Pages

Thursday, June 16, 2011

KIA တပ်မတော်မှ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသို့ အသိပေးကြေငြာချက်....

ကြေငြာချက် ပေးပို့လာသူ salai zamte အားကျေးဇူးတင်ပါသည်..။

ဓါတ်ပုံ AP

8 comments:

  1. တပ်မတော် ဟာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ မှာ တိုင်းတပါး သြဇာခံ တပ်မတော် ဘ၀ကနေ ပြတ်ပြတ်သားသား ရုန်းထွက်ပြီး ပြည်သူအကြားကို တစ်သားတည်း ၀င်ရောက်ခဲ့တဲ့ တပ်မတော်၊ လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့အတွက် မျိုးချစ် သူရဲကောင်းတွေနဲ့ စတင် ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ခေါင်းဆောင် တွေဟာ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ လိုအပ်တဲ့အချိန်မှာ နိုင်ငံရေးသမား ဘ၀ကနေ မျိုးချစ် တပ်မတော်သားဘ၀ကို ကူးပြောင်းခဲ့သလို နိုင်ငံရေးအရ တိုက်ပွဲဝင် ရမယ့်အချိန်မှာလဲ အမျိုးသား နိုင်ငံရေးသမားဘ၀ကို ပြန်လည် ကူးပြောင်း သွားခဲ့ကြပါတယ်။ မျိုးချစ်တပ်မတော်သားတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ကို အသက်ပေး ကာကွယ် စောင့်ရှောက် ရုံသာမက နိုင်ငံတော်အတွက် လိုအပ်တဲ့အခါတိုင်း အမျိုးသား နိုင်ငံရေးကဏ္ဍမှာ ပါဝင် ထမ်းဆောင်ကြရတာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့  အခန်းအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၇) မှာ

    ၃၃၇။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။
    ၃၃၈။ နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှု အောက်တွင်ရှိရမည်။
    ၃၃၉။ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။
    ၃၄၀။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက် ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံ ဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်။
    ၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် များကျရောက်
    လာလျှင် တပ်မတော်က ကူညီ ဆောင်ရွက်ရမည်။ ဟု ဖေါ်ပြထားပါတယ်။


    နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က (၃၀-၃-၂၀၁၁) နေ့ တွင် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်း မှ ထုတ်နုတ်တင်ပြရလျှင် “ကျွန်တော်နှင့်တကွ ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စား လှယ်များ ဖြစ်ကြတဲ့ အတွက် ပြည်သူအများ ထောက်ခံ အတည်ပြု ပေးထားတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက် သွားကြရမယ့် တာဝန် ရှိလာကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။”

    ”အဲဒီလို တာဝန်ရှိလာ ကြတဲ့အတွက် ကျွန်တော်နှင့် တကွ ကိုယ်စားလှယ်များ အားလုံးတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီဥပဒေအရ တည်ဆောက် ကြမယ့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို နှစ်နှစ်ကာကာ ယုံကြည်ချစ်ခင် မြတ်နိုးကြဖို့နဲ့ အသက်နဲ့ လဲလှယ်ပြီး ကာကွယ် စောင့်ရှောက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။”

    ”ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီနယ်ချဲ့ အောက်က လွတ်မြောက်ဖို့ အတွက် တိုင်းရင်းသား အားလုံး သွေးစည်း ညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက်ပေးပြီး ရယူခဲ့ကြပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်းပြည်ကို ပြန်လည် ထူထောင်ကြရမယ့် အစား ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲတွေကြောင့် လက်နက်တွေစွဲကိုင်ပြီး တိုင်းရင်းသား အချင်းချင်း သွေးချောင်းစီး တိုက်ပွဲတွေ ဆယ်စုနှစ် ငါးခုလောက် ဖြစ်ပွားခဲ့လို့ ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေခဲ့ကြရ တာကိုလည်း ကိုယ်စားလှယ်ကြီး များ အားလုံးအသိပဲ ဖြစ်ပါတယ်။”

    ”မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွား အတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း ကျနစွာဖြင့် ရယူကြမယ် ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာ ဖြစ်ကြောင်း အသိပေး ပြောကြားအပ်ပါတယ် ခင်ဗျား။” ဟု ပါရှိပါတယ်။

    ပြည်သူအများ ထောက်ခံ အတည်ပြု ပေးထားတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ တိုင်းပြည်တာဝန်ကို ထမ်းဆောင်လျက်ရှိတဲ့ မျိုးချစ် တပ်မတော်သား များအား ဂုဏ်ပြုလျက် -

    နေဒွန်း

    ReplyDelete
  2. ရှည်လိုက်တာကွာ... တစ်ခါမှမဖတ်ဖြစ်ပဲ အလကားရထားတဲ့စာအုပ်ထဲက နေကူးရေးတာ လက်မညောင်းဘူးလား။
    ...ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ သမ္မတကြီးတဲ့.... စောက်ရှက်မရှိတဲ့ကောင်တွေ

    ReplyDelete
  3. ၀ါး အိပ်ချင်လိုက်တာကွာ၊ ပထမကမ္ဘာစစ်က ၀ါဒဖြန့်နည်းတွေ လာသုံးနေတယ်၊ တုံးပ

    ReplyDelete
  4. မင်းတို့ ဖတ်ပြီးသွားပြီမလား မင်းတို့ လိုဘဲ တစ်ခြားလူတွေလဲ ဖတ်ပြီးသွားပြီပေါ့ တုံးပ

    ReplyDelete
  5. အမှန်အမှားကို ဝေဖန်ပိုင်းခြားပြီး မြင်နိုင်လောက်အောင် အဆင့်မှီတဲ့ ဦးနှောက်မရှိတဲ့ (သို့) ဖြန်ကျက်တွေ့ခေါ်ဖို့ ဦးနှောက်ကို အလုပ်မပေးတဲ့ ရေသာခို လက်ညှိုးထောင်ခေါင်းငြိမ့်တဲ့ (သို့) သခင်အားရ ကျွန်ပါးဝတဲ့ အပေါ်က နေဒွန်းဆိုတဲ့လူ...

    “ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့” ကလိမ်ကကျစ်စကားတွေ
    “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီဥပဒေအရ တည်ဆောက် ကြမယ့် ဒီမိုကရေစီ နိုင်ငံတော်ကြီး” ဖွဲ့စည်းပုံ အခြေခံဥပဒေကိုက ဒီမိုကရေစီနည်းလမ်းမကျတဲ့ တဖက်စောင်းနင်း မတရားသဖြင့်အချက်တွေနဲ့

    ပြောရရင်တော့ မင်းရေးတင်ခဲ့သမျှတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပြည်သူတွေက လုံးဝကိုမလိုလားတဲ့ မတရားသိန်းစိန်အစိုးရဆိုတာ မင်းနားလည်အောင် ကြိုးစားလိုက်အုံး...

    ReplyDelete
  6. နေဒွန်လို့ တိုင်းပြည်ချစ်တဲ့စစ်သား ၁ ယောက်တည်းမြင်ဘူုးတယ်.....တိုင်းပြည့်ချစ်ရင် အင်တာနက်ပေါ်ကမချစ်ပြပါနဲ့  သွားတိုက်ပါလာ ရှေ့ တန်းကို...၀ါးလုံးခေါင်ထဲ လသာ တယ်......သွပ်

    ReplyDelete
  7. နေဒွန်း, Are you Ok?

    ReplyDelete
  8. ပြည်သူက ရွေးချယ်တင်မြှောက်ထားလို့ သမ္မတနဲ့အစိုးရအဖွဲ့တွေ ပြည်နယ်ဝန်ကြီးချုပ်တွေဖြစ်နေကြတာပေါ့။ဘယ်စစ်တပ်ကမှ တိုက်ရိုက်ခန့်အပ်ထားတာမဟုတ်ဘူး။တရားဝင် ကမ္ဘာသိ ပြည်သူတွေကိုယ်တိုင် ရွေးကောက်တင်မြှောက်ပြီးမှ သမ္မတဖြစ်လာတာပါ။ဒီတော့ လက်ရှိမြန်မာနိုင်ငံရဲ့အစိုးရဟာ တရားဝင်ပြည်သူရွေးကောက်ထားတဲ့အစိုးရပါ။ဒါဟာ ငြင်းပါယ်လို့မရတဲ့အချက်ပါ။ပြည်သူကရွေးကောက်ထားတာမဟုတ်ဘူး စစ်တပ်က တိုက်ရိုက်ခန့်တာဆိုရင်လည်း သက်သေအထောက်ထားနဲ့ပြပေါ့။အခုတော့ ဖင်ပိတ်ငြင်းနေတယ်။ဝါးဟားဟား


    ဒါနဲ့ဝါဒဖြန်တဲ့KIA ရဲ့ဖြန့်ဝေမှုကတော့ ကလေးဆန်လွန်းနေပါတယ်ဗျာ။ဟားဟား။ တပ်မတော်က ၀ါဒဖြန့်တယ်ဆိုရင် လက်ခံလို့ရသေးတယ် အခုတော့ သောင်းကျန်းသူတွေက သူတော်ကောင်းပုံစံနဲ့ တပ်မတော်သားတွေကို လာပြီး ၀ါဒဖြန့်နေတယ်။ရယ်စရာလည်းကောင်းပါတယ်ဗျာ။ဟားဟားဟား
    မျိုးချစ်တပ်မတော်သားအားလုံး ဘေးဘရန်ဝေးကွာလို့ တိုင်းပြည်ကာကွယ်ရေး တာဝန်တွေကို ဆထက်တစ်ပိုး ထမ်းယူနိုင်ကြပါစေဗျာ။


    ကိုတုတ်ကြီး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။