ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင်
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
မြန်မာနိုင်ငံကို တရုတ်က ကျားကန်ပေးနေတယ်လို့ ပြောတာထက် ဂုတ်ကိုစွဲပြီး ထောင်ထားပေးတယ် ပြောရရင် ပိုဆီလျှော်ပါမယ်။ တရုတ်ပြည်ကြီးဟာ ဦးနေ၀င်း လက်ထက်တုန်းက ကျတော့ အတိုက်အခံမရှိတော့ ဦးနေ၀င်းကို တိုက်တယ်။ ပီကင်းရေဒီယိုကနေ ကျနော်တို့လို ဦးနေ၀င်းအစိုးရကို လက်မခံနိုင်တဲ့ သူတွေတောင် ကြာတော့နားကြား မြင်းကပ်လောက်အောင် အရူးမ အသံနဲ့ နေ၀င်း-စန်းယု စစ်အစိုးရနဲ့ တအားအော်နေတော့တာပါဘဲ။ ဗ.က.ပ. ကို ငွေအား လက်နက်အား လူအားနဲ့ကူခဲ့တယ်။ ၁၉၇၃- လောက်ကစတင်ပြီး ပီကင်းရေဒီယိုကနေ တရုတ်တပ်မတော်က ဒီဝီဇံ တပ်မကြီးတခု ဥက္ကဌကြီးမော်ရဲ့ အမိန့်ကို ဖီဆန်ပြီး အိမ်နီးချင်းနိုင်ငံတခုထဲ ထွက်သွားတယ် ဗြောင်ကြေငြာပြိး ဗ.က.ပ တွေဘက်က လူအားနဲ့ ၀င်တိုက်ပေးတယ်။ ရှမ်းပြည်ဘက်မှာ တိုက်ပွဲကြီးတွေ ဖြစ်ရတယ်။ မြန်မာတပ်တွေဆို တပ်ရင်းလိုက် ဗ.က.ပ. အမည်ခံ တရုတ်တပ်တွေ လက်ထဲကျရတယ်။
မြန်မာနိုင်ငံမှာ ၈၈၈၈-လုံး ဒီမိုကရေစီရေစီးကြောင်းကြီး ပေါ်လာတာနဲ့ ကမန်းကတန်း ကုန်သွယ်ရေး သဘောတူညီချက်တွေ တက်သုတ်ရိုက် သဘောတူလိုက်ပြီး စစ်တပ်ကို ကျားကန်ပေးတော့တယ်။ မ.ဆ.လ. ပါတီ အရေးပေါ်ညီလာခံ ခေါ်ပြီး ဗိုလ်နေ၀င်း နုတ်ထွက်နေချိန်မှာ နယ်စပ်ကုန်သွယ်ရေး သဘောတူညီချက်လုပ်ပြီး ဒီမိုကရေစီ ရေစီးကြောင်းကြီး မပေါ်လာအောင် အပြတ်လုပ်ဆောင် ပါတော့တယ်။ တရုတ်က သူ့အိမ်ဘေးကပ်လျှက် မြန်မာမှာ ဒီမိုကရေစီ ထွန်းကားလာမှာ ပူပင်တာ အချက်အများကြီးပါ.....။
(၁) အဓိကနဲ့  အရေးကြီးဆုံးပါ။ သူ့နိုင်ငံနဲ့ နယ်နမိတ် အများဆုံး ထိစပ်နေတာက မြန်မာက (မွန်ဂိုးလီးယား နဲ့ရုရှား မှအပ) အများဆုံးလဲဖြစ်။ တခါ မြန်မာက ပညာတတ်သူပေါများတယ် ။ ဒီမိုကရေစီထွန်းကားလာရင် ချက်ချင်းထောင် တက်လာမယ်ဆိုတာ သိနေတယ်။ အဓိကက သူ့ဆီကို ဒီမိုကရေစီ ရေစီးကြောင်း ကူးလာမှာ အကြောက်ဆုံး။ သူ့နားကပ်လျှက် ဘယ်ဒီမိုကရေစီနိုင်ငံမှ မရှိစေချင်ဘူး။ အထူးသဖြင့် မြန်မာပြည်မှာက တရုတ်တွေအများကြီး ရှိနေတော့ မြန်မာပြည်မှာသာ ဒီမိုကရေစီရရင် သူ့တရုတ်တွေ ဆီကို ဒီမိုကရေစီ အမြန်ဆုံး ပြန်သွားနိုင်တယ်လေ။
(၂) မြန်မာပြည်ဒီမိုကရေစီရလာရင် စီးပွားရေးအရ ပြိုင်ရမဲ့ စီးပွားပြိုင်ဘက် တခုတိုးလာမှာလည်း ပူတယ်။ သူတို့ဆီက စမ်းသပ်ထုတ်လုပ်နေတဲ့ ပစ္စည်းတွေ ပို့ရမယ့် နိုင်ငံ ညံ့ညံ့ တခုပျောက်သွားမှာလဲ ပူတယ်။ စီးပွားချင်းပြိုင်ရမယ် ပြီးးပစ္စည်းအစုတ်တွေ ညာရောင်းလို့ ရမယ့် ဈေးကွက် တခုပျောက်ပျောက်သွားမယ်။
(၃) သန်းရွှေလို အတော်လေး ညံ့တဲ့ အာဏာရှင်ရှိထားရင် အဲဒီအာဏာရှင်ဟာ သူရပ်တည်ရေးအတွက် တရုတ်ကို အားကိုးရမယ်။ အားကိုးမှု တောင်းလာတိုင်း အခုလို ဗွီတိုအာဏာ သုံးပေးနေရမယ်။ တနည်း ဗွီတိုအာဏာကို သန်းရွှေက အလားကားရတာ မဟုတ်ဘူး။ လျှို့ဝှက်ပြိး အပေးအယူနဲ့ ဗွီတို ကို ထုတ်သုံးပေးထားတာ။ ကိုးကိုးကျွန်းမှာ ရေဒါထိုင်ဖို့။ အခု ဓါတ်ငွေ့ကို ရောင်းပေးတယ်။ အခုဓါတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးအတွက် တရုတ်တပ်တွေ ၀င်ခွင့်ပေးထားတယ်။ တနည်းပြောရရင် သူတို့ရဲ့ဗွီတိုကို ပင်တိုင်ဝယ်နေမယ့် ဖေါက်သယ်ကြီး ရထားတာပါဘဲ။
အခုဆို သန်းရွှေမြေးကို မြန်မာပြည် အုပ်ချုပ်ရေးမှုးခန့် ပေးမယ်ဆိုပြီး မြန်မာပြည်ကို တရုတ်-ဗမာ အဓိကရုံး ဖေါ်လိုက်ပြီး တရုတ်စစ်တပ်တွေဝင်လာအောင် လျှို့ဝှက်သဘောတူထားတာလဲ လုပ်ထားနိုင်တယ်။ သန်းရွှေဟာ သူ့မြေးကို ဘုရင်လို တင်မြှောက်ချင်နေတာလေ။ သိချင်ရင် ပထမ ကမ္ဘာစစ်မတိုင်မှီ တရုတ်ဗိုလ်ချုပ် ယွမ်ချီကိုင်နဲ့ ကျူးကျော် ဂျပန်စစ်တပ်နဲ့ တရုတ်ပြည်သူတွေ မသိအောင် လျှို့ဝှက်ချုပ်ဆိုထားတာ ဖတ်ကြည့်ကြပါ။ အဲဒီလိုပုံစံ လုပ်မထားဘူးလို့ ဘယ်သူ အာမခံရဲမှာလဲ။ အတ္တစိတ်ကြီးမားတဲ့ ဗိုလ်ချုပ်ယွန်ချီကိုင်လဲ ဒီလိုပုံစံချိုးခဲ့တာပါဘဲ ။
အခုဆို သန်းရွှေမြေးကို မြန်မာပြည် အုပ်ချုပ်ရေးမှုးခန့် ပေးမယ်ဆိုပြီး မြန်မာပြည်ကို တရုတ်-ဗမာ အဓိကရုံး ဖေါ်လိုက်ပြီး တရုတ်စစ်တပ်တွေဝင်လာအောင် လျှို့ဝှက်သဘောတူထားတာလဲ လုပ်ထားနိုင်တယ်။ သန်းရွှေဟာ သူ့မြေးကို ဘုရင်လို တင်မြှောက်ချင်နေတာလေ။ သိချင်ရင် ပထမ ကမ္ဘာစစ်မတိုင်မှီ တရုတ်ဗိုလ်ချုပ် ယွမ်ချီကိုင်နဲ့ ကျူးကျော် ဂျပန်စစ်တပ်နဲ့ တရုတ်ပြည်သူတွေ မသိအောင် လျှို့ဝှက်ချုပ်ဆိုထားတာ ဖတ်ကြည့်ကြပါ။ အဲဒီလိုပုံစံ လုပ်မထားဘူးလို့ ဘယ်သူ အာမခံရဲမှာလဲ။ အတ္တစိတ်ကြီးမားတဲ့ ဗိုလ်ချုပ်ယွန်ချီကိုင်လဲ ဒီလိုပုံစံချိုးခဲ့တာပါဘဲ ။
(၄) မြန်မာနိုင်ငံက ရေကြောင်းထွက်ပေါက်ကို ဒီမိုကရေစီ အစိုးရတက်လာရင် သဘောတူညီချက် ရဖို့ဆိုတာ အလွန်ဖြစ်နိုင်ချေ နည်းသွားမယ်။ ရရင်တောင် အခုလိုလည်း အပေါ်စီးရနိုင်မှာမဟုတ်တာကလဲ အဓိက ကျနေပါတယ် ။ အခုဟာကတော့ ဒူးမထောက်ရရုံတမယ် ဘ၀ရောက်နေတာလေ။
(၅) မြန်မာတွေ စီးပွားအင်အားတောင့်လာရင် သူ့တရုတ်လူမျိုးတွေ လာရောက်ရင်းနှီးဖို့ အခွင့်အလမ်းမရနိုင်ဘူး။ အနောက်နိုင်ငံတွေ ၀င်လာမှာလဲ ပူပန်တယ်။ အခုတော့ မြန်မာမြေမှာ သူတို့တရုတ်တွေက နံမည်အတုတွေနဲ့ ၀င်ငွေပြစရာမလိုဆိုပြီး ဗိုလ်သန်းရွှေကို အထူးလုပ်ခွင့် ဖွင့်ခိုင်းလိုက်တယ်။ အဲဒီတော့ ဟိုကလဲ အမြင်ကနည်းနည်းလေ။ အမိန့်ထုတ်လိုက်တယ်။ အိမ်ခြံမြေ၀ယ်ရင် ၀င်ငွေမပြနိုင်သူ အခွန်၁၂-% ဆောင်ရင် မစစ်ဆေးတော့ဘူး ဆိုပြီးဖွင့်ပေးလိုက်တယ်။ မြန်မာမြေတွေ ပြည်ပလူမျိုးခြားလက်ထဲ လက်တလုံးခြား ထိုးရောင်းတဲ့နည်းဘဲ။
(၆) မြန်မာတွေ ဒိမိုကရေစီ ရရင် မြန်မာပြည်ကတရုတ်တွေက ထိုင်ဝမ်ကို အဓိက အားထားဆက်သွယ်လာမယ် ။ မြန်မာပြည်မှာတိုင်ဝမ်တွေ မတရားရင်းနှီးလာမယ်။ ထိုင်ဝမ်ကလဲ မြန်မာ ဒီမိုကရေစီ ရမယ်ဆိုရင် ဒေါ်လာ ဘီလျှံချီသုံးဖို့  အဆင်သင့်။ ကျနော်တို့ အတိုက်အခံတွေကို မယုံစားလို့ သူတို့  အလုပ်ပြတ်နေတာ။ မြန်မာဒိမိုကရေစီ ရရင် တရုတ်ကြီး.. ထိုင်ဝမ် အရေးပူရတော့မယ်။
အခုဗိုလ်ရွှေလို လူညံ့ရထားတော့ စီးပွားရေးလုပ်တာက လုပ်တိုင်းကွဲနေတော့ ငွေပြတ်လာတယ်။ ငွေလိုလာတော့ အခွန်ငွေရဖို့  ငွေမဲတွေကို ငွေဖြူခ၀ါချပေးတာ လုပ်ပြီးရင်းလုပ်နေရတော့တယ်။
ဘာဖြစ်လာမလဲ။ တရုတ်တွေက ပြည်တွင်းရှိ တရုတ်တွေကို ငွေပေးနာမည်ခံခိုင်းပြီး အိမ်ခြံမြေတွေ ဖိဝယ် ဈေးတွေ တိုးပေးဝယ်လိုက်ကြတယ်။ နာမည်ခံထားသူ တရုတ်တွေလဲ ၀င်ငွေပိုရ။ မြန်မာတွေကို ဘေးဖယ်ထုတ်ပြီး ကျည်ဆံတချက် မဖေါက်ရဘဲ အဓိက အချက်အချာ ကျတဲ့နေရာတွေကို ဆွေမျိုးဖေါက်ဖေါ် လက်ထဲ အပ်လိုက်ရပါပြီ။ ဘာဖြစ်လာမလဲ။ မြေဈေးတက်လာမယ်။ မြေဈေး/ အိမ်ဈေး-တက်လာရင် အိမ်ငှားခ ကလဲ အတိုးနဲ့ကိုက်အောင် လိုက်တက်မယ်။ အဲဒီတော့ ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လာပါမယ်။ ကုန်ဈေးနှုန်းတွေတက်လာပါမယ်။ ပြည်သူတွေ ပိုကြပ်တည်းလာပါမယ်။
အခုပင် နိုင်ငံခြားပညာရှင်တွေက ၂၀၁၂ မှာ အာရှမှာ ငွေကြေးဖေါင်းပွမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာမယ် ဟောထားကြပြီ။ ငွေဖေါင်းပွတာ အလွန်များရင် အစိုးရအခက်တွေ့မယ်။ လူတွေစားဝတ်နေရေး မလုံလောက်တာဖြစ်ပြီး ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ဖြစ်လာပါမယ်။ လာဖို့ရှိနေပါပြီ.. ဒီတခါဖြစ်လာရင် ဘာမှ နိုင်ငံရေးစကားတွေ မအော်ဘဲ ကုန်ဈေးနှုန်းထိန်းပေးပါ။ အလုပ်အကိုင်တွေ ဖန်တီးပေးပါသာ အော်ကြပါ။ ဘာနဲ့အရေးယူမှာလည်း။ အော်ချင်သပဆိုရင် အုပ်ချုပ်သူတွေ အားလုံး ပိုင်ဆိုင်မှု ကြေငြာတာ လုပ်ရေးထည့်အော်ပါဗျာ။
အဲဒီကျရင် အခုငွေဈေး ခိုင်မာနေပါတယ်ဆိုတဲ့ မြန်မာငွေဈေး ထိုးကျလာပါမယ်။ ငွေဈေးတွေ ကမောက်ကမ ဖြစ်လာရင် စိးပွားထိုးရပ်သွားပါမယ်။ အဲဒီကျရင် နောက်တခေါက် ငွေမဲတွေ ခ၀ါချတာ လုပ်လာပါအုံးမယ်။ နောက်တခေါက်ထပ်လုပ်ရင် တရုတ်က အခုတခေါက်လို မြေဈေးကို ဈေးကြီးကြီး ပေးနေစရာမလိုဘဲ တနိုင်ငံလုံးနီးပါး ကောင်းပေ့နေရာတွေ ၀ယ်ထားပါတော့မယ်။ ၉၇-မှာ ထိုင်းမှာ ငွေဈေးကျချိန်ကတော့ ထိုင်းလုပ်ငန်းတွေကို နိုင်ငံခြားတိုင်းပြည်တွေက ဈေးပေါပေါနဲ့ သိမ်းသလို ကျနော် တို့မြေတွေကိုလဲ တရုတ်တွေက ဈေးပေါပေါနဲ့ ထိုးအပ်ကြရပါတော့မယ်။
စစ်တိုက်ပြီး သိမ်းရရင် စစ်ပွဲစားရိတ်ကုန်နေမယ်။ စစ်စားရိတ်က အရမ်းများတယ်။ ကမ္ဘာနဲ့ ပြသနာတက်နေနိုင်တယ်။ အခုလိုပေါချောင်ကောင်း ၀ယ်ရတာ အကိုက်ဆုံးပေါ့။ မြန်မာ့မြေ တွေအိမ်တွေ လက်ထဲရထားပြီးရင် မကြာခင် အိမ်ငှားခတွေ တင်လာပါမယ်။ တင်လာရင် မြန်မာတွေ လူနေမှု စားစရိတ်မကာမိတော့ ထိုင်းနဲ့ မလေးရှား ကိုပိုပြီး ထွက်လုပ်ကြရပါမယ်။ အိမ်မှာကျန်နေတဲ့ မြန်မာမလေးတွေ တရုတ်မယားငယ်အနေနဲ့ ကောက်စားလိုက်ပါမယ်။
အဲဒီတော့ မြန်မာပြည်တခုလုံး နီးပါးကို စစ်တိုက်နေစရာမလိုဘဲ လူမျိုးသွေးရောနော နည်းနဲ့သိမ်းဖို့ဆိုတာ ဒိလိုခပ်ညံ့ညံ့ အုပ်ချုပ်သူကို အသက်ဆက် ပေးထားရမယ်လေ။ ကနေ့တရုတ်က ဗိုလ်ရွှေတို့ကို ငွေအများကြီး ချေးပေးတယ်။ အတိုးနှုန်း နည်းနည်းလေးနဲ့။ ပြန်မဆပ်နိုင်လဲရတယ်။ ပူနေစရာမလိုဘူး .. ထပ်တောင် ချေးပါဦးမယ်။ နောင် အနှစ် ၂၀- လောက်ဆို သူတို့လူတွေ (တရုတ်တွေ) မြန်မာအလံအောက်မှာ ဒါဒို့ပြေ ဒါဒို့မြေ ၀ပိုင်တဲ့မြေ ဆိုလို့ ရပါတော့မယ်။
လာမဲ့ ၁၅-နှစ်လောက်ဆို မန္တလေး ရှမ်းပြည်နယ် ကချင်ပြည်နယ် တို့ရဲ့တိုင်းမှုးလုပ်သူဟာ တရုတ်စကားတတ်ရန် လိုတယ်ဖြစ်လာပါတော့မယ်။ မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းတွေမှာ တရုတ်စာတမ်း ထိုးပေးရပါတော့မယ်။ အဲဒီတော့ ၂၀၂၅ ဆိုရင် ပုံသာဖေါ်ထားကြည့်ပေတော့။
ကျနော်စိတ်ထဲ စဉ်းစားမိတာလေးတွေပါ။ တရုတ်မှာက နိုင်ငံရေးကို အမျှော်အမြင်အများကြီး ရှိတဲ့ နိုင်ငံရေးပညာရှင်တွေ မြန်မာပြည်ကို အနုနည်းနဲ့ အသာလေးရယူဖို့  ဘယ်လို စီမံကိန်းတွေချထားလဲဆိုတာ သိဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ သိမ်းယူဖို့ကတော့ အပြတ် စီစဉ်နေတာ မလွဲပါဘူး။ သူတို့ ဦးဏှောက်ကို ကျနော်တို့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ ကျနော်တွေးတော သလို မဟုတ်ပါဘူး.. ငြင်းချင်ရင်လဲ ရပါတယ်။ အရိပ်ကတော့ မြင်စပြုနေပါပြီ။ အကောင်ကိုမြင်တတ်ရင် အတတ်ပြောနိုင်ပါပြီ ။
အများကြီးရှိပါတယ်... အဓိက ကျတာလေးပါ။ ကျနော်တို့မသိနိုင် မမြင်နိုင်တာတွေ ရှိပါဦးမယ်။ တရုတ်ပြည်က နိုင်ငံရေးဗျူရိုတွေ မွေးထားတော့ ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေ အများကြီး စဉ်းစားထားတာ။ ကျနော်တို့လောက်အဆင့်နဲ့က သူတို့မြုပ်ကွက်တွေ နည်းနည်းလေးကိုတောင် သိဖို့ မလွယ်ပါဘူး။
ထားပါ.. မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားမှာ ကမ္ဘာပေါ်မှာ မလိုလားဆုံးသော တိုင်းပြည်ကို ပြပါဆိုရင် နံကြားလက်ထောက် စဉ်းစားမနေနဲ့... ဘယ်နိုင်တွေ ရှိနိုင်ဦးမလဲ ခေါင်းအရှုပ်ခံ စဉ်းစားမနေနဲ့။ မြေကြီးလက်ခတ်တာမှ လွဲသွားနိုင်သေးတယ်။ တရုတ်မှ တရုတ် ...အသေချာဆုံး။ ဘယ်သူဘာပြောချင်သလဲ။ အဲဒီလောက် တရုတ်က ကျနော်တို့ ဒီမိုကရေစီရသွားမှာ မလိုလားတာ သေချာတာမှ သိပ်သေချာ။ ချီးကိုသာမြိုလိုက်ပါဦးမယ်။ ကျနော်တို့ကို ဒီမိုကရေစီ ဘယ်လို မှမရအောင် ဘက်ပေါင်းစုံလုပ်နေမှာပါ။
အဲဒီမှာ ဘာလာဖြစ်သလဲ။ စစ်တပ်ကို ကြမ်းရမ်းပြီး တိုင်းပြည်စုတ်ပြတ်သွားအောင် ကူပြီး ဖျက်ဆီးပေးတော့တယ်။ ပျက်လေ သူတို့ကို အားကိုးရလေ။ ရောဂါရင့်လေ ဆရာကြိုက်လေ။ ရွှေရွှေမျက်ဖြူဆိုက်လေ ယီးစင်းကြိုက်လေ။ အဲဒီလိုကူညီတဲ့အတွက် မမြင်ရတဲ့ကံတရားက ရိုက်တာ ခံရတော့တာပါဘဲ။
ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်..
အားလုံးကိုလေးစားလျှက်
လှိုင်မြင့်

ဘယ်လိုမျိုး ပေါ်လစီတွေနှင့် နိုင်ငံခြားသားတွက် ကို မြန်မာမြေတွေကို ဝယ်ခွင့်ပေးတာလဲ။
ReplyDeleteဘယ်လိုမျိုး ပေါ်လစီတွေနှင့် ဧရာဝတီမြစ်လိုမျိုးနေရာမှာ ဆည်ဆောက်ခွင့်ပေးတာလဲ။ ရလာတဲ့လျှပ်စစ်ဓါတ်အားကို ဘယ်သူတွေကအသုံးပြုမှာလဲ။ (တရုပ်ပါ) နိုင်ငံအတွက်ဘယ်လောက်အကျိုးရှိသလဲ။
ခေါင်းမရှိတဲ့သူ တစ်ယောက်တည်းဆုံးဖြတ်တာလား။
န အ ဖ ရဲ့ လက်ကိုင်တုတ်လေးတွေ ဖြစ်နေကြတဲ့ ရုရှားက ငတိလေးတွေ ဒါကို ဖတ်ပြီး မင်းတို့ ဘာပြောဦးမလဲ ...ဒီလို အတိတ်ကို တွေးပြီး အနာဂတ်အတွက် မြန်မာပြည်အတွက် ခန့်မှန်းတတ်တဲ့ အသိဥာဏ်တွေကို မင်းတို့ ပထွေး စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ခါများ ထည့်ပေးဖူးလဲ .. စဉ်းစားကြပါ .. အချိန်မှီပါသေးတယ် .. ပြီးတော့ မင်းတို့ သိအောင် တစ်ခုပြောလိုက်မယ် .. ရုရှားပြန် ပညာတတ်ဆိုပြီး လူပုံအလယ် ပွဲထုတ်ခံထားရတဲ့ စစ်ဗိုလ်တွေရှိတယ်ဆိုတာ မြင်ဖူးလား .. သိရင် ပြောပြစမ်းပါ... ရုရှားပြန်ဆိုပြီး ခမ်းခမ်းနားနားနေရဖို့နဲ့ ပြည်သူတွေရဲ့ ရင်ထဲက လာတဲ့ မေတ္တာကို ရဖို့တော့ ဒီဘ၀ ဒီပေါ်လစီအောက်က မင်းတို့ မထွက်နိုင်သ၍ ဘယ်တော့မှ မရဘူးမှတ် ...
ReplyDeleteပီကင်းမြန်မာအသံပိုင်းအစီစဉ်က သတင်းကြေငြာတဲ့ တရုပ်မက (ရုပ်ရှင်မင်းသားထွန်ဝေညီမ)တ၇ုပ်ပြည်သူတွေ က မြန်မာပြည်ဘက်လှည့် သေးပေါက်လိုက်ရင် မြန်မာပြည်ေ၇မြုပ်သွားမယ်လိုေ၇ဒီယိုကနေ ကြေငြာတာ ပြန်ကြားမိတယ်၊ ခုတော့သေးပေါက်ဖို့ တောင်မလိုတော့ဘူးထင်တယ်
ReplyDeleteိ
ိ
ကျွန်တော်တို့ မြန်မာ အမျိုးကောင်းသားသမီးတွေကို တရုတ်မယားငယ် လုပ်ခိုင်းမလား တရုတ်တွေ တစ တစကျူးကျော်နေတာကို တို့တမျိုးသားလုံး အမျိုးသားရေး တာဝန်တရပ် အနေနဲ့ တိုက်ထုတ်မလား။ဒေါက်တာလှိုင်မြင့် ခန့်မှန်းထားတာတွေဟာ နောင်တချိန် မှာ တကယ်ဖြစ်လာမယ့်ဟာတွေပါ။မယုံဘူးဆိုရင် မန္တလေးမှာ တပတ်လောက်ပဲ နေကြည့် တရုတ်တွေဘယ်လောက်တောင် တို့ရေမြေပေါ်မှာ ဖင်ခေါင်းကျယ်(ကန်တော့ပါရဲ့)နေကြလဲဆိုတာ..။
ReplyDeleteတရုတ်အင်ဂျင်နီယာ တွေ ပါဝင်တဲ့မြစ်ဆုံရေကာတာစီမံကိန်းပြန်စတော့မယ်ကြားတယ်။ငါတို့ဘိုးဘွား အမွေ ဧရာဝတီကို မင်းတို့တွေ သတ်နေကြပြီ။သစ်လဲကုန်ပြီ လူလဲကုန်ပြီ သယံဇာတတွေလဲကုန်ပြီ တို့ပိုင်တဲ့ ဧရာဝတီမြစ်ကြီးထဲက ရေတွေကိုလဲ မင်းတို့ ကုန်အောင်လုပ်နေကြပြီ။ဒါပေမယ့် ငါသေမှ ငါတို့မြေကို ရမယ်ဆိုတာ မင်းသိစေချင်တယ် ပေါက်ဖော်ကြီးရာ..။
ReplyDeleteတရုတ်ကွန်မြူနစ်ကြီး အလံ နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အလံနဲ့ ဘာဖြစ်လို့  အသွေးအရောင်တွေ တူနေရလဲဆိုတာ ရှင်းပါအုံး ကိုလှိုင်မြင့် ရေ ခင်ဗျားက နှံ့ စပ်လွန်းလို့  မေးရတာပါ။
ReplyDeleteသေချာတာကတော့ ကွန်မြူနစ်ကို ကြံ့ကြံ့ခံတိုက်ခဲ့တာ မြန်မာစစ်တပ်ဘဲ။
ReplyDeleteပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး ဆိုတာ အတိအလင်း ဖေါ်ပြထားတယ်။ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည် လို့ ပါသေးတယ်။
ReplyDeleteAs a good neighbourly nation, China praises and
supports Myanmar for her political system
compatible with the Myanmar people လို့  Chinese President Mr Hu Jintao က ပြောထားတာ မေလ (၂၉)ရက်ထုတ် သတင်းစာတွေမှာ ဖတ်နိုင်ပါတယ်။ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု
မိတ်ဖက်နိုင်ငံများ အဖြစ် ထူထောင်ရန် သဘောတူညီချက်လဲ ဖတ်ကြည့်ပါအုံး။
http://www.scribd.com/doc/60062964/2011-05-29-PRC-STATEMENT
ရွေးကောက်ပွဲတောင် မ၀င်ဘဲ ငါ့လူအာဏာရပြီး ထိပ်ဆုံးရာထူး ရမှ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလိမ့်မယ် အဲဒီလိုမှ မဟုတ်ရင် မြန်မာပြည်ကို ၀ိုင်းပယ်ကြ။ တရုပ်နဲ့ သိပ်နီးကပ်သွားမှာ စိုးရိမ်လှပါတယ် ဆိုတဲ့လိုင်းကို အကောင် အထည် ဖော်နေသူက ဘယ်သူလဲဗျ။ ?
ဒီဆောင်းပါးရဲ့ အဓိကရည်ရွယ်ချက်က တရုပ်နိုင်ငံရဲ့သဘောထားကို သိစေချင်တယ် လို့ယူဆပါတယ်။ ဟုတ်ပါသလား ဆရာလှိုင်မြင့်ခင်ဗျား။ ဘယ်လိုစာဖတ်သူတွေကို ရည်ရွယ်ရေးပါသလဲခင်ဗျာ။ ကျနော်ဆိုလိုတာက ၁၀၉/၁၁၀ ဗိုလ်လောင်းတွေလား။ ဒါမှမဟုတ် စာဖတ်သူ ပြည်သူတွေလား။ ဒါမှမဟုတ် တက်ကြွလှုပ်ရှားသူတွေလား။
ReplyDeleteအခုကျနော်ပြောချင်တာက တရုပ်နိုင်ငံတော်ကြီးက ကျနော်တို့ အမိဗမာပြည်ပေါ်ကို မကောင်းတာ၊ မန္တလေးကျောက်ဝိုင်းက တရုပ်ရန်ပွဲ၊ မြေပိုင်ဆိုင်မှုပြဿနာ၊ လူတန်းစားမညီမျှမှုပြဿနာတွေဟာ "ဆရာသိမှာပါ မာလဝီနဲ့ ယောဂီ" စာအုပ်ကို ထုတ်ဝေခွင့်ပေးပြီး လူမျိုးရေး ရိုက်ပွဲတွေ ဖန်တီးခဲ့တာ။ အခုအစိုးရဟာ သူတို့အခက်အခဲဖြစ်လာတဲ့အခါ တရုတ် ဗမာ အရေးအခင်း ဦးနေဝင်းခေတ်ကလို ပြန်ဖန်တီးလာနိုင်ပါတယ်။ အဓိက မမေ့ရမှာက စစ်အာဏာရှင်စနစ်ပါ။ ကျနော်တို့ အဓိက ရင်ဆိုင် တိုက်ခိုက်ရမှာ က ကိုမင်းကိုနိုင်ပြောသလို စစ်အာဏာရှင်ပါ။ စစ်သားတွေ မဟုတ်ပါဘူး။ (ကျနော်ဆိုလိုသာ စစ်သားတွေသာဖြစ်ပါတယ် လိုက်ဟောင်နေတဲ့ ဗိုလ်ခွေး ပေါက်စတွေ မပါပါ။) ပြည်သူ့စစ်သား ဖြစ်ချင်တဲ့ တပ်မတော်သားတွေ သေချာပေါက်ရှိနေနိုင်ပါသေးတယ်။ အဲ့ဒီအင်အားတွေဟာ ကျနော်တို့ တိုင်းပြည်ထူထောင်တဲ့အခါမှာ တကယ်လိုအပ်ပါတယ်။ ရွှေဝါရောင်မှာ ကျနော်တို့ လိုချင်တဲ့ရလာဒ်ထွက်မလာတာက ကျနော်အထင် (တပ်မတော်သားတွေ အပါအဝင်) နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်နိုင်တဲ့ အခွင့်အလမ်း မရှိခဲ့တဲ့အခါ အစိုးရ ယန္တာရားကြီး မရပ်သွားတာပါပဲ။ ဒါကြောင့် ထပ်ပြောပါရစေ ဦးတည်ချက် ခိုင်မာ ရှင်းလင်း ပြတ်သားဖို့ အရေးကြီးပါတယ်ခင်ဗျာ။ ဒီအာဏာရှင်တွေကတော့ တရုပ်မရလဲ ရုရှားနဲ့ကုလားကို ကပ်မှာပဲ။ အာစီယံကို ချိတ်ထားမှာပဲ။ အဓိက က အာဏာရှင်တွေပါခင်ဗျာ။
လာပြန်ပြီ " ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး ဆိုတာ အတိအလင်း ဖေါ်ပြထားတယ်။ နိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည် လို့ ပါသေးတယ်။" ခွေးမသား။ မောင်ထိပ်ကွက်ကို လူမဆန်အောင် နှိပ်စက်တဲ့ လူအခွင့်အရေးချိုးဖောက်သူကိုကျတော့ ၇ နှစ်တစ်မှု ၁ နှစ်တစ်မှု။ တပေါင်းတစည်းထဲ ကျခံစေတဲ့တဲ့။ လူအခွင့်အရေးလှုပ်ရှားသူကိုကျတော့ ၂ နေရာမှာ လုပ်လို့ ၄ နှစ်တမှူထဲကို ၂ ခါချ။ ခွဲပြီးကျခံစေ ၈ နှစ်တဲ့။ ကိုမင်းကိုနိုင်တို့ကို ၆၅ နှစ်။ လူသတ်မှုတောင် အနှစ် ၂၀ ပဲရှိတယ်။ အနှစ် ၂၀ မှာ ခိုးမှူလုမှူတွေတောင် လျှော်ပေးလိုက်တာ။ ပါတီစုံဟုတ်လား။ မင်းတို့ လွှတ်တော်ထဲမှာ ဘယ်သူအာဏာတည်လဲ။ စောက်ရှက်မရှိ ထမှီခြုံပြီး အော်နေ။ မျက်စိမှတ်နားပိတ် ဇွတ်ငြင်းမနေနဲ့။ မင်းတို့ အာဏာရှင်တွေစောက်သုံးမကျတာ အရင်ဝန်ခံလိုက်။ ခွေးသခိုးတွေ။ မင်းတို့တွေက ခွေးသခိုးတွေရဲ့ ဘောငုံ ဘောမ အလိုတော်ရိ ပြည်သူ့သစ္စာဖောက်တွေ။
ReplyDelete(သေချာတာကတော့ ကွန်မြူနစ်ကို ကြံ့ကြံ့ခံတိုက်ခဲ့တာ မြန်မာစစ်တပ်ဘဲ။) ဟုတ်ပါတယ်။ အဲ့လို ပြည်သူတွေချစ်တဲ့ ဘဘဦးတင်ဦးတို့လို တပ်မတော်သားတွေကို အခုအချိန်မှာ ပိုတမ်းတပါတယ် ပိုလိုအပ်ပါတယ်။ ဒါပေမယ့် လက်ရှိ ပြည်သူ့လစာကိုစားပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အာဏာရှင်တွေကို စိတ်ရောကိုယ်ပါ အကာအကွယ်ပေးနေတဲ့ စစ်သားတချို့နဲ့ အလိုတော်ရိတွေကိုတော့ မလိုချင်ပါ။ အဲ့ဒီခေတ်က အခုလို ပေါ်တာဆိုတာ မရှိသလောက်ရှားပါတယ်။ ဘဘဦးတင်ဦး ပြောဖူးပါတယ်။ ပြည်သူတွေကိုယ်တိုင်က လိုလိုချင်ချင်ကို လိုက်ပို့ပါရစေ ဆိုပြီးလိုက်လာကြတာတဲ့။ အခုကရော... တပ်မတော်သားတွေ ကိုယ့်ဖာသာကိုယ်နားလည်ပါ။ ပြည်သူချစ်တဲ့ တပ်မတော်သား ဖြစ်ပါစေဗျာ..
ReplyDelete(သေချာတာကတော့ ကွန်မြူနစ်ကို ကြံ့ကြံ့ခံတိုက်ခဲ့တာ မြန်မာစစ်တပ်ဘဲ။)
ReplyDeleteတိုက်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချူပ်က အခုဘယ်မှာတုန်း။
Hopefully!
ReplyDeleteပြည်သူတွေချစ်တဲ့ ဘဘဦးတင်ဦးတို့လို တပ်မတော်သားတွေကို အခုအချိန်မှာ ပိုတမ်းတပါတယ် ပိုလိုအပ်ပါတယ်။
ဒါပေမယ့် လက်ရှိ ပြည်သူ့လစာကိုစားပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အာဏာရှင်တွေကို စိတ်ရောကိုယ်ပါ အကာအကွယ်ပေးနေတဲ့ စစ်သားတချို့နဲ့ အလိုတော်ရိတွေကိုတော့ မလိုချင်ပါ။
!!!!!
ReplyDelete>ပြည်သူ့စစ်သား ဖြစ်ချင်တဲ့
တပ်မတော်သားတွေ သေချာပေါက်ရှိနေနိုင်ပါသေးတယ်။ >..........အဲ့ဒီအင်အားတွေဟာ ကျနော်တို့ တိုင်းပြည်ထူထောင်တဲ့အခါမှာ တကယ်လိုအပ်ပါတယ်။
>ဒါကြောင့် ထပ်ပြောပါရစေ
ဦးတည်ချက် ခိုင်မာ ရှင်းလင်း ပြတ်သားဖို့ အရေးကြီးပါတယ်ခင်ဗျာ။
>ဒီအာဏာရှင်တွေကတော့ တရုပ်မရလဲ ရုရှားနဲ့ကုလားကို ကပ်မှာပဲ။ အာစီယံကို ချိတ်ထားမှာပဲ။ <<<
အဓိက က အာဏာရှင်တွေပါခင်ဗျာ။
အာဏာရှင်တွေပါ
Many MLA members (Chinese army members)and hard liners of Chinese Community party members are already settled down in Myanmar for long time. I was working with them about 8 months at Phakant, Kachin State. They were in Myanmar unofficially, for business working as Miner, traders ..etc. But their main purpose is to find out what are the weak points of Myanmar Government's rules and then they will act accordingly. Mainly immigration policy.
ReplyDeleteAs every one know Myanmar Government and local authority don't have any brain. That's why millions of these Chinese are holding Naing (nationality) Cards and working in Myanmar.
ရုရှားကစစ်သဘောက်လေးတွေ မင်းတို့လူမှဟုတ်ကျရဲ့လား
ReplyDeleteအခြေခံဥပဒေတွေ ဘာတွေလုပ်မနေနဲ့။ဘယ်တုန်းကများ ရေးထားတဲ့ ပြောထားတဲ့ အတိုင်းမင်းတို့ပထွေးကလုပ်လို့လဲ
ကိုယ့်ပြည်သူတွေကို အနိုင်ကျင့်ပြီး တရုက်ကျတော့ ဖင်ခံနေရတယ်
စောက်ရှက် ကတော့နဲနဲ မှကိုမရှိဘူး
ဖာသယ်စစ်တပ်
Oh! Oh! Like that?
ReplyDelete>ကိုယ့်ပြည်သူတွေကို အနိုင်ကျင့်ပြီး xxကျတော့ xxနေရတယ်
xx ကတော့နဲနဲ မှကိုမရှိဘူး
{{တရုတ်ကွန်မြူနစ်ကြီး အလံ နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အလံနဲ့ ဘာဖြစ်လို့  အသွေးအရောင်တွေ တူနေရလဲဆိုတာ ရှင်းပါဦါး။}}
ReplyDeleteဒီcommentကိုဘယ်သူရေးမှန်းမသိပါ၊ကျွန်တော်တစ်ခုပြောချင်ပါတယ်။မြန်မာနိုင်ငံ၏တော်လှန်ရေးအလံ၏အရောင်မှာအနီရောင်အလံ၏ဘယ်ဘက်အပေါ်ထောင့်တွင်ကြယ်ဖြူတစ်လုံးရှိပါတယ်၊ဒါကိုလူတိုင်းလည်းသိကြပါတယ်(မဆလခေတ်လုပ်သားသတင်းစာလိုဂိုမှာတွေ့နိင်ပါတယ်)၊ကျောင်းသားသမဂ္ဂ၏အလံမှာအနီရောင်အလံ၏အလယ်တွင်ခွပ်ဒေါင်းပုံရှိပါတယ်(လွတ်လပ်ရေးမရမှီဗိုလ်ချုပ်လက်ထက်ကထဲကပါ)NLD၏အလံမှာကျောင်းသားများအားဂုဏ်ပြုသောအားဖြင့်ကျောင်းသားသမဂ္ဂအလံကိုအခြေခံထားပြီးတော်လှန်ရေးဆိုသောသဘောပါဝင်စေရန်အလံ၏ဘယ်ဘက်အပေါ်ထောင့်တွင်ကြယ်ဖြူတပ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်ကော်မန့်မရေးမှီသေချာစွာစဉ်းစားစေချင်ပါတယ်ကော်မန့်တွေဟာမိမိ၏အဆင့်အတန်းနှင့်ဉာဏ်ရည်ဉာဏ်သွေးကိုဖေါ်ပြနေပါတယ်။
မြို့သား
(တရုတ်ကွန်မြူနစ်ကြီး အလံ နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အလံနဲ့ ဘာဖြစ်လို့  အသွေးအရောင်တွေ တူနေရလဲဆိုတာ ရှင်းပါဦး။)
ReplyDeleteအဖွဲ့ အစည်း တစ်ခုရဲ့  အလံတစ်ခုကို မဖန်တီးခင် ကထဲက သေချာစွာ စဉ်းစားစေ ချင်ပါတယ်။ အလံတွေရဲ့ သင်္ကေတတွေ ကွဲရင်ကွဲမယ် အရောင် အသွေးဟာ ကိုယ်စားပြုသူတို့  ဘယ်ကနေလာတယ် ဆိုတာ ပြနေပါတယ်။ ဒါကြီးနဲ့လဲ အသွေးအရောင်တွေ တူနေတယ်ဗျို့ ။ ရှင်းပြကြပါအုံး။
http://www.crwflags.com/fotw/flags/kp%7D.html
ဒီcommentကိုဘယ်သူရေးမှန်းမသိပါ ဆိုတဲ့ ဒုတ်ကောက်နဲ့ ဘဘကြီး။ ဘဘကြီး ထပ်လေ့လာဖို့  လင့်လေးတွေ ထပ်ပေးလိုက်ပါတယ်။ အခု ၂၁ ရာစုခောတ်ပါ ဒုတ်ကောက်နဲ့ ဘဘကြီးများ ခင်ဗျား။
ReplyDeleteLeftist Parties of the World
www.broadleft.org
မောင်ဒီမိုဝေယံလေးက တော်ပါတယ်။ အရင်တုံးက ဒီမိုဝေယံ ဘလော့က ကွန်မြူနစ်ပါတီ ၀က်ဆိုဒ်ကြီးလိုဘဲ အနီ နဲ့ အ၀ါရောင် တွေ လွှမ်းလွန်းခဲ့တယ် ဒီမိုကရေစီ အော်ပြီး ကွန်မြူနစ် အရောင် မပျောက်ဘဲ ဖြစ်နေမယ်လို့  အကြံပေးဖူးပါတယ်။ သူအရောင်ပြောင်း သွားတာတွေ့ ရပါတယ်။ ဘဘကြီး တို့ သာ အရောင် မပြောင်း နိုင်ကြတာ-ပါ။
ကွန်မြူနစ် ( အစစ် )ကို ကြံကြံခံတိုက်ခဲ့တဲ့ စစ်ဗိုလ်တွေ အခုဘေးရောက်နေပြီး ကွန်မြူနစ် (အတု )ကို ဖင်ခံတဲ့စစ်ဗိုလ်တွေ စိုးမိုးနေတာ ကိုတော့မင်း သိပါတယ်နော် ။ ကိုယ်စိးနေတဲ့အကောင် က နားရွက်အ၀ိုင်းလား နားရွက်ချွန်ချွန်လားမသိတဲ့ ကောင်က များ ။
ReplyDeleteဒီနေ့  မင်းတို့  တရုတ် လုပ်စီးနေတဲ့ အစီုးရ ပင်စင်စားတွေ အငတ်ထားခဲ့တာ ၂၃-နစ် ။ အခုမှ လူငယ်လေးတွေက ပင်စင်လစာတိုးပေးရေး လက်မှတ်ထိုးကမ်းပိန်း စလုပ်တော့မှ ကမန်းကတန်း ပင်စင်လစာတွေတိုးပေးပြီး သမ္မတကြီးရဲ့ စေတနာ လုပ်နေသေးတယ် ။ အဲဒီလို လူထုကို ငတ်အောင်လုပ်နေတာကိုက တရုတ်ကိုမယားငယ်ခံရအောင် တွန်းပို့နေတာ မြင်တတ်ရင်ပေါ့ ။ ပြည်သူကိုငတ်အောင်ထားတာဟာ တရုတ်ကိုမယားငယ်ဇွတ်အတင်း ခံခိုင်းတာဆိုတာ နားလည်ပါ ။
ပြည်သူကို ၀န်ထမ်း / စစ်သား / အလုပ်သမား လစာ နဲနဲပေးနေတဲ့ အစိုးရ ဟာ ပြည်သူကိုတိုင်းတပါး အောက် တဖက်လှဲ့ သွတ်သွင်းနေတယ်ဆိုတာ ကို ရော စဉ်းစားမိကြပါရဲ့ လား ။ လစာကို အိမ်နီးချင်း ( ထိုင်း ) ရဲ့ တ၀က်မပေးနိုင်တဲ့ အစိုးရ ကို အမြန်ဆုံးဖြုတ်ချကြ ။
အမျိုးကိုချစ်ရင် အမျိုးကိုငတ်အောင်မထားရ ။
မျိုးချစ်
(အမျိုးကိုချစ်ရင် အမျိုးကိုငတ်အောင်မထားရ)
ReplyDeleteကိုယ့်လူမျိုးကိုချစ်ရင် ကိုယ့်လူမျိုးနဲ့ပဲယူ
ကိုယ့်လူမျိုးကို မငတ်စေချင်ရင် ကိုယ့်လူမျိုး မဟုတ်သူတွေက ပိတ်ဆို့ တာကို ကန့် ကွက်။
ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့် ရဲ့ ဖိုးသူတော်လဲတော့ တောင်ဝှေးမကူနိုင် က ငြင်းလို့မရတဲ့ လက်ရှိအခြေနေတွေပါ။ ဒီအခြေအနေတွေကနေဘယ်လို လွန်မြောက်အောင်ကြိုးစားရမည်ဆိုတာ စာဖတ်သူစဉ်းစားရမဲ့အချက်ပါ။
ReplyDeleteတရုပ်နှင့်အိန္ဒိယသို့ရောင်းချထားသောရေအားလျှပ်စစ်နှင့်ပြည်တွင်သုံးရေအားလျှပ်စစ်ပမာဏများ
ReplyDeletehttp://www.mongloi.org/burmese/2008-08-01-03-24-54/2008-08-01-03-23-29/2404-2011-07-13-01-31-04.html
လယ်ယာမြေသိမ်းပိုက်မှုများ
ReplyDeletehttp://www.mongloi.org/burmese/2008-08-01-03-24-54/87-2008-08-01-03-23-29/2014-2011-03-22-04-42-05.html
လာမဲ့ ၁၅-နှစ်လောက်ဆို မန္တလေး ရှမ်းပြည်နယ် ကချင်ပြည်နယ် တို့ရဲ့တိုင်းမှုးလုပ်သူဟာ တရုတ်စကားတတ်ရန် လိုတယ်ဖြစ်လာပါတော့မယ်။ မန္တလေး၊ လားရှိုး၊ မူဆယ်လမ်းတွေမှာ တရုတ်စာတမ်း ထိုးပေးရပါတော့မယ်။ အဲဒီတော့ ၂၀၂၅ ဆိုရင် ပုံသာဖေါ်ထားကြည့်ပေတော့။
ReplyDeleteဦးမြင့်လှိုင်ရေ၊ ၂၀၁၅ ဆိုရင်တောင် Mandalay သွားဖို့ Visa ဝင်ရတော့မှာ၊ ရင်နာတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သံမတ်ကြီးက ဝမ်းသာကြောင်းနဲ့ တရုတ်၊မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလိုကြောင်း ပြောဆိုပြီး လက်ဆွဲနှုတ်ဆက်တာကို နိုင်ငံတကာဆက်ဆံရေးနှင့်သံတမန်ကျင့်ဝတ်တွေကို နားမလည်ချင်ရောင်ဆောင်ပြီး ရိုင်းပြစွာ ပြန်လည် လက်မဆွဲ နှုတ်မဆက်ခဲ့တာကြောင် NLD ပါတီကို နောက်အုပ်စုကိုသာ လိုလားတဲ့ ပါတီအဖြစ် သတ်မှတ်ပြီး လက်ရှိအာဏာသိမ်းစစ်အစိုးရကို ထောက်ခံဖို့ ပီကင်းတရုတ်အစိုးရကို ပြောဆိုခဲ့တာတွေကို မေ့နေကြပီလား။
ReplyDeleteအမှန်တကယ်သာ ဒေါ်အောင်ဆန်းစုကြည် တရုတ်သံအမတ်ကြီးကို ပြေပြေလည်လည်သာ ဆက်ဆံခဲ့ရန် တရုတ်အစိုးဟာ NLD ကိုထောက်ခံပြီး စစ်အစိုးကို ဖိအားတွေပေးပြီး အနိုင်ရပါတီကို အာဏာလွှဲခိုင်းမှာ မလွဲပေ။အဲဒီအခါကြရင် စစ်အစိုးရလည်း လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ အကာကွယ်ပေးမဲ့ မဟာမိတ် မရှိတော့တဲ့အတွက် နိုင်ငံတကာတောင်းဆိုတာတွေကို မလွဲမတွေ လိုက်ရောရမှာပါ။NLD ဟာ နှစ်ပေါင်း(၂၀)အတွင်း မဟာဗျူဟာတွေကို မှားယွင်းစွာ ချမှတ်အတွက် စစ်အစိုးရရဲ့ လုပ်သမျှခံနေရတဲ့ ပါတီဖြစ်နေတာပါ။
ReplyDeleteရုရှက အသိဥာဏ် ဆင်းရဲတဲ့ ချာတိတ်တွေကို ပြောလိုက်အုံးမယ်။ အချိန်မလွန်ခင် အမှန်၊အမှားကို သိအောင် ကြိုးစား၊ အချိန်လွန်မှ ဆိုယင်တော့ အသုံးမကျတဲ့ နောင်တ ပိုက်ပီး ဘာမှလုပ်လို့ ရတော့မှာ မဟုတ်ဘူး.. စဉ်းစားကြပေါ့ကွာ.. ထမင်းစားတဲ့ ဦးနှောက်တွေဘဲ..
ReplyDeleteတရုတ် သံမတ်ကြီးက သာမကသေးပါ။ ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီအစရှိတဲ့ သံရုံးများက သံမှူး အဆင့်လောက်ကို သွားတွေ့ နေရတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အိမ်မျက်စောင်း ထိုးမှာ နေတဲ့ ဂျပန် သံအမတ်ကြီး က ဒေါ်အောင်ဆန်း စုကြည် ကိုသွားတွေ့ ရပါတယ် လို့  ကြားဖူး ပါတယ်။ သူလဲနာမှာပေါ့။ အမေရိကန် မျက်နှာကြောင့် အောင့်သက်သက်နဲ့ မချိပြုံးလေး ပြုံးနေတာ နေမှာပေါ့။
ReplyDeleteကဒါဖီဟာ တချိန်က တရုတ်နဲ့ မဟာမိတ်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တရုတ်ကို ဝေဖန်စော်ကားတဲ့အတွက် လစ်ဗျားကိစ္စကို လုံခြုံရေးကောင်စီမှာ မဲခွဲတဲအခါ ဗီတိုအာဏာနဲ့ အကာကွယ်မပေးတဲ့ အတွက်ကြောင့် ကဒါဖီကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ခဲ့တယ်။မြန်မာပြည်မှာလည်း လူထောင်ပေါင်းများစွာကို စစ်အစိုးရက သတ်ခဲ့ပေမဲ့လည်း တရုတ်ရဲ့ ဗီတိုအာဏာကြောင့် နိုင်ငံတကာက အရေးမယူနိုင်ခဲတာ။နိုင်ငံတကာ အစိုးရတွေဟာ တရုတ်နဲ့မကင်းသလို့ အမေရိကန်ဟာလည်း တရုတ်နဲ့ကင်းလို့မရ ပါဘူး။ တရုတ်နဲ့ဆက်ဆံတဲ့ အခါပညာရှိနည်းနဲ့ သတိထားပြီး ဆက်ဆံတာဟာ အကောင်းဆုံးပါပဲ။(ARMY)
ReplyDeleteဘာပဲပြောပြောမင်းတို့ဒီမိုတွေရောစောက်ဗိုလ်တွေရောတရုတ်ရဲ့ရန်ကို (ကုလားရန် အနောက်ရန် စောက်ဗိုလ်ရန် ဒီမိုလုပ်စားရန် ရှိရှိသမျှရန်တွေကို ) အရှိအတိုင်းပွင့်ပွင့်လင်းလင်းမရေးမပြောရဲမချပြရဲတဲ့သူတွေရေငုံနှုတ်ပိတ်လူလည်ကျတဲ့စိတ်ရှိတဲ့သူတွေသူများမျက်ခုံးမွေးပေါ်လမ်းလျောက်ပြီးနေရာလိုချင်နေတဲ့နိုင်ငံရေးလုပ်စားသမားတွေထက်ကိုလှိုင်မြင့်ရဲ့စိတ်ဓါတ်ကပိုမိုချီးကျူးစရာကောင်းတယ်ဆိုတာမှတ်ထားပါအတုယူပါ( မှတ်ချက် လူလည်ကျနိုင်မှနိုင်ငံေ၇းလုပ်ပါ နေ၇ာ၇ပါလိမ့်မယ် )
ReplyDeleteRight............
ReplyDeleteဘာပဲပြောပြော
(အရှိအတိုင်းပွင့်ပွင့်လင်းလင်းမရေးမပြောရဲမချပြရဲတဲ့သူတွေ)
(ရေငုံနှုတ်ပိတ်လူလည်ကျတဲ့စိတ်ရှိတဲ့သူတွေ)
(သူများမျက်ခုံးမွေးပေါ်လမ်းလျောက်ပြီးနေရာလိုချင်နေတဲ့နိုင်ငံရေးလုပ်စားသမားတွေထက်)
(ကိုလှိုင်မြင့်ရဲ့စိတ်ဓါတ်ကပိုမိုချီးကျူးစရာကောင်းတယ်)
အင်း မြန်မာပြည်က တော့ဦးနှောက်မရှိတဲ့ အညာသားဗိုစုတ် တွေနဲ့ ယုက်မာကောက်ကျစ်တဲ့ တရုက်ကြီး တို့ဝိုင်းပြီးအမဲဖြက်နေကျ
ReplyDeleteတာပဲ။အနောက်နိုင်ငံ တွေကဘာပဲဖြစ်ဖြစ် တရုက်လောက်မယုက်ပါ။
ပထွေး ခေါ်ရမဲ့အတူတူယနဲ့ ယုက်တဲ့လူတွေကို ပထွေးခေါ်နေရတဲ့အညာသားဗိုစုတ် ဂန်ဒူးတွေ
(မောင်ဒီမိုဝေယံလေးက တော်ပါတယ်။ အရင်တုံးက ဒီမိုဝေယံ ဘလော့က ကွန်မြူနစ်ပါတီ ၀က်ဆိုဒ်ကြီးလိုဘဲ အနီ နဲ့ အ၀ါရောင် တွေ လွှမ်းလွန်းခဲ့တယ် ဒီမိုကရေစီ အော်ပြီး ကွန်မြူနစ် အရောင် မပျောက်ဘဲ ဖြစ်နေမယ်လို့  အကြံပေးဖူးပါတယ်)
ReplyDeleteအထက်က ရေးတဲ့ပုဂ္ဂိုလ်ခင်ဗျား အများထင်ယောင်ထင်မှား ဖြစ်စေမယ့် ကွန်မာန့်အတွက် ပြန်ရေးလိုက်ပါတယ်...
ခင်ဗျားပြောတဲ့ ကွန်မြူနစ်အရောင် အနီနဲ့ အဝါရောင်ကို သုံးခဲ့ဘူးခြင်း မရှိသလို.. ခင်ဗျားနဲ့လည်း တခါမှ စကားဆိုဘူးခြင်း၊ အကြံပေးတာ ခံယူဘူးခြင်း မရှိပါဘူး။
အရောင်တွေ ပုံသဏ္ဍာန်တွေ ဆိုတဲ့ အယူအဆတွေနဲ့ ကျွန်တော့်ဘလော့(ဂ်)က ဗေဒင်၊ ယတြာ ဝက်ဆိုဒ် မဟုတ်ပါဘူး၊ ပုံသဏ္ဍာန်တွေ အရောင်တွေထက် ခံယူချက်က အရေးကြီးပါတယ်..။ ဆံပင်ရှည် ထားသူတိုင်း လမ်းသရဲလို့ မသတ်မှတ်နိုင်သလို မြန်မာပြည်က ဆံပင်တိုထားတဲ့ စစ်ဗိုလ်ချုပ်တွေကိုလည်း သူတော်ကောင်းတွေ ၊ မျိုးချစ်တွေလို့ မသတ်မှတ်နိုင်ပါဘူး..
ကျွန်တော့် ဘလော့(ဂ်)က အဖိနှိပ်ခံ ပြည်သူတွေနဲ့ အမှန်တရားအတွက်တော့ ဘက်လိုက်တက်တယ်ဗျာ..။ ဒီလောက်ဆို သဘောပေါက်ဗျာ...
Ko Wai Yan!
ReplyDeleteGood reply on stupid comment...
အပေါ်က ၉၀-ရွေးကောက်ပွဲအပြီး တရုတ်သံအမတ်ကြီးက ဂုဏ်ပြုလာနုတ်ဆက်တာကို ဒေါ်စုက ရိုင်းပြစွာတုန့် ပြန်တယ်ဆိုတာက ဆရာသမား...ပြန်စဉ်းစာပါအုံး။ ဒေါ်စုက နေအိမ်အကျယ်ချုပ် စံနေရတာပါ ။ ရွှီးတာ လဲအတည်ပေါက်နဲ့ရွှီးပေါ့ ။ သတိလေးနဲ့ပေါ့ ။
ReplyDeleteမင်းသိချင်ရင် အမေရိကန်/ဂျာမဏီ/စတဲ့ နိုင်ငံကြိးတွေ မှာလုပ်တဲ့ ဧည့်ခံပွဲတချို့ မှာ အဖွဲ့ ချုပ်ကိုဖိတ်တော့ သွားတက်ကြပါတယ် ။ တရုတ်သံအမတ်ကသူ့နား ကပ်တာနဲ့ မင်းတို့ ငါ့လာစကားမပြောနဲ့ ကောထဲ့တာပါ ။ မယုံရင် အဖွဲ့ ချုပ်ကလူကြိးတွေမေးကြည်ါပါအုံး။ အကပ်တောင်မံခံဘူး။ န.အ.ဖ အလိုကျ ဟောင်ပြနေတာလေ ။ သံတမန်ကျင့်ဝတ်တောင် မစောင့်ထိမ်းနိုင်အားဘူး ။
လှိုင်မြင့်
(ကျွန်တော့် ဘလော့(ဂ်)က အဖိနှိပ်ခံ ပြည်သူတွေနဲ့ အမှန်တရားအတွက်တော့ ဘက်လိုက်တက်တယ်ဗျာ..။ ဒီလောက်ဆို သဘောပေါက်ဗျာ...)
ReplyDeleteပြည်သူတွေက ပြည်သူချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တာ အင်္ဂလိပ်ရဲ့  အကြံအစည်ပါ ဆိုတာ ရင်ထဲမှာ သိကြတယ်။ ဒေါ်စုလဲ အဲဒီအကြောင်း တစ်ခါမျှ မပြောပါ။ ဒီမိုဝေယံမှာလဲ ရှာမတွေ့ ပါ။
(တရုတ်ကွန်မြူနစ်ကြီး အလံ နဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အလံနဲ့ ဘာဖြစ်လို့  အသွေးအရောင်တွေ တူနေရလဲဆိုတာ ရှင်းပါဦး။) ..
ReplyDeleteအတော် IQ နိမ့် တဲ့ သူငယ် ဘဲ .. ရုရှ ကနေ ဆိုက်ဘေးရီးယား ပို့လိုက်သင့်တယ် ...
အောင်သူ
(အတော် IQ နိမ့် တဲ့ သူငယ် ဘဲ .. ရုရှ ကနေ ဆိုက်ဘေးရီးယား ပို့လိုက် သင့်တယ် ...)
ReplyDeleteမရှင်းပြရဲရင် မရှင်းပြရဲဘူးပြောပါဗျာ။ IQ မြင့်လို့  ဒီမေးခွန်းမေးတာပေါ့။
Dr Hlaing Myint,
ReplyDeletePlease write about Dam that China going to build in our mother land.