မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို သရုပ်ဖော် ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားရဲ့ သရုပ်ဆောင် နာမည်ကျော် ဟောလိဝုဒ် မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာစဉ် မြန်မာအာဏာပိုင်များမှ Black List စာရင်းတွင် ပါဝင်သည်ဟုဆိုကာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ထိုနေ့မှာပင် ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရှိရပါတယ်...။
Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသမှာ ဖြစ်ပါတယ်..။ အဆိုပါ The Lady ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့အား ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက်ခဲ့ပါတယ်...။ မလေးရှားနိုင်ငံဖွား ဟောလိဝုဒ် ကမ္ဘာကျော် မင်းသမီး Michelle Yeoh မှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားခဲ့ပါတယ်..။ သတင်းများ အကျဉ်းချုပ် ဘာသာပြန်တင်ပြပါသည်...။
ဒါကတော့ ဒီမိုကရေစီ အစိုးရလို့ အာခေါင်ချစ်အော်နေတဲ့ သမ္မတကြီးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ပါပဲ...။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင် ကမ္ဘာသိရော ကမ္ဘာမသိရော ဘာမှ ဂရုမစိုက် မည်မျှ အငြိုးအတေးထား ကြောက်ရွံ့ကြတယ်ဆိုတာ ယခုဖြစ်ရပ်က သက်သေပြနေပါတယ်...။ ဇာတ်ကားက ရုံတင်ပြသခြင်းတောင် မရှိသေးခင်မှာ သရုပ်ဆောင် ကမ္ဘာကျော် မင်းသမီးကို တားမြစ်ပိတ်ပင်ပြလိုက်ပါပြီ။ မင်းသမီး Michelle Yeohဆိုတာ ပရဟိတ လူမှုရေးလုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး တစ်ယောက်ပါ..။ ရုပ်သေးဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ကတော့ အင်မတန် အကျဉ်းတန်တဲ့ လုပ်ရပ်ပါပဲ..။ သိမ်ဖျင်းတဲ့ လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရုပ်တူ သရုပ်ဆောင်သူ ကိုပါ ဒုက္ခပေးတာပါပဲ။ ဇာတ်ဝင်ခန်းတွေမှာ ကြည့်ရတာ နောက်ကွယ်က ဘဘကြီး သန်းရွှေရဲ့ သရုပ်ဆောင်ကွက်တွေလည်း ပါတယ်လေ။ ရုပ်ရှင်အခွေ ထွက်လာရင်လည်း ပြည်တွင်းမှာ လက်သိပ်ထိုးကြည့်ကြရမှာ မြေကြီးလက်ခတ်မလွဲပါပဲ..။ အရာရာကို အာဏာပေတံနဲ့ တိုင်းနေတဲ့ ရုပ်သေးအစိုးရရဲ့ လုပ်ရပ်ကတော့ တော်ရှာပါပေတယ်ဟေ့ တော်ရေလို့ ဆိုစမှတ်ပြုလောက်ပါပေတယ်..။ မင်းသမီး Michelle Yeohအနေနဲ့လည်း အဆိုပါ အာဏာရှင် ရုပ်သေးအစိုးရအား Black List ပြန်သွင်းသင့်ပါတယ်...။ အဆိုပါ မတရား ပြန်လည်ပို့ဆောင်မှုအားလည်း နိုင်ငံတကာကို မီးမောင်းထိုးပြပေးပြီး ကန့်ကွက်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY ဇာတ်ဝင်ခန်းမှ မြင်ကွင်းများ... ပြန်ဖတ်ချင်ရင် Click

အမေရိကန် အစိုးရက အင်္ဂလိပ်လူမျိုး ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်မင်းသားကြီး ချာလီချက်ပလင်ကို ကွန့်မြူနစ်ဆိုပြီး အမေရိကန် ထွက်ခွာ အပြီးမှာ ပြန်အ၀င် မခံတော့ဘူးလေ။ နိုင်ငံတိုင်းက သူ့ အကျိုးစီးပွားကို ကာကွယ်မှာဘဲ။ မထူးဆန်းပါ။
ReplyDeleteမြန်မာပြည်၇ဲ့ အကြီုးစီးပါားကိုဘာတွေထီခိုက်သွားသလဲ သီချင်ပါတယ် အပေါ်ကကွန်မက်ပေးတဲ့အကိုရေဖြေပေးနိုင်မလား ကျွန်တော်အထင်တော် မြက်ပြဲ သန်းရွှေနဲ့ ပြောင်ကြီးသီန်းစီန်တို့၇ဲ့ အကြီုးစီးပွားကို အဓီကထားပုံရတယ်နော် ဒါကကျွန်တော်အမြင်နော် အမြင်ကြင်းတယ်လို့တော့
ReplyDeleteမထင်လိုက်နဲ့ ပြည်သူလူထုရဲ့အကြီုးစီပွားကိုကောထီခီုက်နိုင်သလာခင်ဗျာ ကျွန်တော်တော့မထင်ဘူးနော်
အပေါ်က ညီရေ မင်း အမေရိကားကို သွားချင်ပါတယ် ဆိုရင် ရန်ကုန်က အမေရိကန် သံရုံးမှာ လွယ်လွယ်ကူကူ နဲ့ ဗီဇာရနိုင်လား ဆိုတာ စဉ်းစားကြည့်ပါ။ ဝေးသေး။ ညီ အနေနဲ့ ပညာလဲ တော်မယ် အမေရိကန် နိုင်ငံအတွက် အကျိုးစီးပွားကို အမေရိကန် တစ်ယောက်ထက် ပိုပြီး လုပ်ပေးနိုင်စွမ်း ရှိမဲ့လူဆိုတာ သေချာရင် ဗီဇာပေးဖို့  စဉ်းစားပါလိမ့်မယ်။ ဒါသဘာဝပါ။ အမေရိကန် နိုင်ငံအတွက် အကျိုးစီးပွားကို လုပ်မပေးနိုင်တဲ့ အပြင် သူ့ နိုင်ငံကို အနှေင့်အယှက် ဖြစ်စေမဲ့ လူမျိုးဆိုရင် ဗီဇာပေးဖို့  စဉ်းစားမှာ မဟုတ်ပါ။ ရောက်လာပြီးရင်တောင် ပြန်ပို့ မှာဘဲ။ မင်းသမီး Michelle Yeoh က ဒေါ်အောင်ဆန်းစုကြည် နဲ့ ရုပ်တူ သရုပ်ဆောင်သူ လုပ်မှာဆိုတော့ ရုပ်ရှင်ထဲမှာ မြန်မာပြည် လာမလယ်နဲ့ မြန်မာပြည် စီးပွားရေး လာမလုပ်နဲ့ ဆိုပြီး လုပ်တော့မယ်လေ။ ဦးသန်းရွှေ နဲ့  ဦးသိန်းစိန် ရဲ့  အကျိုးစီးပွားကို မထိခိုက်ပါဘူး။ လက်လုပ်လက်စား သာမန် လူတန်းစားတွေ ရဲ့  အကျိုး စီးပွားကိုဘဲ ထိခိုက်ပါတယ်။ အဲဒီတော့ ပြန်ပို့တာ မထူးဆန်းပါ။ တိုင်းပြည်အတွက် အကျိုးမရှိမဲ့ အတူတူ နောက်တစ်ခါ မလာနိုင်အောင်လဲ တားတော့မှာပေါ့။ ဒါ-လုပ်ရိုးလုပ်စဉ်-ဘဲ။
ReplyDeleteယောက်ကျား စကားပြောကွာ ကြောက်ရင်ကြောက်တယ်ပေါ့ မင်းတို့စစ်ဗိုလ်ချုပ်တွေ မိန်းမလို မိန်းမရတော်တော်ပြောပဲ ယောက်ကျားတွေမှ ဟုတ်ရဲ့လား
ReplyDeleteအဲ့ဒီမင်းသမီးကတော့..ဒီဇာတ်ကားရိုက်ပြီးရင်နိုဘယ်ဆုရတော့မှာပဲ..။
ReplyDeleteနိုဘယ်ဆိုထဲမှာရုပ်ရှင်ပါမပါတော့မသိဘူး။အမေရိကန်ကအဲ့လို..လုပ်ရဲတဲ့
လူကိုလိုက်ကြည့်နေတာ..နိုဘယ်ဆုပေးမလို့..။
လူငယ်တွေရဲ့အမြင်ကတော့ ဒီဇာတ်ကားရိုက်တာကောင်းပါတယ်။
ReplyDeleteဘာဖြစ်လို့လဲဆိုတော့ အမေစုရဲ့အကြောင်းတွေကိုသေသေချာသိသွားတာပေါ့
အဲဒီကားကို ကြည်ပြီးသွားပါပြီ။ မီရှဲကသရုပ်ဆောင်တာအရမ်းတော်တယ်
သူပြည်ဝင်ခွင့်အပိတ်ခံရ လို့စိတ်မကောင်းပါဘူး။အဲဒီကားကြည့်ပြီး အမေစုကိုအရမ်းသနားတယ်။