အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၁)
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အမေရိကန်ဒေါ်လာငွေဈေးကျဆင်းပြီး မြန်မာငွေ ပြန်လည် ခိုင်မာလာပါမယ်လို့ ကျနော် - ၂၀၁၁- နှစ်ဆန်းပိုင်း ဇန္န၀ါရီလဆန်းပိုင်းက စီးပွားရေးပိတ်ဆို့မှု အကြောင်းရေးနေရင်း Australia Macquarie Universityမှ စီးပွားရေးပါမောက္ခ Dr. Sean Turnell မှ ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ နှစ်စဉ်မြန်မာနိုင်ငံ ပြန်ပို့ ပေးနေသော ငွေကြေးပမာဏ အကြောင်းဆောင်းပါး ပါလာတဲ့အတွက် ကျနော်က မြန်မာနိုင်ငံမှာ အခု မြန်မာငွေပြန်လည်ခိုင်မာလာနေတဲ့ ကိစ္စကို ထောက်ပြခဲ့ပါတယ်။ န.အ.ဖက သူတို့ လက်ထက် စီးပွားရေး အကောင်းဘက်ကို ပြလာလို့ စီးပွားရေးခိုင်မာလာလို့ ဦးမော့လာလို့ ဆိုပြီး အတည်ပေါက်လိမ်လာပါတယ် ။
တကယ်က အရင်နှစ်တွေက သန်းရွှေ နဲ့မောင်အေးမိသားစုက နှစ်စဉ် ကားပါမစ်/ ဖုန်းပါမစ်/ လုပ်ငန်းပါမစ် စတာတွေကနေ နိုင်ငံသူ နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ငွေတွေကို ရေစစ်နဲ့ သဲ့ယူသလို နစ်စဉ် သဲ့ယူခဲ့ပါတယ်။ တနှစ်ကို မြန်မာကျပ်ငွေ သိန်းပေါင်း (၂-ကုဋေလောက်) သဲ့ယူပါတယ်။ အဲဒီငွေတွေကို နိုင်ငံခြားက ငွေလွှဲသူတွေ လွှဲပို့တဲ့ဒေါ်လာကို တေဇတို့က စင်ကာပူမှာတင် ဘဏ်ထဲ သိမ်းထားလိုက်ပြိး အဲဒီဒေါ်လာတွေဟာ မြန်မာပြည်ထဲ မရောက်တော့ဘဲ မြန်မာပြည်မှာ သူတို့ပါမစ်နဲ့ သဲ့ယူထားတဲ့ မြန်မာကျပ်ငွေတွေကို ပြန်အမ်းပေးနေတာပါ။ သတိထားတတ်ရင် ပိုသိပါတယ်။ ကားဈေး/ လက်ကိုင်ဖုန်းဈေးတွေ မတရား ခေါင်ခိုက်တဲ့နှစ်တွေမှာ ဒေါ်လာဈေး အမြင့်ဆုံးရတတ်ပါတယ်။
မတရားဝိုက် (သဲ့ယူထားတဲ့ငွေ) ကဖုန်းဈေး၊ ကားဈေးတက်ရင် မြန်မာကျပ်ငွေ သူတို့လက်ထဲ မတရားများလာတော့ မြန်မာငွေဈေး ပိုကျတာပါ။ အစိုးရလက်ထဲ ဒေါ်လာတွေ ၀င်လာတာများလို့ ဆိုတာ လိမ်တာသက်သက်ပါ။ အခု သမ္မတကြီးဦးသိန်းစိန် အစိုးရတောင် နိုင်ငံခြားငွေ သုံးစွဲရန် နည်းနေလို့ တရုတ်ပြည် ခွက်ပျောက်သွားတောင်း ဒူးထောက်ပြန်လာရတာ သိကြတယ်နော်။ သမ္မတဖြစ်လို့ ဖင်တောင်ပူအောင် မထိုင်ရရှာဘူး ဒူးထောက် တောင်းရတဲ့ သမ္မတဘဲ။ နိုင်ငံခြားငွေ ရှိရင် ထမင်းစားသူတွေဘဲ။ အခု ကားပါမစ်က မရှိတော့ဘူး။ တခါ ဖုန်းကတော့ ၃-သိန်းနဲ့တောင်ပေးမယ်။ နောက်- ၂နစ်လောက်ဆို ဖုံးတွေ ဒေါ်လာ- ၅၀ လောက်ဘဲရှိတော့မယ်။ ဖုန်းကနေ သဲ့ယူတဲ့ စံနစ် မရှိတော့ဘူး။ မြန်မာငွေ အသားလွတ် ၀ိုက်ရတဲ့ စံနစ်မရှိတော့ဘူး။ နိုင်ငံခြားနေသူတွေ ပို့တဲ့ငွေကို စင်ကာပူမှာ သိမ်းပြိး ပြည်တွင်းက အသားလွတ် ယူထားတဲ့ငွေနဲ့ ပြန်အမ်း ငွေမရှိတော့ဘူး။
တခါ ကြိုင်ကြိုင်တို့ ပြေးဖို့ပြင်ထားပြီးပြီ။ သူတို့ပိုင်တဲ့ငွေတွေ ကိုလည်း သူတို့ ကိုယ်တိုင်က မြန်မာပြည်ကပြေးဖို့ဘဲ အပီတွက်ထား ပြင်ထားကြတော့ သူတို့ငွေကို ပြည်တွင်းပြန် မရင်းနှီးကြတော့ဘူး။ ဒါကို မျက်တောင်တဆုံးဘဲ ကြည့်တတ်တဲ့ ကြံ့ဖွတ်တွေက မမြင်ကြသေးဘူး။ ချကျွေးတာလေး အငမ်းမရ ဟပ်နေကြတာ။ သူတို့ အဘ ကပြေးဖို့  ရယ်ဒီ။ ထစ်ဆိုရင် အမြှီးတောင် မြင်လိုက်ရမှာမဟုတ်ဘူး။
ဒီတော့ အခုမြန်မာငွေက ခိုင်မာလာတာ သက်သက်ပါ။ အမေရိကန် ဒေါ်လာဈေး ကျလို့မဟုတ်ပါဘူး။ အမေရိကန် ဒေါ်လာက တချို့နိုင်ငံတွေ (ဥပမာသြစတေးလျနဲ့) ဆိုရင်ကျပါတယ်။ ကျတာက သြစတေးလျက သံယံဇာတအများကြိးထွက်တော့ စီးပွားရေးခိုင်မာလို့ပါ။ အခု ငွေတန်ဖိုး တအိအိကျနေတာက တရုတ်ငွေပါ။ သူငွေက လူသန်း-၁၃၀၀ - ရဲ့ အင်အား။ ကျတာက တအိအိ။ ဒါပေမဲ့ သူက စီးပွားရေးပမာဏက ကြီးလွန်းတော့ ငွေတန်ဖိုး နည်းနည်းလေးကျတာ အင်မတန် ကြောက်စရာကောင်းတယ်။ အဲဒါက တမှောင့်။ သူငွေနဲ့ ယှဉ်ရင် အမေရိကန်ငွေက ခိုင်မာတယ်။
ကျနော်တို့ဆီမှာက မူမမှန်တဲ့ ငွေကြေး ကစားထားတာကြောင့် အဲဒီကစားတာကို ရပ်လိုက်ရတာနဲ့ မြန်မာငွေဈေးက အရှိန်အဟုန် ပျင်းပျင်း ထိခိုက်လာတာ။ ဘာမှစီးပွားရေး တက်လာလို့ မဟုတ်ဘူး။ လူမမာနဲ့ ဥပမာပေးပါမယ်။ အခုမြန်မာပြည်မှာ ဆေးခန်း အတော်များများက လူတယောက် သာမန်ဖျားနာရင်ကို STEROIDS / PREDNISOLONE တွေ ပေးတော့တာ။ စတီးရွိုက်ဆေးဆိုတာက သူက ရောဂါကို ကုပေးတာမဟုတ်ဘူး။ ရောဂါလက္ခဏာကို / တနည်း - ဝေဒနာကိုသက်သာအောင် လုပ်ပေးတာ။ ဥပမာထပ်ဆင့်ပေးပါမယ်။ သူက ပဋိဇီဝဆေးလို ရောဂါပိုးကို တိုက်ပေးတာမဟုတ်ဘူး။ အရပ်စကားနဲ့ဆို (ရွှေရင်အေးဆေး) လူတဦးကို ရောဂါပိုးဂါပိုးဝင်လာရင် (ရန်သူပေါ့) လာရင် လူ့ခန္ဓာကိုယ်က (မြို့ခံတပ်ပေါ့) ပြန်ခုခံတိုက်တယ်။ တနည်း စစ်ဖြစ်ကြတယ်ပေါ့။ စစ်တိုက်ကြ စစ်ဖြစ်ကျတော့ မီးတွေလောင် ဘာဖြစ်ညာဖြစ်တော့ လူမှာ ကိုက်ခဲ မီးလောင်တော့ ကိုယ်တွေပူ ဖျားတယ်ပေါ့။ အဲဒီလိုမြင်ကြည့်ပါ။ ကိုယ်က ကိုယ်ခံအားကောင်းရင် ရောဂါပိုးကိုနိုင်ပြိး သက်သာလာတယ်။ ကိုယ်ကမနိုင်ရင် ပဋိဇီဝဆေးတွေ အကူယူ တိုက်ရတာက ဆေးကုတာ လုပ်ပေးရပါတယ်။
အဲဒီမှာ စတီးရွိုက်ဆေးကို ပေးလိုက်ရင်သူက ရန်သူ မတိုက်ဘူး။ စတီးရွိုက်က မြို့ခံတပ်ကို မတိုက်ဖို့ ရွှေရင်အေးဆေး ပေးလိုက်တာပါ။ စစ်မတိုက်ကြတော့ မီးမလောင်တော့ဘူး အပစ်အခတ်တွေ မရှိတော့ အကိုက်အခဲတွေ ကိုယ်ပူတာတွေ ရပ်သွားတာပါ။ ရောဂါပိုး(ရန်သူ) က သူ့ကိုတိုက်သူမရှိတော့ မြို့ထဲကို အေးအေးဆေးဆေး ၀င်ထိုင်တော့ ခြေကုပ်ယူတော့တာပါ။ အဲဒီလို ပုံဖေါ်မြင်ကြည့်ပါ။ ကျနော်တို့ ကိုစာသင်ပေးတဲ့ ပါမောက္ခကြီးတွေ ပြင်ပဆေးခန်းက ဆရာဝန်တွေ ပြီးလွယ်နဲ့ စတီးရှိုက်တွေ ပေးနေတာကို နည်းနည်းရိပ်မိကြပါတယ်။ အခုကျနော် ထောက်ပြသလောက် မသိကြပါဘူး။ သိရင်မျက်လုံးပြူးကုန်ပြီး ထိုင်မနေနိုင်ကြပါဘူး။ အခုဆို မြန်မာပြည်ဆေးဆိုင်တွေကို ခင်ရင်မေးကြည့်ပါ။ ဒီစတီးရွိုက်ဆေးတွေဟာ အင်မတန် ရောင်းအားကောင်းနေပါတယ်။
ကျန်းမာရေးဝန်ကြီး ဦးဖေသက်ခင် / ကျနော်က မမတူးခေါ်တဲ့ ဒု-၀န်ကြီး ဒေါ်ဝင်းဝင်းမြင့် / မမအုံးလို့ ခေါ်တဲ့ ဒေါ်မြမြအုံးခင် (သုံးယောက်စလုံးနဲ့ အတော်လေး ခင်ပါတယ်) တို့ကို ကျနော် ဒုက္ခပေးတာမဟုတ်ပါဘူး။ ဆေးဆိုင်တွေမှာ စစ်တမ်း ကောက်စေချင်ပါတယ်။ စတီးရွိုက်ကို ကွမ်းယာဆိုင်တွေကအစ ပဲကြီးလှော်လို ညွှန်းနေတာလေး စစ်တမ်းကောက်ပေးပါ ကြပ်မတ်ပေးပါလို့။ ဒီဆေးတွေကြောင့် ကျနော်တို့ မြန်မာလူမျိုးတွေ ၀လဲပိုဝလာတယ်။ အရပ်ပါပုလာပါတယ်။ တခါဖျားလို့ ဆေးခန်းတွေမှာ တခါကုလိုက်ရင် တခါဝလာတာ အဲဒီဆေးတွေ အကျွေးခံကြရလို့ပါ။
ကဲငွေဈေးနှုန်း ကိစ္စဘက်ပြန်လှဲ့ ကြရအောင်။ မြန်မာပြည်မှာ ဖြစ်နေတာက စီးပွားရေးမှာ အာဏာရှင်ကြီးတွေက အထက်ကလို စတီးရွိုက်ဆေးနဲ့ စီးပွားရေးကို ဆေးတိုက်ထားတော့ စတီးရွိုက်လဲ ဖြတ်ရော အဖျားပြန်ထတော့တာပါဘဲ။ အခုက အချိန်အကြာကြီး စတီးရွိုက်နဲ့ အကျွေးခံထားရ။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ငွေကြေးတွေကလည်း သူတို့လူတစု လက်ထဲရောက်တယ်။ လူထုလက်ထဲမှာလည်း ငွေကကုန်ခမ်း နေပြီ (လူမမာ အားပြတ်နေပြီ)။ တခါစတီးရွိုက်ကလည်း ဖြတ်လိုက်တော့ အရေးပေါ် ဖြစ်တော့တာဘဲ။ အထက်က စတီးရွီုက်ဆေးက ဖြတ်ရင် တဖြေးဖြေးချင်း လျှော့ဖြတ်ရတာ။ ရုတ်တရက် ဖြတ်လိုက်ရင် အဖျားလဲ ပြန်ပြီး ကန်ထလာတယ်။ လူမမာလည်း အားပြတ်သလို အရုပ်ကြိုးပြတ်ပြီး မလှုပ်ချင် မကိုင်ချင်အောင် ပုံကျသွားတော့တာ။
တခါက ၂၀၀၅- ခုနှစ်ပေါ့။ မိတ်ဆွေတယောက်ရဲ့ ကလေး - ၃-နှစ်သားလေး ဖျားတယ်။ ဆေးခန်းပြတယ်။ ငွေသိပ်မတတ်နိုင်တော့ အဖျားကျပြီ ဆိုပြီး ဆေးခန်းဆက် မသွားတော့ စတီးရွိုက် ရုတ်တရက် ပြတ်သွားတယ်။ ကလေးက မျက်လုံးလေးဟောက် မလှုပ်နိုင်တော့ ကလေးဆေးရုံကြီး သွားပြရတယ်။ ဆေးရုံတင်ရတယ်။ ဆေးရုံမှာအားဆေးတွေသွင်း အားပြန်မထူနိုင်ဘူး။ ကျနော်လိုက်ကြည့်တယ်။ ကလေးကို ကိုင်ကြည့်လိုက်တာနဲ့ ချွေးစေးတွေနဲ့ အေးစက်နေတာ။ သိလိုက်ပြီ အပြင်ဆေးခန်းက ဆရာဝန်က ပထမနေ့ကတည်းက စတီးရွိုက်ဆေး နဲ့ကုနေတယ်ဆိုတာ။ ဒါ (လုံးဝ မလုပ်ကောင်းတဲ) ကိစ္စ။ ဒါဆရာဝန်တွေ စောင့်ထိန်းရတဲ့ သမားကျင့်ဝတ်ကို ဖေါက်ဖျက်တာ။ ကလေးအထူးကု ဆရာဝန်ကလည်း မိတ်ဆွေဆိုတော့ ကျနော် ဒီလိုထင်ပါတယ် ရှင်းပြလိုက်တယ်။ သူက ကျနော်ထက် လေးတန်းလောက်ငယ်တယ်။ သူကလက်ခံတယ်။ စတီးရွိုက်လေး ပေးလိုက်တာ တနာရီနေတော့ ထထိုင်တော့တာဘဲ။ ဒီလိုဘဲ တခြားသူတွေလဲခနခန ဖြစ်တတ်ကြလို့ ကျနော့်ကိုခေါ်ပါတယ်။ သိတယ်။ စတီးရွိုက်ဝယ်သောက် ညွှန်းလိုက်တယ်။ အိမ်ပြန်တယ်။ မသက်သာရင်ဖုံးဆက်။ ဒီအတိုင်းဘဲ။ နာရီဝက် တနာရီဆို ရေတောင်ပြန်ချိုးလို့။ ပြီးမှ တစတစ ဖြတ်နည်းညွှန်းရတယ်။
အခုကျနော်တို့ဆီမှာ ဖြစ်နေတာက ပါမစ်ဆိုတဲ့ အထူးအခွင့်ထူးခံစီးပွားရေး ငွေညှစ်ယူတဲ့ စတီးရွိုက်ဆေး အကျွေးခံထားရတဲ့ စီးပွားရေး။ အခုစတီးရွိုက်က ပေးလို့မရတော့ဘူး။ သေပြီ။ ဘယ်လိုကုကြမလဲ။ စီးပွားရေး ဆရာကြီးများ ခင်ဗျား အခုန ကလေးအထူးကု ဆရာဝန်လေးလို စတီးရွိုက် ကိုထည့်စဉ်းးစားပါဦးလို့။ လူတစုလက်ထဲမှာ မူမမှန်မတရား အမြဲရနေတဲ့ငွေ စတီးရွိုက်တွေ မရှိတော့ဘူး။ အဲဒါကိုထည့် မစဉ်းစားတော့ ပညာရှင်ကြိးတွေ ခေါင်းခဲနေကြတာ။ ဘာကြောင့်ပါလိမ့်ပေါ့။
ကျနော်က မြန်မာပြည် ငွေလွှဲတဲ့ကိစ္စကို ဆောင်းပါးတွေပေါ်မှာ ရေးလိုက်တယ်။ လူထု ထံကနေ ကျနော်အမြင့်ကို လက်ခံသူတွေ အများကြီး ကွန်မင့်တွေ တက်လာပါတယ်။ ကနေ့ ပြည်ပအသံလွှင့်ဌာနကြိးတွေ မီဒီယာကြီးတွေပေါ်မှာရော ပြည်တွင်း/ပြည်ပက စီးပွားရေး ပညာရှင်ကြီးတွေကပါ ကျနော်ထောက်ပြတဲ့ ငွေလွှဲတာမှာ အမေရိကန် ဒေါ်လာတွေဟာ မြန်မာပြည်ထဲကို ၀င်မလာဘဲ စင်ကာပူမှာတင် လမ်းဆုံး ပြည်တွင်းမှာ စတီးရွိုက် ကျပ်ငွေတွေ နဲလည်း ပေးနေပါတယ်.. ဆိုတာ လက်ခံတဲ့ပညာရှင်တွေ မရှိကြသေးတာ တော်တော်လေး ထူးဆန်းနေပါတယ်။ တခါ ပိုထူးခြားတာက ကျနော်ရေးထားတာတွေ တလွှဲပါလို့ပြောသူ တယောက်မှ မရှိတာကလည်း။ ဒီစတီးရွိုက် ငွေဆိုတာ တကယ်က ငွေမည်းတွေ။ အဲဒါတွေကို ငွေဖြူဖြစ်ရုံမက စင်ကာပူ ဘဏ်ထဲအထိ တရားဝင်ငွေအနေနဲ့ ရောက်အောင် တချက်ခုတ် ဆယ်ချက်ပြတ် လုပ်နေခဲ့တာ။ အခု စီးပွားရေးပညာရှင်ကြီးတွေ (ပြည်တွင်းကို မဆိုလိုပါ) ပြည်ပက ပညာရှင်ကြီတွေ ဘာလို ဒီစတီးရွိုက်ငွေ ငွေမည်းကိစ္စ ကို ဘာကြောင့် ရေငုံနေကြတာပါလည်း။
အခုကျနော် နိုင်ငံခြားမှာ တခါတခါ စီးပွာရေး သတင်းစာပေါ့ ၀ယ်ဖတ်တယ်။ နားမလည်တာ အများကြီး နားလည်တာက နည်းနည်း။ ကိုယ်ကစီးပွားရေးနဲ့ ဆိုင်တဲ့ ဝေါဟာရတွေတောင်မှ မသိတာ ဘယ်နားလညနိုင်မှာလည်း။ ဒါပေမဲ့ မြန်မာနိုင်ငံက စီးပွားရေးပညာရှင်ကြီး များကိုတော့ စတီးရွိုက် ကိုထည့် စဉ်းစားပါလို့ ပြောလိုပါတယ်။ ဒါကိုထည့်မစဉ်းစားရင် အထက်က ကလေးကို မလိုဘဲ အားဆေးတွေ သွင်းနေတာ ၂- ရက်။ ရောဂါတခြား ဆေးတခြား ဖြစ်နေပါမယ်။ သူလိုနေတဲ့ဆေးကို သိတော့ တနာရီနဲ့ ထ ထိုင်တာပါ။ အခု စတီးရွိုက်ကတော့ ပြန်ပေးလို့ မရတော့ဘူး။ စတီးရွိုက်ခေတ် ကုန်ပြီ စတီးရွိုက်ကို ထည့်စဉ်းစားပြီ ကုသဖို့ထက် မြန်မာငွေ ဘယ်လောက်အထိ ဈေးပေါက်မယ်ဆိုတာကို ကြိုတင် တွက်ဆထားဖို့ လုပ်ကြရပါမယ်။
နောက် ကုသချင်တယ်ဆိုရင်တော့ကျနော်မြင်တာလေးပေါ့။ ငါနည်းမှ အပိုင်လို့ အမှန်လို့တော့ မပြောရဲပါ။ အခုဟာက လူမမာစကားနဲ့ ပြောရရင် သွေးအဆိပ်တက်နေ သွေးတွေ ယိုစိမ့်နေတဲ့ လူမမာ အဆင့်ရောက်နေတော့ ကျုပ်ကုရင်ရတယ် အာမမခံရဲတဲ့ အခြေအနေရောက်နေပါတယ်။ ရောဂါလွန်နေပြီ။ နည်းနည်း သက်သာစေနိုင်မယ့် နည်းလေးတွေ ဆေးမီးတိုလေးတွေတော့ အကြံပေးချင်ပါတယ်။ လက်ခံရင်ပေါ့။ လက်မခံရင်လဲ ရပါတယ်။ လစ်ဗျားပြီးရင် ခင်ဗျားတို့ (လစ်ဗျာ) လုပ်ဖို့ ပြင်ထားကြပေတော့။
ဒါပေမဲ့ ပြည်သူအများစုကိုတော့ အသိပေး သတိပေးလိုပါတယ်။ မြန်မာငွေ အခုထက် ပိုခိုင်မာလာပါမယ်လို့။ ဘယ်လောက်အထိ ပြန်တက်လာနိုင်တယ်တော့ မခန့်မှန်းနိုင်ပါဘူး။ ဒီထက်မက တက်လာပါမယ်တော့ ပြောရဲပါတယ်။ ကျနော်အထင် သက်သက်နဲ့ (ခန့်မှန်းတာ သက်သက်နော်) မြန်မာငွေဟာ တစ်ဒေါ်လာကို ၅၀၀-ကျပ်အောက်ကို ပြန်ရောက်မယ်လို့ ထင်နေပါတယ်။ ပြန်စဉ်းစားကြည့်ပါ။ ရှေ့လျှောက် နိုင်ငံခြားကနေ မြန်မာတွေက အခြေနေပိုဆိုးလေ မိမိရဲ့ ဆွေမျိုးမိသားစုတွေဆီ ငွေတွေကို ပိုပြီးတောင်ပို့ ကြရပါမယ်။ နိုင်ငံခြားငွေတွေ ပိုလို့တောင် ၀င်လာပါမယ်။ ဒါပေမယ့် အရင်လို စင်ကာပူဘဏ်ထဲမှာ အောင်းမနေတော့ဘဲ ပြည်တွင်းကို တိုက်ရိုက် ၀င်လာရပါတော့မယ်။
အဲဒီကျရင် ဒီငွေမည်းလိုဖြစ်နေတဲ့ အမေရိကန်ဒေါ်လာဟာ ဈေးကွက်ထဲမှာ များနေရင် တိုင်းပြည်နာပါတယ်။ သူက ငွေမည်းဒေါ်လာဖြစ်နေတော့ ပမာဏ နည်းရင် မသိသာပေမဲ့ ပမာဏများရင် ဘဏ်ထဲကို တရားဝင်ငွေအနေနဲ့ ပြန်သွင်းဖို့က လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အမေရိကန်မှာ ဒေါ်လာကို စောင့်ကြည့်နေတဲ့ ဒေါ်လာ FBI ဆိုတာရှိတယ်။ သူတို့သိရင် စောင့်ကြည့်မယ်။ ပြန်မထည့် နိုင်အောင်လုပ်ပါမယ်။ အဲဒီကျရင် အဲဒီငွေမည်း ဒေါ်လာက အကျကိုပိုပြီး တွန်းအားများမယ်။
တခါ န.အ.ဖ ကလဲ ပြည်ပက ဒီလောက်များတဲ့ငွေတွေ မတရားလွှဲနေတာကို ငွေလွှဲသူတွေကို ဖမ်းတာ တခါဆို တခါမှ မရှိခဲ့ဘူးပါ။ သူတို့အကျိုးစီးပွားကို ကူနေသူတွေဆိုတော့။ အခုကျတော့ သူတို့အကျိုး (စီးပွားရေးတွေကိုပါ ထိခိုက်လာတော့) ဖမ်းတာက လာပါဦးမယ်။ ဖမ်းလေ ဒေါ်လာဈေးက ကျလေ။
နောက်ဆုံး ဘယ်လောက်အထိ ပြန်ကျနိုင်မလည်းဆိုရင် ၂၀၀၀-ခုနှစ်စ လောက်က ရှိခဲ့တဲ့ ၃၀၀- ၀န်းကျင်အထိ ကိုတောင် ပြန်ရောက်နိုင်ပါတယ်။ အတတ်တော့မပြောနိုင်ပါ။ ဘဏ်ကနေ မြန်မာတွေတွေ လှိမ့်ထုတ်လိုက်ရင် တခါ ဈေးကပြောင်းပြန် ပြန်ဖြစ်နိုင်တယ်လေ။ အရူး လင်လုပ်ရသလိုပါပဲ။
ဆက်လက်ဖော်ပြပါမည်..
အားလုံးကို လေးစားလျှက်
ဒေါက်တာလှိုင်မြင့်
In order to overcome this problem, I think 1) GOV must allow the launching of registered money changer shops as many as possible officially,
ReplyDelete2) to produce much money from Warzi
3) to change the systems in various sectors especially in economic sectors as equal as with other ASEAN countries.
If not, as the consequences, there will be getting more trouble for the people inside and outside until the end of the world. We need CHANGE everything.
This is also a good article related with similar problem.
ReplyDeletehttp://komoethee.blogspot.com/2011/06/blog-post_10.html
(((( ကျန်းမာရေးဝန်ကြီးအသစ် ဆိုတဲ့ ဖေသက်ခင် က စစ်အစိုးရရဲ့ အလိုတော်ရိ စစ်စစ်ပါ.. ဘယ်တုန်းကမှ ပြည်သူ့နစ်နာချက်တွေကို အလေးမထားဘဲ တသက်လုံး မင်းလိုလိုက် မင်းကြိုက် ဘဲ လုပ်လာတာပါ.. ဖေသက်ခင်က ကျောင်းသားဘဝကတဲက စပြီး တသက်လုံး စစ်အစိုးရလူကြီး တွေရဲ့ သားသမီးတွေနဲ့ ဘဲ ပေါင်းပြီး အခုလို ဝန်ကြီးရာထူး ရလာတာပါ.. ))))
ReplyDeleteလို့ ကိုနစ်နေမန်း တင်ပြထားတာကို သတိရကြ စေလိုပါတယ်..
စစ်အစိုးရရဲ့ အလိုတော်ရိ ဖေသက်ခင်ဆီကို တင်ပြရင်
ပြည်သူအတွက် ဘယ်လောက် လိုအပ်လိုအပ် အရပ်သားအသွင်ပြောင်း စစ်အုပ်စုခေါင်းဆောင်တွေက အလိုတော်ကျမှာမဟုတ်ဘူး လို့ သူထင်ရင် ဖေသက်ခင်က ဘာမှ မလုပ်ဘဲ ချောင်ထိုးထားလိုက်မှာပေါ့..
ကိုနစ်နေမန်း တင်ပြထားတဲ့ ဖေသက်ခင် ဆိုတဲ့ စစ်အစိုးရရဲ့ အလိုတော်ရိ စစ်စစ် ကျန်းမာရေးဝန်ကြီးသစ်ရဲ့ သရုပ်မှန် (မူရင်း) ကို ပြည်သူတွေ သိနိုင်အောင် အောက်မှာ ထပ်ထင်ပေးပါမယ်..
စာပေကြိုးစားတာကြောင့်တင်မကဘဲ လူရည်ချွန် (၆) ထပ်ကွမ်း ရခဲ့တဲ့သူနဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းတာတွေ အပြစ်လား ကိုယ်ကိုတိုင်တော့ သူများလို တော်အောင် မကြိုးစားကျဘဲ အလာကားနေရင်း လိုက်အပြစ်ရှာ နေကျတယ်။ တို့ လူမျိုးတွေ မတိုးတက်တဲ့ အဓိက အကြောင်းရင်းမှာ ကိုယ့်ထက်သာ မနာလိုစိတ်တွေက သိပ်များကြတဲ့ အတွက် တိုင်းပြည် ကောင်းအောင် လုပ်ချင်တဲ့ လူတွေက ကြာတော့ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ကုန်ကျရော။
ReplyDeleteတိုင်းပြည် နဲ့ လူထု ကျန်းမာရေး ကောင်းအောင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့ပုံ ကို ဖတ်ကြည့်ကျပါ။
ReplyDeleteDISGUSTED WITH THE VIEW TO HEROINE SUU KYI
http://www.scribd.com/doc/57588316/Disgusted-With-the-View-to-Heroine-Suu-Kyi
ကျွန်တော်တို့ပြည်ပကနေမိသားစုကိုလုပ်ကြွေးနေသူတွေကဘာဆက်လုပ်၇မှာလဲဒီအရူးအစိုး၇ကိုဒီအတိုင်းကြည့်နေကြတော့မှာလား။
ReplyDeleteစာရေးသူကလဲ သူနဲ့မခင်တဲ့လူ VIP မရှိသလောက်ပါဘဲလား ဒါကိုဂုဏ်ဖေါ်ပြီး ရေးရတာ ပီတိ ဖြစ်နေပုံ ရတယ်။ ဦးသန်းရွှေ တို့  ဒေါ်ကြိုင်ကြိုင်တို့ နဲ့ ရော မခင်ဘူးလား။ သိပ်တော် သိပ်တတ် နေရင်လဲ ကိုယ်တိုင်ဘဲ တက်လုပ်ပါတော့။ ကိုယ်ကျွမ်းတာဘဲ လုပ် အထင် သက်သက်နဲ့ လူပိန်းအကြိုက် တွေ လျှောက်ပြောမနေနဲ့။ ဆရာဝန်ဆိုလဲ ဆေးကုတာကို ဦးစားပေးပြောပေါ့။ ဆေးတောင် တရားဝင် ကုလို့ ရသေးရဲ့လား
ReplyDeleteဒါနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ရော မခင်ဘူးလား ဒေါ်စု ဆုရတဲ့ ပိုက်ဆံတွေရော ဘယ်ဘဏ်မှာထားလဲ ကိုလှိုင်မြင့်-ရေ
ReplyDeleteအော်အော် အထက်က နံ့မည်မဖေါ်ရဲသူပြောလာတာလေး သိပ်ကြိုက်သိပ်ကြိုက် ။ ဆေးကုတာကိုယ်ကျွမ်းတာ လုပ်ခဲ့ပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံဆရာဝန်များညီလာခံမှာ.၁၉၈၅ -ခုနှစ်က..မြန်မာကလေးငယ်များတွင် ကလေးတီဘီဖြစ်ပွားနုံး- ၈၂-% ရှိကြောင်းဖတ်ခဲ့လို့ ပြသနာတက်ခဲ့ရဖူးပါတယ်။ (ဒါကို-၉၄-ခုနှစ်မှာ unicef ကအတည်ပြုခဲ့ပါတယ်) ။ဝန်ကြီးကလက်မခံနိုင်ဖြစ်နေလို့ ပါ။ တခါ-၁၉၈၆-ခုနှစ်.ခွဲစိပ်ဆရာဝန်များညီလာခံမှာ..သွေးစုနာ/ဆေးထိုးအကျိတ်နာ( abscess )ခွဲစိတ်ကုသနည်း-နည်းဟောင်းရဲ့ ဆန့်ကျင်ဘက်နည်းသစ်ကိုဖတ်ကြားခဲ့ပါတယ်။အဲဒီမှာဝန်ကြိးက ညျွန်ချုပ်ဦးတင်ဦးကနေတဆင့် ဒီဆရာဝန်ကိုချက်ချင်းဘွဲ့လွန်တက်ခိုင်းပါပြောလာပါသေးတယ်။ဦးတင်ဦးခေါ်လို့ သွားတွေ့ ပြီး ၀န်ထမ်းမလုပ်ချင်ကြောင်းပြောခဲ့ပါတယ် ။မုံရွာဆေးရုံအုပ်ကြီးတွေကိုမေးကြည့်ပါ ။ကျနော့်စာတမ်းတွေ ဆေးကောင်စီမှာရှိပါတယ် ။
ReplyDeleteထောင်ကလွတ်ပြီးစ.၂၀၀၅-မှာ ပြင်ပဆရာဝန်များညီလာခံမှာလဲ စာတမ်း နှစ်ဆောင်ဖတ်ဖို့တင်ခဲ့ပါသေးတယ်။ ကော်မတီဝင်ဆရာဝန်ကြိးတွေကလက်ခံကြ ကြိုက်ကြပေမဲ့ ထောက်လှန်းရေး ခွင့်ပြုချက်မရလို့ ဖတ်ခွင့်မရခဲ့ပါဘူး ။ အဲဒီစာတမ်းတွေကတော့ ၂၀၀၃-ခုနှစ်ကတိုင်းတရားသူကြိးတဦးလေယဉ်အမြဲမူးအန်တတ်တာကို(သူ့ အမအရင်းကအထူးကုဆရာဝန်ကြီးပါ )ကုသပေးခဲ့လို့ သူ့ အိမ်ဆွမ်းကျွေးမှာအထူးကုဆရာဝန်ကြိး( ၁၂-ဥိးခန့် က)တွေက စာတမ်းရေးပါတောင်းဆိုလာလို့  ရေးထားတဲ့စာတမ်းပါ ။နောက်တခုက အခု မြန်မာနိုင်ငံမှာအဖြစ်များနေတဲ့ ဒူးနာရောဂါကုထုံးတမျိုးပါ ။ ဘာအရောင်လျှော့ဆေးမှမပေးဘဲ လုံးဝပျောက်စေတဲ့နည်းပါ။ ခင်ဗျားတို့ ထောက်လှမ်းရေးတွေ နေရာတကာဝင်ပါနေတာက...
သိပ်ကြိုက်ဆိုတာလေးပေါ့.....ဟုတ်ပါတယ်ခင်ဗျာ။ကျနော်ကကိုယ်ကျွမ်းတာဆေးကုတာအပြင် နိုင်ငံအရေးပါစိတ်ဝင်စားတယ်။လေ့လာတယ်။လုပ်တယ်။နိုင်ငံအရေးက ခင်ဗျားကောကျနော်ရော လူတိုင်းအရေးပါ။အခုစစ်တပ်ကကိုယ်နဲ့မဆိုင်တဲ့အရေးကိုဝင်လုပ်ရုံမကဘူး/ကျန်လူတွေကျတော့နိုင်ငံအရေးမလုပ်နဲ့လုပ်နေလို့ဝင်ပါနေရတာပါ။ဝန်းထမ်းတွေနိုင်ငံရေးကင်းရမယ်ဆိုထားပြီး..နိုင်ငံရေးဘာမှလေ့လာခွင့်ပေးမထားသူ-စစ်ဗိုလ်-၂၅-%တင်ထား။ပြောပါအုံး။သူတို့ ကျတော့ဘယ်တုံ့းကနိုင်ငံအရေးကျုပ်တင်ပြနေတာတွေ..ဒါတွေလွှဲနေတယ်။ဒီလိုဆိုပိုကောင်းမယ်ရေးခိုင်းပါအုံး။ပိုကောင်းရင်လက်ခံဖို့ အသင့်ပါ။နုတ်ပိတ်နေဆိုတာက သူခိုးကြိးတွေခိုးတာကိုယ်နဲမဆိုင်ကြည့်နေရမှာလား။ဒါဆိုအရပ်ထဲသူခိုးဝင်ခိုးတယ်။သူခိုးခိုးနေတာ နုတ်ပိတ်နေရမှာလား။သူခိုးပါလို့အော်ရမှာလား။ပြောပါအုံး။ကနေ့ ထားဝယ်ရေနက်ဆိပ်ကမ်း ဘယ်သူခေါင်းကထွက်လာတာလဲသိချင်ရင် ဗိုလ်ခင်ညွှန့် ကိုသွားမေးပါ။ဗိုလ်မှုးဇော်လင်း/ဗိုလ်မှုးစိုးဝင်း/ဦးနေ၀င်းမိသားစုတွေကိုသွားမေးပါ။မကြာခင်ကမ္ဘာမှာအကြီးဆုံးစက်မှုဇုံဖြစ်လာတော့မဲ့စီမံကိန်းနိုင်ငံအရေးစဉ်းစားလို့  ပေါ်လာတာပါ။ခင်ဗျားတို့  ဘဘကြိးဦးသန်းရွှေကို ကျုပ်ခေါင်းကထွက်တာမဟုတ်ပါဘူးဆိုတာ ကိုအရင်ငြင်းခိုင်းလိုက်ပါအုံး။သူတို့ ခေါင်းကဘာလို့ မထွက်ရတာလဲ။ကျုပ်နိုင်ငံအရေးမစဉ်းစားပါနဲ့ဆိုရင် အဲဒီစီမံကိန်းကိုအရင်ရပ်အောင်ပြောပါ။ဒါနိုင်ငံအရေးစဉ်းစားလို့ ရလာတာပါ။
ReplyDeleteလှိုင်မြင့်
နောက်တဦး ဒေါ်စုနဲ့ ခင်ခဲ့ပတ်သက်ခဲ့လို့ ထောင်ကျခဲ့ရတာပါ။ဒေါ်စုရတဲ့ဆုကြေးဒေါ်လာ(၁.၃-သန်း)ကိုဒေါ်စုက ဆုပေးအပ်စဉ်ကထည်းက.အဲဒီနိုဘယ်ဖေါင်ဒေးရှင်းမှာဘဲ တခါထည်း(TRUST )အနေနဲ့(အသေအပ်နှံထားပါတယ်။ဘယ်တော့မှပြန်မထုတ်နိုင်တော့ပါ )အပ်နှ့ခဲ့ပါတယ်။အဲဒီကနေနှစ်စဉ်ရလာတဲ့အတိုးငွေ-ဒေါ်လာ-၈၀၀၀၀/(ရှစ်သောင်း)ခန့်ကိုလဲ မြန်မာနိုင်ငံသားတွေပြည်ပပညာရေးမှာ ထောက်ပ့ငွေ/ထိုင်းနိုင်ငံမှာပြည့်တန်ဆာအဖြစ်ရောင်းစားခံနေရတဲ့မြန်မာကလေးမလေးတွေကိုပြန်လည်ကယ်ဆယ်ပေးနေတဲ့အဖွဲ့ ကိုထာဝရထောက်ပံ့ပေးထားပါတယ်။သူ့ မိသားစုအတွက်တပြားမှမသုံးစွဲပါကြောင်း။သူငွေနဲ့ ပြန်လွတ်လာသူတွေတပုံကြိးပါနော်။အဲဒီလိုရောင်းစားခံရတာတွေဘယ်သူ့ ကြောင့်ပါလဲ။
ReplyDeleteအတိုးနဲ့တင်သူ့ အချစ်ဆုံ့းသားလေးအတွက်ဘဘကြိးရွှေ သူ့မြေးလေးအတွက်ဟယ်လီကော်ပတာဝယ်ပေးသလို..ဒေါ်စုလဲဝယ်ပေးနိုင်တာပေါ့ ။မန်ချက်စတာထဲလဲ ရှယ်ယာဝယ်နိုင်တာပေါ့။မန်ချက်စတာကခိုးထားတဲ့ငွေနဲ့ဆိုရှယ်ယာဝယ်လို့ မရဘူးနော်။အဲဒီလောက်တော့သိကြမှာပါ။
လှိုင်မြင့်
ထားဝယ်နက် ရေဆိပ်ကမ်းအကြောင်းက ကျုပ်တို့ ငယ်ငယ် ဆရာကြီး ဦးအောင်ဖေညွန့် ဆီမှာ ကျူရှင်တက်ကထဲက ကြားဖူးပြီး သားပါ။ မြန်မာဖက်ကနေ ထိုင်းဖက်အထိ တူးမြောင်းဖောက်ဖို့  အထိ ရှိပြီးသား။
ReplyDeleteအော်-ဒါနဲ့  - USATODAY က ချီးမြှင့်တဲ့ ဒေါ်လာ ၁သန်းရော ကိုလှိုင်မြင့်ရေ၊ သိရောသိရဲ့ လား
နောက်သူဘဲပြောလာတာလေး...ဒေါ်ကြိုင်ကြိုင်နဲ့ မခင်ပါ။သူ့ သားထွန်းနိုင်ရွှေနဲ့ ကတော့မယားညီအကိုအရင်းပါ။ပြောစရာတွေ တ့ပုံကြီးရှိသေးတယ်။သူတို့ နဲ့ အမျိုးတော်ရလို့ ဂုဏ်မယူချင်ပါဘူးဗျာ။ခင်ဗျားအမျိုးထဲမှာလူသတ်သူ/မတရားခိုးထားသူ/ဖါခန်းတွေ(အနှိပ်ခန်း)တွေကလတ်တွေယူထားသူတွေကိုခင်ဗျားအမျိုးတော်ရရင်ဂုဏ်ယူပြနေမှာလား။မန္တလေးနန်းရှေ့ ကဖါခေါင်းမောင်မောင်စီးတဲ့ကားပြန်ရောင်းတော့..ဘယ်သူမှ မ၀ယ်ကြပါဘူး။ဈေးချပေးတာတောင်နော်။အဲဒါလူစိတ်ရှိသူတွေရဲ့ သဘာဝပါ။
ReplyDeleteအော်တော်ပါတယ်။နေ၀င်းမိသားစုနဲ့ လဲခင်ပါတယ်။ဒေါ်စန္ဒာဝင်း/ဖြိုးေ၀၀င်း/အေးဇော်ဝင်း/့အေးနေ၀င်းတို့ ကိုမေးပါ။ဘာမှဂုဏ်ယူစရာမရှိသူတွေပါ။ကိုယ့်အရေးသာလုပ်ကြဆိုတာ....နိုင်ငံအရေးလုပ်နေသူပါးစပ်က ထွက်ရဲတာ..အံ့ ..အံ့လွန်းပါတယ်။အဲဒါသန်းရွှေလူထုနဲ့ ကြ့ ဖွတ်တွေနိုင်ငံရေးသမားတွေကို ပြောနေကြစကားနဲ့ တထေရာထဲပါ။ရှိသေးတယ်။ဇေယျာသော်တို့ ကိုစစ်တုံးက ထောက်လှန်းရေးက..နိုင်ငံရေးကလွှဲရင်ကြိုက်တာလုပ်ပါတဲ့။သူတို့ ကူညီမယ်တဲ့။ဖိုးရောင်းမလား။ပင်ရင်းနဲပါချိတ်ပေးထားပါမယ်တဲ့ ။တခြားနိုင်ငံရေးသမားတချို့ ကိုလဲအဲဒီလိုအထိပြောပါကြောင်း...အမေရိကန်သမတကြိးJOHN.F.KENNEDY..ရဲ့ သမတကျမ်းသစ္စာကြိမ်ဆိုပွဲမှာပြောကြားခဲ့တဲ့ကမ္ဘာကျော်မိန့် ခွန်းကိုကြည့်ပါ။ASK NOT, WHAT THE COUNTRY CAN DO FOR YOU ,ASK WHAT YOU CAN DO FOR THE COUNTRY, FOR AMERICA TO LEADS THE WORLD.ကနေ့ တိုင်းပြည်ကို၂၃-နှစ်အုပ်ချုပ်သွားခဲ့သူကြိးက မှတ်သားလောက်ဖွယ်ပြောခဲ့တဲ့မိန့် ခွန်းလေးရှိရင် မျှပါအုံး။
လှိုင်မြင့်
ဆရာ ရေးတာတွေကို အမြဲစောင့်ဖတ်နေပါတယ်။ သိပ်ကောင်းပါတယ်။ ဆက်ရေးပါလို့ ဘဲ ပြောချင်ပါတယ်ဆရာ။ စဉ်းစားချင့်ချိန်စရာတွေ အတွေးတွေ ဖြစ်စေပါတယ်။
ReplyDeleteဟုတ်ကဲ့ပါ။ USTODAY ကချီးမြှင့်တာ..ဒေါ်လာ-၁-သန်းမဟုတ်ပါ။ပြန်လေ့လာပါ။ဒါနဲ့ဆရာကြိးဦးအောင်ဖေညွှန့် ပြောတာက တူးမြောင်းပါ။အခု ISTHMUS of KRA လို့ ခေါ်တဲ့ pachan မြစ်ပေါက်ကနေ..ထိုင်းနိုင်ငံပိုင်နက်ထဲမှာ လု့းလုံးလျှားလျှားရှိနေတဲ့တောင်တန်းကို..ပနားမားတူးမြောင်းပုံစံဖေါက်ဖို့ စဉ်းစားကြတာပါ။ ဒါလူတိုင်းသိပါတယ်။လက်တွေ့ မဖြစ်နိုင်တာက..တူးမြောင်းထဲရေသွင်းဖို့ ကိစ္စပါ။ မေးကြည့်ပါအုံး။မြေပုံကိုပြန်ကြည့်ပါအုံး။အခုနေရာနှစ်ခု( ထားဝယ် နဲ့ ကော့သောင်)က မျဉ်းအဖြောင့်အတိုင်းကိုမိုင်-၁၅၀-ဝေးနေပါတယ်။အခုဟာက တူးမြောင်းမဟုတ်ပါဘူး။ရထားလမ်းနဲ့ ပါ။ကမ္ဘာမှာ..ဒီလိုဆက်သွယ်တာ..ဒါပထမဆုံး..အကြံဥာဏ်ပါ။ ပထမဆုံးပါ။ပနားမားအကြံဥာဏ်က-၁၈၈၀-ကပါ။ ခင်ဗျားမျက်စေ့ထဲ နေရာအမှန်ကို မမြင်ဘူးထင်တယ်။ဆရာကြိးဥိးအောင်ဖေညွှန့် မှမဟုတ်ပါဘူး။အထက်တန်းကျောင်းသားတိုင်းနီးနီးကြားဖူးကြပါတယ်။အဲဒါက စစ်ကြောရေးမှာ ငထောက်တွေ ကျနော့်ကိုပြောခဲ့သလို ..ခင်ဗျားထားဝယ်ရေနက်စီမံကိန်းကြီးက စိတ်ကူးယဉ် အာပလာစိမံကိန်းကြိးပါဆိုတာလို..အဲဒါကမှ.. တကယ့်စိတ်ကူးယဉ်စီမံကိန်းပါ။
ReplyDeleteဆွေးနွေးလာတာကိုကြိုဆိုပါတယ်။ဒေါ်စုကိုဂုဏ်ပြုတာအပေါ်တော်တော်အစာမကျေနေပုံတော့ရတယ်။သူ ရတဲ့ဒေါ်လာကခိုးလို့ရတာမဟုတ်ဘူး။ကျနော်တို့ လက်ထဲကခိုးယူပေးထားတာမဟုတ်ပါဘူး။အာဃာတမထားပါနဲ့ ။ကျနော်ပြောနေတာတွေကကျနော်တို့ မြန်မာတွေပိုင်တဲ့ဓနတွေကိုဥပဒေလက်တလုံးခြားလုပ်သဲ့ယူထားခံရတာတွေကိုထောက်ပြနေတာပါ။ခိုးထားတာတွေပြန်မစစ်ဆေးကြရကျေးဆိုရင်..ဘာလို့ သူခိုးတွေ..ဓါးပြတွေဖမ်းပြိးပစ္စည်းကိုပြန်သိမ်းနေစရာလိုသေးလဲ။ဥပဒေလေ။ဒီနေ့ ခင်ဗျားတို့ ဗိုလ်ချုပ်မိသားစုတွေကျုပ်ရှေ့ စိန်နားကပ်ဝတ်ရဲလို့ လား။ဘယ်လောက်လောက်တန်နိုင်တယ်တခွန်းပြောလိုက်တာနဲ့ ဒေါသတွေအလိပ်လိုက်ထွက်လာပြီး..ကျုပ်ကိုပြန်ပြောဝံ့ကြပါ့မလား။ကျုပ်ယောက်ဖ၀မ်းကွဲမိသားစုတွေကျုပ်ဖဲ့လာခဲ့တာများပြီ။ကားတောင်သူများနံမည်တွေနဲ့ထားကြရတာပါ။နောက်တခု..ဒေါ်စုကစိန်နားကပ်ဝတ်ပြစရာမလိုဘူး။လူတွေကသူ့ မိန့် ခွန်းကိုလိုချင်နေတာ။စိန်တွေတထောကြိးရှိတဲ့အမေကြိုင်မိန့် ခွန်းလေးများမျှပါအုံးဗျာ။နောင်လာနောက်သားတွေနမူနာပြရအောင်..ရှိရင်ပေါ့။ဒေါ်စုချမ်းသာတာ မင်းမသိဘူးနော်။သိအောင်စဉ်းစားလိုက်ပါအုံး။
လှိုင်မြင့်
ဟုတ်ကဲ့ပါ။ကျနော်အခုလိုစဉ်းစားတတ်လာတာ ဆရာသမားနှစ်ဦးကျေးဇူးပါ။တဦးက ဒေါက်တာချန်နရောင်း(ထိုင်း)ပီအိတ်ဒီ-၂ံ-ခု။ ဆုံးသွားတာကြာပြီ။တဦးကတော့စင်ကာပူ..သူ့ နံမည်ဖေါ်ပြရင်မသင့်လို့ပါ။မြန်မာနဲ့စိးပွားလုပ်နေတု့းပါ။ဒီလိုဘဲ။တွေးတောတတ်လာရင်.ကံကလဲ ..ပံ့ပိုးလာတာပါ။အခုလိုသန်းရွှေကိုဒဲ့ဒိုးကြိးပုတ်ခတ်တာ အသက်အန္တရာယ်သိပ်ရှိတာပေါ့။ဒါပေမဲ့..သန်းရွှေကျနော်ကိုထိလိုက်တာနဲ့ ..သူလဲ..အပိုင်/အပီရှိလို့ ရမ်းနေတာပါ။တော်ရုံဆို..မျက်နာသစ်စရာမလိုတော့ဘူး။
ReplyDeleteနိုင်ငံအရေးဆိုတာ အားလု့းမှာတာဝန်ရှိပါတယ်။
လှိုင်မြင့်
ဖြစ်နိုင်ရင် တစ်ဒေါ်လာ ကို မြန်မာငွေ ၆ ကျပ်နှုန်းလောက်ထိ ယခင်ချိန်ခါတုန်းက ပုံစံမျိုးလို ဖြစ်စေချင်ပါတယ်။မြန်မာငွေကို အာရှအတွင်းနိုင်ငံတွေမှာ ဘယ်သွားသွား ဂုဏ်ယူစွာနဲ့ သုံးစွဲနိုင်အောင်လို့ပါ။
ReplyDeleteမြန်မာငွေ တတ်လေ ကြိုက်လေပဲ။အခုဆို ရာဂဏန်းနဲ့ချီနေတာဟာ များလွန်းလှပါတယ်။ဒါကြောင့် တစ်ချိန်က ရွှေမြန်မာတွေ ၁ဒေါ်လာကို ၆ ကျပ်နှုံးလောက်နဲ့သုံးနိုင်တဲ့ ခေတ်ကိုပြန်ရောက်စေချင်ပါတယ်။မြန်မာငွေဈေး တတ်ရင် ပျော်နေတတ်တာ ကျနော်ပါ။
ကပ္ပိယ မောင်လုလင်
မောင်လှိုင်မြင့်က လေထဲကနေ အာကျယ်နေတယ်။လုပ်ပါ့လား ကိုယ့်ပါသာ အပြင်မှာ။သွားချဲ သွားကစ်လိုက်လေ စိတ်တိုင်းမကျတာတွေကို။ဒီမှာ အာလူးရိုက် အချိန်ကုန်မနေစမ်းပါနဲ့ဗျာ။ဗိုလ်ချုပ်တွေကို သွားခြိမ်းခြောက် သွားဖြဲဗျာ။အနားယူသွားတဲ့ ဦးသန်းရွှေကအစ ခင်ဗျားက အကုန်သိနေတာဆိုတော့လေ ဆိုလိုချင်တာက မြန်မာပြည်က အာဏာပိုင်တွေအားလုံးဟာ ခင်ဗျားလက်အောက်မှာပဲရှိနေတယ် ငါပိုင်တယ်ဆိုတဲ့ သဘောဖြစ်နေတယ်။သိပ်ရီစရာကောင်းတယ်။
ReplyDeleteကပ္ပိယ မောင်လုလင်
Hi,Mg Lu Lin, we also happy to become 1$ = 6 kyats, but problems are only dollar price down and all other things are going up in country. We working in other country and how we send back our money to family? We earn dollar 2 to 3K also our family are not enough to eat. So you should use your brain, Then who say Than Shwe are retire, I don't think so..
ReplyDeleteမောင်လင်လု ဆိုတော့ တမျိုးကြီိးအဓိပါယ်ပေါက်နေတယ် ။ မင်းဟာကလဲ ခြောက်ရုံဆိုတော်သေး သူများ လင်လု တယ်ဆိုတော့ ။မင်းတို့ ဗိုလ်ချုပ်ကိုသွားခြိမ်းခြောက်ရအောင်ဘယ်လိုလုပ်ခြောက်နိုင်ပါ့မလဲ။လှိုင်ဂေါင်းတွေထဲမှာ လူတွေလာရင်ပုန်းဖို့လုပ်နေတာလဲမမေ့နဲ့ လေ ။ ကြောက်လို့ ပုန်းနေတာ ခြောက်နေဖို့ လိုသေးလို့ လား ။
ReplyDeleteမင်းဘဘကြီးဒီပဲယင်းမှာ မိန်းမ-၂၀၀ကျော်ကိုလူလေးထောင်မကနဲ့ ၀ိုင်းရိုက်ရဲတာ ငါတို့ ကြောက်ပါတယ်မောင် ။အဲဒီကထဲက ပြည်ပမထွက်ရဲလို့  ခင်ညွှန့် ကိုဝန်ကြိးချုပ်လုပ်ခိုင်းပြီး ပုန်းတော့တာပါ။အယုတ်တမာဆိုတော့ ခြောက်ဖို့ တောင်မလိုတော့ဘူး။သူ့ စားရိတ်နဲ့သူပါ ။
(Billy Mackenzie said... ဟုတ်ကဲ့ပါ။ USTODAY ကချီးမြှင့်တာ..ဒေါ်လာ-၁-သန်းမဟုတ်ပါ။ပြန်လေ့လာပါ။)
ReplyDeleteကိုလှိုင်မြင့်ရေ- မဟုတ်ဘဲနဲ့တော့ နဂိုထဲက မပြောပါဘူး။ အောက်က ကသတင်းနဲ့ ကို ပြန်လေ့လာပါအုံး။ USTODAY ကချီးမြှင့်တာ..ဒေါ်လာ-၁-သန်းမဟုတ်ရင် ဘယ်သူတွေ ကြားကဖြတ်ခုတ်သွားတုံး။ အခုရော ဘယ်ဘဏ်မှာ သိမ်းထားတယ် ဆိုတာ လူတွေသိအောင် ဖေါ်ကောင်လုပ်ပါအုံးဗျ။ ဒေါ်စုရတာကို မကြိုက်လို့  မဟုတ်ဘူးဗျို့ ။ ဒေါ်စုက ဗိုလ်ချုပ်အောင်ဆန်းကို သတ်တာ အင်္ဂလိပ်လဲပါတယ် ဆိုတာ မပြောရဲတာရယ် အမေရိကန် လုပ်သမျှကိုတော့ မဝေဖန်ရဲတာကို မကြိုက်တာဗျို့ ။ အမေရိကန် ပြောသမျှ NO လို့  ပြန်ပြောရဲတာ ဝေဖန်တာ တစ်ခါမှ မကြားဖူးသေးဘူးဗျ။ အမေရိကန်လုပ်သမျှ မကြိုက်တဲ့ လူထုတွေ ပြန်ဝေဖန်တဲ့ လူထုတွေ အများကြီး ရှိတယ်ဗျ။
Aung San Suu Kyi wins $1 million Freedom Forum award
Fri Feb 7,2003 - 16:16 PM ET
WASHINGTON (AP) _ Myanmar's democracy advocate, Aung San Suu Kyi, has been awarded the Freedom Forum's 2002 Al Neuharth Free Spirit of the
Year Award, which carries a $ 1 million prize,
Neuharth, the forum's founder, and Charles Overby, its chairman, traveled to Myanmar recently to present the award to Suu Kyi. Neuharth gave an account of their meeting in his column Friday in the newspaper USA Today.
Suu Kyi received the award for her ``free-spirited, non-violent struggle for human rights and democracy'' in Myanmar, also know as Burma, the forum said. A military dictatorship has ruled the Asian nation since 1962 and the current group of generals came to power in 1988.
Winner of the Nobel Peace Prize in 1991, Suu Kyi was put under house arrest by the military in 1989. In 1990 her party, the National League
for Democracy, won an overwhelming election victory but the military government refused to recognize the results.
Throughout the 1990s Suu Kyi was sporadically held under house arrest, the last period from September 2000 to May 2002. She was released from formal house arrest on May 6, 2002 after strong international pressure and has resumed her efforts to restore democracy.''
``I want the people to be able to hold their heads high as free human beings,'' Neuharth quoted her as saying in his account of their meeting in the USA Today newspaper's Friday edition .
She said on her most recent trip to the countryside, the military government attempted to disrupt her meeting with fire trucks.
``One of the most interesting points of the trip was when the authorities tried to intimidate the public by bringing in fire trucks,'' she said in taped comments to Neuharth and Overby. ``I suppose they
meant the people to understand that if they didn't disperse they would be hosed down.''
After asking that the engines be removed, she said she climbed on one of the trucks to address the crowd and the vehicle was then moved.
Suu Kyi cannot attend a March 20 ceremony in Washington to accept the award because she will not leave the country. Her son, Alexander Aris,
who lives outside the country will represent her.
``I will never leave until I can return to this country freely,'' Suu Kyi said.
The first winner of the forum's award in 1992 was Terry Anderson, chief Middle East correspondent for the Associated Press, who spent nearly seven years as a hostage in Lebanon. The Freedom Forum is a nonpartisan
foundation dedicated to free press and free speech.
Asian Tribune
http://www.asiantribune.com/news/2003/02/07/freedom-forum-announces-2002-al-neuharth-free-spirit-year
မနေနိုင်လို့ ဝင်ရေးပါဦးမယ် ဒေါ်စုရတဲ့ငွေက လေးစား ဂုဏ်ပြူခံရလို့ နိုင်ငံတကာက ချီးမြှင့်တဲ့ငွေ မင်းတို့ ပထွေး သန်းရွှေနဲ့ ဗိုလ်ချုပ်တွေ ပြည်သူ့ဘဏ္ဍာတွေ ခိုးထား ဝှက်ထားတွေကို အရင် Declare လုပ်ခိုင်းဦး မင်းကိုယ်တိုင် မင်းပထွေးတွေ မေးရဲလား ဒေါ်လာဘယ်နှစ်သန်း ခိုးထားပြီး ဘယ်ဘဏ်မှာ အပ်ထားလဲလို့ ဒီမိုကရေစီနိုင်ငံတွေမှာ ဝင်ငွေထွက်ငွေ ကြေငြာရတယ် လုပ်ရဲလား အေးငါတို့လည်း တရုတ်ဖင်ပေးပေါင်းနေတာ တရုတ်လုပ်သမျှ ငုံခံနေတဲ့ ပြည်ပအားကိုး သေချင်းဆိုး မင်းပထွေ သန်းရွှေကို မကျေနပ်တာဟေ့
ReplyDeleteကဲဗျာ ဒီလိုလုပ်ကြရအောင် မျှမျှတတပေါ့။ဒေါ်စုကိုသူ့ ငွေတွေဘယ်ဘဏ်မှာအပ်ထားတယ်ဖြေခိုင်းမယ်။သန်းရွှေတို့ဘယ်လောက်ပိုင်ဆိုင်တယ်..ဘယ်ဘဏ်မှာဝှက်ထားတယ်..ကြေညာကျေးလုပ်ကြရင်မကောင်ဘူးလား။ကျုပ်တို့ကဒေါ်စုဘက်က ပြိုင်စေရမယ်တာဝန်ခံရဲတယ်ဗျာ။မင်းတို့ ဘက်ကအရင်သွေးတိုးစမ်းကြည့်ပါအုံး။ဒီမယ်ကျုပ်မယားညီအကိုထွန်းနိုင်ရွှေဆိုတာ..ဘေးရောက်နေသူပါ။သူပိုင်တာတင်..ဒေါ်လာ-သန်းပေါင်းရာကျော်လို့ ထောင်ဘက်နီးနေပါတယ်။ဒီမယ်..ကျုပ်မထွက်ခင်က..သူအိမ်လျှပ်စစ်မီတာခ(အိမ်အကြီးကြီးနော်အိမ်ဖေါ်တင်-ငါးယောက်..အစောင့်ရဲက၁၅-ယောက်)ဒရိုင်ဘာ..ဘာညာကလေးယောက်.လေအေးစက်ကတင်-ငါးလုံ့းအမြဲဖွင့်ထားတာ။.ရေခဲသေတ္တာက-၃-လု့း။အ၀တ်လျှော်စက်.အ၀တ်ခြောက်စက် ။ ဘုရင့်သားပုဆိုးဆိုမှတော့..တလတလမီတာခဆောင်တာက..၈၀-ကျပ်(လစဉ်/အတိအကျ-၈၀-ကျပ်ပါဘဲ)သွားဆောင်ပေးရသူကယောက်ဖတ၀မ်းကွဲ.အုတ်ကျင်း/မာလာမြိုင်-၆-လမ်းထဲက.ကျော်လေး။ကျော်လေးအိမ်က-၁၂-ပေ-၂၅-ပေအိမ်စုတ်လေး။ပန်ကာလေးတခုရှိရှာတာ။မီးကခွဲတမ်းနဲ့ ။ဟိုက၂၄-နာရီ။ကျော်လေးရဲ့ အိမ်ကမီတာခကတလတလ -၅၀၀၀/ကျော်တယ်။သူကအမြဲတပြိုင်ထဲဆောင်တယ်။ဒီတော့လျှပ်ရုံးကကောင်မလေးတွေကကျော်လေးကိုနောက်ကြတယ်။ဦးအိမ်ကအကြီးကြီးထင်တယ်။ဟိုအိမ်ကြီးတောင်၈၀-ကျပ်ဘဲကျတာ။ဦးအိမ်ကအဆ-ရှစ်ဆယ်လောက်ပိုကြီးတယ်ပေါ့...ငြင်းချင်လား..သမိုင်းကမီတာရုံးမှာအရင်သွားစုံစမ်းပါအုံး။ကျော်လေးကိုသွားမေးကြည့်ပါအု့း။အဲဒီလမ်းကတလမ်းလုံးသိကြပါတယ်။သူတင်လား။မဟုတ်ပါဘူး။သူ့ အိမ်ဘေးနားကဒု-ဗိုလ်ချုပ်ကြီးတွေအိမ်တိုင်း...တချို့ က-၈၀/- တချို့ က လစဉ်-၁၂၀/ ပါခင်ဗျာ။...ကဲမယုံချင်နေ..အော်မေ့နေလို့ ..သူအိမ်ချက်ဖို့ ..ဂတ်(စ်)အိုးကြိး(၁၀၀-လီတာနော် )တလကို နှစ်လုံးရတယ်။ကုန်တာကနစ်လမှတဠု့းလောက်ဘဲ ။ ၂-လကို သု့းလုံးအပြင်ကိုအပြတ်ရောင်းစားထားတာကတင်..၂-လကို.ရ-သောင်းရပါတယ်။ အဲဒီလိုစွမ်းအင်ဌာနကပံ့ပိုးထားတာလေးတောင်မထောက်ထားဘူးနော်..
ReplyDeleteလှိုင်မြင့်
ကျွန်တော်တို့က နိုင်ငံခြားမှာ ကျွန်ခံပြီး ချစ်ချုပ်စုလို့ရတဲ့ငွေလေးကို မိသားစု စားဝတ်နေရေးအတွက်ပို့နေရတာပါ။ ဒီလိုသာ ဒေါ်လာဈေးပဲကွက်ကျနေပြီး ကျန်တဲ့ကုန်ဈေးနှုန်းမကျရင် ကျွန်တော်တို့တော့ ဘယ်လိုရှာရမှန်းမသိတော့ပါဘူးဗျာ။
ReplyDeleteBilly Mackenzie said...
ReplyDelete(ကဲဗျာ ဒီလိုလုပ်ကြရအောင် မျှမျှတတပေါ့။ဒေါ်စုကိုသူ့ ငွေတွေဘယ်ဘဏ်မှာအပ်ထားတယ်ဖြေခိုင်းမယ်။သန်းရွှေတို့ဘယ်လောက်ပိုင်ဆိုင်တယ်..ဘယ်ဘဏ်မှာဝှက်ထားတယ်..ကြေညာကျေးလုပ်ကြရင်မကောင်ဘူးလား။ကျုပ်တို့ကဒေါ်စုဘက်က ပြိုင်စေရမယ် တာဝန်ခံရဲတယ်ဗျာ။)
ပြိုင်နေစရာ မလို။ သူ့ စရိတ်နဲ့ သူသွားကြလိမ့်မယ်၊
ဒီပို့ စ်ကို အခုမှဖတ်မိလို့ ...ဒါးခုတ်ရာ လက်ဝင်လျှိုလိုက်ဦးမယ်...။
ReplyDeleteဆောင်းပါးရှင်က တစ်လျှောက်လုံးအပိုင်ပြောလာပြီး ကွန်မင့်ပေးတဲ့လူက အခိုင်အမာ ထောက်ပြ လင့်ခ်ပါ တင်ပေးတာကြတော့ ဘာမှ ဂယနဏ ပြန်မဖြေနိုင်ဘူး။
စကားကျွံရင် နှုတ်ရခက်ပါတယ်ဗျာ။ ထိမ်းထိမ်းသိမ်းသိမ်းရေးပါ။ ခင်ဗျားရေးတော့လည်း ခင်ဗျားရဲ့ ပတ်ဝန်းကျင်က အနံကြီးကွင်းကျယ် (ဒီအုပ်စု ထဲ NLD နဲ့ ဒေါ်စု လည်းပါတယ်။) လူတွေအကြောင်း သိရတာပေါ့။ ကျုပ်တို့ သာမန်အရပ်သားတွေအတွက် ဟုတ်လိမ့်နိုးနဲ့ စိတ်ဝင်စားစရာပါပဲ။
ဟုတ်တာမဟုတ်တာ နောက်တပိုင်းပေါ့။
ဒီ US Today ဆုငွေအကြောင်း ခုမှ သိရတော့တယ်။
NLD နေ့ တိုင်း ဆန်းတတင်းခွဲလောက်ကုန်အောင် ချက်ပြုတ် ကျွေးမွေးနေနိုင်တာ
ဒါကြောင့်ဖြစ်မယ်ထင်တယ်။
သမ္မာအာဇီဝ ၀င်ငွေ ကိုဖုန်းကွယ်ထားတော့ မသမ္မာမှုလို့ လူထင်စရာဖြစ်ကုန်တာပဲ။
အမေရိကန်အနေနဲ့ ကလည်း အတိုက်အခံကို
ငွေရေးကူညီထောက်ပံ့ဖို့ 
ကြံဖန် ဆုပေးလိုက်ရပုံပေါ်ပါတယ်။