မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ကိုထိန်လင်း(ခ) Kim Aris တို့သည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား သွားရောက်ရှိခိုးပူဇော် ဖူးမြှော်ခဲ့ကြပါသည်။ ရွှေတိဂုစေတီတော် မြတ်ကြီး၌ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ မွေးနံထောင့်ဖြစ်သော အင်္ဂါထောင့်တွင် လည်းကောင်း၊ သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)Kim Aris၏ မွေးနံထောင့်ဖြစ်သော စနေထောင့် တွင်ပန်း၊ ရေချမ်းတို့ဖြင့် စေတီတော်မြတ်ကြီးအား ကပ်လှု ပူဇော်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်သားငယ် ကိုထိန်လင်း(ခ) Kim Aris တို့ သည် ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဒုတိယ အကြိမ်မြောက် လာရောက် ပူဇော်ခြင်းဖြစ်ပြီး၊ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် သားငယ် ကိုထိန်လင်းနဲ့ အတူပထမဆုံးအကြိမ် ဖြစ်သွားရောက် ဖူးမြှော်ခဲ့ဖူးသည်။
အာဇာနည် ဗိမာန် အဝင်ဝ၌ ဤသို့ သတင်းသမားများ ဝင်ရောက်မှုအား တားဆီးပိတ်ပင်ခံခဲ့ရသည်..
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဖြစ်သူ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူကျဆုံးသွားခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တည်ရှိရာ
အာဇာနည်ကုန်းသို့ သားငယ်နှင့်အတူ သွားရောက်၍ ဂါရ၀ပြု ကန်တော့ခဲ့ပါသည်။ ထို့နောက် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ မိခင်ကြီးဒေါ်ခင်ကြည်၏ ဂူဗိမာန်သို့ သွားရောက် ဂါရ၀ပြုကန်တော့ခဲ့ပါသည်။
မိခင်ကြီး ဒေါ်ခင်ကြည်၏ ဂူဗိမာန်၌ ဂါရဝပြု ကန်တော့နေစဉ်
ယနေ့နံနက်တွင် ရွှေတိဂုံစေတီတော်၌ ထူးခြားစွာ လုံခြုံရေးအထူး တင်းတင်းကြပ်ကြပ် ချထားခဲ့ပြီး၊ သတင်း လာရောက်ယူကြသော သတင်းမီဒီယာများအားလည်း နာမည်များမေးမြန်းခြင်း၊ မှတ်ပုံတင်ကဒ်ပြား တောင်းကြည့် မှတ်သားပြီး၊ သယ်ဆောင်လာသည့် ဓါတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာနှင့် လက်ကိုင် တယ်လီဖုန်းများအားလည်း လုံခြုံရေးများမှ မွှေနှောက်ရှာဖွေ စစ်ဆေးခဲ့ပါသည်။ အာဇာနည်ကုန်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အတွင်းသို့လည်း ဒေါ်အောင်ဆန်းစုကြည်၊ သားငယ် ကိုထိန်လင်းနှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လုံခြုံရေး တာဝန်ယူသည့် လူငယ်အနည်းကိုသာ ၀င်ခွင့်ပြုခဲ့ပြီး၊ သတင်းမှတ်တမ်း လာရောက်ယူကြသော ပြည်တွင်း၊ ပြည်ပသတင်းဌာနမှ သတင်းသမားကိုမူ သတင်းဝင်ရောက် ယူခွင့်လုံးဝ မပေးပဲ တင်းကြပ်စွာ တားမြစ်ထားကြောင်း သိရှိရပါသည်။
စစ်အစိုးရအုပ်ချုပ်မှု ကုန်ဆုံးပြီးနောက်၊ ယခုလက်ရှိ အရပ်သားအစိုးရ အဖြစ် အမည်နာမ ပြောင်းလဲခဲ့ သော်လည်း သိသာထင်ရှားသော လွတ်လပ်စစ်မှန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိမှုရှိမရှိ၊ နိုင်ငံတကာနှင့်အညီ စာပေ၊ အနုပညာ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိမှု ရှိမရှိတို့အား ယခုဖြစ်ပေါ်လျှက် ရှိသော အခြေအနေများမှ ထင်ရှားရှားဖော်ပြနေပါသည်...။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
Picasa Slide Show ကြည့်မရတဲ့ ပြည်တွင်းမှ ပရိသတ်များအတွက် ဓာတ်ပုံများ ထပ်မံကြည့်ရှုလိုပါက












ငါ အဖေဘက်က အမျိုးတွေပေးတဲ့ သေနတ်နဲ့ပစ်သတ်လို့ ငါ အဖိုး ဗိုလ်ချုပ်အောင်ဆန်း အသေဆိုးနဲ့သေခဲ့ ရပါလား...။(ကင့်အဲရစ်)
ReplyDeleteDaw Suu has been seen as anti military regime. That is the reason the regime keep away from General Aung San image. If Daw Suu die, they are the one who promote General Aung San again for their own benefit. Arzarni beikman belongs to people and they are degrading the matrys day because they do not want Daw Suu to be seen in public. Anonymous tried to insult Kim Aris but the reality is now Chinese guns are killing thousands of Burmese and ethnic people in Burma. The military still hold on power because of the Chinese support. British colonial rule is the past, military rule is the present, want ot fight the regime or blame the colonial rule in the past. The reality is present time.
ReplyDeleteHtun Aung Gyaw