Pages

Wednesday, June 22, 2011

ဇွန်လ(၁၇)ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ မှားယွင်းဖော်ပြချက်များနှင့် ပတ်သက်၍ လိုင်ဇာမြို့ သတင်းထုတ်ပြန်ရေးဋ္ဌာန၏ ဖြစ်ရပ်မှန်အား သတင်းထုတ်ပြန်ချက်နှင့် ကလိုထူးဘော အခြေပြစစ်ဗျူဟာ ဒီကေဘီအေ၏ သဘောထားထုတ်ပြန်ချက်..

KIO Response
ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှတိုက်ပွဲဝင်လာမှုအပေါ်.. ကလိုထူးဘော အခြေပြစစ်ဗျူဟာ ဒီကေဘီအေ၏ သဘောထားထုတ်ပြန်ချက်..
ပေးပို့ပေးတဲ့ ကလိုထူးဘော... အားကျေးဇူးတင်ပါသည်..။

3 comments:

  1. တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာ ယခင်အတွေ့ အကြုံများအရ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး။ စားပွဲမှာထိုင်ပြီး ဆွေးနွေး နေရုံနဲ့လည်း ဖြစ်မလာနိုင် ပါဘူး။ ပထဝီ အနေအထားအရ ရေခြား မြေခြားဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေကို တစ်ဆက် တစ်စပ်တည်း ဖြစ်သွားအောင် ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးရပါမယ်။ တံတားတွေ ဆောက်ပေးရပါမယ်။ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း တွေ မြှင့်တင် ပေးရပါမယ်။ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွား ဘဝတိုးတက် မြင့်မားလာအောင် စီးပွားရေး အခြေခံ ကောင်းတွေ ပြုလုပ်ပေး ရပါမယ်။ ဒီလမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေကို အသုံးချပြီး တိုင်းရင်းသား တွေရဲ့ လူမှုဘဝ မြင့်မားလာအောင် မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ မော်တော်ကား လမ်းတွေ၊ မီးရထား လမ်းတွေ၊ တံတားတွေ များများဖြစ်ပေါ် လာတာနဲ့အမျှ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်သွယ် သွားလာမှုတွေ များပြားလာပြီး ''တွေ့ပါများတော့ ရင်းနှီး၊ မြင်ပါများတော့ ချစ်ခင်'' ဆိုသလို တိုင်းရင်းသား အချင်းချင်းချစ်ခင် ရင်းနှီးမှုတွေ ပိုမိုရှိလာမှာ ဖြစ်ပါတယ်။ ယခုလို ရုပ်ပိုင်းဆိုင်ရာ သာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရဲ့ အခြေခံဖြစ်တဲ့ စစ်မှန်တဲ့ မျိုးချစ် စိတ်ဓာတ် ဖြစ်သော ပြည်ထောင်စု စိတ်ဓာတ်ထွန်းကား အောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    (နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်း (၃၀-၃-၂၀၁၁)မှ)

    ReplyDelete
  2. ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း (၁၂) မှာ လုပ်ထုံး လုပ်နည်းများနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင် တဲ့ အခွင့်အရေး ပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုမူ ပြောဆိုခြင်း မပြုကြဖို့၊ ကိုယ့်နိုင်ငံသားတွေ ထိခိုက် နစ်နာအောင် မပြုလုပ်ကြဖို့ လိုအပ်ပါတယ်။

    မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွား အတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း ကျနစွာဖြင့် ရယူကြမယ် ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာ ဖြစ်ကြောင်း အသိပေး ပြောကြားအပ်ပါတယ် ခင်ဗျား။

    (နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်း (၃၀-၃-၂၀၁၁)မှ)

    ReplyDelete
  3. "KIA တပ်ဖွဲ့များက ခြိမ်းခြောက်ခြင်း၊ စတင် ပစ်ခတ်တိုက် ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည့် အတွက် မိမိတပ်မတော် စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက်ခဲ့ရ။ မတူညီသည့် သဘောထား အမြင်များ ရှိကြမည်ဖြစ်သော် လည်း နိုင်ငံနှင့်ပြည်သူ၏ အကျိုးစီးပွား အတွက် တူညီသည့် ကိစ္စများတွင် ပူးပေါင်းဆောင် ရွက်ခြင်း၊ ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ရွေးကောက်ပွဲ တွင်ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်း လမ်းတကျ ရယူခြင်းများ ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆို နေမည်ဖြစ်ကြောင်း တရားဝင် အသိပေး ပြောကြားထားပြီးဖြစ်။ မိမိ တပ်မတော်သားများနှင့် မိမိနိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ် စီမံကိန်းအား ကာကွယ် စောင့်ရှောက်လိုသည့် ရည်မှန်းချက် တစ်ခု တည်းဖြင့် ဆောင်ရွက်ခဲ့ ခြင်းသာဖြစ်ပြီး အခြားသော ရန်လို ဖိနှိပ်တိုက်ခိုက် လိုသည့်ရည်ရွယ်ချက်များမရှိ။"

    ဇွန်လ(၁၈)ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖြစ်ပါသည်။ အပြည့်အစုံကို ဖတ်ခြင်ရင်တော့ အောက်ကလင့်ခ်မှာ ဖတ်နိုင်ပါသည်။

    http://www.scribd.com/doc/58457107/2011-06-18-NLM-KIA

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။