Pages

Saturday, June 25, 2011

အဘမင်းသိင်္ခ (၇၃) အမှတ်တရ...

အဘမင်းသိင်္ခ (၇၃) အမှတ်တရ
၂၅.၆.၂၀၁၁ (စနေနေ့)၊ နံနက် (၉း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာ အတွင်းရှိ သန္တိသုခသာသနာ့ဗိမာန်တော်ကြီး၌ ကွယ်လွန်သူ အဘဒေါက်တာ မင်းသိင်္ခ၏မွေးနေ့ (၇၃) နှစ်မြောက်အမှတ်တရပွဲနှင့် ပညာသင်ထောက်ပံ့ပွဲ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေပေးအပ်ခြင်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားတွင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ အဘ မင်းသိင်္ခ၏ တပည့်ရင်းမှ ၀ိဇ္ဇာအပေါင်းတို့အား ပင့်ဖိတ် ၍ အဘမင်းသိင်္ခအား သတိရအောက်မေ့ခြင်းအဖြစ် (၂) မိနစ်ခန့် ငြိမ်သက်ခဲ့ကြပြီးနောက် အဘ ဆရာကြီး မင်းသိင်္ခ၏ ကျေးဇူးတရားများအား ရည်စူးကန်တော့ခဲ့ကြသည်။ ထို့နောက် ရာမ ဦးအုန်းမောင် မှ ကန်တော့ရခြင်း၏ ရည်ရွယ်ချက်နှင့် ခင်ပွန်းကြီးဆယ်ပါး၏ ဂုဏ်ကျေးဇူးများကို မမေ့မလျော့ခြင်းသည် အကျိုးထူး အကျိုးမြတ်များ ရရှိခံစားရမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဘဆရာကြီးမင်းသိင်္ခနှင့် ပတ်သက်၍ အမှတ်တရ စကားပြောကြားခြင်းနှင့် အဘ ဆရာကြီးမင်းသိင်္ခသည် ရုပ်ခန္ဓာ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ အနီးအနားတွင် အစဉ်ထာဝရ ရှိနေသကဲ့သို့ ခံစားမိကြောင်း ပြောကြားခဲ့သည်။ အဘ ဆရာကြီးမင်းသိင်္ခ၏ တပည့်ရင်း ဆရာ/မများမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁) သိန်းကျပ်၊ ဆရာမ ချစ်စုသွယ်မှ (၅) သောင်းကျပ် စုစုပေါင်း အလှူငွေကျပ် ၁၅၀၀၀၀/- (တစ်သိန်းငါးသောင်း) ကျပ်တိတိအား လှူဒါန်းခဲ့ရာ ဥက္ကဌ ဦးကျော်သူမှ လက်ခံရယူ သာဓုခေါ်ဆိုခဲ့ပါသည်။

အမှန်တရားရဲ့ အခြားတဖက်ဟာ အမှားမဟုတ်ဘူးနော် … အခြားသော အမှန်တရားတစ်ခုသာ ဖြစ်တယ်။ (မင်းသိင်္ခ)

ကွယ်လွန်သူ နိုင်ငံကျော် စာရေးဆရာ၊ ဗေဒင်၊ လက္ခဏာပညာရှင် ဆရာကြီးမင်းသိင်္ခရဲ့(၈၈) အရေးအခင်းအတွင်း လူထုဟောပြောပွဲ တစ်ခုက အသံဖိုင်ပါ။ အားလုံးနားဆင်နိုင်အောင် ပြန်လည်တင်ပြလိုက်ပါတယ်။ ဆရာကြီးရဲ့ ဇဝနဥာဏ်နဲ့ ရဲရဲတောက် ဟောပြောချက်တွေကို နားထောင်ကြည့်ကြပါဦး.....။

2 comments:

  1. လူတွေကသင်္ကန်းရောင်တွေဘာလို့ပါတ်ထားကြတာလည်းဆရာကြီးက ဘိုးတော်ဖြစ်သွားလို့လား ထိုင်ခုံမှာဘုန်းကြီးနဲ့လူတတန်းတည်းထိုင်နေပြီးဟိုဆံပင်ဖြူဖြူနဲ့ပုဂ္ဂိုလ်ကဘုန်းကြီးထက်ပိုသာနေလို့အလယ်ကထိုင်နေတာလား မေးစရာတွေချည်းပါ ဆရာကြီးမင်းသိင်္ခကိုတော့လေးစားပြီးသားပေမယ့်အခြားလူတွေပေါက်ကရလုပ်နေတာတော့ မဟုတ်တာတွေ အမှားတွေကိုအမှန်ထင်အောင် ထင်ပေါ်နေသူတွေက လုပ်ပြနေသလိုပဲ ကုလားဘုန်းကြီးတုန်းကလည်း သက်ကြားရွယ်အိုတွေဖင်ကောက်ကောက် တင်ကြီးကြီးနဲ့အရာရှီကတော်တွေကအစ ကွေးနေအောင်လှုပ်နေကနေကြတာမျိုး မမှားစေချင်ဘူးဗျာ ကိုဒီမိုလည်းခင်ဗျားကိုလေးစားပါတယ်စီစီစစ်စ်စ်တော့ လုပ်ပေးပါဦး

    ReplyDelete
  2. မင်းသိင်္ခရဲ.အသံဖိုင်ကိုနားထောင်ကြည်.ရုံနဲ.တင် သူ.ရဲ.ဗေဒင်ဟောကိန်းတွေဟာ လက်တွေ.နဲ.ဘယ်လောက်ကွာနေတယ် မှားယွင်းနေတယ်ဆိုတာ၂၃နှစ်ဆိုတဲ.အချိန်ကာလကြီးကသက်သေပြနေပါပြီ။ဒါကြောင်.မင်းသိင်္ခကိုကိုယ်းကွယ်ရင်ရတနာသုံးပါးအပြင်ဖက်ရောက်သွားပြီးအနည်းဆုံးတော.သရဏဂုံ ငြိုးနွမ်းမယ်။အမှန်တရားရဲ.တခြားတဖက်မှာတခြားအမှန်တ
    ရားရှိမရှိတော.မသိပါ နိဗ္ဗာန်ရဲ.တခြားတဖက်မှာတော.ဒိုင်ဗင်ထိုးပြီးဇောက်ထိုးဆင်းရမဲ.အပါယ်လေးပါးသာရှိနေပါတယ်။ဒါကြောင်.မင်းသိင်္ခကိုအတုလိုက်ပြီးကျင်.ကြံမိရင်တော.....မတွေးဝံ.စရာမို...မြင်.မြတ်သည်.နှလုံးသားပိုင်ရှင်ကိုကျော်သူအားမေတ္တာများစွာဖြင်.ပန်ကြားနေရခြင်းဖြစ်ပါသည်။
    ဤစကားတွေသည်အမှန်ဖြစ်ပါသည် ဤမှန်သောသစ္စာစကားကြောင်.အနာဂါတ်မြန်မာပြည်ကြီးဒီ
    မိုကရေစီအပြည်.အဝရရှိပြီးမြိုင်ရာဇာစုတ်ဖွားတို.လွှမ်းမိုးမှုမှကင်းဝေးပါစေသတည်း...........။
    vvk,mergui.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။