Pages

Tuesday, June 28, 2011

မနေ့က မန္တလေး ကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ သတင်း....

 ဓာတ်ပုံ ကိုအောင်ရှင်
ဒီနေ့ ၂၇.၆.၂၀၁၁ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေးထဲမှာ ဖြစ်ပွားခဲ့တာပါ။ ကျောက်ပွဲစားတစ်ယောက်ကို လည်ပင်းညစ်ပြီး ၀ိုင်းထိုးတာပါ။ အဖြစ်အပျက်က ဒီလိုပါ

ကိုမောင် (အမည်လွှဲ)က အဲဒီ တရုတ်တွေဆီမှာ ကျောက်ပြခဲ့ပါတယ်။ ကြိုက်ဈေးမရလို့ ဖြုတ်ခဲ့ပါတယ်။ နောက်ဝယ်လက် တစ်ယောက်ကို ပြတော့ ပိုပေးလို့ ရောင်းလိုက်ပါတယ်။ အဲဒါကို မကျေနပ်လို့ သူတို့ထိုင်တဲ့ အခန်းရှေ့ ဖြတ်သွားတော့ အခန်းထဲကို ခေါ်ပြီးတော့ တစ်ယောက်က လည်ပင်းညစ်ပြီး ကျန်လေးယောက်က ၀ိုင်းထိုးတာပါ။ အဲဒါကို မကျေနပ်တဲ့ အတွက် ဘေးမှာ ရှိတဲ့ မြန်မာတွေက အခန်းထဲဝင်ပြီးတော့ ပြန်ရိုက်ပါတယ် ဖန်ခွက် တွေနဲ့ ၀င်ရိုက်လို့ တရုတ်နှစ် ယောက်ကတော့ တော်တော်လေး ဒဏ်ရာရသွားပါတယ်။ အခန်းပိုင်ရှင်က အခန်းတံခါး တွေ အပိတ်မြန်သွားလို့ သက်သာသွားတာပါ။ အခန်းတံခါးပိတ်သွားတော့ ကျောက်ခဲတွေနဲ့ ဆက်ထုပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ကျောက်ဝိုင်း တစ်ဝိုင်းလုံးနီးပါး ရောက်လာပါတယ်။

အခန်းကို ၀ိုင်းထားတဲ့ လူအုပ်ကြီးက တော်တော် များပါတယ်။ ၄၀၀ကျော်လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ ရဲတွေရောက်လာပါ တယ်။ ရဲတွေ ၀င်တားပါတယ် မရပါဘူး။ မြို့နယ်မှူး ကိုယ်တိုင်လိုက်လာတာပါ မရပါဘူး။ နောက် တော့ရဲမှူးကြီးရောက်လာပါတယ်လို့ ပြောပါတယ။် လူတွေကွယ်နေလို့ မမြင်လိုက်ရပါဘူး။ နောက်တော့ ရဲတွေက ကားတွေနဲ့ ထပ်ရောက်လာပြီး တရုတ်တွေကို ခေါ်ထုတ်သွားပါတယ် တရုတ် တစ်ယောက်ကို ရဲလေးယောက်က ဒိုင်းနဲ့ကာပြီး ခေါ်ထုတ်သွားပါတယ် တစ်စီးကို နှစ်ယောက်တင်သွားတာပါ။ အဲချိန်မှာ နိုင်ငံတော် သီချင်းကိုဆိုပါတယ် ပြီးတော့ မြန်မာတွေ ခေါင်းငုံမခံဘူးကွ ဆိုပြီးတော့ ခဲနဲ့ထပ်ထုပါတယ် ရဲတွေ လိုက်တော့ လူအုပ်ခွဲပါတယ် ပြီးတော့ လူပြန်စုပါတယ်။ နောက်တော့ သူတို့တွေကို ခေါ်ထုတ်သွားနိုင်ပါတယ်။

ရဲတွေခေါ်ထုတ်သွားပြီးတော့ အရှိန်မသေသေး တဲ့ လူအုပ်ကြီး အခန်းကို ဖျက်ဆီးလိုက်ပါတယ်။ အဖြစ်အပျက် က ၄ နာရီကျော်ကြာပါတယ်။ နေ့လည်တစ်နာရီကျော်တဲ့အထိ လူအုပ်မကွဲသေးပါဘူး။ အပေါ်မှာပြောပြခဲ့တာတွေက သိစေချင်ရုံပါ....။ ကျွန်တော်ပြောချင်တာက အခုလိုအဓိကရုဏ်း ဖြစ်ရတဲ့ အကြောင်းရင်းတွေကိုပါ......

လွန်ခဲ့တဲ့ ၄ နှစ်က ၀ိုင်းထဲမှာ တရုတ်တွေ မရှိဘူး။ နောက်ပိုင်း တရုတ်တွေ ရောက်လာပါတယ်။ သူတို့ ရောက်စက ထိုင်စရာအခန်းတောင် မရှိပါဘူး။ သူတို့ကို ရောင်းတဲ့လူလည်း မရှိပါဘူး။ သူတို့ကပစ္စည်း တန်ဖိုးထက် ဈေးပိုပေးပြီးဝယ်လာပါတယ်။ အဲဒီအချိန်မှာ မြန်မာလူမျိုးတို့ထုံးစံအတိုင်း သူတို့ကိုအခန်းထဲကို ခေါ်ထိုင်ခိုင်းပါတယ်။ ပထမတော့ အခန်းပိုင်ရှင်တွေ ကတရုတ်တွေဝယ်ရင် ရောင်းတဲ့လူဆီက မုန့်ဖိုးဆိုပြီးတော့တောင်းပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် မှတ်မိသလောက်တော့ တရုတ်တွေ ရောက်လာပြီး ၇လလောက်အကြာမှာ မြန်မာ ၀ယ်လက်တွေ မရှိသလောက် ရှားသွားပါပြီ။


တရုတ်တွေ ဈေးပေးရင် တန်ဖိုးလျှော့ ပြီးပေးလာပါတယ်။ အခန်းပိုင်ရှင်တွေက သူတို့အခန်းက တရုတ်က ကျောက်ဝယ်ရင် ရောင်းရငွေရဲ့ ၂% ဖြတ်လာပါတယ်။ ဖြတ်ယုံတင်မကဘူး တရုတ်တွေက ကလိမ်ကကျစ်လုပ်ရင် ခေါင်းရှောင်ပါတယ်။ တရုတ်တွေက ဈေးပေးလို့ ပွဲစားက ကျောက်အပ်ထားပြီး ပိုင်ရှင်ကိုသွားမေး ပိုင်ရှင်က ရောင်းဆိုတော့ ပွဲစားကပစ္စည်းအပ်ပြီဆိုတော့မှ တရုတ်တွေ က ကျောက်ကိုမယူတော့တာတွေ လုပ်လာပါတယ်။အဲဒါ ခဏခဏ ပြသာနာ ဖြစ်လာပါတယ်။ အဲ့လိုတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ပွဲစားတစ်ယောက် ထောင်တစ်နှစ်ကျသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပွဲစား တစ်ယောက် က ကျောက်တွေသွားပြတော့ မြန်မာငွေ မပါလို့ တရုတ်ငွေ ၂၀၀၀၀ ပေးပါတယ် ပွဲစားက ပစ္စည်းအပ်တော့ မယူတော့ပါဘူး။ ပထမက နစ်နာကြေး မြန်မာငွေ ၂၀၀၀၀ ဘဲပေးပါတယ်။ နောက်အကျိုးဆောင် ကော်မတီက ကြားဝင် ညှိပေးလို့ ၂သိန်းခွဲနဲ့ ပြီးသွားတာပါ။

အခုလို ဖြစ်လာတော့ တရုတ်တွေ အကုန်ပြန်ပြေးသွားပါတယ်။ ၀ိုင်းထဲမှာ ၀ယ်မယ့်လူ မရှိတော့ပါဘူး။ ကျောက်သမားတွေ ဘာဆက်လုပ်ရမှာလဲ။ သူတို့အပေါ်မှာဘဲ မှီခိုရမှာလား။ သူတို့ မရှိရင် ဆက်လုပ်လို့မရတော့ဘူးလား။ အခု လောလောဆယ်တော့ သူတို့မရှိရင် လုပ်လို့ မရပါဘူး။ အရင်တုန်းကတော့ ထိုင်းဝယ်လက်တွေ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ ကိုယ်ပိုင်တဲ့မြေမှာ ကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ့်စိတ်ကြိုက် ရောင်းချလို့မရတာ ဖြစ်သင့်ပါသလား။ ကျွန်တော့်တို့ဆီမှာ ဝယ်တဲ့သူ သူတို့ပဲရှိတယ်ဆိုပြီး လုပ်ချင်သလိုလုပ်နေတာကို ငြိမ်ခံနေသင့်ပါသလား။ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက်ရတနာတွေကို ဝယ်တာ တရုတ်ပဲဖြစ်နေတဲ့ကိစ္စမျိုးမှာ ဘယ်သူ့တွေမှာ တာဝန်ရှိပါသလဲ။

ပိတ်ဆို့ခံထားရတဲ့ နိုင်ငံလား?? ပိတ်ဆို့တဲ့ နိုင်ငံမှာလား?? ကြာရင် မြန်မာလူမျိုးတွေပိုင်တဲ့ မြန်မာနိုင်ငံဆိုတာ ပျောက်သွားနိုင်ပါတယ်။ အခုအချိန်မှာ အစိုးရရော ပြည်သူတွေရော စီးပွားရေးသမားတွေရော အားလုံးပူးပေါင်းပြီး အဖြေရှာပြီး ပြုပြင်သင့်ပါပြီခင်ဗျာ….။

ဆူပါဟီးရိုးရဲ့ မေးလ်ထဲ ရောက်ရှိလာတဲ့ သတင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်...။ နောက်ဆက်တွဲ သတင်းအရ အဆိုပါ တရုတ်ပြည်ကြီးမှ ခေတ္တဗီဇာဖြင့် ရောက်ရှိလာသူ တရုတ်လူမျိုး ၆ဦးအား ပြန်လည် ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်..။ ရင်းမြစ်ရဲ့ အဓိကတရားခံကတော့ အာဏာရှင် နအဖမှတပါး အခြားမရှိပြီ...

11 comments:

  1. စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာကျောက်ကုန်သယ်တွေ အနောက်နိုင်ငံတွေကို မရောင်းချရတော့ အာရှလူလည်ကြီး တရုပ်က မြန်မာဈေးကွက်ကို အပိုင်စီးပြီး လူလည်လုပ်ယုံတင် အားမရတော့ မိုက်ရိုင်းစော်ကားဖို့ပါ လုပ်လာတော့တယ်။မိုက်ရိုင်းစော်ကား နေတဲ့ပြည်မကလာတဲ့ တရုပ်တွေကို ရိုက်စရာရှိတာ ရိုက်ကြ သတ်စရာရှိတာ သတ်ကြ။(စီးပွားပိတ်ဆို့မှုဟာ စစ်အစိုးရကိုသာ ရည်ရွယ်ပြီး ပိတ်ဆို့တာကြောင့် ပြည်သူလူထုကို မထိခိုက်ပါဘူး။)(ဦးဝင်းတင်ရဲ့ ပြောဆိုချက်ပါ)(ပုံ Army)

    ReplyDelete
  2. ဒါကတော့ စီးပွါးရေးသမား အချင်းချင်းဖြစ်တဲ့ ပြသာနာ ဆိုတော့ လူမျိုးရေးဘက်ကို ဦးတည် မသွားသင့်ပါဘူး။

    တို့နိုင်ငံမှာ လိုအပ်နေဒါက တော်လှန်ရေး အစစ်အမှန် (စစ်မူဝါဒ ကို တော်လှန်ဖယ်ရှားတဲ့ တော်လှန်ရေးမျိုး)။

    စီးပွါးရေးသမား အချင်းချင်းဖြစ်တဲ့ ပြသာနာနဲ့ အပြစ်မရှိတဲ့ မြန်မာနိုင်ငံမှ တရုတ်ပဲဖြစ်ဖြစ် တခြား ဘယ်လူမျိုးပဲဖြစ်ဖြစ် မနစ်နာစေချင်ပါဘူး။

    ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိဒါက တစ်ဦးရဲ့ အခြေခံအခွင့်အရေးကို တစ်ဦးက ကာကွယ်ပေးဖို့ ဆိုဒါပါ။ တစ်ဦးအပေါ်တစ်ဦး နားလည်ပေးဖို့။ တစ်ဦးကိုတစ်ဦး လေးလေးစားစား ရှိဖို ဖြစ်ပါတယ်။

    လိုအပ်နေဒါက တရုတ်ဆန့်ကျင်ရေး မဟုတ်ပါ။ စစ်မူဝါဒ ဖယ်ရှားရေးပဲ ဖြစ်ပါတယ်။

    ReplyDelete
  3. ယခုလော်လော်ဆယ်မှမှာတော့တရုပ်ဝယ်လက်မရှီပေ့မဲ့ ဒီအတိုင်းဘဲနေပါ မြန်မာပြည်ကအရည်အသွေးမျိုးဘယ်မှာမှာ့ရှာလို့မရနိုင်ပါ မြန်မာပြည်ကမဝင်ယင်တရုပ်ပြည်တွင်းဈေးလဲတက်မှာပါဘဲ နောက်တစ်လလောက်ဆိုယင်ဒီမှာဘဲလာဝယ်ရမှာပါဘဲ ကိုယ်ရောင်းကုန်ကိုကိုယ်ဈေးကွက်ဖြစ်အောင် အချင်းချင်းစည်းစောင့်သင့်သည်ဟုယူဆပါတယ်

    ReplyDelete
  4. ပြောလိုက်ရင် တော်လှန်ရေး လုပ်ဖို့ ချဉ်းဘဲ။ လေဘဲများတာ။ ပိုက်ဆံမရှာတတ်ဘူး။ ဒီမိုကရေစီ လူအခွင့်အရေး ပြောရင် ပိုက်ဆံရမှန်းသိတော့ ဒါဘဲတွင်တွင်ပြော အထောက်အပံ့လေးတော့ ရပါရဲ့  တော်လှန်ရေး လုပ်ဖို့ ပိုက်ဆံ မရှိတော့ အမေရိကန် ပေးသမျှယူရတယ်။ အမေရိကန် ဆီက ပိုက်ဆံယူရတော့ အမေရိကန် လုပ်သမျှ ခိုင်းသမျှ လုပ်ရတယ်လေ။ အစိုးရ ဆန့် ကျင်ရေး လုပ်နေသူတွေထဲမှာ အမေရိကန်ကိ ပွင့်ပွင့်လင်းလင်း ဝေဖန်ရဲတာ ဘယ်သူရှိလဲ?

    ReplyDelete
  5. ရတနာဝယ်တာ တရုပ်တစ်ခုထဲရှိတာ မဟုတ်။ လိုချင်လွန်းလို့  လာဝယ်လိမ့်မယ်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ကျောက်မျက်အထူးရောင်းချပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝဝဝ ခန့်သာ ရောင်းချခဲ့ရာမှ ပြီးခဲ့သည့် မတ်လ အတွင်းက ကျင်းပသွားသည့် ၄၈ ကြိမ်မြောက် ကျောက်မျက်ရတနာရောင်းပွဲမှာ အမေရိကန်ဒေါ်လာ သန်း ၂၄ဝဝ ခန့်ရရှိခဲ့တယ်လို့  သိရတယ်။ ဇူလိုင်လထဲ ပြုလုပ်မဲ့ ကျောက်မျက်အထူးရောင်းချပွဲကို တက်ရောက်မည့် ကုန်သည်များက ကြိုတင်ဘွတ်ကင် လုပ်ထားသောကြောင့် နေပြည်တော်ရှိ ဟိုတယ်များ အခန်းလွတ် မရှိတော့ပါကြောင်း သိရတယ်။

    ReplyDelete
  6. ရှင်းရှင်း ရိုင်းရိုင်းပြောရရင်တော့ အိမ်ခွေး (မြန်မာအစိုးရ) မကောင်းတော့ ဧည့်ခွေး (တရုတ်ပြည်မကြီးက လာတဲ့ တရုတ်) က ဗိုလ်ကျတာကို ခံရတာပါဘဲ။

    မြန်မာအစိုးရက မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ အကာအကွယ် မပေးနိုင်တော့ တိုင်းတပါးသားရဲ့ ဗိုလ်ကျ စိုးမိုးလာမှု့ကို တစတစပြန်လည် ခံစားလာရပီလို့ မြင်မိပါတယ်။

    ကိုလိုနီခေတ်ကို တကျော့ပြန်နေပီလား လို့လဲ မေးခွန်းထုတ်စရာပါဘဲ။

    ရင်လေးစရာ အနာဂါတ်ပါ။

    အိမ်ခွေး (မြန်မာအစိုးရ) မကောင်းတော့ ဧည့်ခွေး (တရုတ်ပြည်မကြီးက လာတဲ့ တရုတ်) က ဗိုလ်ကျတာကို ခံရတာပါဘဲ။

    ReplyDelete
  7. မှန်၏။

    အိမ်ခွေးက ဧည့်ခွေးကို အမြီးနှံ့ပြီး ပင့်ခေါ်လာလို့ ဖြစ်လာတဲ့ ပြသနာပါ။



    အိမ်ခွေး = တိုင်းပြည်နှင့် လူမျိုးအတွက် လုံးဝ ထည့် မစဉ်းစားပဲ တိုင်းပြည်ကို အောက်ဈေးနှင့် တရုတ်ထံ ရောင်းစားနေသော မြန်မာအစိုးရအမည်ခံ ကိုယ်ကျိုးရှာ ဘနဖူးသိုက်တူး စစ်ခေါင်းဆောင်များ

    ဧည့်ခွေး = စီးပွားရေးသမားပီပီ စီးပွားရေးမျက်စေ့သာရှိသော တရုတ်နိုင်ငံသားကုန်သည်များ

    ReplyDelete
  8. ၁လဗီဇာနဲ့ ရောက်လာတဲ့ ကျောက်ဝိုင်းက ဖမ်းထားတဲ့ တရုတ်နိုင်ငံသား ၆ဦးကို ပြန်ပို့လိုက်ပြီလို့ ဆိုပါတယ်။ ဘာမှ အရေးမယူတဲ့ အတွက် မန္တလေးသားတွေ မကျေနပ်ကြပါဘူး ကွန်မြူနစ်တရုတ်အားကိုး သေချင်းဆိုးနအဖကို ကိုးကွယ်နေတဲ့ ဟိုးအပေါ်ကတစ်ယောက် ရတနာရောင်းတဲ့ငွေတွေ ဘယ်မှာလဲ နေပြည်တော်မှာ ဟိုတယ်အခန်းပြည့်တာ မင်းနဲ့ဘာဆိုင်လဲ မင်းမြန်မာနိုင်ငံသား မဟုတ်ဘူးလား

    ReplyDelete
  9. ကျီန်တော်တို့အခုပြောနေတာက မန္တလေးက ကျောက်ဝိုင်းမှာဖြစ်တဲ့ ပြသနာအကြောင်းပါ ဟိုအပေါ်ကလူက အမေရီကန်ကိုဝေဖန်ခိုင်းနေတယ် ညောင်းဦးကမ်းပါပြီုတာ ဟန်သာဝတိကနွားမပေါင်ကြီုး သလို ဖြစ်နေတယ် လာလာမှမသက်ဆိုင်
    ပြီးတော့ အမေရီကန်ပေးသမျှယူနေတယ်လို့လဲပြောတယ် ဘယ်လောက်ပေးလို့ ဘယ်လောက်ယူတယ် ဆိုတာကောပြောမပြတော့ဘူးလား သီရင်ပေါ့ သိမှာလဲမဟုတ်မှာဘူး မြန်မာအစီုးရတရုပ်(မြက်ရစ်မရှိတဲ့လူ)တွေဆီက ယူတာတော့သီတယ်ခင်ဗျ တ၇ုပ်ကသန်းသန်းကိုအတိုးမဲ့ ချေးထားတာ ဒေါ်လာ2သန်းလို့ကြာပါတယ်
    ဟုတ်သလားခင်ဗျာ သီရင်ဖြေပေးပါ
    ပြောရဦးမယ် မင်းတို့တွေ ရေးနေတဲ့ကော့မတ်တွေကိုလိုက်ဖက်ကြည့်တယ်
    တခြားနေရာတွေမှာကော ဒီလိုတွေဘဲ ရေးနေတာတွေ့ရတယ် သင်တန်းများပေးထားရော့သလား မင်းတီု့၇ဲ့ကိုယ်ပိုင်ဦးနှောက်ကမရှီတော့ဘူး
    ရီူင်းသွားသလား ဆိုး ဆော်ရီး(so sorry) မသီမှာဆိုးလို့ မြန်မာလိုပါရေးပေးတယ်နော် ငါကငပေါ တယောက်ပေါ့ကွာ ဒါပေမယ့် မင်းတုီ့ ကပြိတ်တာ လေးတွေလေ သူများ စိတ်ဆင်ရမှထမင်းစားရတဲ့ကောင်တွေဆိုတော့လေ
    for ကြံ့ဖွံ့နှင့်စစ်ဗီုလ်မျာ

    ReplyDelete
  10. မြန်မာပြည်ရဲ့ဒုတိယမြို့တော်ဟာ တရုတ်ပြည်ရဲ့ ပြည်နယ်တခုလို ဖြစ်မှန်းမသိဖြစ်လာနေပါပြီ၊ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ သတိရှိကြရတော့မှာပါ။အခု ဒီလိုပြသနာ ဖြစ်လာတဲ့ အတွက် ကျနော်တော့ ဆိုကြိုတယ်ဗျာ.လူတွေရဲ့ရင်ထဲကို တရုတ်ကိုလိုနီ ဆန့်ကျင်ရေး မျိုးစေ့ ချပေးလိုက်သလိုဖြစ်သွားပြီ။မျိုးစေ့ဆိုတာ တနေ့ထက်တနေ့ ကြီးထွားလာမှာ အမှန်ဘဲ။တနေ့သော အချိန်မှာ မြန်မာ-တရုတ် အဓိကရုန်းကြီး ဖြစ်မလာဘူးလို့ ဘယ်သူပြောနိုင်သလဲ...။

    ReplyDelete
  11. ကောင်းလိုက်တာ.. ထင်သာမြင်သာရှိ..ပွင့်လင်းရိုးသားမှု ရှိတယ်ဆိုတော့.. အချက်အလက်တွေအကုန်လုံး အွန်လိုင်းက ဆွဲယူယုံပေါ့.. အသုံးမကျ ခွေးချေးစားတွေကတော့.. ကိုယ့်နိုင်ငံတော်ကြီး တရုပ်ကြီးစီက ငွေဘယ်လောက်ချေးလဲ..ဘယ်နေရာတွေမှာသုံးသလဲ. .ဘယ်ဌာနတွေ အတွက်လဲ..ဖြတ်စားတဲ့ သူတွေရှိသလား..စသဖြင့် ပြည်သူလူထုကို အသိမတေးတဲ့ စောက်ကျင့်ရှိတဲ့အစိုးရကို ဟီလေးဟားလေး တခဲနက် နောက်ကထောက်ခံ နေပြနေတာကတော့.. ရှက်စရာ နဲနဲ ကောင်းနေသလားလို့ပါ..

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။