Pages

Thursday, July 14, 2011

အနှစ်မရှိသည့်တော ကြက်ဆူပင်ကမင်းမူ ကဗျာရှင် (ဇော်ဝင်း)

အနှစ်မရှိသည့်တော ကြက်ဆူပင်ကမင်းမူ
ကဗျာရှင် (ဇော်ဝင်း)

နှစ်ပေါင်းရှည်ကြာ

ရာသီတွေ အလီလီပြောင်းလို့

ရာစုသစ် တစ်ဘက်ကို

ကျော်လွန်ခဲ့ပေမဲ့ မေ့မရတဲ့

အာဇာနည်ခေါင်းဆောင်ကြီးတွေက

ပြည်သူတွေ ရင်ထဲမှာ

ယနေ့တိုင် ရှင်သန်နေဆဲပါ၊


ပွဲအလန့်မှာ ဖျာဝင်ခင်း

ပြည်သူတွေကို မိုက်ကြေးခွဲ

ကျောင်းသားတွေကို ချေမှုန်း

အင်္ဂလန်မှာ ငွေတွေဖြုန်းခဲ့တဲ့

စနေကောင် ငမိုက်သား တစ်ဦးရယ်ကြောင့်

ရိုင်းခဲ့ပေါ့ ရာဇ၀င်တွေ၊

အာဏာရှင် ဘုရင်ရူး

တစ်ခေတ်ထူးလို့

ပူးပေါ်လာပြန်တော့

ကျောင်းသား၊ ပြည်သူ

ရပာန်းရှင်၊ လူပါမချန်

အသက် စတေးခံခဲ့ရ ပြန်လေပြီ

ဖျောက်ပြစ် ကဗျာ ငွေအသပြာပေါ်က

သူရဲကောင်းတွေရဲ့ အကြောင်း

မသိရလေအောင်

ကွယ်ဝှက် သမိုင်း

အလွန်ပင် ရိုင်းပြီ

ဖခင်နေရာမှာ

ဒင်းဓါတ်ပုံ ထားလို့

လုပ်ရပ်ပါပေ့

ဗိုလ်ချုပ်မှူးကြီးရယ်

ပြည်သူ့ ရင်ပြင်မှာ မတက်သာစိတ်

အံကြိတ်ကာ မြိုသိပ်နေလေတော့

နောင်လာနောက်သား လူငယ်များအတွက်

သမိုင်းမသိ တေမိပမာ

ပကတိ ဖြစ်တော့မည်...

မမှန်မျိုးစေ့ လေ့ကျပေါက်နှင့်

အနှစ်မရှိသည့်တော ဖြစ်ဖွယ်ရှိသော

တိုင်းသားပြည်သူ လူထုအများကို

ငါသာကြက်ဆူ မင်းမူမယ်ပော့လို့

အရှက်မရှိ ကြွေးကြော် နေချင်ကြလေရဲ့...

ဇော်ဝင်း

27 comments:

  1. မှန်လိုက်လေဗျာ..... ပြည်သူတွေကို ဘာမှ မသိ၊ ဘာမ မသိအောင် လုပ်ထားပြီးမှ
    ဘာမှ မတတ်တဲ့ ခွေးဝဲစား ကြက်ဆူမျိုးတွေက ဂုတ်သွေး ထပ်စုတ်လို့ ကောင်းမယ်လေဗျာ...။
    နောက်လိုက် ခွေးဝဲစား ကြက်ဆူလေးတွေကလဲ ရှူးတိုက်တိုင်း ဟောင်ပေးနေကြတာကိုး....။

    ReplyDelete
  2. ပြည်သူတွေကို ဘာမှ မသိ၊ ဘာမှ မရှိအောင် လုပ်ထားပြီးမှ လို့ ပြောတာဗျို့.... မသိ မရှိတဲ့ လူတွေများမှ
    သူတို့ ကလိချင်တိုင်း ဟောင်ချင် ကိုက်ချင်တိုင်း စိတ်တိုင်းကျ ဖြစ်မှာမို့လား....

    ReplyDelete
  3. အော်...ဒါ့ကြောင့် ဒင်းတို့က လွန်ခဲ့တဲ့(၅)နှစ်ကျာ်လောက်က ဒင်းတို့အကြံစည် အောင်မြင်အောင်လို့ ကြက်ဆူပင် မစိုက်မနေရ လုပ်ခဲ့တာကို...ပြည်သူတွေကို အကွပ်ကြကြ အညွန့်တုံးအောင် လုပ်နေတာပဲ...ခွေးမသားတွေ

    ReplyDelete
  4. အေးကွယ် ဒီတစ်ခါတော့ အဘကတောင် ကဗျာဆရာလေး မောင်ရင်ဇော်ဝင်းကို ဆရာခေါ်ရမလို ဖြစ်နေပြီ...ဘာဖြပ်လို့ဆိုတော အဘကိုယ်တိုင်က ငယ်ငယ်က ကြားဖူးတာ ကြက်ဆူပင်က မင်းမူတယ် ဆိုတာက လွဲလို့တစ်ခြား ဘာတစ်ခုမှ မသိလို့ပါဘဲ...ဆရာလေးမောင်ဇော်ဝင်း အခုလို ရှင်းရှင်းလင်းလင်း ဖော်ထုပ်ပေးတဲ့အတွက် အထူပဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် ဒီကဗျာကို သမိုင်းဝင် ကဗျာတစ်ပုဒ် အဖြစ် အဘ ရဲ့မှတ်စုလေးထဲမှာ သိမ်စည်းခွင့်ပေးပါ...

    ReplyDelete
  5. NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့  အင်္ဂလိပ်က စီစဉ်ခဲ့ပြီး အင်္ဂလိပ်စစ်တပ်က ထုတ်ပေးတဲ့ လက်နက်နဲ့  အသတ်ခံခဲ့ရတယ် ဆိုတာ ဒီမိုဟန်ဆောင်တို့  မရေးရဲကျဘူး။ ဒေါ်စုကိုယ်တိုင်လဲ တစ်ခါမှ ပြောသံမကြားဘူး-ပေါင်။

    ReplyDelete
  6. နိုင်ငံတကာမှာ ဘာကြောင့် ကြက်ဆူစိုက်ကျသလဲ?

    For Growing energy solutions

    http://www.d1plc.com/
    http://www.svlele.com/jatropha_why.htm
    http://www.jatrophacurcasplantations.com/

    ReplyDelete
  7. ကြက်ဆူဆီ နဲ့ မောင်းတဲ့ မာစီဒီးကား

    http://www.mercedes-benz.co.in/content/india/mpc/mpc_india_website/enng/home_mpc/passengercars/home/world/Our_Presence_in_India/Social_Responsibility/Jatropha_Biodiesel_Project_.html

    ReplyDelete
  8. Biofuels and Rural Development; the case of Jatropha curcas(ကြက်ဆူ)in Malawi

    http://www.scribd.com/doc/59987438/Biofuels-and-Rural-Development

    ReplyDelete
  9. နိုင်ငံ တချို့က တနေရာရာ လေးတွေမှာတော့ ရှိချင်ရှိနေမှာပေါ့ ဒါမေမဲ့ မစိုက်မနေရ ဆိုတာကတော မြန်မာ တစ်နိုင်ငံထဲပါ...နိုင်ငံတစ်ကာမှာ လူ့အခွင့်ေ၇းတွေ ရနေကြတယ် မရတာက မြန်မာတစ်နိုင်ငံထဲပါ...နိုင်ငံတစ်ကာမှာ သက်ဆိုင်ရာ ဘာသာရေးခေါင်ဆောင် ကြီးတွေကို ပူဇော်နေကြတယ် သက်နေတာ မြန်မာတစ်နိုင်ငံထဲပါ...ပြောရမယ်ဆိုရင်တော့ အများကြီးပါဘဲ ကုန်မှာမပာုတ်ဘူး...

    ReplyDelete
  10. ပထမ ပြောချင်တဲ့အကြောင်းက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတာမှာ အင်္ဂလိပ်က ကြံရာပါဆိုတာ ဖြစ်နိုင်ခြေအရမ်းများပါတယ်။ Who really kill Aung San? ကို youtube မှာကြည့်ပြီးလာပြောနေမှန်းသိသာတယ်။ အဲ့ဒီကိစ္စနဲ့ အင်္ဂလိပ်တွေကို မုန်းရမယ်ဆိုတာ တကယ်လို့ ငါတို့နိုင်ငံက ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံကြီးမဖြစ်ခဲ့ဘူးဆိုရင်တော့ ဟုတ်ချင်ဟုတ်မှာပေါ့။ အခုလို ဖာနိုင်ငံကြီးဖြစ်နေတဲ့အချိန်မှာတော့ အင်္ဂလိပ်ထက် တိုင်းပြည်ကြီးကို အခုလို ဖြစ်အောင်လုပ်တဲ့ စစ်အစိုးရနဲ့ အလိုတော်ရိတွေကိုသာ ပိုမုန်းရမှာ။ ဗိုလ်ချုပ်လုပ်ကြံခံရတော့ တိုင်းပြည်မပျက်သွားသေးဘူး။ ဗိုလ်ချုပ်လမ်းစဉ်အတိုင်း အရှိန်လေးနဲ့ဆက်သွားနေသေးတယ်။ ခွေးက မတန်မရာ ရာဇပုလ္လင်တက်တော့မှ တိုင်းပြည်ပျက်တာပဲ။ အခုဗိုလ်ချုပ်ကို တမ်းတလွန်းနေတာ အခုဗိုလ်ချုပ်တွေသာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အမေစုရဲ့ ၄ ပုံတပုံလောက်ပဲ အရည်အချင်းရှိပြီး တိုင်းပြည်အတွက် အလုပ်လုပ်ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းရိုသေလေးစားတာပဲ ရှိတော့မယ် အခုလောက် ယူကြူံးမရ ဖြစ်စရာမလိုတော့ဘူး။ ကိုယ်စောက်သုံးမရလို့ တိုင်းပြည်ပျက်တာတော့မပြောဘူး ဘိလပ်ကြောင့်လို့ လက်ညှိုးထိုးချင်သေးတယ်။ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ။

    နောက်တခုက ကြက်ဆူကိစ္စ။ အဲ့ဒီကိစ္စကို အလိုတော်ရိတွေကိုပြောရလွန်းလို့ အာတောင်ညောင်းတယ်။ ကြက်ဆူ ကြက်ဆူနဲ့ စိုက်ခိုင်းလိုက်ကြတာ တတိုင်းပြည်လွန်းမစိုက်မနေရ တဲ့။ ဆီထုတ်ဖို့ဆိုတဲ့ စေတနာနဲ့မှမဟုတ်တာ။ ပညာနည်းသူတို့ရဲ့ဗီဇအတိုင်း ဗေဒင်ဆရာအလိုအရ ကတ်ကင်းနဲ့ ယတြာချေတာတဲ့။ ကြက်ဆူ နဲ့ စုကြည် ဆိုပြီးတော့။ ဟားဟားဟား ရီစရာက ကြက်ဆူတွေသီးလာတော့မှ "ကြက်ဆူဆီထွက် စုကြည်တက်" တပေါင်ကပေါ်လာတော့ စောက်ချီးစားကြီးတဲ့ လူ့အန္ဓ ဗိုလ်ချုပ်တွေက ကြက်ဆူကို စိုက်ပဲစိုက်ခိုင်းတာ ဆီ မထုတ်ခိုင်းရဲတော့ဘူး။ နောက်တခါ ကြက်ဆူထက်ပိုကောင်းတဲ့ biofuel species တွေအများကြီးရှိတဲ့ကြားက ဒီလို နုံချာတဲ့ ကြက်ဆူပင်စိုက်တယ်ဆိုတာ။ စောက်ချီးစားကြီးတဲ့ လူ့အန္ဓ ဗိုလ်ချုပ်တွေသာ ယတြာချေဖို့လုပ်တာကွ။ ဆီထုတ်ချင်ရင် အခုဆက်လုပ်လေ။ ဘာလို့ ဘာမှဆက်မလုပ်ပဲ ရပ်ထားလဲ။ စောက်သုံးမှမကျတာ။

    ReplyDelete
  11. သြော်...အပေါ်က ကြက်ဆူပင် ပေါက်စလေးတွေကတော့ အခုချိန်ထိ ဘာမှမသိကြသေးပါလား သူတို့ ဘဘကြီး(ရေအလွန်ရှားတဲ့အရက်က)ကျောက်ဆည်သား ပြောတဲ့စကာတွေကို ယုံနေကြတုန်ပါလား...သူစကာကိုယုံပြီး ကြက်ဆူပင် ဆိုက်ရင်တော့ မင်းတို့ကောင်တွေ မာစီဒီကားတော့ ရမှာမပာုတ်ဘူ ဘာပူကြီးကလားဆီမှာ မယားပါ ပေါင်ရလိမ့်မယ်...

    ReplyDelete
  12. Jatropha HUGE potential income base on research
    http://www.youtube.com/watch?v=PMjmuOVCOow&feature=related

    ReplyDelete
  13. ဒါဆိုရင် သေချာပြီ။ ကမ္ဘာနဲ့ချီပြီး အောင်မြင်မှုရနေတဲ့ ကြက်ဆူ ဒို့ဆီကျမှ ခြုံပုတ် အမှိုက် အဖြစ်ထက် မပိုတာ...
    ၁) လုပ်ခိုင်းတဲ့သူ အရည်အချင်းမရှိလို့၊ စေတနာ ဆိုးလို့၊ ရည်ရွယ်ချက် မကောင်းလို့၊ ကွပ်ကဲမှု ညံ့ဖျင်းလို့။
    ၂) လုပ်တဲ့သူတွေ စေတနာ မပါလို့၊ ပညာနုံနဲ့လို့ ကျွမ်းကျင်မှု မရှိလို့၊ ပျင်းလို့၊ ဖျင်းလို့၊
    ဆိုတာထင်ရှားနေပါတယ်။

    ဒါကြောင့် သိက္ခာရှိတဲ့ ကမ္ဘာသားတိုင်း လုပ်လေ့ရှိသလို..
    ၁) လူသွားလမ်း ပလက်ဖေါင်းပေါ်မှသည်၊ အဓိကသီးနှံစိုက်ခင်းကြီင်္းများပျက်စီးသည်ထိ အထိမင်းမူကာ နှစ်ပေါင်းများစွာ စိုက်ပျိုးစေခဲ့ပြီး တိုင်းပြည်ကို စီးပွားရေးအရ ချွတ်ခြုံကျစေကာ ပြည်သူပြည်သားတို့အား ဖွတ်သထက်ညစ်စေခဲ့ပြီး ဖြစ်မြောက်အောင် လုပ်နိုင်စွမ်းလည်း မရှိခဲ့သော ထိုကြက်ဆူအရှင်သခင်နှင့်တကွ ကြက်ဆူဂုရု ကြက်ဆူကပ်ပါး ကြက်ဆူအောက်ဆွဲ ကြက်ဆူလက်ကိုင်ဒုတ် အားလုံး ပြည်သူလူထုအား ဝန်ခံ ဝန်ချ တောင်းပန်ပြီး မိမိတို့ရယူထားကြသောနေရာဌာန၊ လစာရိက္ခာ၊ ကိုင်စွဲထားသော လုပ်ပိုင်ခွင့် အဆောင်အယောင် စသည်များ ချက်ခြင်းစွန့်လွှတ်ကြရန်၊
    ၂) ဤမျှရုပ်ဆိုး အကြည့်တန်သော မှားယွင်းမှု (ဝါ) ရူးနှမ်းမှုမျိုး သမိုင်းတွင် မည်သည့်အကြာင်းကြောင့် ပေါ်ပေါက်ခဲ့ရသည်၊ ထပ်မံမပေါ်ပေါက် စေရန်မည်သို့ လုပ်ဆောင်သင့်သည် စသည်များပါဝင်သော အစီရင်ခံစာ တစ်စောင်ကို ဂုဏ်သရေရှိ သမာသမတ်ကျ အများယုံကြည်လေးစားခံ ပုဂ္ဂိုလ်များ (အထက်ကဉာဏ်အမြင် “စူးရောက်” သူတဦး မောကြီးပန်းကြီး ကူညီ ရှာဖွေရည်ညွှန်း ဖေါ်ပြခဲ့ပေးခဲ့သော အောင်မြင်ပြီး အောင်မြင်ဆဲ ကမ္ဘာ့နိုင်ငံတို့မှ ကျွမ်းကျင်သူများ အပါအဝင်) ပါဝင်သော ကော်မီရှင် တရပ်မှ ပြုစုပြီး ရက်ပေါင်း (--) အတွင်း အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာ ပေးရန်၊
    သင့်ပါသည်။

    ReplyDelete
  14. (biofuel species တွေအများကြီးရှိတဲ့ကြားက ဒီလို နုံချာတဲ့ ကြက်ဆူပင်စိုက်တယ်ဆိုတာ။)

    Jatropha Curcas is an excellent biofuel crop which has many other advantages over existing crops.

    Jatropha - Grown as a biofuel / biodiesel crop

    The biofuel yield of various crops has been measured, and is usually given in barrels of oil per square mile per year.

    Corn is a common biofuel crop in the USA, but it yields under 200 barrels (per square mile per year). Rice for example yields almost 1000 barrels, however it is an essential worldwide food crop as are most of the other potential biofuel crops.

    It is simply not viable to use good quality arable farmland for growing biofuels, biofuel crops need to be grown on marginal land if we are to benefit from them. This is where Jatropha scores highly. Not only does it have a great yield of well over 2,000 barrels of oil per square mile per year, it also increases the fertility of the land on which it is grown so that it can potentially be used for food crops in subsequent years.

    Jatropha is perennial which can grow in arid conditions (even deserts), on any kind of ground, and does not require irrigation or suffer in droughts. Therefore unlike the common biofuel crops of today (corn and sugar), they are very easy to cultivate even on poor land in Africa providing great social and economic benefits for that region.

    Jatropha is fast growing and it begins yielding oil in the second year and for the next forty to fifty years. Optimal yields are obtained from the sixth year, and spaced at 2 metre intervals, around 2500 plants can be cultivated per hectare. Jatropha absorbs large amounts of carbon dioxide from the atmosphere and therefore earns carbon credits.

    Reference:
    http://www.reuk.co.uk/What-is-Jatropha.htm

    ReplyDelete
  15. တကယ်လုပ်သူ တကယ်ခံစားရမည်။ မသိသူကျော်သွား သိသူဖေါ်စား။

    Jatropha Prices
    http://www.jatrophaprices.com/

    Jatropha Markets
    http://www.jatrophamarkets.com/

    ReplyDelete
  16. Want to buy Jatropha Seeds? Do you know how much?
    http://www.jatrophaseedsdirect.com/

    ReplyDelete
  17. Under the plot of the British, Myanmar leaders led by General Aung San, who bravely fought against the colonialists, were assassinated. The aliens used Galon U Saw, who was a power
    maniac, to carry out the assassination. Major Young and Captain Vivian of the British Army issued arms from Botahtaung COD godown to the assassins. Only two or three sten-guns would be enough to assassinate General Aung San. But a great number of arms were issued to the assassins.

    Major Young gave one sub-machine gun, three American carbines, one Stan gun, two Tommy guns, one Luga pistol and two revolvers and Major Lance Dane one rifle, two Tommy guns, one carbine and many magazines to U Saw in 1946.

    On 24 June 1947, Capt Vivian gave U Saw 200 bren-guns, 200 spare barrels and 800 extra magazines. On 10 July, U Saw got 100,000 rounds of ammunition used in .303 rifle, 25,600 rounds of ammunition used in Stengun and 200 hand grenades with the help of the British army major. Such a haul of guns and ammunition would not be needed if the plot was just to assassinate General Aung San and his cabinet members.

    The assassination plot would need only there or four stenguns or tommy-guns. The aim of giving 200 brenguns was to enable U Saw to launch an armed opposition against the then government after the nation regained independence on 4 January 1948. U Saw named his assassination plot the scheme to occupy the nation. The colonialist after restoring independence to Myanmar in an unavoidable situation would like to use U Saw to create the civil war in the country to cause the immediate loss of her freedom again. Some British officers got involved in drawing U Saw's occupation scheme.

    ReplyDelete
  18. ကြက်ဆူပင်တွေကနေ ဆီဘယ်တော့ ထုတ်မှာတဲ့လဲ။ ဒီမှာကော်မန့်လာရေးနေကြတဲ့ တာဝန်ရှိစစ်ဗိုလ်ကြီးများနဲ့ တာဝန်မရှိတဲ့ ဗိုလ်ကြီးများ၊ လူကြီးမင်းများ ဖြေကြပါဦး။

    ReplyDelete
  19. နှစ်ပေါင်းရှည်ကြာ ရာသီတွေ အလီလီပြောင်းလို့ ရာစုသစ် တစ်ဘက်ကို ကျော်လွန်ခဲ့ပေမဲ့ မေ့မရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အင်္ဂလိပ် နဲ့ အပေါင်းပါတွေ သတ်တာ ပြည်သူတွေ ရင်ထဲမှာ ယနေ့တိုင် ရှင်သန်နေဆဲပါ။ ပြည်သူတွေ ၀မ်းနဲတာက အာဇာနည် ခေါင်းဆောင်ကြီး တွေကို အင်္ဂလိပ် နဲ့ အပေါင်းပါတွေ သတ်တယ်ဆိုတာကို ဘာကြောင့် ဖုံးကွယ်ချင်နေတာလဲ ဆိုတာကိုပါ။

    ReplyDelete
  20. အကွက်သိနေတဲ့သူတွေက ကြက်ဆူပင်တွေကနေ ဆီတောင် မထုတ်တော့ဘူး အစေ့ လိုက်ဝယ်ပြီး ပြန်ရောင်းစားနေကျပြီလေ။ အောက်ကလင့်လဲ ဖတ်ကြည့်ပါအုံး။ အဲဒါပေါ့ မသိသူကျော်သွား သိသူဖေါ်စား ဆိုတာပေါ့။

    http://edm.iboninternational.org/component/content/article/426-special-features/272-using-oda-to-promote-cdm

    ReplyDelete
  21. မိုးကြိုးပစ် ထန်းလျှက်ကာ သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့ သန်းရွှေနဲ့ ဗိုလ်စုတ်တွေ ကြက်ဆူဆီ စီမံကိန်းဆိုတာ အောင်မြင်ရင် နင်တို့ထက်ချမ်းသာတဲ့ အတတ်ပညာ ရှိတဲ့နိုင်ငံကြီးတွေ လုပ်မှာပေါ့ဟဲ့.. ဆင်ဖိုးထက် ချွန်းဘိုးကြီးလို့ လက်ရှောင်နေတာ။

    အာဇာနည်ကြီးတွေကို အင်္ဂလိပ်သတ်တာ မသတ်တာ သေချာမသိရပေမယ့် နင့်ပထွေးသန်းရွှေနဲ့ အပေါင်းအပါတွေကြောင့် ရဟန်း၊ ပြည်သူ၊ ကျောင်းသားတွေ အသက်ဆုံးရှုံးခဲ့ရတာကိုတော့ သက်သေအထောက်အထားတွေ အပြည့်ဟေ့ လူမိုက်ကို သူတော်ကောင်းလို ကိုးကွယ်နေတဲ့ အရိုးကိုက်တွေ နားလည်လား

    ReplyDelete
  22. To those fools who are proud to be defenders of the Jatropha-maniacs:

    Stop fooling around readers and the general public who for the last 49 years have been misled to the grave by the gangsters of those maniacs. Everyone knows you are paid for that sheer nonsenses at the expense of country's doom; but it would be much worthwhile and humane if you make a slightest contribution of the lifetime by educating your FOOL of the FOOLS to let them know that:

    Now a days governments and scientists from countries of the world over who genuinely have their people at heart and want them to be comfortable in every aspect are looking to get energy from the cheapest and cleanest source, water that is. Certain countries including your regional neighbor have already achieved substantial progress in this good-will venture. You might not even notice it since you keep yourselves busy burying in that shits of nonsense as well as fouling your citizens without giving them a break.
    I can give where to link for those useful and more contributing info but I won't do it. Instead I strongly advise YOU to do so by yourselves since you are paid for such purpose and can easily find them - much easier than those worthless links you sofar have produced in ill-will.
    Shame on you! Do the right thing before you get totally submerged under the sea of people's curses and spits.

    ReplyDelete
  23. ((တကယ်လုပ်သူ တကယ်ခံစားရမည်။ မသိသူကျော်သွား သိသူဖေါ်စား။))

    မသိသူယောင် (မှား)သိသူရှာင်သွား တကယ်စိုက်ရင်တော့ တကယ် ငတ်မှာပါ...ဒါနဲ့..စကာမစပ် ကြက်ဆူပင်တွေက ဘယ်တော့ ဆီထုတာမှာလဲ...ပီားပီားးးးးးးးးးးးးးး

    ReplyDelete
  24. ကိုယ်တိုင်းပြည်မှာတော့ လောင်စာရအောင် ကြက်ဆူဆီကို စိုက်သုံးရပြီးတော့
    မင့်အမေလင်ကို ကြတော့ ဘာလို့ Natural Gas နှင့် ဧရာဝတီကိုပိတ်ပြီးဆောက်တဲ့ Hydro power ပေးရတာလဲ။ တော်တော်ကောင်းတဲ့ခေါင်းဆောင်ကြီးတွေ။

    မြန်မာနိုင်ငံမှာကြက်ဆူဆီနှင့်မမောင်းတဲ့ကားရောင်းတဲ့ကား။ ကြက်စူဆီရောင်းတဲ့ဆိုင်ရှိရင်ပြောပါ။

    ReplyDelete
  25. သန်းရွှေသေရင် သူ့အုတ်ဂူနားမှာ ကြက်ဆူပင် အမှတ်တရ စိုက်ပေးကြစို့..။

    ReplyDelete
  26. စိုက်ပေးအုံးမှာ.....နိုင်ငံတကာ ကလဲဝမ်းသာခြင်း အထိမ်းအမှတ်နဲ့ စံချိန်စံညွန်းမှီ ကြက်ဆူပင် ပေါင်းမြောက်များစွာ ကို ၂၄ နာရီအတွင်း အရောက်ပို့ပေး သွားမှာဖြစ်ကြောင်း ကြိုတင်ကြေငြာအပ်ပါတယ် ခင်ဗျား...

    ReplyDelete
  27. ဗိုလ်ရွှေ က်ြက်ဆူပင်စီမံကိန်းစခဲ့တာ ၉၄-ခုနှစ်က။(၁၇-နစ်ရှိခဲ့ပြီ )အဲဒီတု့းကရေနံစိမ်းတပီပါဈေးက-၁၅-ဒေါ်လာခန့် သာရှိသေးတယ်။အဲဒီတုံးကဇွတ်တွန်းခဲ့တယ်။အခုရေနံစိမ်းဈေးက-၁၀၀ဒေါ်လာ။တကယ်မြန်မာစွမ်းအင်အတွက်ပူပင်ရင်အခုဘာလို့ ရပ်ထားရတာလဲ ။မြန်မာမှာလောင်စာထုတ်ရမှာက (ထန်းရည်နဲ့ ဓနိရည်)။မကြာခင်ဘယ်လောက်အထိထုတ်လုပ်နိုင်တယ်။ဘယ်နုံးထွက်တယ်ဆိုတာအထောက်အထားတွေနဲ့တင်ပြပေးလာပါမယ်။ကြားထဲ န.အ.ဖ.အလိုကျ အာချင်သူတွေ အာရအောင် .ကျနော်လဲအလုပ်လေးနဲနဲများနေလို့ပါ ။ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ပညာရှင်ကြီးတွေကိုအထူးဖိတ်ခေါ်ပါတယ်။ ပညာစမ်းတာမဟုတ်ပါ။တိုင်းပြည်အရေးမို့ပါ။တိုင်းပြည်အရေးတကယ်အလေးထားသူမှန်ရင်ကိုယ့်သိက္ခါတွေဘာညာဂုဏ်ဓနတွေဘေးချိတ်ထားပြီးပါဝင်လာပေးကြပါလို့  ။ဗိုလ်ချုပ်ဆိုအသက်ကိုပါပဓါနမထားပေးဆပ်ခဲ့တာလေးလဲ မေ့ကြဖို့ ပေါ့ ။

    လှိုင်မြင့်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။