Pages
Saturday, May 14, 2011
လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY ဇာတ်ဝင်ခန်းမှ မြင်ကွင်းများ...
ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh
ကမ္ဘာကျော် လူကြမ်းမင်းသားကြီး ဘဘကြီးလည်း ပါဝင်ပါတယ်။...
(ဘယ်ဘက်က MI စစ်ထောက်လှမ်းရေး အရာရှိအဖြစ် သရုပ်ဆောင်သူကတော့ ကိုခင်မောင်ရင် ဖြစ်ပြီး၊ ဗိုလ်ချုပ်မှုးကြီးအဖြစ် ဦးထွန်းလင်းက သရုပ်ဆောင်ပါတယ်..)
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးနေတဲ့ ပြင်သစ် ဒါရိုက်တာ.. Luc Besson
မင်းသမီး မီရှယ်လ်ယိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း၊ ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်ရဲ့ အမွှာညီအစ်ကို အန်ထော်နီအဲရစ်တို့အား  ပြီးခဲ့တဲ့ ၂၀၁၀ အောက်တိုဘာလကုန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (Chanavorn)၌ တွေ့ရစဉ် .. (ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မလွတ်ခင်ကပါ)...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်...။ 
အဆိုပါ The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသမီး Michelle Yeohမှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားပါတယ်..။
မင်းသမီး Michelle Yeoh ရဲ့ တရုတ်လို အင်တာဗျူးအပြီးမှာ လာမည့် အောက်တိုဘာမှာ ရုံတင်တော့မယ့် The Lady ရုပ်ရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အင်္ဂလိပ်လို အင်တာဗျူး နားထောင်နိုင်ပါတယ်...။
အပြည့်အစုံဖတ်ချင်ရင်.. 
http://michelleyeoh.info/Movie/thelady.html မှာသွားရောက် ဖတ်ရှူနိုင်ပါတယ်...။
7 comments:
  1. အမေ့ကိုမြင်ရတာစိတ်ချမ်းသာလိုက်တယ်
    အေးချမ်းတဲ့အမေ့မျက်နှာလေးကိုလေးစားတယ်
    ReplyDelete
  2. ကျေးဇူးပါပဲဗျာ အရမ်းလဲ ဂုဏ်ယူတယ်
    ReplyDelete
  3. ကျေးဇူး ကြည့်ချင်နေပြီ ထွက်ရင် တင်ပေးပါနော်
    ReplyDelete
  4. ဟုတ်ကဲ့ ခင်ဗျာ..
    ရတာနဲ့ အားလုံးကြည့်နိုင်အောင် တင်ပေးပါမယ်..
    ReplyDelete
  5. Hey, you have been doing a good job. Glad to see and hear about the film "The Lady". Bravo ! I sent it to the film producer (your article about the film), at the film production office, Paris.
    Aung Ko (Beyond Rangoon)
    ReplyDelete
  6. ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.. ဦးအောင်ကိုခင်ဗျား
    (Beyond Rangoon) ကိုလည်း ကြည့်ခဲ့ဘူးပါတယ်...
    လေးစားလျှက်
    ဒီမိုဝေယံ
    ReplyDelete
  7. အထူးဂုဏ်ယူစွာနဲ့ အရမ်းကြည့်ချင်တယ်ဗျာ၊ ဒါပေမယ့် ဒီရုပ်ရှင်ကြောင့်
    သူတို့ပေါက်ကရ ထပ်လုပ်မှာ၊ ထိမ်းသိမ်းမှာ စိုးရိမ်တယ်၊
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။