ရဟန်းတော်တပါးဖြစ်ပြီး ကျင့်ဝတ်နဲ့မညီတဲ့ ကခုန် မြူးတူးမှုတွေနဲ့ သင်ကြားပို့ချခဲ့တဲ့ No. 1 သင်တန်း နည်းပြသင်တန်းမှူး အညတြဘိက္ခူ အရှင်ဣဒ္ဓိပါလ
သင်တန်းကျောင်း စာမျက်နှာ http://www.no-1sociology.com/index.htm
ယခုနှစ် နှစ်စပိုင်းက အင်တာနက် စာမျက်နှာတွေနဲ့ သတင်းမီဒီယာတွေပေါ်မှာ ဟိုလေးတကြော်ဖြစ်ခဲ့တဲ့ No. 1 စိတ်ဓာတ်မြင့်တင်ရေး သင်တန်းကျောင်းရဲ့ သာသနာတော်နဲ့ မလျှော်ညီတဲ့ ကခုန်မြူးတူး၊ ပျော်ပါးခဲ့ကြတဲ့ သတင်းဗီဒီယို ဓာတ်ပုံတွေကို အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်..။ ယခင် (သတင်းပြန်ဖတ်ချင်ရင်Click) ၂၀၁၀ခုနှစ် နိုဝင်ဘာလက ကရင်ပြည်နယ် ဖားအံ့မြို့ ဇွဲကပင် ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းမှူး အညတြဘိက္ခူ အရှင်ဣဒ္ဓိပါလဆိုသူရဲ့ သင်တန်းမှာ အာဏာပိုင် အဖွဲ့အစည်းတွေက တိုင်းမှူး၊ တပ်မမှူးတွေနဲ့ သက်ကြီးရွယ်အို အရွယ်ပေါင်းစုံက ကခုန်မြူးတူးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ သတင်း ရုပ်သံ အင်တာနက် စာမျက်နှာပေါ်တွေနဲ့ သတင်းမီဒီယာတွေမှာ ပြန့်နှံ့သွားပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့က နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့မှ စီစစ်အရေးယူခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်း မည်သည့်နေရာတွင်မှ သင်ကြားပြသခြင်း မပြုလုပ်ရန်ဝန်ခံကတိပြုချက်ကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်..။ (ပူးတွဲပါ ဝန်ခံချက်မူရင်းကို ကြည့်ပါ)။ (အမှန်တကယ် ပြုလုပ်ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာ အမည်ခံ အာဏာပိုင်တွေကိုလည်း သတိပေး၊ တားမြစ်သင့်ပါတယ်)...။
ယခုလိုဝန်ခံ ကတိလက်မှတ်ရေးထိုးပြီး ၃လတိတိ အချိန်မှာတော့ ဝန်ခံချက်ကို လက်တလုံးခြား ပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ ပြင်ပ မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် သင်တန်းပို့ချ ဟောပြောပွဲကို ၁၅.၅.၂၀၁၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်....။ မလေးရှားနိုင်ငံမှာရှိတဲ့ ထေဝါရဗုဒ္ဓဘုန်းကြီးကျောင်း ၂၄ခုမှလည်း ဝိုင်းဝန်း ကန့်ကွက်လွှာများ ထုတ်ပြန်ခဲ့ပါတယ်...။ အဆိုပါ ဗုဒ္ဓဘာသာ အမည်ခံ No. 1 စိတ်ဓာတ်မြင့်တင်ရေး သင်တန်းနည်းပြ အရှင်ဣဒ္ဓိပါလရဲ့ ယခုကဲသို့ ဝန်ခံချက်အား လက်တလုံးခြား ပြုလုပ်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာအား အမြင်လွဲစေမည့် နိုင်ငံပြင်ပမှ လုပ်ရပ်အား နိုင်ငံတော်သံဃ့ာမဟာနာယက အဖွဲ့မှ မည်သို့ အရေးယူ ဆောင်ရွက်မည်ကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပြီး မလေးရှားနိုင်ငံရောက် အမျိုးဘာသာ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်နေကြတဲ့ အရှင်ထေရ်မြတ်များနှင့် မလေးရှားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် မျိုးချစ်မြန်မာများမှလည်း အဆိုပါလုပ်ရပ်အား မှတ်တမ်း၊ မှတ်ရာများ ရယူထားကြ စေလိုပါကြောင်း လေးစားစွာ မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်....။
ဒီမိုဝေယံ
ဝန်ခံချက် ပေးပို့ပေးတဲ့ ၀ိမုတ္တိသုခ အား ကျေးဇူးတင်ပါသည်...။

ဒီလိုလုပ်ခြင်းအားဖြင့် ဗုဒ္ဒဘာသာကို တခြားဘာသာဝင်တွေက ဘယ်လိုမြင်နိုင်ပါသလဲ မဟာနာယက ဆရာတော်ကြီးများခင်ဗျာ။ ဆရာတော်ကြီးများ အနေဖြင့် ဒီကိစ္စကို ယခင်ကတည်းက စိစစ်အရေးယူသင့်ပါသည်။ ယခု အလုံးစုံပြန့်နှံ့ပြီးမှ အရေးယူလည်း အကြောင်း မထူးတော့ပါ။ မေတ္တာပို့တဲ့ ရဟန်းတွေကို ရဟန်းအတုလို့ သမှတ်တဲ့ မဟာနာယကဆရာတော်များခင်ဗျား . . .ယခုဆရာတော်ကို ဘယ်လို ရဟန်းအဖြစ်သတ်မှတ်ပါသလဲ . . . မြူးဇစ်တွေနဲ့ အတူ ကခုန်နေတဲ့ ရဟန်းကို ရဟန်းစစ် အဖြစ် ဆက်လက် သတ်မှတ်သင့်ပါသလား . . . ရဟန်းအဖြစ်သတ်မှတ်ရန် မြတ်စွာဘုရားရဲ့ သတ်မှတ်ချက်နဲ့ တိုင်းတာပါသလား ဒါမှ မဟုတ် အထက် အထက် ပုဂိုလ်များနဲ့ ညွှန်ကြားချက်နဲ့ တိုင်းတာပါသလား။ ရဟန်းပြုခွင့်ကို မြတ်စွာဘုရားပေးနိုင်သလား . . . ဒါမှ မဟုတ် အထက် အထက် ပုဂိုလ်များက ခွင့်ပြုမှ ရဟန်းပြုခွင့်ရပါသလား . . ဆရာတော်များအနေဖြင့် သာသနာကို တကယ်အလေးထားတယ်ဆိုရင် ထောင်ထဲမှာ ရှိတဲ့ ရဟန်းတော်တွေအတွက် ဘာလုပ်ပေးပါသလဲ . . .။ ဘယ်နိုင်ငံမှာမှ ထောင်ချခံရတဲ့ ဘုန်းကြီး မရှိသေးပါဘူး။ ခေါင်းကို စစ်ဖိနပ်နဲ့ နင်းခံရတဲ့ ရဟန်းမတွေ့ရသေးပါဘူး။ မြတ်စွာဘုရား သာသနာလား . . . စစ်တပ်သာသနာလား ဆရာတော်များ ဖြေကြားပေးပါ။ ဘုန်းကြီးက ပြန်ပြီးတော့ ကန်တော့ တောင်းပန်ရလောက်အောင် စစ်သားတွေက ဘယ်လောက်တောင်မှ ဘုန်းကြီးနေပါသလဲ ဆရာတော်များခင်ဗျား . .ဒါတွေကို ဆရာတော်တို့ မတွေ့တာလား . . . ဒါမှ မဟုတ် မင်ြချင်ယောင်ဆောင်နေတာလား . ။ဓမ္မာစရိယာအောင်တဲ့ဆရာတော်တို့ . . ဘာတို့ ထောင်တဲဝင်နေရတယ်နော်။ ဓမ္မာစရိယာအောင်တဲ့ ရဟန်းဟာ ရဟန်းတုတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဆရာတော်တို့ သာသာနာ့အကျိုးတကယ်တန်း ထန်းပိုးနေတာလား . . .ဒါမှ မဟုတ် အစည်းအဝေးတွေကျမှာသာ ထန်းပိုးနေတာလား . . . ဆိုတာတော့ . .
ReplyDeleteတပ်မမှူးတွေ၊ ဆရာ၊ ဆရာမတွေ၊ မြို့နယ်လူကြီးတွေတောင် တက်တယ်တဲ့။ အာဇာနည်နေ့တို့၊ အမျိုးသားနေ့တို့၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တို့ ကျတော့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ပိတ်ပင်တယ်။ ဒီလို သာသနာဖျက်မဲ့ ဘုန်းကြီးရဲ့ ပွဲကျတော့ တပ်မမှူးကိုယ်တိုင် တက်ရောက်တယ်ဆိုတော့ စဉ်းစားကြည့်ကြ။ ခင်ဗျားတို့ နိုင်ငံခေါင်းဆောင်တွေ အဓိကနဲ့ သာမညကို မခွဲခြားတတ်ကြဘူး။ အမျိုးသားနေ့ကို အဲ့လိုမျိုး အခမ်းအနားနဲ့ တပ်မမှူးတွေ၊ မြို့နယ်လူကြီးတွေ တက်ရောက်တာ မတွေ့ရသလို၊ အာဇာနည်နေ့ကို မြို့နယ်အဆင့်တွေ လုပ်တာ မတွေ့ရဘူး၊ နောက်ဆုံးအလံကိုတောင် တ၀က်လွင့်ထူဖို့ မေ့နေကြတယ်။ ဘာအကျိုးမှ မရှိတဲ့ ဘုန်းကြီးရဲ့ ပွဲကျတော့ လူကြီးတွေကိုယ်တိုင်တက်ရောက်တယ်ဆိုတော့ ခင်ဗျားတို့ ပြန်စဉ်းစားတတ်ရင် ရှက်ဖို့ကောင်းတယ်။ သာသနာအတွက်လည်း အကျိုးမရှိ၊ ပြည်သူအတွက်လည်း အကျိုးမရှိ ဘာမှ အကျိုးမရှိတဲ့ သင်တန်းမျိုးကို ကျင်းပခွင့်ပေးတဲ့ ခင်ဗျားတို့ကိုလည်း ရွံတယ်ဗျာ
ReplyDeleteအခုလို အများအမြင်မှားစေမယ့် ဗုဒ္ဓသာသာ ဘုန်းတော်ကြီး တယောက်ရဲ့ လုပ်ရပ်တွေကို ပြည်တွင်းမှာ အချိန်မီတားဆီး နိုင်ခဲ့တာ ကျေးဇူးတင်ပါတယ်..
ReplyDeleteသို.သော် အထက်က အမည်တခုတောင် မဖော်ရဲသူများရေးသွားခဲ့တာတွေကလည်း မှန်နေပြန်ပါတယ်.
တကယ့်သံဃာတော်တွေ အစော်ကားခံရတာကတော့ မဖြစ်သင့် မလုပ်ထိုက်တာတွေပါပဲ.ဗုဒ္ဓဘာသာဝင်တို.အတွက် အရှက်ရစရာပါ...
လမ်းမအပြည့် ရဟန်းသံဃာတော်တွေ သည် အတုတွေဖြစ်နိုင်ပါသလား.ဖြစ်နိုင်ပါတယ်ဆိုရင်
ဒါဟာ အုပ်ချုပ်သူ သံဃာအကြီးအကဲများ ၊ အာဏာပိုင်များရဲ့ ညံ့ဖျင်းမှု.သာဖြစ်ပါတယ်လို.ပြောချင်ပါတယ်..
နောက်တခုကတော့ ဖားအံက အကြီးအကဲ မြို.သူမြို.သားများကိုပါပဲ.. ဒီလို သင်တန်းမျိုးကို မသိခဲ့လို. ခွင့်ပြုမိတယ်ဆိုခဲ့ရင်တောင် သင်တန်းစတာနဲ.သိနေပြီပဲ ဒါကိုမှ ကိုယ်တိုင်ဝင်ရောက်ကခုန်ပါဝင်ခဲ့ကြတာဟာ အဲ့ဒီလူတွေရဲ့ စဉ်းစားတွေးခေါ်မှု.၊ အသိဥာဏ် ၊ လေ့လာမှု. ၊ ဗဟုသုတ ၊ ဘာသာရေး အသိတရား ဘယ်လောက်အားနည်းတယ် နိမ့်ကျတယ်ဆိုတာ ပြနေတာပါပဲ...
ဒီတော့ မြန်မာပြည်သူပြည်သားများ စဉ်းစားတွေးခေါ် ဆင်ခြင်တတ်မှု. ၊ ဗဟုသုတလေ့လာဆည်းပူးမှု.၊ အသိဥာဏ်ပညာတွေ မြင့်မားလာအောင် မနည်းကို ပြုပြင်ကြရဦးမယ်လို.ပဲ စိတ်မသက်မသာ တွေ.မြင်မိပါတယ်..
ကျေးဇူးတင်ပါသည်
simple views