Pages

Monday, June 20, 2011

မနေ့ညနေပိုင်းက အမေစု အိမ်ခြံဝင်းအတွင်းမှာ ပြုလုပ်တဲ့ မွေးနေ့ပွဲ အခမ်းအနား (ဓာတ်ပုံ)

19.6.2011, (6:30 p.m), အမေ့ခြံထဲ အမေ့မွေးနေ့ မှတ်မှတ်ရရ ကြည်နူးစရာ ပုံရိပ်များ
အမေနဲ့ သားတို့ရဲ့ ကြည်နှူးစရာ မြင်ကွင်း...
မနေ့က အမေစုအိမ်ခြံဝင်းအတွင်းမှာ  အမေရဲ့(၆၆)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်..။ ညနေ(၆)နာရီကနေ ည(၉)နာရီထိ  ကျင်းပပြုလုပ်တဲ့ အမေရဲ့ လုံခြုံရေးတာဝန်ယူပေးတဲ့ ယခင် သုံးရောင်ချယ် ညီအကိုတွေ စီစဉ်တဲ့ အဆိုပါ အခမ်းအနားကို အမေကို လေးစားချစ်ခင်တဲ့ မိတ်ဆွေများ တက်ရောက်ခဲ့ကြပါတယ်..။ ပြည်သူ့ဂုဏ်ရည် ဦးကျော်သူနဲ့ဇနီး မရွှေဇီးကွက်၊ တေးရေး ကိုရဲလွင်၊ ကိုဇေယျာသော်စတဲ့ အမေကို လေးစားချစ်ခင်သူတွေ တက်ရောက်ခဲ့ကြပါတယ်..။ 

 အမေတနေ့လုံး အင်မတန်အလုပ်များခဲ့ပါတယ်..။ အမေအင်မတန် အလုပ်များ၊ ပင်ပန်းနေတဲ့ကြားက ဂျပန်က သုံးရောင်ချယ်အဖွဲ့သား ဟောင်းတွေရဲ့ မွေးနေ့ဆုတောင်း စကားလေးကိုတော့ ဝမ်းသာအားရ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်...။

အမေစုနဲ့ မွေးနေ့ဆုတောင်း စကားလေး ပြောခွင့်မရလိုက်ပေမယ့် အမေအသက်ရာကျော် ရှည်ပါစေလို့ ထပ်မံဆုတောင်း ပေးလိုက်ပါတယ်..။

ဓာတ်ပုံများအတွက် အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။


2 comments:

  1. ဘယ်မှာလဲ တစ်အိမ်တစ်ယောက် မလာမနေရ မတက်မနေရ .. မလာနိုင်က ဒဏ်ငွေ ဆိုတာတွေ .. ရိုးရှင်းပြီး မှန်ကန်တဲ့ လူတွေရဲ့လုပ်ရပ်ဟာ မြင်ရသူ သိရသူတွေ အားလုံးအတွက် အေးချမ်းခြင်းတွေ ပျော်ရွှင်ခြင်းတွေ ပေးနိုင်တယ် ... ဘယ်မှာလဲ နွား အ ဖွဲ့ အကြီးအကဲတွေရဲ့ ဒါမျိုး ရိုးသားတဲ့လုပ်ရပ် ... ဘယ်သူတွေကရော သူတို့အတွက် မွေးနေ့တွေ ကျင်းပ ပေးသလဲ .. ရှက်ကြပါ . ရှက်ကြပါ ... တောက် ... အရှက်ဆိုတာ သိကို မသိတဲ့ နွား အ ဖွဲ့ ကြီးတွေ အတွက် ပြောစရာ စကားတောင် မရှိတော့ဘူး ...

    ReplyDelete
  2. အရပ်ကတို့ .......
    ကိုယ်မုန်းတဲ့သူကို ဆဲဖို့ အတွက်...
    ကိုယ်ချစ်တဲ့သူရဲ့ မွေးနေ့ ပွဲက ပီတိလေးကို
    မဖျက်ဆီးကြပါနဲ့ တော့။ အဲဒီအမုန်းတွေ အာယာတတွေ ရှေ့ တန်းတင်ကြမယ်ဆိုရင်တော့ မွေးနေ့ ရှင်ရဲ့ မွေးနေ့  ဆုတောင်း "ငြိမ်းချမ်းရေး" က ပြည့်အံ့မထင်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။