အသဲထိသွားတော့ သွေးလွန်လို့ ခွဲစိတ်ကုကြရတယ်။ ကောင်လေး သတိရလာတော့ ပထမဆုံး စကားက မဇင် မဇင် တဲ့။ သတိရလာတာနဲ့ မဇင်ဘာဖြစ်သေးလဲတဲ့။ သူဖြစ်တာကိုတောင် သတိမရနိုင်ရှာဘူး။ အဲဒါအာစိန္နကံ ပါဘဲ။ အဲဒီမင်းတို့ ပြည်သူလူထုအပေါ် ယုတ်ပတ်ဖို့ နေ့တဓူဝ တွေးကြံနေကြရတဲ့ အာစိန္နကံကို ပြင်ကြပါ။ ဘ၀ဆိုတာ တဘ၀နဲ့ မပြတ်ဘူးဆိုတာ ဟုတ်ရဲ့လားလို့ မင်းတို့ ဘဘကြီးကိုဘဲ မေးကြည့်ကြပါဦး။ သူတောင် သာလွန်မင်းတရားကြီး ၀င်စားတာ လုပ်နေတာပဲ။
နောက် ဆရာတော်တပါး အပါအ၀င် ရှေ့တိုင်းပြည်တိုးတက်အောင် ဘာတွေလုပ်ရမယ်ကို ရေးပါပေါ့။ ကိုယ့်တိုင်းပြည် တိုးတက်စေချင်လို့ ထောင်အကျခံ လုပ်နေတာပါ။ အခုလဲ အလုပ်ပျက်ခံလုပ် ကိုယ်ရတဲ့ငွေတွေ ကို အဖွဲ့တွေ ထောက်နေတာပါ။ ၁၉၉၆ ကစလို့ ယတြာချေတာကော (ကြက်ဆူ Vs စုကြည်) တကယ်အလုပ်ဖြစ်မယ် အထင်နဲ့ ကြက်ဆူစီမံကိန်းကို သန်းရွှေကဇွတ်လုပ်ပါတယ်။ အိန္ဒိယမှာ ဘီပီ ကုမ္မဏီကြီး ဒေါ်လာ- သန်း-၇၀- စမ်းသပ်ပြီး ဟုတ်ပီဆိုပြိး -သန်း-၂၀၀ ကျော်ရင်းထည့်လိုက်တာ ကွဲပါလေရော။ မြန်မာနိုင်ငံမှာ သဘာဝစွမ်းအင် အစားထိုးလောင်စာ (ဇီဝလောင်စာ) ရှိပါတယ်ဗျာ။ အကြံပေးဆရာကြီးတွေ သိကြမယ်ထင်ပါတယ်။ လူအတော်များများကို အလုပ်ပေးထားနိုင်ပါမယ်။ ဆရာကြီးဦးမြင့်ဟာ ပညာရှင်ကြီးပါ။ ကျနော်တို့က ပညာရှင်ကြီးကို ကျော်မပြောသင့်ပါဘူး။ သဘာဝအပင်တွေပါ။
နောက်တချက်က ဘာတွေလုပ်ရမယ်ဆိုတာ မြင်တိုင်းလည်း ပြောပြလို့လဲ မအောင်မြင်နိုင်ပါဘူး။ ဒီဇယ်နဲ့ မောင်းနေတဲ့ကားကို ဓါတ်ဆီနဲ့ စက်အစိတ်အပိုင်းတွေ တပ်ပေးသလို ဖြစ်နေပါမယ်။ နိုင်ငံကို အုပ်ချုပ်နေသူတွေက ကျနော်ယုံကြည်ချက် ဖြစ်တဲ့ သာလွန်မင်းတရားကြီးရဲ့ ထုံးကို နှလုံးမူမယ်ဆိုရင် ပြည်တော်ပြန် လက်တွဲဖို့ အသင့်ပါ။ ကျနော်မှာ ဒေါ်စုမှ ဘယ်သူမှ ဆိုတဲ့ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ ဒါပေမဲ့ သူခိုးတွေ လူယုတ်မာတွေဖြစ်တဲ့ တကိုယ်ခေါင်းစိတ် သိပ်လွန်ကဲ သူတွေနဲ့ကတော့ ယခင်ပြောဖူးသလိုပါဘဲ သိကြားမင်းတောင် ခါးတောင်းကြိုက်ပါ ပြောင်သွားပါမယ်။ ၉၆- ထောင်ထဲလာ တွေ့ဆုံ ဆွေးနွေးတုန်း အပြတ်ပြောပြီးသားပါ။ လာဘ်စားမှုကို မနှိမ်နှင်းဘဲ ရွှေတောင်ကြီး တွေ့တောင် မွဲသွားပါမယ်ဆိုတာ။ ပြန်တောင် ဖြဲချောက် သွားပါသေးတယ်။ ခင်ဗျားက လူကြီးတွေကို လာဘ်စားနေတယ်လို့ ပြောချင်တာလားပေါ့။ တခွန်း ပြန်ပြောလိုက်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေက စပြီး စည်းကမ်းရှိရင် လက်အောက်တွေ ဒီလောက် အတင့်မရဲကြပါဘူးပေါ့။
ကျုပ်က ဗိုလ်ချုပ်မြင့်အောင်ရဲ့သားမက် ဒေါက်တာအောင်မြတ်စိုးနဲ့က အရမ်းခင်တဲ့သူ။ ဆေးကျောင်းသားဘ၀က သူ့ကောင်မလေး ပိုးကတည်းက ကျုပ်က အတင်းရည်းစားစာရေး ပြီးသူ့ကို ကူးခိုင်း အတင်းစာပေးခဲ့လို့ အဖွားကြီးက အဲဒီကောင် အိမ်မလာစေနဲ့ အမိန့် အထုတ်ခံရသူပါ။ သူက သိပ်ကြောက်နေတာ။ မင်းမပေးရင် ငါက လက်ဆွဲစကားပြောတော့မှာ ချိန်းခြောက်လို့ သူခမျှာ လုပ်ရရှာတာ။ သူ့တဦးထည်းသော သမီးကို ခိုးပြေးတော့ ကျုပ်အမအိမ်ကို ခိုးပြေးလာတာပါ။ ကန်ထရိုက် တွေရပါတယ်။ ရှင်းပြီနော်။ ဗိုလ်ချုပ်ထွန်းကြည်ဆီကလည်း ရပါသေးတယ်။
အခုလည်း အာဏာရထားသူတွေ တရားဝင်ပိုင်ဆိုင်မှု ကြေငြာတာမလုပ်ဘဲ လာဘ်ပေး လာဘ်ယူ တိုက်မယ်ဆိုတာက လာဘ်ပေးမှုနဲ့ နာမည်ရှိထားရင်ကို အဲဒီလူကို ခြိမ်းခြောက် တာလောက်နဲ့တင် ငွေညှစ်ယူလို့ ရနေပါပြီ။ စုံစမ်းရေးလေး အသံထုတ်လိုက်တာနဲ့ လာကြပါ ၀င်ကြပါပေါ့။ ၂၀၀၃ / ၂၀၀၄-လောက်က အင်မတန် နာမည်ကြီးတဲ့ ပါမောက္ခ ဆရာဝန်ကြီးနှစ်ဦး ဘာမှုဆိုပြီး ဖြုတ်လိုက်ပါတယ်။ တဦးက မေမေကြီး (ကြိုင်ကြိုင်) ဆီကို ပို့ပေးတဲ့သူကို သိန်း၁၅၀- ပေးပါတယ်။ မေမေကြီးကို စိန်နားကပ်တရံ ၀င်လိုက်တာ။ ဟောတပတ်အတွင်း အမှုက အလိုလိုပျောက်ပျယ်သွားပါတယ်။ အခုလည်း အမှုဖွင့်ပြီး ငွေညှစ်ကြတော့မယ်ဆိုတာ ရှင်းနေတာဘဲ။ မင်းစားထားတာ ငါ့ပြန်မျှ စိမံကိန်းရိုက်ကြမလို့ပါဘဲ။ ဖါဂေါင်းတွေ ဦးစီးနေတဲ့ ပြည့်တန်ဆာ ပပျောက်ရေးအဖွဲ့ကြီးဆိုတာနဲ့ တထေရာတည်းပါ။
နောက် ရှရှားစစ်ဗိုလ်လေး ပြောတာက လူပြောမသန် လူသန်မပြောတဲ့။ ဆွေးနွေးကြည့်ကြရအောင်။ နိုင်ငံရေးဆိုတာ ဆွေးနွေးနေကြရတာပါ။ ဘာလဲ ထချရတယ် ထင်နေသလား မသိရှာဘူး။ အခုမြန်မာနိုင်ငံကြိးမှာက အဲဒီလိုပြောရဲသူ လိုနေတာပါမောင်။ မင်းတို့ကော ဘ၀မှာ မိဘအပေါ် မိသားစုအပေါ် မကျေနပ်ရင် ပြန်ပြောကြတာဘဲ။ တပ်ထဲမှာ ပြန်ပြောရဲလား။ ပြန်မပြောရဲလို့ ရှရှားပါသွားရသူကများ လာလာချေသေး။ ပြောပြချင်ပါတယ်။ ကျနော်အခင်ဆုံး ငယ်သူငယ်ချင်းပါ။ အခုအရာရှိကြီးပေါ့။ သူ့အကိုက ဦးနေ၀င်းကို တော်တော်မုန်းတာ။ အမြဲကြိမ်းဝါးတတ်တယ်။ တခါသူ စက်မှုတက္ကသိုလ်က ပြပွဲတခုမှာပါရတော့ ဦးနေ၀င်းက သူတို့ပြခန်းလာကြည့်တော့ သူပြောပြတာလေးပါ။ ငါကွာ အလိုလို ဖိန်ပြီးရှိန်နေတာမောင်တယ်။ သူ ပြန်ထွက်သွားတော့ ငါတုန်ကျန်နေခဲ့တာတဲ့။ မင်းတို့ သန်းရွှေကို မပြောပါနဲ့ ဗိုလ်ချုပ်တယောက်က မဖြစ်နိုင်တာခိုင်းရင်ကို ဟုတ်ကဲ့ နေကြရသူတွေပါ။ လာပြိးအတည်ပေါက်မအာပါနဲ့။ ပြောရဲအောင်ဘဲ သတ္တိမွေးကြပါအုံး။
မင်းတို့ ဗိုလ်ချုပ်တွေကို မေးကြည့်ပါအုံး။ သန်းရွှေကို ပြန်ပြောရဲလားလို့။ အေးငါက အပြတ်ငြင်းခုန် အပြတ်ပြောခဲ့သူပါ။ ဒါကတော့ န.အ.ဖ ခေတ် မှာ သမိုင်းပါမောင်... မေးကြည့်ပါအုံး။ တိုင်းပြည်အတွက်ဆို ဓါးမိုးထားရင်တောင် အမှန်ဘဲပြောမယ် ကြိမ်းလာခဲ့သူပါ။ မယုံရင် စုံစမ်းကြည့်ပါအုံးမောင်။ တကယ်လဲ တစက်လေးမှ မကြောက်ခဲ့ပါဘူး။ ဗိုလ်ချုပ်မောင်မောင် ဗိုလ်ချုပ်ကြီးထွန်းကြည် ဗိုလ်ချုပ်ကြီးမောင်မောင်ခင် ဗိုလ်ချုပ်ကြီးမင်းသိန်း အခု ၀န်ကြီးဦးအောင်သောင်းတို့ကို ငါ့အကြောင်း မေးကြည့်ပါမောင်။ သူတို့ရဲ့ ပီအေတွေကိုလဲမေးကြည့်ပါ။ ဗိုလ်ချုပ်ကြိးခင်ညွှန့် ကိုမေးအုံးမလား။ မေးကြည့်ပါမောင်။
ကနေ့ မြန်မာနိုင်ငံကြိးမှာ ပြသနာတေါ မပြေလည်နေတာက အဲဒီလို စားပွဲဝိုင်း မထိုင်ရဲလို့ ပြသနာတေါ မပြေလည် နေရတာပါမောင်။ အချုပ်ကတော့ နိုင်ငံတော်အာဏာသည် ပြည်သူလူထု မှ ဆင်းသက်တာဖြစ်၏။ အဲဒါ နာဂစ်မုန်တိုင်း အခြေခံဥပဒေရဲ့အဆိုအမိန့်။ ပြီးမှ နိုင်ငံတော်၏ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော် ပါဝင်ရေးတဲ့။ လက်တွေ့ ဖြစ်နေတာက နိုင်ငံတော်၏ နိုင်ငံရေးဦးဆောင်မှုအားလုံး တပ်မတော် ဖြစ်နေတာ။ အေး ကျုပ်သာ အမေရိကန် ရောက်နေတယ်။ အမေရိကန်သမ္မတ ကို တင်ပြနိုင်ရင် သန်းရွှေကို လာပါခင်ဗျာ ဆိုပြိး အမေရိကန်ကိုဖိတ် သူ့နာဂစ်လေး ရှင်းလင်းခိုင်း လိုက်မယ်။ ခင်ဗျားလာရင် စိးပွားရေး ပိတ်ထားတာတွေ ဖွင့်အောင် ကျုပ် ထောက်ခံပါမယ် လုပ်လိုက်ပြီ ။ လာပါဖိတ်လိုက်ပြီး။ လေဆိပ်ကို သမ္မတကိုယ်တိုင် ဆင်းကြိုလိုက်အုံးမယ် ။
အခုဟာက ချီးဆော် ပုတ်ဆော် နံလို့လူကြားမတိုးရဲသူကို ဂုဏ်သိက္ခာ တပြားသားမှ မရှိတဲ့သူကို မလာနဲ့ လုပ်နေတော့ ချော်လဲ ရောထိုင်ခွင့်ပေးထားသလို ဖြစ်နေတော့တာပေါ့။ နိုင်ငံရေးအဖွဲ့တွေ ကလည်း နည်းည်းရှိ ကန့်ကွက်ဖို့ဘဲ စဉ်းစားနေကြတာ သန်းရွှေ သိပ်ကြိုက်နေတာ။ ဖိတ်ကြည့်ပါလား။ သွေးတက်ပြိး လေဖြတ်စေရပါမယ်။ အင်ဒိုနိးရှားက ဆူဟာတို အခုအီဂျစ် တူနီးရှား အချိန် အဘကာကြီး နိုင်ငံဖခင် ဆိုပြီး စတိုင်လုပ်ခဲ့သူတွေ ဟော အာဏာလည်း လက်လွှတ်ရတော့ ချက်ချင်းကြီး လေဖြတ်ကုန်ကြတာ အတ္တ အတ္တ။ ဘယ်လောက် စကားဝိုင်း ကြောက်တယ်ဆိုတာ ဒါပါဘဲ မောင်မင်းရုရှား လေးများ။ အတ္တကြီးတဲ့သူဟာ ဒေါသကြိးတယ်။ ခြသေ့င်္ဟာ အစာငမ်းလာရင် သခင်မရှိတော့ဘူး။ အဲ အင်အားတူ သတ်ဖြတ် ရတော့မယ်ဆိုရင် ပြေးတော့တာပါမောင်။ ပြန်တွယ်တဲ့ သူတို့ထက် ဆယ်ဆမက ငယ်တဲ့တချို့  အကောင်ငယ်လေးတွေကို မသတ်ရဲဘူးမောင်။ သူတို့က သူတို့ကိုကြောက်လို့ ပြေးရင်ကတော့ အသေလိုက်ခုတ် အုပ်တော့တာပါမောင်။
အေးလူမှာလည်း အတ္တကြီးတဲ့သူက ဒေါသကြီးကြတယ်။ အဲဒါကို သတ္တိလို့ ထင်တတ်ကြတယ်။ သတ္တိဆိုတာ ခံယူချက်တခုအတွက် အလံမလဲ အသေခံ ချရဲတာကို ခေါ်တာပါ။ ဟိုဟာက လောဘစိတ်လွှမ်းနေတဲ့ ဒေါသပါမောင်။ ငွေလေးတမတ်နဲ့ လူသတ်ကြတာ ဒေါသပါမောင်။ ဒေါသက ထွက်လာရင် လူစိတ်ပျောက်ပြီး လက်လွန်သွားတယ်။ ပြီးနောင်တတွေရနေ ပူဆွေးနေရတာပါမောင်။ သတ္တိက လုပ်ပြီးရင် လက်မထောင်ပြီး ကိုယ့်လုပ်ရပ် ရှုံးတောင် သေပျော်တဲ့ ခံရဲတဲ့ လုပ်ရပ်ပါ။
ကနေ့ အောင်ဆန်းသူရိယလှသောင်း ကသတ္တိပါ။ မိုက်တာမဟုတ်ဘူး။ အတ္တလွန်ကဲပြီး အသိတရား မှောင်မိုက်သွားတာက ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးကြီး။ အခုသန်းရွှေက သူမသိလိုက်ရပါဘူးတဲ့။ အဲဒါကိုက သူမသိလိုက်ရပါဘူး ဆိုရင် ဘယ်သူ့ လက်ချက်လည်း စုံစမ်းရပါတော့မယ်။ အမှားပါလို့ တဖက်လှဲ့ ၀န်ခံလိုက်ပြီနော်။ ဒီပဲယင်း အရေးအခင်းကြီး လာပါတော့မယ်။ ဒေါ်စု အခုထက်ပို ပိုပြောရပါတော့မယ်။ မပြောလို့လည်း မရတော့ပါ။ လူတွေအများကြီး သေထားရတာပါ။ အဲဒီမတိုင်ခင် ပြန်ထိန်းဖို့ အကြောင်းရှာနေကြပါပြီ ။
ကဲ ဒီပဲယင်း ၈-နှစ်ပြည့်လာနေပါပြီမောင်။ အဲဒါလူသတ်မှုကြီးပါ။ ဘယ်သူက ဘယ်လို စခဲ့ပါတယ်ဘဲ အကြောင်းပြပြ။ (န.အ.ဖ သတင်းစာ ရှင်းလင်းထားတာက ဒေါ်စုက လူကို ပွတ်မိတယ် ဆိုထားတာနဲ့ လူအများကြီး သတ်ခွင့် ပြုမထားပါဘူး။ လူသတ်မှုဆိုတာ ပြီးပြတ်အောင် ဖေါ်ထုတ်ပေးရမှာ အစိုးရတရပ်ရဲ့ တာဝန်။ လူသတ်မှု ဖြစ်တဲ့နေရာကို သက်သေခံ အရာတွေ ပစ္စည်းတွေ သွေးအစအနတွေ မပျောက်ပျက်အောင် အစိုးရ (ရဲတပ်ဖွဲ့)က အရင်ဆုံး လုပ်ရတာပါ။ အဲဒါတွေ ပျောက်ပျက်သွားရင် အဲဒီရဲတပ်ဖွဲ့ကို အရင်ဆုံး ဖမ်းရတဲ့အထိ အရေးကြီးတာပါမောင်။
ကဲကဲ ဒီပဲယင်းမှာ ကြံ့ဖွတ်တွေ ပါ /မပါဘူးလို့  သမ္မတကြီးသိန်းစိန် အာမခံရဲလား။ အာမခံရဲရင် လှိုင်မြင့်က CYANIDE သောက်ကြေး စိန်ခေါ်လိုက်ပါတယ်။ မိသားစုလိုက်ကို သောက်ကြေး စိန်ခေါ်လိုက်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်ကလဲ သတ္တိရှိသူတွေ ပါကြပါဦး။ ကြိုက်တဲ့ ဗိုလ်ကြီးအထက် ကျုပ်လှိုင်မြင့်က ဆိုင်ယာနိုက် သောက်ကြေးစိန်ခေါ်ပါတယ်။ ထွက်ခဲ့ကြစမ်းပါ။ ကျုပ်ဘက်က ထွက်မဲ့သူတွေ ဒီစစ်ဗိုလ်တွေနဲ့ သတ္တိ ယှဉ်ကြရအောင် ထွက်ကြပါဦး။ လာပါမယ် ။ အမှုဆိုတာ ဘယ်တော့မှ ဆွေးသွားတယ် မရှိပါဘူး။ ထပ်စိန်ခေါ်တဲ့အထဲ ဆွဲထည့်တာမဟုတ်ပါဘူး။ ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေးဟာ အဲဒီလူသတ်မှုကြီးအပြိး သန်းရွှေ နဲ့စကားများခဲ့ရပါတယ်။ မူလ က သန်းရွှေက မှတ်လောက်အောင် တီးရုံလေးပါ ပြောထားပြိး လူသတ်တဲ့အထိ လုပ်ချလိုက်တာ ဗိုလ်မောင်အေးက ကျုပ်စစ်သား ခင်ဗျားသတ်ချင်ရင် ကျုပ်ကိုတာဝန်ပေး။ စစ်သားပီပီ ဗြောင်သတ်ပြမယ် အထိ စကားများခဲ့ ကြရပါတယ်။
အဲဒီနောက် ခင်ညွှန့်ကို ဖြုတ်ဖို့ လုပ်တော့တာပါဘဲ။ ထောက်လှမ်းရေးတွေက ရိပ်မိထားတယ်။ ရိုက်ကြ သတ်ကြတော့ ထောက်လှမ်းရေးတွေက ရေဒီယို ပေါ်ကနေ ဒေါ်စု လွှတ်သွားပြီ ဘယ်ရောက်နေပြီ ပြောလိုက်တဲ့ကိစ္စ ခင်ညွှန့်ကို ခွေးကြိမ်း ၀က်ကြိမ်းကြိမ်းပါတယ်။ သူ့အစီအစဉ်က ဒေါ်စု ကြိုက်သလောက် လွတ်သွားပါစေ ခေါင်းကို ရိုက် သေမသေ ပြန်သယ်လာတုံး လမ်းမှာ သေသွားပါတယ် လုပ်မလို့။ သူတို့ တပ်မတော်က တားလိုက်ပေမဲ့ မရလိုက်ဖူး လုပ်မလို့။ အဲဒါမောင်ခင်ညွှန့် လူတွေက ရေဒီယိုပေါ်ကနေ အော်လိုက်တာ အဖွားကြိး/ ဒေါ်စု /ကုလားမ/ လွှတ်သွားပြီဆိုတာရယ် သူတို့တွေ ဘေးက ကြီးကြပ် ကွပ်ကဲနေတာကို အာကာသထဲက စီအိုင်အေနဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေက အသံကိုဖမ်းထားပြီးပြီ။ သတ်ရင် ပေါ်သွားမှာမို့ ရပ်လိုက်ရတာ။ အဲဒါကိုအခဲမကြေလို့  ထောက်လှမ်းတဖွဲ့လုံးကို သ/မ လိုက်တာပါ။ အာဏာလုလာဖို့ ဆိုတာ လူကြားကောင်းအောင် အကြောင်းပြပါ။ ဒီပဲယင်း မှာ ဒေါ်စုကို မသတ်လိုက်ရတာ ဒီမသာတွေကြောင့် ဆိုတဲ့ အတေးပါမောင်။
အဲဒီနောက် ခင်ညွှန့်ကို ဖြုတ်ဖို့လုပ်တော့တာပါဘဲ။ ထောက်လှမ်းရေးတွေက ရိပ်မိထားတယ်။ ရိုက်ကြ သတ်ကြတော့ ထောက်လှမ်းရေးတွေက ရေဒီယို ပေါ်ကနေ ဒေါ်စု လွှတ်သွားပြီ ဘယ်ရောက်နေပြီ ပြောလိုက်တဲ့ကိစ္စ ခင်ညွှန့်ကို ခွေးကြိမ်း ၀က်ကြိမ်းကြိမ်းပါတယ်။ သူ့အစီအစဉ်က ဒေါ်စု ကြိုက်သလောက် လွတ်သွားပါစေ ခေါင်းကို ရိုက် သေမသေ ပြန်သယ်လာတုံး လမ်းမှာ သေသွားပါတယ် လုပ်မလို့။ သူတို့  တပ်မတော်က တားလိုက်ပေမဲ့ မရလိုက်ဖူး လုပ်မလို့။ အဲဒါမောင်ခင်ညွှန့် လူတွေက ရေဒီယိုပေါ်ကနေ အော်လိုက်တာ အဖွားကြိး/ ဒေါ်စု /ကုလားမ/ လွှတ်သွားပြီဆိုတာရယ် သူတို့တွေ ဘေးက ကြီးကြပ် ကွပ်ကဲနေတာကို အာကာသထဲက စီအိုင်အေနဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေက အသံကိုဖမ်းထားပြီးပြီ။ သတ်ရင် ပေါ်သွားမှာမို့ ရပ်လိုက်ရတာ။ အဲဒါကိုအခဲမကြေလို့  ထောက်လှမ်းတဖွဲ့လုံးကို သ/မ လိုက်တာပါ။ အာဏာလုလာဖို့ ဆိုတာ လူကြားကောင်းအောင် အကြောင်းပြပါ။ ဒီပဲယင်း မှာ ဒေါ်စုကို မသတ်လိုက်ရတာ ဒီမသာတွေကြောင့် ဆိုတဲ့ အတေးပါမောင်။
ကဲပါ မင်းတို့ကို ဒို့က အထက်ကလိုဘဲ စကားနိုင်လုပြောတာဟာ လူခပ်ညံ့ညံ့ တွေရဲ့စိတ်ထား ငယ်ကထဲက ဒို့က ဘယ်သူ့ ကိုမှ ဟာသ မလုပ်ဘူး။ မနှိမ်ဘူး ... နွားကျောင်းသားမို့လို့လဲ မနှိမ်ဘူး အေးငယ်ငယ်က အဖေကဘိုကျောင်းဘဲ ငွေကုန်ခံထားတယ်။ အဖေက အခုခေတ် ခရိုင်ဥက္ကဌ (န.လ.က) ပေါ့တို့ဘာတို့ လုပ်ခဲ့သူဆိုတော့ ဒို့ကိုမြို့ပိုင်သားတွေ ဆရာဝန်ကြီးသားတွေ နဲ့ပေါင်းစေချင်တာပေါ့။ တစက်မှ မပေါင်းခဲ့ပါဘူး။ ခရိုင် ဥက္ကဌရဲ့သား ပေါင်းသူက ဆင်းရဲသားတွေ နွားကျောင်းသားတွေပါ။ သူတို့ခမြှာ တပ်စည်းနားတောင် မလာရဲဘူး။ အဖေက မကြိုက်လို့။ ဒို့က လစ်ထွက် သူတို့နဲ့လည်နေတာပါ.. ဒို့ က သူတို့တွေရဲ့  ကလေးဘ၀ စွမ်းရည်တွေကို အခုထက်ထိ လေးစား အားကျတုန်း။ ငယ်ငယ်ကပေါင်းခဲ့ရတဲ့ ကောက်ညှင်းပေါင်းသယ်ရဲ့ သားရဲမြင့် (လားရှိုး) သိပ်တော်တာ။ အသက် ၁၃- ၁၅ အထိပေါင်းခဲ့ရတဲ့ နွားကျောင်းသား သောင်းစိန် (ငပုတော) သိပ်တော်ကြတာပါ။ အခုထိ ပြန်တွေ့ ချင်တာ။ ပြန်တွေ့ ရင် သူတို့  ကလေးတွေ မြေးတွေကို ကျောင်းထားပေးချင်တာပါ။ သတိရတာ မှ အရမ်းပါ။ ပြန်မရှာတတ်လို့ပါ။
တဦးက နွားကျောင်းခဲ့တုန်း ကနဲ့ ကျုပ်ကိုနှိမ်ချင်တာနဲ့ မြန်မာနိုင်ငံက ကျေးဇူးရှင် နွားနဲ့ဖက်ရုံးနေတဲ့ လယ်သမားတွေ ကို နိမ်တာမျိုး မလုပ်ကြပါနဲ့။ ကဲဗျာ အချုပ်အနေနဲ့ စစ်ဗိုလ်အားလုံးကို မေးတာပါ။ ရုရှားပြန်မှ မဟုတ်ပါဘူး ။
(၁) ခင်ဗျားတို့ အခုရနေတဲ့ လခ နဲ့ မိသားစု စားရိတ် လုံလောက်မျှတကြပါရဲ့လား။ ငွေညှစ်ယူ ပြိးရထားတာ ထဲ့မတွက်ဘဲ တလတလ ကုန်ကျစားရိတ်တွေကိုပေါ့ စာရွက်ပေါ်ချ တွက်ကြည့်ရင် လုံလောက်ပါသလား။ အမှန်အတိုင်းဖြေ ကြမယ်ဆိုရင် အရမ်းဝမ်းသာပါတယ်။ ကျနော်တွက်ဆထားတာနဲ့ ဆန့်ကျင်နေရင်တောင် အမှန်ဆိုရင် ၀မ်းသာစွာလက်ခံပါမယ်။ အတင်းကျောက်ကန် မငြင်းပါဘူး။ မလောက်ငှ ကြဘူးလို့ ထင်ပါတယ် ။
(၂) မလောက်ငှကြတာကို အထက်ကို ဘယ်လို တင်ပြကြပါမလည်း။ မလုပ်/ မရှုပ်/ မပြုတ် ငြိမ်ခံနေကြမှာလား။ စစ်ယူနီဖေါင်းဝတ်ထားပြိး ကိုယ့်ဘ၀အတွက် အမှန်တရားကိုတောင်( ကုန်ကျစားရီတ်အမှန်) မတိုက်ခိုက်ရဲသူက ကျနော်တို့အတွက် တိုက်ခိုက်ပေးမယ် ဆိုတာကိုတော့ ပြန် သုံးသပ်ကြပါအုံးဘဲ ပြောပါရစေ ။ အထက်တင်ပြဖို့ ဘာကြောက်နေစရာလို သလည်း။ ဗိုလ်ချုပ်မှုးကြိးဟာ တပ်မတော်သားတွေအပေါ် အမိအဖ လို သဘောထားအမှန်ရှိသူဆိုရင် သူ့ချထားတဲ့ နိုင်ငံရေး ပေါ်လစီအပေါ် တင်ပြလာတာမဟုတ်ဘဲ စစ်သားဘ၀ အခြေခံ မိသားစု အ၀င်/အထွက် အမှန်တင်ပြလာတာကို အရေးယူတယ်ဆိုရင် ရဲရဲသာ အဖမ်းခံလိုက်ပါ။ သမိုင်းမှာ သန်းရွှေ ရုပ်ထုနဲ့ အဲဒီစစ်သား/စစ်ဗိုလ်ရုပ်ထု နှစ်ခု မှာ တခုဘဲ ထားရေးလုပ်ကြေး ပွဲထုတ်လိုက်ရင်...ကျုပ်လုပ်မယ် ။
( ၃ ) ကဲ တရားဝင်ဘောင်ထဲက တင်ပြလို့ မရနိုင်ဘူးဆိုရင် ဘာလုပ်ရမလဲ ။ သူက လူကြိးစိတ်မရှိတော့ရင် ခင်ဗျားတို့မှာလဲ အစွယ်ရှိတယ် အဆိပ်ရှိတာဘဲ။ ရုရှားပြန်တွေဆိုရင် သန်းရွှေကမ္ဘာကိုလိမ်ထားရတဲ့ စီမံကိန်းတွေကို ပညာရှင်တွေဘဲ စီအိုင်အေ/ မီဒီယာတွေပေါ် အောက်လမ်းနည်းနဲ့  တင်ထဲ့လိုက်ပေါ့။ လခ တိုးပေးလာစေရပါမယ်။ သူယုတ်ရင် ကိုယ်က ဘာလို့ သစ္စာရှိနေစရာ လိုတော့မှာလဲ။ သူ့မိသားစု ကြတော့ ...ပြောနေကြတာဘဲ ကြိုင်ကြိုင်ကို သူပိုင်တဲ့ စိန်နဲ့ ပတ္တမြား တွေကိုဘဲ သယ်ခိုင်းရင်တောင် မမနိုင်အောင်များဆိုဘဲ ။
(၄) နောက် အခုမင်းတို့ လုပ်နေရတဲ့အလုပ်က ဗုဒ္ဓတရားတော် ရှုဒေါင့်ကနေကြည့်ရင် မြတ်သောအလုပ်ပါလား ယုတ်ညံ့သော အလုပ်ပါလား။ ငါတို့က တိုင်းပြည်တိုးတက်အောင် ဒါတွေ လုပ်နေတာပါလို့ လက်မထောင်ပြနိုင်တဲ့ အလုပ်ရှိပါမယ်။ ၀န်မခံရဲတဲ့အလုပ်လဲ ရှိနေပါမယ်။ မင်းတို့ လက်မထောင် ပြနိုင်တာ ပြကြပါအုံး ။
(၅) အခု မင်းတို့က သန်းရွှေခိုင်းသမျှ မကောင်းတဲ့ နိုင်ငံအတွက် အပေါင်းလက္ခဏာ မပြုတဲ့ အလုပ်တွေလား / အပေါင်းလက္ခဏာ အလုပ်တွေလား။
(၆) အခုဒို့တွေက တချိန်က ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ပြန်ရောက်အောင် မျှော်မှန်းပြိး ရွှေထီးဆောင်းခဲ့ချိန်က ရှိခဲ့တဲ့ နိုင်ငံရေး စံနှစ်ဖြစ်တဲ့ ဒီမိုကရေစီ စံနစ် စိတ္တသတ္တိ နဲ့ ပြည်သူလူထု မဲ တပြားကို တန်းတူ ယှဉ်ပြိုင်ရဲရတဲ့ သတ္တိ အမှန်ကို ရောင်ပြန်ဟပ်ပြတဲ့ တိုးတက်နေသော နိုင်ငံကြီးတွေ နမူနာအတိုင်း ဒီမိုကရေစီ စံနစ်ကို လက်ခံတယ်။ ကြိုးစားနေတယ်။ ဒို့ယုံကြည်ချက် နဲ့ မင်းတို့ရဲ့ နိုင်ငံအပေါ်ထားတဲ့  မျှော်မှန်းချက် ယုံကြည်ချက် ဘယ်နေရာတွေမှာ ကွဲလွဲနေလည်း သိဖို့လိုလာပါတယ်။ မင်းတို့  ယုံကြည်ချက်ကို သိချင်ပါတယ်။ မင်းတို့  အမြင်ကိုသိချင်ပါတယ် ။
မင်းတို့က နိုင်ငံတော်က လစာကို ယူထားပြိး နိုင်ငံအရေးလုပ်နေတာပါ။ ငါတို့က ကိုယ်ဘ၀ကိုရုံး ပြိး ကိုယ့်ဝင်ငွေထဲက နိုင်ငံတော် အတွက် အိတ်ထဲက ထုတ်ပြီးလုပ်နေသူတွေ။ မင်းတို့က ရယူပြိး လုပ်နေသူနော်။ ပြီး တနိုင်ငံထဲသားတွေ။ တိုင်းပြည်ကောင်းအောင် လုပ်ချင်နေသူချင်း ဘာမှ ရန်သူလို မြင်နေစရာမလိုပါဘူး။ တဦး နဲ့တဦးအမြင် / ခံယူချက်တွေ အနည်းငယ် ကွဲလွဲနေတာနဲ့ရန်သူ မဖြစ်စကောင်းပါဘူး။ အထူးသဖြင့် မိမိရဲ့  အတ္တ (တကိုယ်ကောင်းစိတ် ကင်းမဲ့တယ်မှန်ရင်) နိုင်ငံအတွက် ခံယူချက်ကွာနေစရာ ကွဲလွဲနေစရာ အကြောင်းမရှိပါဘူး။ တိုင်းပြည်အပေါ် တကယ် မှန်ကန်တဲ့ ကိုယ်ကျိုးစိတ် ကင်းကင်း စေတနာ ထားသူချင်း ဘာမှ မကျေမနပ် ဖြစ်နေစရာ မလိုပါဘူး။
(၇) အခု ကမ္ဘာမှာ ဒီမိုကရေစီ နိုင်ငံရေး ရေစီးကြောင်းကြီး ထနေပါပြီ။ အင်တာနက်ခေတ်ကြီးမှာ တကိုယ် ကောင်းစိတ်ကြီးမားသူ လောဘစိတ်လွန်ကဲသူ အာဏာရှင်တွေ တယောက်ပြိးတယောက် ပြုတ်ကျနေချိန် ရောက်နေပါပြီ။ အဲဒီတော့ အာဏာရှင်ကြီးသန်းရွှေ ဟာမခိုးပါဘူး။ တိုင်းပြည်အပေါ် သစ္စာအလွန် ရှိခဲ့သူပါလို့  မင်းတို့  အာမခံခံရဲ ပါသလား။
နောက် ဒီမိုကရေစီ ရေစီးကြောင်းကြိးကို မင်းတို့ဟန့်တားနိုင်မယ်လို့  ထင်နေပါတုန်းလား။ စဉ်းစဉ်းစားစား လုပ်ကြပါ။ အတွင်းစည်းထဲက စစ်ဗိုလ်ကြီးတွေ သိနေကြပါတယ်။ ကြိုင်ကြိုင်တို့ သေတ္တာကြီးငယ် တရုတ်ပြည်ကို သံရုံးကင်းလွတ်ခွင့်နဲ့ ပီကင်းပို့ထားတာ။ ဒါ နေရွှေသွေးအောင် ဆီကနေ သူ့ပါးစပ်က ထွက်လာတဲ့ စကားနော် ။
(၈) တရက် မကြာခင် တိုင်းပြည်နဲ့  သန်းရွှေ လမ်းခွဲဖို့  လမ်းဆုံလမ်းဂွကို ရောက်လာပါတော့မယ်။ မင်းတို့  သန်းရွှေ ဘက်က ရပ်ကြမှာလား တိုင်းပြည်ဘက်က ရပ်ကြမှာလား။ မနက်တိုင် အိပ်ယာနိုးတိုင်း စဉ်းစားကြပါ။ ဒီမိုကရေစီခေတ်က တစတစ နိးလာနေပြီ။ ဒီမိုကရေစီခေတ်ရောက်ရင် ငါတို့ ဘာလုပ်စားကြမလဲ။ မင်းတို့တတ်တဲ့ပညာက တိုင်းပြည်ကို အဖျက်လုပ်ထားတာ။ ပြည်သူလူထုက ယုံကြည်ကြပါ့မလားလဲ စဉ်းစားထားကြပါအုံး။ ဒီမိုကရေစီရရင် အခု ဘီဘီစီ ဒီဗွီဘီ ကလူတွေလဲ အလုပ်ပြုတ်ကုန်ကြပါမယ်။ ဒါပေမယ့် သူတို့ အလုပ်အတွေ့အကြုံ နိုင်ငံကြီးတွေမှာ မီဒီယာ ဆိုတာ အလုပ်မရှားဘူး။ မင်းတို့သာ တွေးထားကြပါ။ ပြည်သူလူထု အပေါ်ရန်သူ လိုလုပ်ရပ်တွေ ရပ်တန်းချိန် ရောက်နေပါပြီ။
အချုပ်အနေနဲ့ အထက်က ပြောခဲ့ပြိးပါပြီ။ အခုမင်းတို့ လုပ်နေရတာကို မင်းတို့လည်း ကောင်းကောင်းသိပါတယ်။ မင်းတို့လုပ်နေရတာ တိုင်းပြည်အကျိုးလား / အနုတ်လား။ အဲဒီအလုပ်ကို မင်းကိုနိုင် / အဖွဲ့ချုပ်လူငယ်တွေ အားလုံးပေါ့။ သူတို့တွေရဲ့ ခံယူချက် ခိုင်ခိုင်မာမာ ရပ်တည်နေလို့ သန်းရွှေ က သူတို့ကို တန်ပြန်ဖို့ မင်းတို့ကို ပညာသင်ပေး ခန့်ထားတာပါ။ မင်းတို့ ဘ၀ကိုချစ်လွန်းလို့ တမင်လုပ် ပေးထားတာ မဟုတ်ပါဘူး။ သူ့ဘ၀နဲ့ သူ့မိသားစု အာဏာတည်မြဲဖို့ သူအလွန် သူ့မြေးတွေ အန္တရာယ်ကင်းဝေး နေနိုင်အောင် မင်းတို့ကို ခန့် ထားတာပါ။
မင်းကိုနိုင်ဟာ တကယ်တော့ မင်းတို့ရဲ့  အဓိက အကျဆုံး ကျေးဇူးရှင်ပါ။ SPUTNIK မဂဇင်း ကာတွန်းလေး ရှာကြည်ကြပါအုံး။ ဗိုလ်သန်းရွှေ ပြောနေကြ SCOPE ချဲ့စဉ်းစား ကြည့်ကြပါအုံး။ ကနေ့ဒေါ်စုနဲ့ မင်းကိုနိုင်ဆိုတာ မရှိရင် မင်းတို့ ရှိကြပါ့ဦး မလားလို့ မင်းကိုနိုင်ရဲ့ စေ့ဆော်မှု / တွန်းအား ကို စဉ်းစားကြည့်ပါ။
အားလုံးကိုလေးစားလျှက် (ရွှေထီးဆောင်းကို ဆက်ရေးပါဦးမယ်။ စစ်ဗိုလ်လေးတွေ ကွန်မင့်ကို ပြန်ဖို့ လိုအပ်လာလို့ ပြန်ရတာကို နားလည်နိုင်မယ် ထင်ပါတယ်)။
လှိုင်မြင့်
တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဒုတိယပိုင်းClick



ဘာတွေပြောနေတာလဲဗျာ။ အာရုံနောက်ပါတယ်။ ကြာကူလီခိုတဲ့လူမို့လို့ ကြာကူလီခိုတယ်ပြောတာ။ ဘာစစ်တပ်ကမှလည်းမဟုတ်ဘူး။ ဘာရုရှားကမှလည်း မဟုတ်ဘူး။ ဘာစောင်ဆံမှလည်း ရလို့မဟုတ်ဘူး။ စောက်ခွက်နဲ့ စောက်စကားပြောတာ ကြည့်မရလို့လုပ်တာ ဘာဖြစ်လည်း။ ခင်ဗျားတို့လည်း ဘာမှမထူးဘူး သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောနေကြတာ။ ဘာမှ စောက်ဖြစ်ရှိကြတာမဟုတ်ဘူး။ သန်းရွှေကဖြင့် ဒူးနန့်ပြီး လေချွန်နေပြီ။ အခုထိ သန်းရွှေမကောင်းကြောင်း ငါကောင်းကြောင်းပြောလို့ကောင်းနေကြတုန်း။ တိုင်းပြည်တိုးတက်အောင်ဖြင့် ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ကြ မတော်လှန်ခဲ့ကြပဲနဲ့။ ကဒါဖီ လေယာဉ်နဲ့တောင်ဗုံးကြဲသေးတာပဲ။ အတိုက်အခံတွေ ဘာလို့အောင်မြင်လဲ။ ထောက်ခံမှုတွေရလဲ။ မြန်မာဒီမိုသူတောင်းစားတွေသာ စောက်ဖြစ်မရှိကြတာ။
ReplyDeleteဘယ်သူ့လက်ညှိုးထိုးလို့ ထိုးရမှန်းမသိရင် စစ်တပ်လက်ညှိုးထိုး။ ရုရှားပြန်လက်ညှိုးထိုးနဲ့။ အသက်ကြီးပြီး သူငယ်ပြန်တော့မယ်။ တစ်ချိန်ကရွှေထီးဆောင်း ပညာတတ်ခဲ့တာတွေပဲစမြုံပြန်နေတယ်။ ကြာကူလီခိုတာကို လျှောက်ပြောတော ဘာဖြစ်လဲ။ ခင်ဗျားသမီးကြာကူလီ အခိုခံရရင်ကော အဲဒီခိုတဲ့အကောင်အကြောင်းမပြောဘဲငြိမ်နေမှာလား။ BHG ဆိုတဲ့ကောင်တွေ ဟိုဆိုက်ဒ်လိုက်ဖျက် ဒီဆိုက်ဒ်လိုက်ဖျက်။ gmail password ခိုးတာဖြင့် BHG ဆိုတဲ့ကောင်တွေကရှေ့ဆုံးက။ မိုးလေ၀သတင်းကြေငြာတဲ့ဆိုဒ်ကို ဘာမဆိုင်ညာမဆိုင်လက်တည့်စမ်းတာတွေ။ ဒီလိုလူမျိုးတွေ ဆုံးမစကားသွားပြောပါလား။ အလကား အသက်ကြီးပြီး အချိန်မစီးတာ။
ReplyDeleteblink Gay group ကကော nickname ကဘာ real name ကဘာ ကြေငြာရဲလို့လား။ IT အကြောင်းနည်းနည်းပါးပါးသိရုံနဲ့ သေသေချာချာလည်းနားမလည်ပဲ သူများမကောင်းကြောင်းပြောလို့ရပြီဆိုပြီး အားရ၀မ်းသာထရေးနေတယ်။ ပညာဘယ်လောက်တတ်တတ် သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောနေလည်း အလကားပဲ။
ReplyDeletehttp://www.facebook.com/notes/phaw-he/%E1%80%85%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%86%E1%80%9B%E1%80%AC-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%90%E1%80%B2%E1%80%B7-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%E1%80%95%E1%80%8A%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8/10150261600315944 အားရင်ဖတ်ကြည့်ပါ မဟာပညာရှင်ကြီး ဒေါက်တာလှိုင်မြင့် ။ ခင်ဗျားကြီးရေးနေတာတွေနဲ့ ဆရာအောင်သင်းရဲ့လူငယ်တွေအပေါ်လမ်းညွှန်ချက်တွေ ဘယ်လောက်ကွာလဲဆိုတာ။ စေတနာနဲ့ လမ်းညွှန်ပုံခြင်း ခင်ဗျားနဲ့အကွာကြီးပဲ။
ReplyDeleteရေးသာရေးပါ ဆရာရေ အားပေးတယ် ... အနာပေါ်တုတ်ကျလို့ နာနေကြပြီ.
ReplyDeleteမျိုးကြီး
အနာပေါ်တုတ်ကြဖို့နေနေသာသာ ကိုယ်နဲ့ဘာမှမဆိုင်ပါဘူး။အနေသာကြီးပါ။သို့သော အမြင်မတော်လို့ အမှန်တစ်ခုအတွက် ထောက်ပြနေကြတာပါ။အခုလို လာရေးလို့လည်း ကိုယ့်အတွက် ဘာမှအကျိုးမရှိဘူး။အချိန်ကုန်တာပဲရှိတယ်။
ReplyDeleteမရေးတော့ဘူး ဆုံးဖြတ်ထားပေမဲ့ ရေးချင်စိတ်ဖြစ်လာလို့  နဲနဲရေးပါအုံးမယ်။ ကျွန်တော်က တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဒုတိယပိုင်း မှာ ကွန်မန့်  ရေးခဲ့တဲ့ အရာရှိပါ။ ပထမဆုံးတစ်ခုမေးချင်တာက ဒီမိုကရေစီကို အရမ်းလိုလားတန်ဖိုးထားကျတဲ့ သူတွေက ဘာလို့  ကျွန်တော်ရေးတဲ့ ကွန်မန့် ကို ဖျက်လိုက်ရတာပါလဲခင်ဗျာ။ ကျွန်တော်ပြောတဲ့ အထဲမှာ ဆဲဆိုရိုင်းစိုင်းတာ မပါဘူးနော်။ မဖျက်ဘူးလို့ တော့ မငြင်းပါနဲ့  အခုပို့ စ်ကိုရေးတာ ကျွန်တော် ကွန်မန့် ကို ပြန်ပြောထားတာဆိုတာ ကိုယ်တိုင်ဝန်ခံပြီးသားနော်။ ကိုယ့်ကို ဝေဖန်တာကိုကြ လက်မခံနိုင်ပဲနဲ့  သူများတွေကို မကောင်းဘူးပြောနေတာ ဟာသ ဖြစ်မနေဘူးလာ ခင်ဗျာ။ ကျွန်တော်ပြောတယ်ဆိုတာက ဒေါက်တာကို တိုက်ရိုက်ပြောနေတာပါ။ ဒေါက်တာရေးနေတယ်ဆိုတာတွေက သူတို့ ကို ရေးနေ ပြောနေမှန်း မသိတဲ့ ဒေါက်တာပြောနေတာကို ဖတ်ဖြစ်မှာ ပြန်ရှင်းနိုင်မှာ မဟုတ်တဲ့သူတွေကို အဝေးကနေ လက်ညှိုးကြီး ထိုးပြီး ပြောဆိုနေတာပါ။ဒေါက်တာပြောတဲ့ အကြောင်းအရာတွေက မှားပါတယ်လို့  ပြောလို့ မရသလို မှန်းတယ်လို့ လဲ သက်သေအထောက်အထား ဘာမှ မပြနိုင်ပဲ ရပ်ကွက်ထဲမှာ မိန်းမကြီးတွေ အပြောခံရတဲ့သူ မကြားအောင် အတင်းတုတ် စောင်းမြောင်းနေသလို ပြောဆိုနေတာ ဖြစ်တဲ့ကျွန်တော် ငြင်းခုံ ဆွေးနွေးနေမှာ မဟုတ်ပါဘူး။ ဦနေဝင်းတို့  ဦသန်းရွှေတို့  မှန်ပါတယ် မှားပါတယ်လဲ ရှေ့နေလိုက်နေမှာ မဟုတ်ပါဘူး။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ တပ်မတော်သားတွေ သစ္စာခံထားတာက သူတို့ ကို မဟုတ်လို့ ပဲ။ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလဲ သူရဲ့ အမိန့် ကို နာခံရမှာ ဖြစ်သလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့  ဖွံ့ ဖြိုးရေး ကောင်စီရဲ့ အမိန့် ကိုလဲ လိုက်နာခဲ့ကြတာပါပဲ။ လက်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်စိန် ရဲ့ ညွန့် ကြာချက်တွေကိုလဲ လိုက်နာဆောင်ရွက်ရမှာပါပဲ။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ဟာ နိုင်ငံတော်က လေ့ကျင့်သင်ကြားပေးပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံ ဝန်ထမ်းတွေ ဖြစ်နေလို့ ပါပဲ။ ကျွန်တော်တို့  အမှုထမ်းနေတာဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရဆီမှာ အမှုထမ်းနေတာဖြစ်တဲ့အတွက် ဘယ်သူဘက်မှ ကာကွယ်ပြောနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သင်တဲ့ ပညာရပ်တွေနဲ့  ပါတ်သတ်ပြီးတော့ နဲနဲပြောပါ့မယ်။ ကျွန်တော်တို့  သင်နေတာ ဒေါက်တာ ရမ်းတုတ်လိုက်သလို နိုင်ငံ အတွက် အကျိုးမရှိ လူသားတွေအတွက် အကျိုးမရှိတဲ့ ပညာရပ်တွေ သူများကွန်ပြူတာကို လိုက်ဟတ်နေတဲ့ ပညာရပ်တွေ မဟုတ်ဘူးဆိုတာတော့ ပြောချင်ပါတယ်။ ရုရှာ ရောက်နေတဲ့ အရာရှိတိုင်း လူတိုင်း နူးကလီယား သင်နေတာ မဟုတ်သလို ဒုးံပျံအကြောင်းတွေ လေ့လာနေရတာလဲ မဟုတ်ပါဘူး။ လျှပ်စစ်ထုတ်လုပ်တဲ့ ပညာတွေ ဆည်မြောင်းအကြောင်းတွေ ဆက်သွယ်ရေးတွေ အများကြီးပါ။ နိုင်ငံအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်နေရတာ ဖြစ်တဲ့အတွက် ရဲရဲဝံ့ဝံ့နဲ့  ခေါင်းမော့ ရင်ကော့ပြီး စာသင်နိုင် ပြောနိုင်ပါတယ် ခင်ဗျာ။ ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဆိုတဲ့ စကားလိုပဲ မပြောချင်လို့  မပြောကြတာပဲ ရှိတာပါ။ ဒုံးပျံဘာသာရပ်ဆိုတာလဲ နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်တဲ့ ဘာသာရပ်တွေ ဖြစ်လို့  သင်ယူနေတဲ့လူတွေကလဲ လိပ်ပြာ မသန့် စရာ မရှိပါဘူး။ အရှင်းဆုံး ပြောရရင် ကျွန်တော်တို့ သင်နေရတဲ့ ဘာသာရပ်တွေရဲ့ နိုင်ငံတော်အတွက် အသုံးဝင်ပုံ ကျွန်တော်တို့ ကို သင်ကြားစေတဲ့ ရည်ရွယ်ချက်တွေကို သေချာသိရှိနေတဲ့ အတွက် ကျွန်တော်တို့  ဆက်လက်ပြီး ပျော်ရွှင်စွာနဲ့  သင်ကြားနေအုံးမှာပါ။ ဦမင်းကိုနိုင်တို့  ဦးကိုကိုကြီးတို့ ကို ရပ်တည်ချက်ချင်း ခံယူချက်ချင်း မတူပေမဲ့ ကျွန်တော်လေးစားပါတယ်။ နိုင်ငံတော်အတွက် ပြည်သူတွေအတွက် ကိုယ်ကျိုးမဖတ်ပဲ စွန့် လွှတ် အနစ်နာခံပြီး လုပ်နေတယ်ဆိုတာ ယုံကြည်လို့ ပါ။ သူတို့ ဟာ ဒေါက်တာလို ကိုယ့်ကို ဘာမှ မထိခိုက်နိုင်လောက်တဲ့ နေရာရောက်မှ ကိုယ်ပြောတာကို သူတို့ မကြားနိုင်း မသိနိုင်တဲ့နေရာကနေ ဘယ်သူကို ဘာအကြောင်းအရာပြောနေမှန်း မသိအောင် သတ္တိပြနေတာ မဟုတ်လို့ ပါ။ ဒီလောက်ပါပဲ။ နောက်လဲ ထပ်ရေးဖြစ်မှာ မဟုတ်ပါဘူး။ဘာလို့ လဲဆိုတော့ ခွေးဘယ်လောက် ဟောင်ဟောင် လရောင်က ပျောက်ဆုံးသွားမှာ မဟုတ်လို့ ပါ။ ဒေါက်တာကို တစ်ခုလောက်တော့ ပြောချင်ပါသေးတယ်။ ကမ္ဘာဦးအစကနေ အခုထိ နိုင်ငံတကာမှာ ကျော်ကြား အောင်မြင်ခဲ့တဲ့သူတွေဟာ သူတို့  ဘာတွေလုပ်ခဲ့တယ်။ ဘယ်လောက်တော်တယ်လို့  ဘယ်သူမှ မပြောခဲ့ပါဘူး။ လူ့ လောက အသိုင်း အဝိုင်း၊ လူ့ ပါတ်ဝန်းကျင်ကနေ ဒီလူ ဘာတွေလုပ်တယ်၊ ဒါကြောင့် ဒီလူတော်တယ်လို့ ပဲ ပြောဆိုသတ်မှတ်ခဲ့ကြတာဆိုတာ ဒေါက်တာကြီးကို သိစေချင်ပါသေးတယ် ခင်ဗျာ။ ရုရှာမှ တပ်မတော် အရာရှိတစ်ဦး။
ReplyDeleteအဖြေတွေအားလုံး ဒီမှာရှိတယ်
ReplyDeletehttp://myanmarexpress.blogspot.com/2011/05/bhg.html
ရှရှားက ပေါက်ခါစစစ်ခွေးလေးတွေ လဲ ကိုဒီမိုဝေယံရဲ့ Website ကို တော်တော်အားပေးသကိုး..။
ReplyDeleteအားပေးရတာပေါ့ကွာ။ လူဆိုတာ ခွေးဟောင်ရင် ထကြည့်ရတာချည်းဘဲ။
ReplyDeleteအိပ်ရေးပျက်ခါမှပျက်ရော။ ခုလှိုင်မြင့်နဲ့ ဒီမိုဝေယံက ဟောင်သံတွေကျယ်လို့ ဘာလဲထကြည့်တာဟေ့။ ရောက်လက်စနဲ့ မေးရဦးမယ်။ နအဖဗိုလ်ချုပ်တွေ ဘာလုပ်တယ် ဘာပြောတယ် အသေအချာကြီးပြောနေတယ်ဆိုတော့ သူတို့ပြောတာတွေကို ခြေသလုံးနှိပ်ပေးရင်း နားထောင်ခဲ့လား။ ဒါမှမဟုတ် ဖင်ရက်ပေးနေရင်း နားထောင်ခဲ့တာလား။ မင်းတို့ခွေးသူတောင်းစားအရည်အချင်းနဲ့ နအဖလုံခြုံရေးအဆင့်အတန်းနဲ့ကို မျှပြီးစဉ်းစားကြည့်ရင် ဒီအတိုင်းတော့ သူတို့နားကပ်လို့ရမှာ မဟုတ်ဘူး။ ဖင်ရက် ဂွေးစုပ် ခြေသလုံးနှိပ်ပြီး ချောင်းနားထောင်လာဘဲဖြစ်မှာ။ ။
ဆရာ ဆက်ရေးပါ။ ဆရာရေးမှ သိရတာတွေ အများကြီးပါ။ စစ်အစိုးရကတော့ ပြည်သူ့ အာဏာကို ပုံစံအမျိုးမျိုးနဲ့ မတရား ရယူထားတာ အထင်အရှားပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ပါတီတွေ မဲပေးပွဲ ပြီးတဲ့အခါ ကြံ့ ဖွတ်က လိမ်တာတော့လိမ်မှာဘဲ၊ ဒါပေမဲ့ ဒီလောက် အရှက်မဲ့စွာ ပက်ပက်စက်စက် ဗြောင်လိမ်မယ်လို့ တော့ မထင်မိခဲ့ကြတာ တော်တော် တုံးတာဘဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောခဲ့ရတဲ့ ပါတီတွေတောင် ရှိခဲ့တယ်ဆိုတော့ အခုဆိုရင် အားလုံးလဲ ကြံ့ ဖွတ်က ဘယ်လို ပြည်သူ့ အာဏာကို ဗြောင်လိမ်ပြီးယူခဲ့သလဲဆိုတဲ့ အဖြေတွေလည်း ပြည်သူအားလုံး သိနေတာပါဘဲ။ တချို့ လူလို့ အမည်တပ်ထားပေမဲ့ လူလို့ မမည်တဲ့လူတွေက အမှန်တွေကို မတွေ့ /မမြင်/ မကြားစေချင်တော့ အမှန်ပြောတဲ့သူတွေကို ဒီလို အနုနည်း၊ အကြမ်းနည်းနဲ့ ဆက်ဆံကြမှာပါဘဲ။ ဆရာတို့ လို အမှန်တွေ ကို ပြည်သူ့ အကျိုးအတွက် ဖေါ်ထုတ်ပေးနိုင်မဲ့ သူတွေ သိပ်လို ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆက်ပြီးရေးစေချင်ပါတယ်။
ReplyDeleteပြည်သူတစ်ဦး
စိုင်းသိန်းဝင်း မီဒီယာတစ်ခုက မီဒီယာမမကြီးကို အမေရိကန်သွား၇ဖို့ အတွက် ကြာကူလီ ခိုတာကိုတော့ အပြစ်မပြောဘဲ ကြာကူလီ ခိုတာကိ ဖွင့်ထုတ်တဲ့ သူတွေကျတော့ အပြစ်ပြောနေပါလာ၊ လုပ်ကြံပြောဆိုနေတာဆိုရင်တော့ ဖွတဲ့ လူတွေကို အပြစ်ပြောလေ၊
ReplyDeleteရူးပါ့ကွာ။ ကိုယ့်ဘာသာ ထင်တာတွေရေးပြီး တိကျသလိုလို လိုက်ပြောနေ။ သတင်းတိကျမှု အာမခံချက် ဘယ်လိုများပေးနိုင်လဲ။ အဓိပ္ပာယ်မရှိတာတွေများနေတယ်။
ReplyDeletePlease continue writing and don't care the comments of Burmese soldiers from Russia. They can't stand because you are writing the real happening in Burma.
ReplyDeleteရုရှာမှ တပ်မတော် အရာရှိတစ်ဦးသို့
ReplyDeleteကွန်မာန့်တွေ မဖျက်ပါ ပြန်ကြည့်နိုင်ပါတယ်...
လက်ရှိ ရေးထားချက်ကိုတော့ မှတ်တမ်းတင်ပါတတယ်....
ဒေါက်တာ တစ်ယောက်ရဲ့ အရေးအသား နဲ့ တွေးခေါ်ပုံက သိပ်ကို သိမ်ဖျင်းပြီး မိန်းမလိုမိန်းမရဆန်နေပါလား... ဒီလိုဒေါက်တာတွေက၊ ဒီလိုအတိုက်အခံနောက်လိုက်တွေနဲ့ပေါင်းပြီး ဒီမိုကရေစီရဖို့မကြိုးစားပဲ ဒီလိုအတင်းတုတ်နေသမျှကာလတော့ သမ္မတဦးသိန်းစိန်နဲ့ ရုရှားကစစ်ဗိုလ်တွေက စင်ပေါ်ကကို ဆင်းရမှာမဟုတ်ဘူး။
ReplyDeleteခုမှ တော်တော် ဟတ်ထိကုန်ကြတယ်ထင်တယ်.. မင်းတို့ သင်လာတဲ့ ပညာတွေက တကယ်ရော ကိုယ့်နိုင်ငံ အတွက်အသုံးဝင်မှာလား? တကယ်ရော တတ်မြောက်လာကြမှာလား? တကယ်ရော အသုံးချခွင့် ရကြမှာလား? လား..လား??? ကိုယ့်လိပ်ပြာ ကိုယ် မရှက်တမ်း မေးကြည့် ကြပါကွာ... ကလေး ဦးနှောက်လေး တွေနဲ့.. ပြောလိုက်ယင် စကားလုံး အကြီးကြီးတွေနဲ့... ရှက်တတ်ယင် ရှက်ကြစမ်းပါ ညီလေးတို့ရာ.........
ReplyDeleteကိုဒီမိုရေ..
ReplyDeleteမနေ့ က အထိ ဖျက်ထားတာပါ။ ကျွန်တော်ဒီပို့စ်မှာကွန့် မန့်ပေးတဲ့အချိန် အထိ ကျွန်တော်ရေးတာရယ် နောက်ကွန်မန့် တစ်ခုရယ်ကိုပါ ဖျက်ထားတာပါ။ ကွန်မန့် က အခုမှ ပြန်ပေါ်လာတာပါ။ မနေ့ က အထိ အပိုင်(၂)ကို ဖတ်တဲ့သူတွေဆို ဖျက်၊ မဖျက် သိနိုင်ကြပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။အခုလို ပြန်တင်ပေးတာကို ကျေနပ်ပါတယ်။ ရုရှားမှ တပ်မတော် အရာရှိတစ်ဦး။
ရုရှားမှ တပ်မတော် အရာရှိတစ်ဦး
ReplyDeleteဟုတ်ကဲ့ ကျွန်တော် ဘလော့ဝင်မရတဲ့ နေ့က ဝင်လုပ်ပေးတဲ့ မိတ်ဆွေတစ်ယောက် Spamထဲ ထည့်ပေးသွားတာပါ.. ကျွန်တော်လည်း ပြန်တင်ဖို့ မေ့နေပြီး မနေ့က ပိုစ့်မတင်ခင် သတိရပြီး ပြန်တင်လိုက်ပါတယ်...
အမြင်လေး ရေးပေးရမယ်ဆိုရင်တော့ သူသားတိုင်း ကိုယ့်အကျိုး ကိုပဲ ကြည့်နေတတ်ကြတာပါပဲ ဒါပေမယ့် ဒီဘ၀ မှာ ခင်ဗျားတို့လုပ်ခဲ့တာတွေ ကတော့ နောက်ဘ၀မှာ အကျိုးဆက်ခံစားရမှာပေါ့ ကောင်းတာလုပ်ရင်ကောင်းတာ ဖြစ်မှာပဲလေ ပညာရှိ ပညာတတ်တွေ ဆိုရင်လည်းကိုယ် တတ်တဲ့ ပညာနဲ့ အကျိုးရှိတဲ့နေရာလေးတွေ မှာ အသုံးချကြပေါ့ဗျာ...နော့...
ReplyDeleteရုရှားမှ စစ်ဗိုလ် တွေလို့သိမ်းကျုံးမပြောစေချင်ပါဘူး..စစ်ဗိုလ်တိုင်းခိုးလို.ရတာမဟုတ်ဘူး..ကျူပ်ယနေ.အထိဘာတူပားမှရသေးတာမဟုတ်ဘူး..မခိုးရသေးဘဲလာလာေူပာနေတာ..မကောင်ပါဘူးကွ..
ReplyDeleteဟ...ချကုန်ကြပြီ။ကောင်းတဲ့ဘက်ကမြင်ပေးကြပါဗျာ...
ReplyDeleteတပ်ထဲမှာလဲကောင်းတဲ့စစ်ဗိုလ်၊စစ်သားတွေအများကြီးပါ။ကိုစိုင်းသိန်းဝင်းဆိုတာလဲ၊ရုရှားပြန်စစ်ဗိုလ်တစ်ယောက်ဘဲ။တပ်ထဲမှာတကယ်ပညာတတ်တဲ့သူတွေအများကြီး၊အပြောင်းအလဲလိုချင်တဲ့သူတွေက၊တကယ့်ကိုအများစု၊စစ်သားတွေအကုန်လုံးကအပြင်လူတွေထင်သလိုငတုံးငအတွေမဟုတ်ကြပါဘူး။
ReplyDeleteတကယ့်စစ်သားဆိုတာလုပ်ပြီဆိုတုံးတိုက်တိုက်ကျားကိုက်ကိုက်၊ထလုပ်တတ်တယ်။မလုပ်သေးတာလုပ်ရမယ့်အချိန်မရောက်သေးလို့၊ပြီးတော့အတိုက်အခံဆိုသူတွေကိုအထင်မကြီးလို့ဘဲ။
တစ်သွေးတစ်သံတစ်မိန့်နဲ့အသားကျနေတဲ့စစ်သားတွေအတွက်အခုအချိန်အထိ၊အတိုက်အခံတွေဖက်က၊အချင်းချင်းညီညွတ်မှုမတည်ဆောက်နိုင်သေးတာကလဲ၊စစ်သားတွေကိုတွေဝေစေတဲ့၊အတိုက်အခံတွေအပေါ်မှာအထင်အမြင်သေးစေတဲ့အရေးပါတဲ့အချက်တစ်ခုဘဲ။
စစ်သားတွေထဲမှာလဲဂျပန်အလိုတော်ရိလိုကောင်စားမျိုးတွေရှိသလို၊ဘာအတန်းပညာမှမတတ်တဲ့၊မိုက်မိုက်ကန်းကန်းစွမ်းအားရှင်လိုကောင်စားမျိုးတွေရှိနေကြတာဘဲ။ အလိုတော်ရိလိုကောင်မျိုးတွေက၊သူတို့အဘမျက်နှာသာပေးအောင်၊အဘခိုင်းတဲ့အတိုင်းအတိုက်အခံတွေကိုဆဲပြမယ်၊စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်မယ်။စွမ်းအားရှင်လိုကောင်မျိုးတွေကလဲ၊အထက်ကပစ်မိန့်ပေးလို့ကတော့ပျော်ပျော်ကြီးပစ်သတ်မှာဘဲ။
အရပ်သားတွေက၊စစ်သားမြင်ရင်၊နာကျင်မုန်းတီးနေအောင်နဲ့စစ်သားတွေကအရပ်သားတွေအပေါ်မှာရန်သူတွေလို၊ပျော့ညံ့တဲ့သူတွေလိုမြင်နေအောင်၊စနစ်တကျသွေးခွဲအုပ်ချုပ်ထားတာကိုအမြင်မှန်မရနိုင်သေးသရွေ့တော့၊ကျွန်တော်တို့အားလုံးလိုချင်တဲ့၊ပန်းတိုင်နဲ့ဝေးနေရအုံးမယ်။
ဘာဘဲဖြစ်ဖြစ်အတိုက်အခံတွေဖက်ကလဲ၊စစ်သားတွေအကုန်လုံးကိုသိမ်းကြုံးပြီးပြောတာတော့မကောင်းဘူးပေါ့ဗျာ။တိုင်းပြည်ချစ်စိတ်နဲ့စစ်ထဲဝင်လာပြီး၊အသက်ပေးသွားကြရတဲ့စစ်သားတွေကမှတော်သေးတယ်၊ခြေပြတ်လက်ပြတ်ဖြစ်ပြီးရပိုင်ခွင့်ဆိုတာမယ်မယ်ရရမရှိဘဲ၊ရှင်သန်နေကြရတဲ့စစ်သားတွေဆိုရင်လဲ၊အလိုတော်ရိစစ်ဗိုလ်တွေစွမ်းအားရှင်စစ်သားတွေကြောင့်၊အရပ်သားတွေကြားမှာရပ်တည်ရတာအရမ်းခက်ခဲနေကြရပြီ။ရုရှားကညီလေးတွေအများစုကလဲ၊ပညာတတ်တွေပါ၊အခြေအနေအကြောင်းကြောင်းကြောင့်သာ၊ကိုယ်နိုင်ငံသားအချင်းချင်းအမုန်းများနေကြရတာဘဲ။အရာရာကိုခွဲခွဲခြားခြားမြင်နိုင်စေချင်ပါတယ်၊
"ပင်လုံစာချုပ်ပြပြီး တိုင်းရင်းသားတွေ ခွဲထွက်ရင် ပြည်ထောင်စု ပြိုကွဲမယ်" လို့ ပြည်သူတွေကို ခြောက်ပြီး စစ်တပ်က အာဏာသိမ်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို မောင်ပိုင်စီးပြီး စစ်ဗိုလ်ချမ်းသာရေး လမ်းစဉ်ကို ချမှတ်ပေးခဲ့တဲ့ အဖေကြီး နေဝင်း ရဲ့ နည်းအတိုင်း ပြည်သူ့ငွေတွေကို သွားဖြဲနားဖြဲနဲ့ ဝါးလိုက်၊ ဒီမိုကရေစီရရင် တိုင်းရင်းသားတွေက ပင်လုံစာချုပ်ပြပြီး ခွဲထွက်မှာမို့လို့ ဒီမိုကရေစီကိုဆန့်ကျင်ဖို့ ကယောင်ကတမ်း ထထအော်လိုက်၊ ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးခွဲပေးလိုက်၊
ReplyDeleteစစ်တပ်နဲ့ ပြည်သူတွေကို
ရန်တိုက်ပေးလိုက်၊ ခုံလှုပ်လာတော့ ကြောက်အားလန့်အားနဲ့ ဘုန်းကြီးပါမရှောင် အသေပစ်သတ်လိုက်၊ ထောင်ဒဏ်နှစ် ၁ဝဝ ကျော်ချလိုက်နဲ့ အဖေကြီး နေဝင်းစကားနဲ့ လုပ်စား၊ လိမ်စား၊ ခိုးစား၊ လုစား၊ သတ်စား လာတာ နှစ် ၂ဝ ကျော်ပီကွ..
ဆရာထက် တပည့် လက်စောင်းထက်ပြီး ခိုးလာတာ ဒေါ်လာ သန်း ၄ဝဝဝ ကျော်နေပြီကွ.. တရုတ်ပြည်မှာလည်း နန်းတော်လို အိမ်ကြီး၊ ခြံကြီးတွေ အများကြီး ဝယ်ထားပြီးပြီကွ.. စင်ကာပူက ဘဏ်တွေမှာလည်း ခိုးထားတဲ့ ပိုက်ဆံတွေ ဒေါ်လာ သန်းထောင်ပေါင်းများစွာကိုလည်း အပ်ထားပြီးပြီကွ.. အဖေကြီး နေဝင်းတောင် အဘ လောက် မခိုးနိုင်ဘူးကွ..
အဘရဲ့ ညစ်ပတ်ကောက်ကျစ်ယုတ်မာပုံ၊ ရက်စက်လူမဆန်ပုံ တွေ အပါအဝင် အမဲစက်တွေနဲ့ ပြည့်နေတဲ့ အဘ ဘဝကို သိချင်ရင် ဒီမှာ ဖတ်ကြည့်ကြကွာ..
http://yaw-han-aung.blogspot.com/2010/07/blog-post_23.html
မင်းကိုနိုင် ထောင်ကျတာလည်း ရု၇ှားကစစ်ဗိုလ်တွေကြောင့်။ဒေါက်တာလှိုင်မြင့် ညီမလေး လင်နောက်လိုက်သွားတာလည်း ရုရှားကစစ်ဗိုလ်တွေကြောင့်။ထိုင်းမှာ ရှပ်နီတွေ ဆန္ဒပြတာလည်း ရုရှားကစစ်ဗိုလ်တွေကြောင့်။အော် သနားစရာပါလား။ရုရှားရေ ဒီ၁ခါလည်းမင်းပဲမဲပေါက်ပြန်တယ်ဟ ဆိုသလိုဖြစ်နေပြီ။မင်းတို့ကတော့ ဆောက်ဖြစ်တောင်မရှိတဲ့ အဝေးကနေအော်နေတဲ့ ဒီမိုသူတောင်းစားလေးတွေရဲ့ ပစ်မှတ်လေးတွေဖြစ်နေပြီကွာ။ဇရှိရင် မြန်မာနိုင်ငံထဲကလာမအော်ရဲဘူး။ထောင်ထဲကနိုင်ငံရေးသမားတွေကို ၁နေ့ ၂ခါလောက် အလေးပြုလိုက်ဦး ကိုလှိုင်မြင့်ကြီး။
ReplyDeleteExcellent Saya Hlaing.
ReplyDeleteKo Demo, Can you block the IP for the one who use abusive language?
ဒေါက်တာလှိုင်မြင့်
ReplyDeleteရေးသာရေးပါဗျာ.. အမှန်တရားတွေပါ.. နဲနဲတော့ ဒေါသစိတ်နောက် မလိုက်ပဲ ရေးပေးပါ.. ကိုလှိုင်မြင့် ရေးတာ တပ်အတွင်းပိုင်းအကြောင်း အချို့လောက် နဲနဲ လွဲတာကလွဲလို့ အမှန်ချည်းပါပဲ..
ရုရှားက အခြောက်အများစု ဖြစ်နေတဲ့ ဗိုလ်ပေါက်စတွေပါ.. ၈၈ လောက်မှ မွေးတာ.. ဘာမှသိတာ မဟုတ်ဘူး.. လူ့ဘဝကို သူတို့ အရမ်းသိနေပြီ ထင်နေတာပါ.. လက်ဆင့်ကမ်းသူ မရှိယင် မသိကြဘူး..
စင်ပေါ်မှာရှိတုန်းတော့ ဂရုမစိုက်တာ ထုံးစံပါ.. စင်အောက် ရောက်သွားအောင် ကောင်းကောင်းမွန်မွန်
ပြောလို့ ရယင်ရ.. မရယင် ကြမ်းရမယ့် အချိန်က နီးလာပါပြီ..
ကိုလှိုင်မြင့်က ချက်ကောင်းချည်း ဆော်နေတော့ ရုရှားက ဗိုလ်ပေါက်စ အခြောက်ကလေးတွေက သိက္ခာအတွက် အသေအလဲ ခုခံကာကွယ်ရရှာတာပါ..
သားက ပထွေးကိုမြှောက်ပေး။ပထွေးက သားကိုမြှောက်ပေးနဲ့ အဆင်ကိုပြေနေကြတာ။ငွေလေးတွေလည်းရွင်ပ။ဒေါ်လာစားလေးတွေလေ။အင်္ဂလန်မှာပုံလို့။အလုပ်မလုပ်ဘဲငွေရတာဆိုလို့ အဲ့လိုဆိုဒ်မှာလိုက်အော်တဲ့ကောင်လေးတွေပဲရှိတယ်။:)
ReplyDeleteဟေ့ စစ်ခွေးတွေ!! ပါးစပ်ပိတ်ထားကြစမ်း.. တောကြို အုံကြားက လာပြီး နားမလည်၊ ပါးမလည်နဲ့ သခင်အားရ ကျွန်ပါးဝ စွတ်အော်မနေနဲ့၊ ထမင်းစားပြီး ကိုယ်ပိုင် အသိဥာဏ် မရှိတဲ့ ကောင်တွေ.. ခုခေတ်မှာ အပေါဆုံးနဲ့ အသုံးမကျဆုံး လူတွေကို ထုတ်ပြပါဆိုယင် စစ်ဗိုလ်တွေဘဲ.. တကယ်လက်လန်တယ်၊ တကယ့် ချီးထုတ်ကောင်တွေ၊
ReplyDeleteအို အသင် ဒီမို အတိုက်အခံတို.....
ReplyDeleteဤနေရာမှာ ကြည့်ကြကုန်လော.
http://oppositeyes.blogspot.com/
ကိုင်း တွေ.ပြီမဟုတ်ပါတကား....
ထိုပညာတော်သင်တို.အား.... အားကျ အတုယူကြလော.
အသင်တို.အနေနဲ. ဤပုဂ္ဂိုလ်လေးများရဲ. ခြေဖျားတောင်မမှီဘူးဆိုတာကို သတိမူကြလော.
အမျိုး၊ ဘာသာ၊ သာသနာ၊ နည်းပညာတွေကို ခေတ်မှီတိုးတက်အောင်လုပ်နေသူအပေါင်းကို အားနာသောအားဖြင်. အသင်တို.၏ အတင်းတုတ်မှုများကို ရပ်တန်းကျရပ်ကြကုန်လော.
အသင်တို.ထက် အသက်အရွယ်ငယ်ရွယ်သလောက် အသင်တို.ထက် အတွေးအခေါ်နှင်. ခံယူချက်ပိုမိုသာလွန်သည်. ဤပုဂ္ဂိုလ်လေားများထံ ဆည်းကပ်ကြကုန်လော.
ဤသို့သော ဘာသာ သာသနာ လိုက်စားနေသူများအားလုံးကို ဆဲဆိုမိုက်ရိုင်းထားခြင်းများအတွက် ဘဝမကူးခင် အမြန်ဆုံး တောင်းပန်ကြကုန်လော.
အချိန်ကုန်တယ် . . . ဖတ်ရတာ စိတ်လေတယ် . . . နောက်ဆုံးတော့ အမျိုးကိုပဲ ကော်ဆဲမိတော့မယ် . . .
ReplyDeleteDr hlaing myint, u r too young, i think , for kid story (1001night story),
ReplyDeletehow u graduate in our country ( Myanmar), how ;;; your brain too stupid,
ha ha, nice aritcle.
ReplyDeleteit really hurts for some isn't it?
anyway, i hope dr. will control his anger and balance his writting in future to create greater accomodation for those he has hurt.
truth hurts although it's what ought to say.
goodluck dr.