Pages

Monday, June 13, 2011

Ever Win Media မှ ဝန်ထမ်းများရဲ့ အဖိနှိပ်ခံ ကျား/မခွဲခြားခံဘဝ (တိုင်ကြားစာ)

Ever Win Media ရုံခန်းအတွင်းမှ ဒေါက်တာတင်အောင်ခိုင်တို့ မင်္ဂလာပွဲသို့ တက်ရောက်လာတဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးရဲ့ ဇနီးနဲ့သမီးတို့နှင့် လက်ဆွဲနှုတ်ဆက်နေပုံ..

Ever Win Media မှဝန်ထမ်းများရဲ့ အဖိနှိပ်ခံ ကျား/မခွဲခြားခံဘဝ

ဒီကိစ္စကို ရေးမယ်ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်တော့တယ်။ ဝန်ထမ်းတွေနဲ့ မကျေနပ်ချက်တွေ စိတ်ဆိုးစရာ ဒေါသဖြစ်စရာ ကိစ္စတွေဟာ တစ်နေ့တစ်ခြား ကြီးထွားလာတာကြောင့် ဖြစ်ပါတယ်။ ပန်းဆိုးတန်း  အလယ်ဘလောက်မှာရှိတဲ့ Ever Win Media ဟာ တဖြည်းဖြည်းနဲ့  နာမည်ဆိုးနဲ့ နာမည်ကြီး လာနေပါတယ်။ ဝန်ထမ်းများအား ကြမ်းတမ်းစွာ ဆဲဆိုခြင်း ရုံးကိစ္စမဟုတ်ဘဲ ပိုင်ရှင် ဦးတင်အောင်ခိုင်နဲ့ ဒေါ်စံပယ်တင်တို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို များပြားပင်ပန်းစွာ လုပ်ကိုင်ပေးနေရခြင်း အထူးသဖြင့် မိန်းကလေး ဝန်ထမ်းများကိုလည်း ကျား/မ မခွဲခြားပဲ ကြမ်းတမ်းစွာ အော်ဟစ်ဆဲဆိုခြင်း လစာနှုန်း လျော့ချခြင်း ၄ထပ်မှာရှိတဲ့ ရုံးခန်းကို အပေါ်အောက် ခဏခဏ ဂျာနယ်မခိုင်းပြီး အတက်အဆင်း လုပ်ခိုင်းခြင်းအပြင် ကျား/မခွဲခြားမှုကို ပြုလုပ် ရက်စက်စွာ ခိုင်းစေယုံသာမက အရက်သေစာများကို အတင်းအကြပ် ရောင်းခိုင်းခြင်း စသည်ဖြင့် အသေးစိတ် ရေးမယ်ဆိုရင်လည်း အများကြီး ရှိနေသေးတယ် ဆိုတာ ပြောလိုပါတယ်။

တစ်လနီးပါး အလုပ်လုပ်ပြီး ထွက်ချင်တဲ့ ဝန်ထမ်းကို လစာ လုံးဝမပေးဘဲ နေခြင်းဟာလည်း အဆိုးဆုံး ဖြစ်ပါတယ်။ အဲဒီလို လစာမရလိုက်တဲ့ ဝန်ထမ်းပေါင်းများစွာ ရှိပါတယ်။ မကျေနပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဟိုလူကြီးနဲ့ ပိုင်တယ် ဒီလူကြီးနဲ့ ပိုင်တယ်ဆိုပြီး အငြိမ်းစား ယူသွားပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးရဲ့ ဇနီးနဲ့ သမီးက ဦးတင်အောင်ခိုင်နဲ့ ဒေါ်စံပယ်တင်တို့ရဲ့ မင်္ဂလာပွဲတက်တဲ့ ဓါတ်ပုံကို မဆီမဆိုင် ရုံးခန်းထဲမှာ ချိတ်ဆွဲထားပြီး ခြောက်လန့်တဲ့သဘော လုပ်ပြထားပါတယ်..။ တိုင်ချင်ရာတိုင် အရေး မလုပ်ဘူးလို့ ပြောလွှတ်တာဟာ အငြိမ်းစား ယူသွားပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးကို ဓာတ်ပုံပြထားပြီး စော်ကားတာနဲ့ အတူတူပါပဲ။ နောက်ပြီး အခုလက်ရှိ အစိုးရ ဝန်ကြီးတွေကိုလည်း သူတို့ရဲ့ ခါးပိုက်ဆောင်လို့ သဘောထားပြီး ပြောဆိုပြန်ပါတယ်။ ဒါဟာ အစိုးရဝန်ကြီးတွေကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် မြန်မာပြည်မှာပဲ မြန်မာအချင်းချင်း အနှိမ်ခံဘဝ ရောက်နေကြောင်းကို အားလုံးသိအောင် ပြောလိုက်တာပါ။

EverWin Mediaမှ ထုတ်ဝေတဲ့ ဂျာနယ်တွေကတော့ နိုင်ငံတကာရေးရာဂျာနယ်၊မြန်မာနယူးဝိခ်ဂျာနယ်၊ ဓနသိန္ဒဂျာနယ်၊ အာယုဒီဋဂျာနယ်၊ 365ဂျာနယ်၊ 442ဂျာနယ်၊ worldfootballဂျာနယ်၊ ရောင်ခြည်မိုးဂျာနယ်၊ National Time ဂျာနယ်တို့ ဖြစ်ကြပါတယ်။ ဝန်ထမ်းအားလုံးကို အလုပ်အကိုင် ရှားပါးမှု အခွင့်ကောင်းယူတဲ့ ဒီလို အလုပ်ရှင်မျိုးတွေ ရှိနေတာကို နိုင်ငံတော်မှလည်း အရေးယူပေး သင့်နေပါပြီ။ အလုပ်အကိုင် ရှားပါးမှုကို အခွင့်အရေးယူပြီး လစာကို သုံးရစ်ခွဲ ပေးခြင်းဟာ လူ့အခွင့်အရေး ချိုးဖေါက်ထားခြင်းပါပဲ။ ပြီးတော့ Ever Win Mediaမှ အလုပ်ထွက်သွားတဲ့ ဝန်ထမ်းများဟာ တခြားသော ဂျာနယ်တွေနဲ့ စာပေလောကထဲမှာ ဆက်လက် အလုပ်လုပ်ကိုင်နေပါက ဦးတင်အောင်ခိုင်မှ မလိုမုန်းထား အပုပ်ချတတ်ပါတယ်။ အဲဒီလိုနဲ့ အလုပ်အကိုင် ထိခိုက်သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒီနေရာက နေပြီး မတရားမှုတွေကို အများပြည်သူတွေကို သိစေချင်လို့ ဖော်ပြလိုက်ပါတယ်။

ဂျာနယ် ဝန်ထမ်းတစ်ဦး....

4 comments:

  1. ဟားဟ..ဓာတ်ပုံမှာ ဘာညာ၏ ဇနီးနဲ့သမီးတို့မှလက်ဆွဲနှုတ်ဆက် ဆိုပြီး စာတန်းတောင် ထိုးထားလိုက်သေး တော်တော်လဲ ရီရတဲ့ လင်မယား ဟိုအကြီးအကဲဆိုသူနဲ့များ လက်ဆွဲနှုတ်ဆက်တဲ့ပုံရှိလို့ကတော့ ဘုရားစင် တင်ပြီး ဆွမ်းရေချမ်း နေ့တိုင်းကပ်မလားမပြောတတ်ဘူး..။

    ReplyDelete
  2. ၀န်ထမ်းတွေ မကျေနပ်ချက်တွေကြောင့် ဆူပူပြီး ပြဿနာဖြစ်တယ်ဆိုရင်
    ပိုင်ရှင်ကို အရေးယူမယ်လို့  အစိုးရသစ်က ညွှန်ကြားချက်ထုတ်ပြန်ထားပါ
    တယ်..ထိထိရောက်ရောက်တိုင်ကြပါ..မကြောက်ပါနဲ့ ..
    ကြောက်မယ်ထင်လို့ ဖြဲခြောက်တာပါ...
    ဟေ့ကောင်..တင်အောင်ခိုင်..၀က်သားနဲ့  ငပိရည် လဲရဲလား...

    ReplyDelete
  3. “မကျေနပ်ချင်တွေ”...ဆိုတာ...“ မကျေနပ်ချက်တွေ ”ကိုဆိုလိုတာလို့
    နားလည်ပါတယ်။( စာလုံးပေါင်း၊ သတ်ပုံ လေးတွေပြန်စစ်စေချင်ပါတယ်။ )
    ဓါတ်ပုံကြီးချိပ်ထားတိုင်းကြောက်စရာမလိုပါဘူး...
    မကျေနပ်ရင် အချိန်မရွေးအလုပ်ထွက်နိုင်တာပဲ...။

    ReplyDelete
  4. မကြာခင် တုံးက ၂၀၀၄- ခင်ညွှန့် ဖမ်းတုံးက ညတွင်းချင်း ခင်ညွှန့် လက်မှတ်ပေးနေတာကိုလက်ခံနေတဲ့ပုံတွေ လက်ဆွဲနုတ်ဆက်နေတဲ့ပုံတွေ ညတွင်းချင်းပျောက်သွားတာ ကြားမိကြတယ်နော် ။ ရွှေတောင်ကြားက ဟိုတင်းဟိုဟွာလုပ်စားသူတွေ လဲ ဒီလိုဘဲချိတ်ထားကြတာလေ ။
    မကြာတော့ပါဘူး ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။