အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၂)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အခုလို မြန်မာငွေတန်ဖိုး ကမောက်ကမ ဖြစ်လာပြီဆိုတော့ ပထမ ဆုံး ခေါင်းစားရမယ့် သူကတော့ သမ္မတကြီးရဲ့ အကြံပေးဆရာကြီး ဦးမြင့်ပါဘဲ။ ဆရာကြီးဦးမြင့်ကို အထူး ပန်ကြားလိုတာကတော့ ဆရာကြီးဟာ တိုင်းသူပြည်သားတွေ အတွက် တိုင်းသူပြည်သားတွေ အကျိုးကို အမှန်တကယ် ဦးထိပ်ထားပါတယ်ဆိုရင် အခုငွေကြေးရောဂါ ဖြစ်ရတဲ့အကြောင်းကို အရှိအတိုင်း ပြန်သုံးသပ်ပြီး ဆရာသမားဂုဏ်ရည်ကို ထောက်ထားပြီး အရှိကိုအရှိအတိုင်း ဘယ်သူမျက်နှာကိုမှ မထောက်ထားဘဲ ဆရာကြိးအမြင်ကို ရဲဝံ့စွာ ထုတ်ပြန်ပေးပါလို့ဘဲ အထူး ပန်ကြားပါတယ်ခင်ဗျာ။
ကျနော်ကတော့ မကြောက်တတ်သူဆိုတော့ အခုလိုအခြေအနေမျိုးမှာ ဓါးမိုးထားရင်တောင် အပြတ်ဘဲ။ တိုင်းပြည်အရေးဆိုရင် ပြတ်ပြတ်သားသား အမှန်အတိုင်းပြောထဲ့မှာ။ တစက်ကလေးမှ မကြောက်တတ်ပါ။ ဆရာကြီးအနေနဲ့လည်း စေတနာအပြည့်နဲ့ တင်ပြတာကိုမှ ဟိုဟာ မထည့်ပါနဲ့ ဒီဟာ ဖြုတ်ပေးပါတွေ လုပ်လာရင် အကြံပေးဘုတ်ကနေသာ နုတ်ထွက်ပစ်သည်အထိ ခပ်မာမာ လုပ်စေချင်ပါတယ်။ သူတို့အကြိုက် သူတို့ကို ထိမှာတွေ ဖြုတ်မှာ ထုတ်တာ လုပ်လာမှာအသေအချာပါ။ သူတို့မမှန်တာတွေ လုပ်ထားပြီး ဆရာကြီးကို ဖုံးဖိခိုင်းလာရင် ဆရာဂုဏ် သမားဂုဏ်ကို ထောက်ထားပြီး လုပ်မပေးပါနဲ့ တင်ပြပါတယ်ခင်ဗျာ။
နောက် မြန်မာ စီးပွားရေးမှာ ကျနော်တင်ပြခဲ့တဲ့ စတီးရွိုက် ကစားထားပြီး မြန်မာလူထု လက်ထဲက သဲ့ယူခဲ့တဲ့ငွေကြေး ပမာဏ ကိုလဲ ပြန် တွက်ချက်ပေးစေလိုပါတယ်။ ဒါဟာ တိုင်းပြည်အပေါ် စေတနာမဲ့ပြီး ပြည်သူလူထု လက်ထဲက ဓန ကို အသားလွတ် ရိတ်ယူတဲ့လုပ်ရပ်ပါ။ ဆရာကြီးက ဒီကိစ္စကို နှုတ်ဆိတ်နေရင် တချိန် ဒါဟာ အလွန်ဆူညံသော ကိစ္စကြီး အဖြစ်ပြန်လာမှာပါ။ ဆရာကြီးဒါကို ကျော်ပြီး ချန်ထားပြီးသုံးသပ်တာ လုပ်ခဲ့ရင် တိုင်းသူပြည်သားတွေအပေါ် သစ္စာဖေါက်တာအဖြစ် သစ္စာဖေါက်အဖြစ် သမိုင်းမှာ အမဲစွန်းထင် ကျန်ခဲ့ပါမယ်ဆိုတာလည်း အတိအလင်း သတိပေးလိုပါတယ်။ ဆရာကြီးသမိုင်းကို ဆရာကြီးရေးနေတာပါ။ ဒါကို ရေးခွင့် လေ့လာခွင့်မပြုရင် အကြံပေးဘုတ်ကနေ ကြိုတင်သာ နှုတ်ထွက်လိုက်တာ သမိုင်း မသေပါဘူး။
ဒီအသားလွတ် ရိတ်ယူထားတဲ့ငွေတွေ ဘယ်သူ့လက်ထဲမှာ ရှိနေတယ် တိုင်းပြည်အတွက် ပြန်ပေးအပ်ဖို့ ဘယ်လိုစီမံနိုင်မယ် စီမံသင့်တယ်ဆိုတာလဲ ဆရာကြီးတိုင်းပြည်အရေးကို ဦးထိပ်ထားရင် လုပ်ပေးမယ်။ ထည့်စဉ်းစားပေးမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီအတွက် ဆရာကြီးလို အတွေ့အကြုံ အလွန်ရင့်ကျက်သူ ဆရာကြီးတဆူကို ကျနော်အနေဖြင့် အကြံပြုတယ် မလုပ်သင့်လို့ ပန်ကြားမှု သာလုပ်ပါတယ်ခင်ဗျာ။ အောက်ပါတို့ကို မြန်မာနိုင်ငံသားများ ကိုယ်စား ပန်ကြားလိုပါတယ် ခင်ဗျာ။
(၁) အခုဖြစ်နေတဲ့ မြန်မာငွေ ပြန်ခိုင်မာလာသော်လည်း ငွေဖေါင်းဖွမှုက ၁၀-% ကျော်နေပါတယ်။ ငွေဖေါင်းပွမှု ထပ်ဆိုးဝါးမလာစေရန် အစိုးရရဲ့ ငွေစက္ကူရိုက်နှိပ်မှုကို TRANPARENCY ထင်သာမြင်သာ ထိန်းချုပ်မှု စံနစ်လေး လုပ်ထားပေးပါရန်။ ငွေစက္ကူထုတ်လုပ်မှုကို ဘုတ်အဖွဲဖြင့် အဘယ်မျှကို တိုင်းပြည်ကို အမြဲအသိပေး ထုတ်ပြန်ထားလျှင် ငွေကြေးလန့်မှု (SHOCK) မဖြစ်ပေါ်နိုင်ပါ။ မြန်မာငွေလဲ ပြည်တွင်း ပြည်သူလူထု၏ ယုံကြည်မှု ရရှိထားလျှင် ငွေကြေးဖေါင်းပွမှုကိုလည်း အထိုက်အလျှောက် အပြုသဘော ပြုပါသည်။
(၂) ၀န်ထမ်းအားလုံး ( စစ်သည် / ၀န်ထမ်း / ပင်စင်စား ) အားလုံးတို့၏ မိသားစု ၀င်ငွေနှင့် ထွက်ငွေ အနည်းဆုံး ရှိသင့်သည့် ပမာဏကို အမြန်ဆုံးလေ့လာပြီး အစိုးရနင့် ၀န်ထမ်းကြား သမမျှတသော ဖြစ်သင့်သော လစာတခု ကို တင်ပြပေးပါရန်။ ယခု မြန်မာနိုင်ငံ သမ္မတကြီး၏ လစာမှာ သိန်း- ၅၀- ယခင်ဈေး approximately (us $ 5000) ဖြစ်ပြီး ကျေးဇူးရှင်ပင်စင်စား ကျောင်းဆရာကြီးတဦး၏ ပင်စင်လစာမှာ- ကျပ်၁၀၀၀-(us $ 1) ခန့်သာရှိပါသည့် အတွက် သမ္မတကြီးလစာဖြင့် အချိုးချကြည့်ပါက အဆပေါင်း - ၅၀၀၀ - ကွာခြားနေသည်မှာ နိုင်ငံတကာ မီဒီယာများက သတိထားမိလျှင် မေးလာလျှင် အဘယ်သို့  ဖြေကြားကြမည်နည်း။
အမေရိကန်သမ္မတကြီး၏ လစာမှာ ဒေါ်လာအားဖြင့် ၄၀၀၀၀- ခန့်ရှိပါသည်။ သို့သော် သူတို့၏ အမေရိကန် ကျောင်းဆရာတဦး၏ ပင်စင်လစာမှာ ဒေါ်လာ ၁၅၀၀ ခန့်ရှိသည့်အတွက်.. အဆအားဖြင့် ၂၅ ဆ သာကွာခြားပါသည်။
(၃) ယခု အစိုးရသစ်ရဲ့ ဘတ်ဂျက်ကို န.အ.ဖ အစိုးရက ပြဒါန်း ခဲ့ပါသည်။ အစိုးရအသစ်မှ လက်ခံ ယူထားရသော်လည်း တိုင်းနိုင်ငံ မငြိမ်မသက်ဖြစ်လာလျှင် စစ်တပ်အား အာဏာကိုပင်သိမ်းခွင့် ပေးထားရပြီး အစိုးရတွင် ဘတ်ဂျက်ကမောက်ကမ ဖြစ်လာသည့်အတွက် န.အ.ဖ က ဘယ်လိုပင် ပေးထားသော်လည်း ဘတ်ဂျက် ရာထားချက်ကို အရေးပေါ်ပြင်ဆင်ရန် လုပ်ဆောင်ရပါမည်။ မလုပ်ဆောင်ပါက တိုင်းပြည်ဆူပူလာပြီး ယခုဆူပူမှုသည် နိုင်ငံရေး ပရောဂ ကြောင့် မဟုတ်ဘဲ ၀မ်းရေး(ဆန်) အတွက် ဆူပူလာမှု ဖြစ်သည့်အတွက် ဆန်လိုအပ်မှုကို ဆန်မပေးဘဲ ကျည်ဆံဖြင့် ဖြေရှင်းလျှင် ကျနော် အပြတ်ပြောရဲပါတယ်... သမ္မတကြီးရော သန်းရွှေမိသားစုပါ ကမ္ဘာပေါ်မှာ ပုန်းစရာမြေ မရှိစေရပါဘူးလို့။ အာရပ်ကမ္ဘာ ပုံစံအတိုင်း တနိုင်ငံလုံး ဆူပူလာကြပြီး ထိန်းမရဖြစ်ကာ မင်းမဲ့စရိုက်မဟုတ်ဘဲ မင်းဖြတ်ကိန်း ဖြစ်လာပါမယ်လို့။
(၄) အခု တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်မှုတွင် စီးပွားရေး စီမံကွပ်ကဲမှုကို နေပြည်တော်မှာ ထားရှိခြင်းအတွက် ဖြစ်ပေါ်လာရသော ၀န်ထုပ်ဝန်ပိုး အကျိုးဆက်နှင့် အုပ်ချုပ်ရေးများကို ရန်ကုန်ကို ပြန်ရွှေ့လိုက်လျှင် လုပ်ငန်းအပေါ်အကျိုးပြုမှု ရှိမှု မရှိမှုတို့ကိုလည်းလေ့လာ ထုတ်ပြန်ပေးပါရန်။ အနိမ့်ဆုံး ယခုလို အကြပ်အတည်းကာလတွင် အချို့သောလုပ်ငန်းများကို အစမ်းသဘော ရန်ကုန်ပြန်ရွှေ့ခြင်းများ စဉ်းစားပေးပါရန်။ နေပြည်တော် စီမံချက်သည် အမျိုးသားညီလာခံက ကျလာသော ဆုံးဖြတ်ချက် မဟုတ်သည့်အတွက် အစိုးရသစ်မှ ဆက်လက် လက်ခံကျင့်သုံးရန် တာဝန်လည်း မရှိပါ။ နေပြည်တော် စီမံချက်သည် တိုင်းပြည်ဘဏ္ဍာတော်ကိုများစွာ ကုန်ကျစေသည့်အပြင် ဈေးကွက်စီးပွားရေးတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်မှုကို အထူးဖင့်နှေးစေပါသည်။
(၅) အခုအခြေအနေ အရ နိုင်ငံခြားတိုင်းပြည်ရောက် မြန်မာတွေ အခုရက်ပိုင်းအတွင်း ငွေလွှဲမှု ခေတ္တ ဆိုင်းငံ့နေကြပေလင့်... မကြာခင်အားလုံး ပြန်လွှဲလာကြရပါမည်။ ထိုအခါ ငွေဈေးက ယခုထက် အကျဖက်ကို ပိုယိုင်လာချေ ရှိနေပါသည်။ ဆရာကြီးဦးမြင့် အနေဖြင့် အမှန်တကယ်လည်း ဖြစ်သင့်နေသည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံသားများ၏ ငွေလွှဲမှုကို အခွန်ဆောင်ထားသူများကို ဦးစားပေးပြီး တရားဝင်ဘဏ်ကနေ လွှဲတာကို စတင်ဖေါ်ဆောင်ပေးပါက (အခုကျင့်သုံးနေသော မြန်မာပြည် နိုင်ငံခြားဘဏ်ကနေ - ၁၀-% ဖြတ်ခြင်းမလုပ်ဘဲ) လက်ခံသော စံနစ်ထားရှိပေးပါက မြန်မာနိုင်ငံအတွက် တရားဝင်ငွေ (ငွေဖြူ) ပိုမိုရရှိနိုင်သလို နိုင်ငံတော်အတွက်လဲ အခွန်အတုတ်နှင့် ငွေလွှဲခ ရနိုင်ပါသည်။ မြန်မာနိုင်ငံသားတို၏ ဒေါ်လာများ တချိန်တွင် ငွေမည်း ဖြစ်စေနိုင်သော ပြသနာကို ကြိုတင် ကာကွယ်ပြီးလည်း ဖြစ်ပါမယ် ။
နိုင်ငံတော်အတွက်လဲ မြန်မာနိုင်ငံသားများ လွှဲအပ်သော ငွေပမာဏကို သိရသည့်တွက် တိုင်းပြည်၏ ငွေစားရင်အင်းအမှန်ကို ပိုမိုတိတိကျကျ တွက်ချက်နိုင်ပါသည်။ နောင် အခုလိုငွေကြေး အတက်အကျ ကြိးမားသောနှုန်း သက်ရောက်မှုမျိုးကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါမည်။ ယခုငွေလွှဲ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတို့သည် ငွေလွှဲသောလုပ်ငန်းဖြင့် အလွန်ဝင်ငွေ ကောင်းနေကြသော်လည်း နိုင်ငံတော်ကို ၎င်းတို့ဝင်ငွေထဲမှ တပြားတချပ်မှပင် ၀င်ငွေခွန် ဆောင်ထားခြင်းမရှိပါ။ နိုင်ငံတော်အတွက် နိုင်ငံခြားငွေအခွန် အသင့်အတင့်ပင် ရစေပါမည်။
ဥပမာ ဖိလစ်ပိုင် နိုင်ငံသည်..၂၀၀၇- ခုနှစ်အတွက် နိုင်ငံရပ်ခြား ထွက်အလုပ် လုပ်သူများမှ မိသားစုထံ ပြန်ပို့ငွေ (တရားဝင်လမ်းကြောင်းဖြင့်) ငွေပမာဏမှာ ဒေါ်လာအားဖြင့် (၁၃- ဘီလျှံ) အထိပင် ပမာဏကြီးမားပါသည်။ သူတို့ နိုင်ငံမှ -၃ -% ဖြတ်သည်ဟု သိရပါသည်။ တခြားရွှေငွေ လက်ဆောင်ပါးသည်များ မပါသေးပါ။ သူတို့နိုင်ငံတွင် အမေရိကန်ဒေါ်လာကို တရားဝင် ကိုင်ဆောင်ခွင့် ပေးထားပါသည်။ မြန်မာနိုင်ငံတွင်လည်း စဉ်းစားသင့်ပါပြီ။
(၆) အထူးပန်ကြားလိုသည်ကတော့ တိုင်းပြည်တိုင်းတွင် နိုင်ငံအရေးနှင့် စီးပွားရေးဆိုသည်မှာ ဒင်္ဂါးပြားတခု ၏ ပန်း နှင့် ခေါင်း နှစ်ခြမ်းပူးနေတာဖြစ်ပြီး ခွဲခြားလို့ မရနိုင်ဆိုတာကို သမ္မတကြီးနှင့် ပြည်ခိုင်ဖြိုး အမတ်တို့ နားလည်လာရန် ဆရာကြီးမှ ခိုင်ခိုင်မာမာရပ်တည်ပြီး ပြတ်ပြတ်သားသား ပြောကြားသင့်သော အချိန်သည် လွန်ပင် လွန်ခဲ့ပြီ ဖြစ်ပါသည်။ သမ္မတကြီးအနေနှင့် တိုင်းပြည်အရေးကို န.အ.ဖ ခေတ်ကလို တဖက်သတ် ကိုယ်စိတ်ထင်တိုင်းလုပ် နိုင်သောအခြေအနေ မရှိတော့သည့်အတွက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့လာစေရန် နိုင်ငံရေးအရ ပြုပြင့်သင့်သည်များကို မပြုပြင်လျှင် မြန်မာနိုင်ငံသားတို့ လက်ကိုင်ထားသော စီးပွားရေး အခြေအနေများမှာ သဲသောင်ပေါ် ဆောက်ထားသည့် သဲအိမ်များပမာ ပြိုလဲသွားသည်အထိ အခြေအနေယိုင်သွားနိုင်ပါသည်။
ဥပမာ န.အ.ဖ. လက်ထက်က နိုင်ငံတော်က အားပေးခဲ့သော တိုင်းတပါးမှ ကားများကို ပြန်လည်တပ်ဆင်သော ကားထုတ်လုပ်မှု တွင်မြုပ်နှံခဲ့သည့် စက်မှုအရင်းအနှီးအလုပ်များမှာ ယခုအခါတွင် အလဟသ ရင်းနှီးမှု လွှဲမှားသောရင်းနှီးမှုဟု သုံးသပ်လာနေကြရပါပြီ။ ထိုလွှဲမှားမှုမျိုးကို ယခုအခါမျိုးတွင် ထပ်မံ အားမပေးမိရန် ဆရာကြိးများမှ လိုအပ်လာပါလျှင် ပြတ်ပြတ်သားသား ထောက်ပြသင့်ပါသည်။
(၇) နေပြည်တော် စိမံကိန်း ကို အတင်းကာရော တွန်းဆောက်လုပ်စဉ်ကလည်း ဆောက်လုပ်မှုအတွက် ကုန်ကျငွေ ကျပ်ငွေ ဘီလျှံပေါင်းများစွာ ထုတ်ပေးခဲ့ပါသည်။ ထိုငွေပမာဏသည် မြန်မာငွေကို ဖေါင်းပွနေစေခဲ့ပါသည်။ ယခု န.အ.ဖ သည် အစိုးရသစ်လက်ကို အာဏာ မလွှဲပြောင်းပေးမှီ အချိန်ပိုင်းအလိုတွင် ကျပ်ငွေ ကုဋေပေါင်းများစွာတန် အစိုးရပိုင် အဆောက်အဥိးများကို လေလံပစ်ခဲ့ရာ ဈေးကွက်အတွင်းရှိ ငွေများခန်းခြောက် သွားမှုကလည်း မြန်မာငွေဈေးကို ထိုးတက်စေခြင်း တကြောင်းဖြစ်ပါသည်။ ယခုအခါတွင် နေပြည်တော်စီမံကိန်းများလည်း နည်းလာပြီး အခြားလုပ်ငန်းများပါ ထိုးရပ်လာပါလျှင် လည်ပတ်နိုင်သော မြန်မာငွေ ရှားပါးလာလေ မြန်မာငွေ ခိုင်မာလာလေ ဖြစ်လာပါမည်။
သို့ပါသဖြင့် နိုင်ငံတော်မှ နိုင်ငံအတွက် တကယ်လုပ်သင့်သော မြို့တော်တိုးချဲ့ရေး စီမံကိန်းဖြစ်သော ရန်ကုန်မြို့တော်ကို ဒလ-ဘက်သို့ တံတားထိုးတိုးချဲ့သော စီမံကိန်းကို ဖေါ်ဆောင်ပေးလာပါလျှင် မြန်မာငွေများ ပြန်လည် သွက်လက် လှုပ်ရှားလာနိုင်ပါသည်။ ဒလ စီိမံကိန်းကို ၁၉၉၄-ခုနှစ်တွင် နိုင်ငံတော်လူကြီများ ထံသို့ နိုင်ငံခြားကုမ္မဏီကြီိးများ ပူးပေါင်းအဖွဲ့မှ စီမံကိန်းကိုတင်ပြခဲ့ဘူးပြီး ပျက်ခဲ့ရဖူးပါသည်။ (စကားချပ်..... ၁၉၉၄ခုနှစ်က ရုရှား၊ သြစတေးလျနှင့် နိုင်ငံစုံမှ ပါဝင်လုပ်ဆောင်မည့် ဒလစီမံကိန်း အသေးစိတ်အား ထပ်မံတင်ပြပေးပါမည်။ လူနေအိမ်အဆောက်အဦးများ၊ ရေကန်များ၊ တောင်ကုန်းများ၊ တံတား၊ ဆိပ်ခံတံတား၊ မြေအောက်ရထားလမ်း၊ ရန်ကုန်မြစ်ရေအား ကြည်လင်စေပြီး ပင်လယ်ဝမှ သောင်ထွန်းနေမှုအား ဖယ်ရှားနိုင်မည့် နိုင်ငံစုံ ပါဝင်လုပ်ဆောင်မည့် အဆိုပါ ဘက်စုံစီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၄ခုနှစ်တွင် လွှတ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ပျက်ခဲ့ရပါသည်) နိုင်ငံတော်၏ စီးပွားရေး တိုးတက်ရန်မှာ မြန်မာနိုင်ငံ၏ အထက်တန်းလွှာ အိမ်ယာဈေးကွက်မှာ လာရောက်ရင်းနှီးသူ နိုင်ငံခြားသားများ အိမ်ငှားစရိတ်က နိုင်ငံခြားတိုင်းပြည် အချို့ထက်များနေခြင်းကလည်း ရင်းနှီးမှုများကို နောက်ပြန်ဆုတ်စေသော အချက်တခုဖြစ်နေပါသည်။ နိုင်ငံတော်တွင် လုပ်အားခ ဈေးသက်သာသော်လည်း အခြားစားရိတ်များက နိုင်ငံခြားရင်းနှီးသူများကို တွက်ခြေမကိုက်ဖြစ်နေသည်ကို လေ့လာလျှင် တွေ့ မြင်လာပါမည်။
၎င်းအပြင် ယခုကဲ့သို့ ဝေးလံသော ရွှေပြည်သာ လှိုင်သာယာ ကဲ့သို့ သောနေရာများမှ ကုန်ပစ္စည်း အသွား နှင့်အပြန် သယ်ယူရသော အပိုအကုန်အကျများကို ရေရှည်တွင် လျှော့ချရန်မှာ ဒလကို မြို့တော်တိုးချဲ့ပြီး ကုန်များကို သဘောင်္ပေါ်သို့ အနီးဆုံး တင်ချစေခြင်းသည်သာ စီးပွားရေးကို နိုင်ငံတကာနှင့် ပြိုင်ဆိုင်စေနိုင်ပါမည်။ ယခုအတိုင်း ငွေဈေးမှာ လန့်လျှက်ဖြစ်ပြီး တက်လိုက်ကျလိုက် ဆက်လက် ဖြစ်နေမည်ဆိုလျှင် အစိုးရတည်မြဲရေးကိုပင် ထိခိုက်လာနိုင်ပြီး အာရပ်ကမ္ဘာ နွေဦးလေပြင်းမျိုးပင် ကျရောက်လာနိုင်ချေ ဆိုက်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး တည်တံ့ခိုင်မြဲရေးမှာ အာဏာရှင်သော ..အစိုးရသော ဒီမိုကရေစီသော မခွဲခြားဘဲ အားလုံး လက်တွဲညီညီ ကာကွယ်သင့်သော အမျိုးသားရေး တာဝန်ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် အဖြူအမဲ ခွဲခြားသူသည် တိုင်းပြည်အရေးကို ထိပ်တန်းဦးစားမပေးသူ တကယ်ကောင်း အတ္တလွှမ်းမိုးသူသာ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပါသည်။
အာလုံးကိုလေးစားလျှက်
လှိုင်မြင့်
အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၁) ပြန်ဖတ်ချင်ရင် Click

ဒေါက်တာလှိုင်မြင့်ဆောင်းပါးတွေဖတ်ရတာထဲထဲဝင်ဝင်အားရပါးရရှိလို့အမြဲဆောင့်ဖတ်ပါတယ်။ကြိုင်ကြိုင်အပြေးချန်ပီယံဆိုတာ၂၀၀၇ ရွှေဝါရောင်တော်
ReplyDeleteလှန်ရေးတုန်းက Dubai ပြေးတာကိုအမှတ်ရမိပါတယ်။သူတို့ကိုအဲဒီမှာတေဇက
ပွဲစားလုပ်ပြီးအိမ်ဝယ်ပေးထားတယကို။ပြီးတော့Investment တွေကိုလည်း
တေဇကဘဲထိုင်းCompnany နာမည်တခုနဲ့လုပ်ထားပေးပါသေးတယ်။ဒါတွေ
အားလုးံကိုထူးကဝန်ထမ်းတော်တော်များများသိကြပါတယ်။ပုဂံ Airline ကလည်းတေဇကကြိုင်ကြိုင်အတွက်နာမည်ခံပါဘဲ။
နိုင်ငံခြားငွေတွေကိုတော့မလေးရှားမှာထားတယ်လို့သိရပါတယ်။မလေးကပြည်
နယ်တခုကအခွန်ရှောင်လို့ရပြီးအပ်သမျှကိုလက်ခံပြီးအာမခံချက်ပေးလို့ပါတဲ့။
ကျေးဇူးပါ။ထူးက လုပ်ပေးနေတာတော့သဲ့သဲ့လေးသိထားပါတယ်။ကျေးဇူးပါဗျာ။ထပ်ပြီးဖွင့်ချပေးပါအုံး။နိုင်ငံအရေးအမှန်ကိုရေးတာ..ဒါဟာစစ်မှန်သောအမျိုးသားရေးတာဝန်တရပ်ဖြစ်ပါတယ်။
ReplyDelete၂၀၁၀-ရွေးကောက်ပွဲမှာ.ပုဇွန်တောင်ကပါဝင်ယှဉ်ပြိုင်သူတသီးပုဂလအမတ်လောင်းတဦးကိုသဘောင်္သားလုပ်စဉ်ကအခွန်ရှောင်ဘူးလို့ (နောက်ပြန်ဆောင်ထားပါတယ်)ရာဇ၀င်ရှိလို့တဲ့။ ၀င်ပြိုင်ခွင့်အပိတ်ခံခဲ့ရပါတယ်။သူသာကြံ့ ဖွတ်ကနေ၀င်ပါရင်..ဟဲဟဲ..။အဲဒီလို ဥပဒေကိုအတိအကျလေးစားတတ်ရင် အခုကြံ့ ဖွတ်တွေပိုင်ထားတဲ့အိမ်တွေစီးပွားတွေကိုသူတို့ ဆောင်ထားတဲ့ဝင်ငွေခွန်နဲ့ ချိန်ထိုးကြည့်ကြပါ။
ပြောလာလို့  ကြိုင်ကြိုင်နဲ့ တော့မခင်ပါ။သူ့ သားနဲ့ တော့မယားညီအကိုအရင်းတော်ပါတယ်။ ပြောပြစရာလေးတွေ တပုံကြီးရှိပါသေးတယ်။ အံ့သြကုန်...ုနိုင်ဘွယ်..ကဲမယုံချင်နေ...( တီးလုံးလေး )ဒါဟိုတုံးက ညနေပိုင်းရေဒီယိုကနေလာနေကျ လူပျက်ဇါတ်လမ်းလေးက သီချင်းနဲ့ တီးလုံးလေးပါ ။
လှိုင်မြင့်
Thanks for ur information and move on to reveal the affairs of those corrupted elites. In fact, power corruption ever since our Independence and lack of political will (or narrow minded military mind-set) have already eroded development gains in our country.
ReplyDeleteIn my opinion,for Myanmar case, Economic Development is much more important than those political agenda of "Democracy" and "Human Rights". Then, under Economic Sanction, Poverty Reduction efforts by the new government will not be successful.
On the side of government, first of all, they must do financial reforms such as floating exchange rate as market determines instead of $1=6ks. Second, tax collection should be fair and efficient. Third, the new government should be wise enough to avoid "populism". That is, they must not do economic decisions for the political interest such as next-term election.
(However, these generals,so far, have not showed enough courage to take risks in economic affairs.)
On the side of the opposition groups, they should be wise enough to distinguish political interests from the public welfare. Then, ASSK herself should call for International Aids to build those national economic development projects like "Dala extension" for the sake of increased employment among poor people. NLD must take it (as well as the Poverty Reduction efforts) as a chance to show their willingness to cooperate with the Govt.
(However, sadly, neither side seems to pay attention for the national economic development. Both sides are striving for just political power and political interests. I feel hapless and helpless that we, the ordinary citizens, are just exploited by both sides for their "Self". Let's save our country from the bad neighbors!!! Development First, Democracy Second!!!!)
Thanks you sir, I like very much. Please continue..
ReplyDeleteဖြစ်နိုင်ရင် တစ်ဒေါ်လာ ကို မြန်မာငွေ ၆ ကျပ်နှုန်းလောက်ထိ ယခင်ချိန်ခါတုန်းက ပုံစံမျိုးလို ဖြစ်စေချင်ပါတယ်။မြန်မာငွေကို အာရှအတွင်းနိုင်ငံတွေမှာ ဘယ်သွားသွား ဂုဏ်ယူစွာနဲ့ သုံးစွဲနိုင်အောင်လို့ပါ။
ReplyDeleteမြန်မာငွေ တတ်လေ ကြိုက်လေပဲ။အခုဆို ရာဂဏန်းနဲ့ချီနေတာဟာ များလွန်းလှပါတယ်။ဒါကြောင့် တစ်ချိန်က ရွှေမြန်မာတွေ ၁ဒေါ်လာကို ၆ ကျပ်နှုံးလောက်နဲ့သုံးနိုင်တဲ့ ခေတ်ကိုပြန်ရောက်စေချင်ပါတယ်။မြန်မာငွေဈေး တတ်ရင် ပျော်နေတတ်တာ ကျနော်ပါ။
ကပ္ပိယ မောင်လုလင်
ဆရာခင်ဗျား၊
ReplyDeleteလေးစားစွာဖြင့် အကြုံပြုလိုပါတယ်။ ဒီဆောင်းပါးရော အပိုင်း(၁)အတွက်ပါ ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ ဆရာ ထောက်ပြချက်များဟာ အင်မတန် ကောင်းမွန်ပြီး လုထုအများစု စိတ်ဝင်စားမှု ရှိတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြရင်း တာဝန်ရှိသူတွေ နားအထိပေါက်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာ့ဆောင်းပါးတွင် ကျွန်တော့် အနေဖြင့် ကန့်ကွက်စရာ တစ်ချက်ရှိတော့ ရှိပါသည်။ မြို့တော်ကို ရန်ကုန်သို့ ပြန်ရွှေ့ရေး ဖြစ်ပါတယ်။ စစ်သားဟာ စစ်သား အလုပ်ပဲ လုပ်ရမယ်လို့ ဆရာဆိုခဲ့သလို မြို့တော် ပြန်ရွှေ့ရေးနှင့် ပက်သက်သည့် စစ်သားတစ်ယောက်၏ စစ်ဘက် အမြင်ကို တင်ပြလိုပါတယ်။ (လက်ရှိမှာ ဆရာပြောသလို စစ်ဗိုလ် ၂၅% လွှတ်တော်ထဲ ပါနေတာကို ကျွန်တော်က မနှစ်သက်သူ ဖြစ်ပါတယ်)။ မြို့တော်ကိစ္စ ပြောရရင် ဒီမြို့တည်ခဲ့သည့် ရည်ရွယ်ချက် အမှန်ကို ကျွန်တော်မသိပါ။ ပြောကြသလို ဗေဒင်ကိန်းခန်း ယုံကြည်မှု၊ မိမိကိုယ်ကို ဘုရင်ဟုအထင်ပေါက်သဖြင့် ရှေးမင်းများ ထုံးအတိုင်း မြို့တော်သစ်တည်မှု စသည့် ကိစ္စရပ်များ မပါပါဟု ကျွန်ုပ် အာမမခံနိုင်ပါ၊ တကယ်လည်း ပါ/မပါ မသိပါ။ သို့သော် စစ်မဟာဗျူဟာ အမြင်ဖြင့် ကြည့်၍ နေပြည်တော်ကို မြို့တော်သတ်မှတ်ခြင်းကို ထောက်ခံပါသည်။ နေပြည်တော်သည် စစ်မဟာဗျူဟာ သဘောတရားအရ အချက်အခြာမြေ ဖြစ်ပြီး မြေပြင်အနေအထား အရလည်း သင့်တင့် ကောင်းမွန်သော နေရာဖြစ်သည်။ စစ်ရေးအမြင်တစ်ခုတည်းဖြင့် နေပြည်တော် ပြောင်းရွှေ့ခြင်းကို ထောက်ခံသဖြင့် ကျွန်ုပ်ကို အမြင်ကျဉ်းသူ၊ သံသယဖြင့် ထိတ်လန့်နေသူ၊ နိုင်ငံခြားသားကြောက်သူ စသဖြင့် ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် ကမ္ဘာကြီးမှာ ကျွန်ုပ်တို့ မျှော်လင့်သလောက် မယဉ်ကျေးသေးသည်မှာ အမှန်ပင်ဖြစ်သည်။ ဒေသတွင်း ဒီမိုကရေစီ ထွန်းကားပြီး လူ့အခွင့်အရေး အားလုံး လေးစားကြလျှင် စစ်ပွဲတွေ မလိုသော သာယာသော လူ့ဘောင်တစ်ခု တည်ဆောက်နိုင်ကြမည်ဟု စိတ်ကူးယဉ် မလွန်မိကြရန်လည်း လိုပါသည်၊ ကမ္ဘာ့နိုင်ငံများအားလုံး အကျိုးစီးပွားကို အခြေခံကာ ကစားနေကြသော မိမိအကျိုးစီးပွား ပထမ ဆိုသည့် အဆင့်တွင်ပင် ရှိပါသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့ကလည်း မိမိတို့ အတိုင်းအတာနှင့် မိမိ ပြင်ဆင်ထားသင့်သည်များကို ပြင်ဆင်ထားနိုင်ရန် လိုသည်။ ယခု တောင်ကိုရီးယားနိုင်ငံတွင် မြို့တော် ဆိုးလ်မြို့မှ ကုန်းတွင်း ပိုကျသော အရပ်သို့ ရွှေ့ပြောင်း၍ မြို့တော်သစ်တည်ရန် ပါလီမန်တွင် ကြိုးပမ်းနေဆဲ ဖြစ်သည်၊ စစ်မဟာဗျူဟာသမားများနှင့် စီးပွားရေးပညာရှင်များ ငြင်းခုံနေကြဆဲ ဖြစ်သည်။ မိမိတို့နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံကဲ့သို့ သိသာထင်ခြားသော ခြိမ်းခြောက်ခံရမှု ရှိမနေပါ။ သို့သော် မမြင်ရသော ခြိမ်းခြောက်မှုများက မဟာဗျူဟာကျသော နေရာတွင် တည်ရှိသည့် ကျွန်ုပ်တို့နိုင်ငံအတွက် တစတစ တိုးလာလျက်ရှိသည်။ မကြာမီ ရက်ပိုင်းအတွင်းက ဗီယက်နမ် နှင့် တရုတ်တို့၏ တောင်တရုတ်ပင်လယ်တွင်း အချင်းများမှုသည် ကျွန်ုပ်တို့ အနေဖြင့် နိုင်ငံတည်ဆောက်ရာဝယ် စစ်မဟာဗျူဟာ အမြင်ကို ပစ်ပယ်၍ မရသေးကြောင်း သက်သေ ဖြစ်သည်။ အင်အားကြီးလာသော နဂါးကြီးသည် သူ့အကျိုးစီးပွားအတွက် အသည်းအသန် ဆာလောင်လျက်ရှိရာ မိမိတို့ အနေဖြင့် ကြိုတင်ပြင်ဆင်မှု မရှိလျှင် နဂါးအစာ ဖြစ်ရမည်ကို အားလုံး သတိမှု စေချင်သည်။
ကာကွယ်ရန် ဆိုရာ၌ စစ်ရေးအင်အား တည်ဆောက်မှု တစ်ခုတည်းကို ဆိုလိုသည် မဟုတ်ပါ၊ စီးပွားရေးအင်အား၊ လူမှုရေး ကိုယ်ခံစွမ်းအား၊ အမျိုးသား စည်းလုံးညီညွတ်မှု စသဖြင့် သက်စုံကဏ္ဍစုံ ဖြစ်သည်။ အနှစ် (၆၀)ကျော် ပြည်တွင်းရေး ပဋိပက္ခသည် အဆုံးသတ်ရန် လုံလောက်ပြီဖြစ်သည် ၊ လုံလောက်ပြီဟု ဆိုရာ၌ အကျိုးရလဒ်များ ဖြစ်ထွန်းမှု ရှိသဖြင့် လုံလောက်ပြီဟု ဆိုလိုခြင်း မဟုတ်၊ အကျိုးမရှိ၊ တိုင်းပြည်ကို ချွတ်ချုံကြ၊ ပြည်သူလုထုကို စိတ်ဝမ်းကွဲ၊ ညီနောင်ချင်းကို အမုန်းပွား စေသဖြင့် နောင်တ အလုံအလောက် ရသင့်ပြီ ဖြစ်သည်၊ နောင်တ တရားနှင့် သင်ခန်းစာယူရန် လုံလောက်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ နောင်တ မရဘဲ ဆက်မိုက်ပါက ကျွန်ုပ်တို့ တိုင်းပြည်ထက် မိုက်သည့် တိုင်းပြည်မရှိတော့ဟုပင် ဆိုရမည်။ ပဋိပက္ခများ အဆုံးသတ်ရမည် ဆိုရာတွင် မြင်သာသော လက်နက်ကိုင် တိုက်ခိုက်ခြင်းများကိုသာ ဆိုလိုသည် မဟုတ်ပါ၊ စစ်အေး အသွင်ဆောင်သော အာဏာလွန်ဆွဲမှု များအပါအဝင် နှစ် ၆၀ ကျော်ပြည်တွင်းရေး ပဋိပက္ခကို အဖြေရှာ၍ အဆုံးသတ်ရန်ဖြစ်သည်။ မြန်မာနိုင်ငံသည် ညီညွတ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အချိန်တန်နေပါပြီ။ တန်နေပြီ မဟုတ် အချိန်နှောင်းသလိုပင် ဖြစ်နေပါပြီ သို့သော် ကျွန်ုပ်တို့မှာ ရုန်းထနိုင်စွမ်း ရှိကြသေးသည်၊ နိုင်ငံကို ချစ်စိတ်သည် အားလုံးတွင် တူညီသောဘုံရပ်တည်ချက်ဖြစ်ရာ ငါလုပ်တာသာ အမှန်ဟူသော အတ္တကိုလျော့ ၍ သူတပါးအမြင်ကို လေးစားတတ်၊ နားထောင်တတ်လာလျှင် စည်းလုံးရန် မဝေးတော့ဟု ယူဆပါသည်။ ကျွန်တော့် ဆွေးနွေးချက်သည် အနည်းငယ် ကျယ်ပြန့်သွားရာ မူရင်း ဆွေးနွေးလက်စ အကြောင်းအရာဖြစ်သော မြို့တော်ကိစ္စကို ပြန်ကောက်လိုပါသည်။
ဆက်ရန်
((ယခုလို အကြပ်အတည်းကာလတွင် အချို့သောလုပ်ငန်းများကို အစမ်းသဘော ရန်ကုန်ပြန်ရွှေ့ခြင်းများ စဉ်းစားပေးပါရန်။))
ReplyDeleteအစိုးရ ဌာနဆိုင်ရာ ရုံးချုပ်များ၊ နိုင်ငံပိုင် လုပ်ငန်းကြီးများ၏ ရုံးချုပ်များကို ရန်ကုန်ပြန်ရွှေ့ရန် သဘောမတူသော်လည်း ဆရာ့ အကြံပြုချက်ကို တစိတ်တပိုင်း လက်ခံပါသည်။ ရန်ကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သင့်သည့် ကိစ္စများကို နေပြည်တော်သို့ တခေါက်လာ၍ ဆောင်ရွက်ရခြင်းများ မရှိအောင် အချို့သော ဌာနများ၏ ရန်ကုန်ရုံးများကို ဖွဲ့စည်းပုံပြင်၍ လုပ်ကိုင်ခွင့် ပိုမိုပေးအပ်သင့်သည်။ (ဥပမာ အထက်ပြည်နယ်နှင့် တိုင်းများမှ ပြည်သူများသည် ကိစ္စအဝဝကို နေပြည်တော် ရုံးချုပ်တွင် ဆောင်ရွက်နိုင်၍ ၊ အောက်ဘက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်သူများသည် ရန်ကုန်ရုံးတွင် ဆောင်ရွက်ခွင့်ပြုရန်ဖြစ်သည်။ အဓိက command ကို နေပြည်တော်မှ ရွှေ့စရာမလို၊ သို့သော် လက်အောင် သို့ ပိုမို အာဏာဖြန့်ဝေပေးရန်ဖြစ်သည်(decentralization)။
နေပြည်တော် စီမံချက်သည် တိုင်းပြည်ဘဏ္ဍာတော်ကို များစွာကုန်ကျ စေသည် ဆိုသည်ကို လက်ခံပါသည်။ တိုင်းပြည်စီးပွားရေး အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေ၍ ဈေးကွက်စီးပွားရေးတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်မှု စွမ်းအားလျှော့နည်းစေသည်မှာလည်း သိသာထင်ရှားပါသည်။ သို့သော် ယနေ့ စီမံကွပ်ကဲမှုကို နေပြည်တော်တွင် ထားရှိခြင်း အတွက် စီးပွားရေးတွင် ကြီးစွာ ကမောက်ကမ ဖြစ်စေသည်ဟုတော့ မယူဆပါ။ လေ့လာဆန်းစစ်ချက် စာတမ်းများ ထွက်လာလျှင်တော့ ကောင်းမည့်ကိစ္စဖြစ်သည်။ မြို့တော်ကို နေပြည်တော်မှ ရန်ကုန်သို့ ပြန်ရွှေ့ရန် မလိုသော်လည်း နေပြည်တော်သည် ယခုလည်ပတ်နေသည့် ပုံစံမှ ပြုပြင်ရန်တို့ ရှိနေကြောင်း ဖြည့်စွက် အကြုံပြုလိုသည်။ လူမရှိသည့် လမ်းများတွင်း လျှပ်စစ်မီး ထိန်နေအောင် ထွန်းညှိခြင်း။ လက်ရှိတွင် လူစည်ကားခြင်း မရှိသေးသည့် နေရာများတွင် မြေယာအလှဆင်ခြင်း၊ နိုင်ငံခြား ဧည့်သည်မပါဘဲ ကိုယ့်လူမျိုးချည်းနှင့် ကျင်းပသော အခမ်းအနားများတွင် အဆောင်အယောင် အပြင်အဆင် ကြီးကျယ်လွန်းပြီး မလိုလားအပ်သော ဧည့်ခံမှု ကုန်ကျစရိတ်များ ကုန်ကျနေခြင်း။ အစိုးရ အခမ်းအနားများတွင် အပြင်အဆင်များ လျှော့ချပြီး အစိုးရက စတင်၍ ချိုးခြံမှုဝါဒကို နမူနာ ပြစေလိုသည်။ နိုင်ငံခြားဧည့်သည်လာလျှင်မူ ဂုဏ်သိက္ခာရှိရှိ၊ အဆင့်တန်းမြင့်မြင့် ကြိုဆိုရမည် ဖြစ်သော်လည်း မလိုသည့် နေရာတွင် waste လုပ်ခြင်းများ ရှောင်ရှား စေလိုသည်။ ဤသည်မှာ နေပြည်တော်နှင့် ပက်သတ်၍ ဆရာ့ အကြံပြုချက်ကို ဖြည့်စွက်ခြင်း ဖြစ်ပြီး ရန်ကုန်မြို့နှင့် ပက်သတ်၍ အနည်းငယ် ဆွေးနွေး လိုပါသည်။
ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီပွားရေးမြို့တော် ဖြစ်ဆဲဖြစ်ပြီး ဆက်လက်၍လည်း နိုင်ငံ၏ GDP ကို အဓိက မောင်းနှင်ရာ အချက်အခြာ မြို့တော်ကြီး ဆက်ဖြစ်နေမှာပင် ဖြစ်သည်။ ဒလစီမံကိန်းသည် အနှေးနှင့်အမြန် ပေါ်ပေါက်လာရမည်မှာ အမှန်ပင်ဖြစ်သည်(မကြာသေးခင်ကပင် အစိုးရသည် ဒလစီမံကိန်းနှင့် ပက်သက်၍ တရုတ်ကုမ္မဏီကြီးများနှင့် စကားပြောဆိုဆွေးနွေး လျက်ရှိကြောင်း ကြားမိပါသည်)။ သို့သော် made by china ဒလမြို့တော်ကြီး သို့မဟုတ် New Yangon City ကို ကျွန်ုပ်တို့ အလိုမရှိဘဲ တာဝန်ယူတတ်သော တာဝန်သိသော ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းကြီးများ ပါဝင်တည်ဆောက်သော မြို့တော်ကိုသာ လိုလားသည်၊ ထို့ကြောင့် မြန်မာပြည်သူ အားလုံးအနေဖြင့် ပို၍ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ တိုးတက်သော၊ ချမ်းသာသော နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်ချိန် တန်ပါပြီ လို့ဆွေးနွေးပါရစေ။
တယောက်နဲ့ တယောက် အပြစ်တင်ချင်းထက် ကိုယ်ဘာလုပ်ပေးနိုင်မလဲ၊ သူများကိုရော ဘာလုပ်စေချင်သလဲ ဆွေးနွေးကြတာ ပိုကောင်းမည်ထင်သည်။
အမြင်မတူလို့ ကန့်ကွက်ချင်တယ် ဆိုရင် ကြိုဆိုပါသည် ခင်ဗျား။ မတူတဲ့ အမြင်တွေကို နားထောင်ပေးဖို့ အသင့်ပါပဲ။
အားလုံးကို လေးစားစွာဖြင့်
Comrade
Comrade ဆွေးနွေးလာတဲစစ်ဌာနချုပ် ပျဉ်းမနားမှာထားတာကိုကျနော်ကန့် ကွက်ရန်လုံးဝမရှိပါ။ကျနော်ထောင်မကျခင်ကထည်းက ဗ.မ.က.တင်သန်းဦးပြောပြထားလို့  တိုက်ကြီးမြို့ နားမှာတောင်ကျောတွေ..နတ်မောက်မြို့ နားကတောင်ကျောတွေကို မြောက်ကိုးရီးယားတွေနဲ့စစ်ဆေးနေတာသိထားပါတယ်။နိုင်ငံတခုရဲ့ လုံခြုံရေးကိုတည်ဆောက်တာ ကျနော်ကန့် ကွက်ရန်မရှိပါ။ကျနော်ကိုယ်တိုင်.မ.ဆ.လ.ခေတ်ကတရားဥပဒေဆိုတာရှိပေမဲ့ တရားဥပဒေကိုလုံးဝယုံစားမရလို့ ကျနော်လက်ထဲမှာအရေးဆိုသု့းဖို့  လက်ပစ်ဗုံးတွေဆောင်ထားသူပါ။နောက်ပြသနာနောက်ရှင်းသမားမျိုးပါ။အရေးအခင်းဖြစ်တော့ရန်ကုန်ကဗုံ့းတွေရဲ့ စံနက်တံတွေကို..ကျနော့်ဇသိနေလို့ မိသားစုဝင်တဦးကဖျက်ဆီးထားလို့ သုံးမရခဲ့ပါဘူး။ထားပါ။ဒါပေမဲ့ မူလက ပျဉ်းမနားကိုစစ်ဌာနချုပ်ဘဲပြောင်းရုံ့သက်သက်ပါ။ဝန်ကြီးဌာနတွေလုံးဝမပါပါဘူး။၂၀၀၃-ဒီပဲယင်းအောက်တန်းကျအပြီး.လူကြားမတိုးရဲတော့လို့ ဝန်ကြီးဌာနတွေကိုတက်သုတ်ရိုက်ဆောက်ခိုင်း၂၀၀၅-မှာမပြီးသေးဘဲဇွတ်/ဗေဒင်ညွှန်ကြားချက်တွေနဲ့ ဇွတ်ရွှေ့ ခဲ့တာတော့ခင်ဗျားဝန်မခံလဲ..အားလုံးသိကြပြီးသားပါ။အထဲကနေသူကိုဇွတ်ဝန်မခံခိုင်းသင့်ပါ။ကိုယ်လဲအထဲတုံ့းကအီးတောင်ကျယ်ကျယ်မပေါက်ဝံ့ပါဘူး။(ဆက်ရန်)
ReplyDeleteမြို့ တော်ကိုပျဉ်းမနားရွှေ့ တာတကယ်တော့အမျိုးသားညီလာခံရဲ့ ဆုံးဖြတ်မှုကိုတောင်ယူမထားပါဘူး။ဗိုလ်သန်းရွှေဟာသူရဲ့ ထိပ်ဆုံ့းဦးစားပေးနိုင်ငံရေးပြကွက်ကိုတောင်အရေးမထားသူဆိုတာအလုပ်နဲ့ ပြသွားပါတယ်။သူလုပ်တဲ့ညီလာခံကိုတောင်(-ါ)ဘဲထင်တယ်လုပ်ပြလိုက်တာပါ။ဆောက်လုပ်ရေးကုမ္မဏီတွေသိပါတယ်။၂၀၀၃-ကျမှဇွတ်လုပ်တာပါ။နောက်ပြီးဆောက်လုပ်နေတာကတိုင်းပြည်စီးပွားရေးဘယ်လိုနေနေ တစက်လေးမှအရေးမထားဘဲလုပ်ခဲ့တော့အခုတိုင်းပြည်စီးပွားရေးအဖျားဝင်လာပါပြီ။သူ့ သားသမိးဖျားလာရင်ဘာလုပ်မလဲ။သွားရေးလာရေးအဆင်ပြေတဲ့နေရာကိုယာယီတော့ရွှေ့ မှာပေါ့နော်။ဆေးရုံကောင်းကြိးနီးရာကို.။အခုတိုင်းပြည်ဖျားလာတာကိုတော့ခေတ္တရွှေ့ ကြည့်ဖို့ လိုတယ်လို့ ကျနော်ထောက်ပြတာပါ။ဗေဒင်ကိုယုံတာကိုတော့ကျနော်က လူမှာအစွမ်းအစနဲသူ..ကိုယ်ကိုကိုယ်ပင်ယုံကြည်မှုနည်းနေသူတို့ ရဲ့အလုပ်လို့ဘဲကျနော်မြင်ပါတယ်။ဗေဒင်ဆရာတွေဟာရွှီးနေကြတာများပါတယ်။တိုင်းပြည်အရေးကိုဗေဒင်တွေအပြတ်မဟောရဲကြပါ။လူသန်းငါးဆယ်ရဲ့ ကံကိုဘယ်သူအပေါ်အခြေခံတွက်မှာလဲ။
ReplyDeleteနောက်မနေ့ ညကဘဲ..၉၄-ခုနစ်က-ဒလ မြို့ စီမံကိန်းဆောင်းပါးတင်လိုက်ပါပြီ။အခုအဲဒီဒလမြို့ စိမံကိန်းကိုတရုတ်နဲ့လုပ်ရင် ကျနော်ကတော့ကျနော်လျှို့ ဝှက်လာခဲ့တဲ့..သေနတ်ကျည်ဆံယမ်းထဲ့ပစ်ရတဲ့ယမ်းဂျင်ကလိလုပ်နည်းကိုထုတ်ရှိုးပြိးတိုက်ပွဲစရပါတော့မယ်။အင်မတန်တပ်မတော်သားတွေအတွက်အန္တရာယ်များတဲ့နည်းမို့ ..လျှို့ ဝှက်ထားတာပါ။အယ်ကိုင်ဒါး-တွေသိသွားရင်အင်မတန်ဆိုးဝါးလို့ပါ။ဒီထက်ပိုတဲ့တိုက်ကွက်တွေလဲဖေါ်ဆောင်ပြီးပြည်ထဲရောက်နေတဲ့တရုတ်တွေကိုဆော်ရပါမယ်။ဒါကတော့ ပြတ်ပြတ်သားသားသတိပေးတာပါ။ဒီဂျင်ကလိဟာပစ်ရင်အသံမထွက်ဘူး။မှန်တော့မှအသံထွက်တယ်။မှန်ရင်(ခန္ဒာကိုယ်နော်-)မှန်ရင်ရှင်တာမရှိဘူး။အပြတ်ဘဲ။ခြေသလုံ့းလောက်သရက်ပင်ကျိုးတယ်။နွားနစ်ကောင်ပစ်တာ နေရာတင်ထိုင်သွားတယ်။ဒလမြို့ စီမံကိန်းကိုကျနော်တို့ ဗမာတွေ ကောင်းကောင်းဆောက်နိုင်ပါပြီ။လိုအပ်ရင်ကျနော်တိုင်ပင်ခဲ့တဲ့ထိုင်းနိုင်ငံက-Italian-Thai ကုမ္မဏီကိုအတိုင်ပင်ခံယူရုံပေါ့။တကယ်တော့ဒလမြို့ စိမံကိန်းကိုအစိုးရကကိုင်(ဘတ်ဂျက်ပေါ့)မြန်မာနိုင်ငံသားတွေကိုစတော့ရှယ်ယာခေါ်(STOCK-SHARES) ဖွင့်ပေးလိုက်ရင်.မြန်မာကုမ္မဏီကြီးတွေကို အပိုင်းအလိုက် ခွဲဝေဆောက်ခိုင်းလို့ ရပါတယ်။အင်မတန်ကြီးမားသောစိမံကိန်းကြီးဖြစ်ပါတယ်။.နိုင်ငံသားတွေအလုပ်အကိုင်တိုးလာမယ်။စီးပွားရေးမျက်စေ့လဲပိုပွင့်လာပါမယ်။တရုတ်ကိုပေးလိုက်ရင်..တိုင်းပြည်မီးလောင်သွားစေရပါမယ်..အပြတ်ဘဲ။ဒါတော့အပြတ်ဘဲ။သီးခံနိုင်မှုဆိုတာအတိုင်းအတာရှိတယ်။
နောက်တိုင်းရင်းသားသွေးစည်းညီညွှတ်ရေးကလဲတကယ်တော့ နိုင်ငံတကာ ဥပဒေပညာရှင်ကြီးတွေကိုအတိုင်ပင်ခံထားပြီးညီလာခံလုပ်ပေးမှသာအဆင်ပြေနိုင်ပါမယ်။န.အ.ဖ.ဆွဲထားတာကလဲတဖက်စောင်းနင်းနိုင်လှသလို..ပြည်ပမှာ(လက်နက်ကိုင်အဖွဲ့ တွေဦးစီး)ရေးဆွဲထားတာကလဲ ဒီမိုကရေစီစံနဲ့လွှဲချှော်နေပါတယ်။ဒိမိုကရေစီနိုင်ငံကြီးတွေကပညာရှင်တွေပါမှသာပြေလည်ပါမယ်။ဒီအတွက်ကျနော်မကြာခင်ကျနော်သဘောထားကိုရေးဖို့ ပြင်ဆင်နေပါပြီ။အဖွဲ့ ချုပ်ကဒါကိုလိုင်းတင်လာလို့ ရေးရန်ဆုံးဖြတ်ထားပါတယ်။
ကျနော်ပထမဆု့းဖွဲ့ ခဲ့တဲ့ကုမ္မဏီနံမည်ကတော့( B&C )ပါ။ အရှည်ကတော့ ( Brothers & Comrades )ပါ။ဒါပေမဲ့ ညီအကိုစိတ်မမွေးနိုင်ကြတော့သိပ်အဆင်မပြေခဲ့သလိုမကြာခင်ဘဲကျနော်ပါထောင်ကျသွားပါတယ်။ B&C ကတော့ယနေ့ အထိရှိနေပါသေးတယ်။
ဆွေးနွေးလာတာ ကျေးဇူးတင်ပါတယ်။တပ်မတော်သားတချို့ ရဲ့ ခံစားချက်အရှိအတိုင်းသိရပါတယ်။ဒါပေမဲ့ ထိုင်းနဲ့ စစ်ဖြစ်မလိုဖြစ်ခဲ့တာကိုတော့ တပ်ချုပ်ကြီးအကြောင်းအတွင်းကျကျသိထားရသူအတွက်တော့ ဒါဟာ(ဥပါယ်တမျှင်)လို့ ပြောလိုက်ပါမယ်။ခင်ဗျားတို့ ကိုလေးစားမှုကိုတော့ဒီိအတွက် မလျှော့လိုက်ပါဘူး။သိဖို့ မလွယ်တဲ့ကိစ္စလေ။
လှိုင်မြင့်
အပိုင်း (၁) ရော (၂) ပါ အောက်က ရေးထားတဲ့ မှတ်ချက်တွေကိုပါ အကုန်လုံး ဖတ်သွားပါတယ်။ မသိသေးတာတွေ အများကြီး သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ReplyDeleteအာလူးလာမပေးနဲ့  လေတွေနဲနဲလျှော့
ReplyDeleteတိုင်းပြည်မတိုးတက်တာ အဲဒီလို လူတွေကြောင့်ဘဲ။
ကျုပ်တို့ အားလုံးရဲ့ ဘုံရန်သူက..တရုပ်ပဲဗျ...ခုလိုတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေရှိရက်နဲ့ လူတွေငတ်ပြတ်နေတာ...ပြည်တွင်းစစ်တွေရှိနေတာ...အမြင်ကျဉ်းဗိုလ်ချုပ်တွေအာဏာမြဲနေတာ....စီးပွားကျွန်၊ စစ်ကျွန်၊ ဆင်းရဲမှုကျွန်....အားလုံးအားလုံး...ဒီခွေးမသားတရုပ်တွေကြောင့်ပဲ..။ ခက်တာက အဲဒီတရု့ပ်ကိုပဲ လက်နက်ကိုင်တိုင်းရင်းသားတွေကလည်း..ဖင်ရက်ပေးချင်လို့  အလုအယက်..သံတော်ဦးတင်ချင်နေကြတာ..။ ဗကပ နဲ့ ဗိုလ်ချုပ်တွေ ကလည်း အပြိုင်အဆိုင် ခစားနေကြပြန်ရော...။ ကျုပ်တို့ တိုင်းပြည်ရဲ့ အားလုံးသော ပြဿနာတွေကို မီးမွှေးနေတာ အဲဒီခွေးမသားတရုပ်ဆိုတာကို ပြတ်ပြတ်သားသိဖို့ လိုနေပြီ။
ReplyDeleteသေချာသွားပြီ မောင်လှိုင်မြင့် ရူးနေတာ။ အ ဟက် ဟက် ဟက် ဟက်
ReplyDeleteဆရာလှိုင်မြင့်ရှုးနေတယ်ဆိုရင် မင်းဘာလို့ဖတ်ပြီးအရေးလုပ်ရေးနေစရာလိုသေးတော့လို့ လဲ ။ရှုးနေတယ်ပြောပြီးဖတ်နေသူ ကိုယ်ကိုကိုပြန်ကြည့်ပါအုံး။ ရှုးမရှုးသေချာအောင်သူရေးထားတဲ့ အုတ်ကျင်း-မာလာမြိုင်-၆-လမ်းကလူကိုသွားမေးရင် မမှန်ရင်ရှုးနေတာဖြစ်နိုင်တယ်။အရှုးက-နံပတ်တွေမှန်အောင်မပြောနိုင်ဘူး။သွားမေးကြည့်ပါလား။
ReplyDelete