Pages

Tuesday, June 28, 2011

အညတရ သူရဲကောင်း ဆု အတွက်စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ပွဲ အခမ်းအနား

အညတရ သူရဲကောင်း ဆု အတွက်စကား ၀ိုင်း ဆွေးနွေးဖလှယ်ပွဲ နှင့် ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ပွဲ အခမ်းအနား
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ဒုတိယအကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ရေးအတွက် အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီမှလစဉ်ပုံမှန် အစည်းအဝေးနှင့် စကားဝိုင်း ဆွေးနွေးဖလှယ်ပွဲအား တိုကျိုမြို့ မီနာမိအိုဆုကာခန်းမ ၃တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိုးသောက်ကြယ်စာကြည့်တိုက်မှ တာဝန်ခံ ကိုစိုးဝင်းရှိန်နှင့် မိုးသောက်ကြယ် စာကြည့်တိုက် အဖွဲဝင်များမှ အလှူငွေ ယန်း၇သောင်းတိတိအား အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အညတရ သူရဲကောင်းဆု ကျင်းပရေးကော်မတီအမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမင်းထက်ဇော်မှ ကျေးဇူးတင် အမှာစကားပြောကြားပြီး စာနာဂုဏ်ပြုမှုမှသည် တစ်မျိုးသားလုံး လွတ်မြောက်မှုဆီသို့ ခေါင်းစဉ်ဖြင့် တက်ရောက်လာသော ပရိသတ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။


မိုးသောက်ကြယ် စာကြည့်တိုက်မှ အလှူငွေ လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အမေစုရဲ့ ဆန္ဒကို ကျနော်တို့တစ်တွေ ဖြည့်ဆည်းပေးလိုတဲ့ ရည်ရွယ်ချက်ပါ။ ဒေါ်စုက နိုင်ငံရေး အကျဉ်းသားတွေကို မေ့မထားဖို့၊ ထောက်ပံ့ကူညီကြဖို့ ပြောကြားချက်အားပြောကြားသွားပြီး ဆက်လက်လှူဒါန်းရန် ရည်ရွယ်ချက်များစွာ ရှိကြောင်း အကျယ်တ၀င့် ဆွေးနွေး အကြံပြုခဲ့ပါတယ်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဌ ဦးလှဟန်မှလည်း အညတရ သူရဲကောင်းဆု အတွက် အမြဲ ဆုချီးမြှင့်နိုင်ရေးအတွက်လိုအပ်သည်များကို အနီးကပ် အကူအညီ ပေးသွားမည်ဖြစ်ပြီး အကြံဥာဏ်ကောင်းများ ရှေ့ဆက်လုပ်ရန် မှာကြားခဲ့ပါတယ်။ တက်ရောက်လာကြသော သူများမှ ဆုငွေများပေးအပ်ခဲ့ပြီး ဒုတိယအကြိမ် ဆုချီးမြှင့်နိုင်ရေးအတွက် အစီအစဉ်များကို အညတရသူရဲကောင်းဆု ကျင်းပရေး ဆပ်ကော်မတီဝင်များ၏ လုပ်ဆောင်မှုများအပေါ် အလေးထား ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ပိုမိုကောင်းမွန်သည့် အကြံပြုချက်များနှင့် ဆုချီးမြှင့်နေသည့် လုပ်ငန်း အရှိန်အဟုန်ကြီးစွာ လုပ်ဆောင်နိုင်စေဖို့အတွက် တတ်နိုင်သည့်ဖက်မှ အားဖြည့်ကူညီသွားမည်ဖြစ်ကြောင်း ကတိပေးစကားများ ပြောဆိုခဲ့ကြသည်။

လာမည့် ဒုတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ချီးမြှင့်ပေးအပ်ပွဲ၌ အနည်းဆုံး  ၅ ဦးအထိ ပေးအပ်နိုင်ရန် စီစဉ်ထားကြောင်းသိရှိရပြီး တစ်ဦးလျင် ဂျပန်ငွေ ယန်း ၁ သိန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀ သိန်းနှုန်းဖြင့် သိန်း ၅၀ ပေးပို့ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ အညတရသူရဲကောင်း ဆုချီးမြှင့်ရေး ဘဏ္ဍာရေးဆပ်ကော်မတီ၏ စာရင်းထုတ်ပြန်ချက်အရ ယနေ့အချိန်အထိ ကောက်ခံရရှိငွေနှင့် မိုးသောက်ကြယ် စာကြည့်တိုက်အဖွဲ့မှ လှူဒါန်းငွေအပါအ၀င် ယန်း၂၉၆,၅၀၀+အမေရိကန်ဒေါ်လာ ၂၀(ဂျပန်ယန်း ၂ သိန်း ၉ သောင်း ၆ ထောင် ငါးရာယန်း)သာရှိသေးပြီး မိမိတို့ရည်မှန်းထားသည့် မြန်မာငွေသိန်း ၅၀ နှင့်ညီမျှသော ငွေပမာဏရရှိပါက ပြည်တွင်းရှိ ဆုချီးမြှင့်ရေးနှင့် ဆုရွေးချယ်ရေး တာဝန်ခံများထံသို့ ချက်ခြင်းလွှဲအပ်ကာ အမြန်ဆုံး အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်.။

စကားဝိုင်းဆွေးနွေပွဲ အားမိုးမခ မှတဆင့် အများပြည်သူ ကြည့်ရှု နိုင်ရန် စီစဉ်လျက်ရှိပါတယ်။
ဗွီဒီယို http://www.youtube.com/user/zayyar20283
ဓါတ်ပုံ ဟန်ဝင်းထွန်း mtk
သတင်း ထွန်းဝေ 08030991503

4 comments:

  1. ဂျပန်မှာ တစ်ချိန်လုံး အစည်းအဝေးတွေ လုပ်လိုက် ကဗျာရွတ်လိုက် သီချင်းဆိုလိုက် ခရီးထွက်လိုက် ပျော်ပွဲ ရွှင်ပွဲတွေ လုပ်လိုက် လုပ်နေတဲ့ လူတွေက ဘာအလုပ်တွေ လုပ်လို့  ဘာစီးပွားရေးတွေ လုပ်လို့  ဒီလောက် ပိုက်ဆံတွေ ပေးနေနိုင်တာလဲ လူထုသိအောင် ရှင်းပါအုံး။

    ReplyDelete
  2. ကိုယ့်လုပ်အား ကိုယ့်ဖြူစင်တဲ့ငွေနဲ့ လှူနေတာပေါ့ငတုံးရဲ့ မင်းပထွေးတွေ ပြည်သူငွေတွေနဲ့ တိုက်တွေဆောက် စိန်တွေဝယ် မြေတွေဝယ် နေတာ ကိုယ်ပိုင်ပိုက်ဆံလား ဘယ်သူပိုက်ဆံနဲ့လုပ်နေတာတုန်း ရှင်းပါအုံး ငတုံးရဲ့

    ReplyDelete
  3. အင်းပါ
    ဂျပန်က လူတွေ ရဲ့ ပိုက်ဆံ က အညတရသူရဲကောင်းဆု ပေးဖို့ အတွက် မွန်မြတ်တဲ့ လုပ်အား နဲ့  ချွေးနဲ့ ရင်းပြီး ရှာလို့ရတဲ့ တစ်ဦးချင်ဆီရဲ့  ငွေနဲ့ လှူတာဖြစ်လို့  သန့် ရှင်းပါတယ်
    မွန်မြတ်တယ် အေး မင်တို့ လို စစ်ဖိနပ်ကိုလျှာနဲ့ လျက်ပြီး အောက်တန်းကျ အလုပ်တွေ လုပ် သူများမျက်ရည်ကြီးငယ်ကျအောင် လုပ်တတ်တဲ့ သူတွေက ခေတ်ပျက်နေတာကွ မကြာဘူး မင်းတို့ အလှည့် က နောင်ဘ၀ မကူးဘူး နီးသထက်နီးလာပြီ

    ထွန်းဝေ

    ReplyDelete
  4. ဂျပန်က လူတွေ ရဲ့ ပိုက်ဆံ က အညတရသူရဲကောင်းဆု ပေးဖို့ အတွက် မွန်မြတ်တဲ့ လုပ်အား နဲ့  ချွေးနဲ့ ရင်းပြီး ရှာလို့ရတဲ့ တစ်ဦးချင်ဆီရဲ့  ငွေနဲ့ လှူတာဖြစ်လို့  သန့် ရှင်းပါတယ်
    မွန်မြတ်တယ် အေး မင်တို့ လို စစ်ဖိနပ်ကိုလျှာနဲ့ လျက်ပြီး အောက်တန်းကျ အလုပ်တွေ လုပ် သူများမျက်ရည်ကြီးငယ်ကျအောင် လုပ်တတ်တဲ့ သူတွေက ခေတ်ပျက်နေတာကွ မကြာဘူး မင်းတို့ အလှည့် က နောင်ဘ၀ မကူးဘူး နီးသထက်နီးလာပြီ ကမ္ဘာတည်သရွေ့ ဥဒါန်းမကျေဘူးဆိုတာ ယုံ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။